လက်ဆောင်လေးပဲ
Vol. 34 Ch. 503
လင်းဖန်၏ လေသံသည် သာမန်သာဖြစ်သည်။
သို့သော်လည်း နင်းကျန်းကျန်း၊ဂျင်ချန်ကျု၊ဟော့ကျောက်ဝူ နှင့် အျခားသူမ်ား၏ နားထဲတွင်လင်းဖန်ပြောသည်ကိုပြန်ကြားနေမိလေသည်။
နှလုံးသားဂလက်ဆီသည်ယူရို 182,000 ရှိပြီးဘလူးအက်ကာရှိလက်ကောက်တစ်ခုသည်လယူရို 390,000 ရှိလေသည်။
စုစုပေါင်းသည် ယူရို 962,000 ဖြစ်ပြီး ဟွာရှငွေကြေးသို့ပြောင်းလျှင်ယွမ် 7 သန်းနီးပါးရှိသည်။
ဆံပပ်ရွှေရောင်ရှိဝန်ထမ်းလည်း အနည်းငယ် ထိတ်လန့်သွားသည်။
အရမ်းမြန်တယ်...!
လင်းဖန်သည် ကလတ်စ့်စတိုးဆိုင်သို့ ဝင်လာချိန်မှ ယခုအချိန်အထိ 3 မိနစ်မပြည့်သေးပေ။
၃ မိနစ်အတွင်းမှာပဲ ဝယ်ဖို့ ဆုံးဖြတ်လိုက်တာလား?
ဆံပင်ရွှေရောင်ရှိဝန်ထမ်းသည် ဖောက်သည်ကြီးများစွာကိုလည်း လက်ခံဖူးသော်လည်း ဖောက်သည်တစ်ဦးမှ ဒီလောက်မြန်မြန်ဆန်ဆန် ဆုံးဖြတ်ချက်မျိုးမချခဲ့ပေ။
ဝမ်ဖေးက ပထမဆုံး”လင်းချင်ကျူ၊ မင်းရဲ့ဆရာက တော်တော်ဟာသလုပ်တဲ့သူပဲ၊ဟုတ်တယ်မလား?”
“ဒါဟာ ရယ်စရာကောင်းတဲ့ ဟာသတစ်ခုပဲ”
လင်းဖန် သည် နှလုံးသားဂလက်ဆီ နှင့် ဘလူးအက်ကာကို လုံးဝဝယ်ယူရန် ရည်ရွယ်ချက်မရှိဟု သူမခံစားမိသည်မှာ ထင်ရှားသည်။(မဝယ်နိုင်ဘူးလို့ဆိုလိုတာပါ)
တကယ်တော့ ဒီရတနာသုံးမျိုးရဲ့ စုစုပေါင်းတန်ဖိုးဟာ ယွမ် ၇ သန်းနီးပါးရှိသည်။
စကားအနည်းငယ်ပြောပြီးသူသည် လက်ဝတ်ရတနာအတွက်ယွမ် ၇ သန်းအကုန်ကျခံပြီးကျောင်းသားများအား လက်ဆောင်ပေးတာလား။
ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ!
ဝမ်ဖေးစကားပြောလိုက်သောကြောင့်လူတိုင်းသတိပြန်ဝင်လာကြလေသည်။
ဆံပင်ရွှေရောင်ဝန်ထမ်းက စိတ်လှုပ်ရှားစွာနဲ့ “ကောင်းပြီ၊ မင်းအတွက် ငါ အခုချက်ချင်း ထုပ်လိုက်မယ်!”
လင်းဖန်က သူ့လက်ကို ဝှေ့ယမ်းပြီး “မင်း အဲဒါကို ထုတ်ဖို့ မလိုဘူး၊ သူတို့ကိုဝတ်ပေးလိုက်ပါ’’
လင်းချင်ကျူက “ပရော်ဖက်ဆာလင်း၊ ဒါက အရမ်းတန်ဖိုးကြီးလွန်းတယ်”
လင်းဖန်က “ဒါက လက်ဆောင်ပစ္စည်းလေးတစ်ခုပါပဲ၊စိတ်ထဲမထားနဲ့’’
ဆံပင်ရွှေရောင် ဝန်ထမ်းသည် နှလုံးသာဂလက်ဆီကို လင်းချင်ကျူထံ အလျင်အမြန် ယူဆောင်လာပြီး သူမ၏ လည်ပင်းပေါ်တွင် ဆွဲပေးလိုက်လေသည်။
“ဒီကမိန်းမလှလေး မင်းရဲ့အသားအရည်နဲ့ ရုပ်သွင်နဲ့ဒီနှလုံးသားဂလက်ဆီကမင်းနဲ့အရမ်းလိုက်တယ်!”
လင်းချင်ကျူ က ငြင်းချင်သည်။
သို့သော်လည်း သူမလည်ပင်းရှိနှလုံးသားဂလက်ဆီကိုကြည့်လိုက်ပြီးဏတာ စကားမပြောနိုင်ခဲ့ပေ။(ဆွဲကြိုးကအရမ်းလှတော့ပြောစရာစကားတောင်မေ့သွားတယ်။အဲ့သဘောပါ)
ဆံပင်ရွှေရောင်ဝန်ထမ်းစသည် အချိန်မဆွဲဘဲဘလူးအက်ကာကို ရှောင်ပန် နှင့် ရှောင်အန်း ၏ လက်ကောက်ဝတ်ပေါ်တွင် ဝတ်ပေးလိုက်ပြန်သည်။
သူက ထပ်ပြီးချီးကျူးလိုက်သည်။ “ဒီဘလူးအက်ကာကဒီကအလှလေးနှစ်ယောက်နဲ့အတော်လိုက်တာပဲ၊ “
လင်းဖန် ကကတ်ကိုထုတ်ပြီး’’ကတ်နဲ့ရှင်းမှာ’’ဟုပြောလိုက်လေသည်။
စကားပြောနေရင်း ဘဏ်ကတ်ကမုတိုက်ရိုက် လွှဲပေးလိုက်သည်
ဆံပင်ရွှေရောင်ရှိဝန်ထမိး စိတ်လှုပ်ရှားစွာနဲ့ “ကောင်းပါပြီ သခင်လေး”
“ဒီ”
အသံထွက်ပြီးနောက်ငွေပေးခြေမှုအောင်မြင်ခဲ့လေသည်။
ယူရိုတစ်သန်းနီးပါး။
ဟွာရှငွေကြေးအရယွမ် 7 သန်းနီးပါးရှိလေသည်။
ချက်ချင်းပင် လင်းဖန်၏ဖုန်းတွင် အနီရောင်စာအိတ် 680 ပေါ်လာသည်။
...
လင်းဖန်သည် ယခုမှ နောက်ပြောင်နေခြင်းမဟုတ်ကြောင်း ဝမ်ဖေးသည် အမှန်တကယ်နားလည်လိုက်သည်။
သူက ကလတ်စ့် လက်ဝတ်ရတနာတွေဝယ်ပြီး သူ့တပည့်ကို ပေးလိုက်သည်။
...
လင်းဖန်သည် ရှောင်ပန်နှင့်ရှောင်အန်း ကိုကြည့်ကာ “ကြိုက်လား?”
ရှောင်ပန်နှင့် ရှောင်အန်းကခေါင်းညိတ်ပြီး “ကြိုက်တယ် ‘’ဟုပြောလိုက်ကြလေသည်။
သူမတို့၏ပုံစံအရလင်းဖန်က စာရွက်တစ်ရွက် ပေးလိုက်ရင်တောင် သူတို့ကဒါကိုကြိုက်မှာသေချာလေသည်။
လင်းဖန် က ပြုံးပြီး “မင်းတို့ကြိုက်ရင် အဆင်ပြေပါတယ်၊ ငါဆက်ပြ ဈေးဝယ်ထွက်လိုက်အုံးမယ်”
ပြောပြီးတာနဲ့ အပြင်ကို ထွက်သွားလေသည်။
လင်းချင်ကျူသည်လင်းဖန်လုံးဝ ပျောက်ကွယ်သွားသည် အထိလိုက်ကြည့်နေလေသည်။
ဝမ်ဖေးကို လှည့်ကြည့်ရင်း”ဝမ်ဖေး၊ မင်းပြောတာမှန်တယ်၊ ဆရာက ငါတို့အတွက်လက်ဆောင်တစ်ခု တကယ်ဝယ်ခဲ့ပေးတာပဲ’’လို့ပြောလိုက်သည်။
စကားပြောနေစဉ်တွင်လင်းချင်ကျူသည် နှလုံးသားဂလက်ဆီကိုညင်သာစွာ ပွတ်သပ်လိုက်သည်။
ဝမ်ဖေးက အရမ်း သဘာဝမကျတဲ့ ပုံစံနဲ့ ပြောသည်။”ဟုတ်... ဟုတ်တယ်”
ဝမ်ဖေးသည် သူမ၏လည်ဆွဲများ၊ လက်ကောက်များနှင့် LV အိတ်များအကြောင်း ရည်ရွယ်ချက်ရှိရှိ ကြွားလုံးထုတ်ပြီး လင်းချင်ကျူကသူမကိုလေးစားအားကျသောမျက်လုံးနှင့်ကြည့်တာမြင်ချင်လေသည်။
သူမသည်ဟာသအနေနဲ့ လင်းချင်ကျူရဲ့ ဆရာက ဇိမ်ခံလက်ဆောင်တွေ ဝယ်ပေးမယ်လို့လည်း သူမက ပြောခဲ့လေသည်။
ရလဒ်ကတော့?
လင်းချင်ကျူ ရဲ့ဆရာက ဇိမ်ခံလက်ဆောင်ကိုတကယ်ဝယ်ပေးခဲ့သည်။
ဒါ့ပြင် ဒါကယွမ်တစ်သန်းကျော်တန်ဖိုးရှိတဲ့ ဇိမ်ခံလက်ဆောင်တစ်ခုလည်း ဖြစ်သေးသည်။
ဝမ်ဖေးသည် သူမခေါင်းကို မြှောက်လိုက်သောအခါ လင်းချင်ကျူ၏လည်ပင်းတွင် လင်းလက်တောက်ပနေသောနှလုံးသားဂလက်ဆီကို မြင်လိုက်ရသည်။
ထို့နောက် သူမသည် သူမ၏ ကလတ်စ့်လည်ဆွဲ၊ ကလတ်စ့်လက်ကောက်နှင့် LV အိတ်တို့ကို တိတ်တဆိတ် ဝှက်ထားလိုက်သည်။
နောက်ဆုံးတွင်ဒီအရာတွေကလင်းချင်ကျူကိုမယှဥ်နိုင်ပေ။
“ဖာ့! ငါ့နာရီက တကယ်တော့ ဗားချပ်စ်နိုတိပီဖြစ်ပြီး ပြည်တွင်းစျေးနှုန်းက ယွမ် ၁.၅ သန်းတောင်ရှိတယ်’’ဟော့ကျောက်ဝူက အော်ပြောလိုက်သည်။
ဂျင်ချန်ကျူသူက ထပ်ပြောတယ် “အဲဒါကို စစ်ဆေးဖို့ ကူညီပေးပါအုံး!”
ခဏကြာတော့ဟော့ကျောက်ဝူ က ထပ်အော်ပြောလိုက်သည်။
“ဂျင်ချန်ကိူ မင်းရဲ့နာရီကဗားချပ်စ်နို 5370Pပဲ၊ ပြည်တွင်းစျေးနှုန်းက ယွမ် ၁.၅၈ သန်းရှိတယ်”
“နင်းကျန်းကျန်း မင်းရဲ့နာရီက ဗားချပ်စ်နိုရီတန် 760၊ ပြည်တွင်းစျေးနှုန်းက ယွမ် ၁.၈၁ သန်းရှိတယ်!”
ဟော့ကျောက်ဝူစကားကြောင့် လူတိုင်းထိတ်လန့်သွားကြသည်။
မူလက ဂျင်ချန်ကျူနှင့် နင်းကျန်းကျန်း တို့သည် နာရီကို လက်တစ်ဖက်တည်းဖြင့် ပေါ့ပေါ့ပါးပါး ကိုင်ဆောင်ထားကြသည်။
ဒီအချိန်မှာ သူတို့လက်ထဲရှိနာရီကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်ကြတော့သည်။
သူတို့ဘေးမှာရပ်နေတဲ့ ဝမ်ဖေးဟာ အလွန်အရှက်ရလေသည်။
ဒီနာရီတွေက ယူရို ဆယ်ဂဏန်း ဒါမှမဟုတ် ရာနဲ့ချီပဲတန်သင့်တယ်လို့ သူမပြောခဲ့လေသည်။
ရလဒ်အနေနဲ့ ယွမ်၁ သန်းကျော်တောင်ရှိတာလား။
ဝမ်ဖေးသည် သူမ၏မျက်နှာတစ်ခုလုံးကို အကြိမ်ကြိမ် ပါးရိုက်ခံလိုက်ရသည်ဟုသာ ခံစားခဲ့ရသည်။
...
လင်းဖန်သည် ဤအရာများကို လုံးဝသတိမထားမိပေ။
သူသည် ကလတ်စ်၊ ပရာဒန် နှင့် အခြားဇိမ်ခံစတိုးဆိုင်များသို့ ခဏတာသွားရောက်လည်ပတ်ခဲ့ပြီး ဟေးတီ၊ဟေးလင်း၊ကျူရီရှောင်၊ချမ်ရီရီနှင့် အခြားသူများအတွက် လက်ဆောင်အချို့ဝယ်ခဲ့သည်။ ယွမ် သန်း ၅၀ ခန့်ကုန်ပြီးနောက် ဘာနီယွန်ဟိုတယ်သို့ ပြန်လာခဲ့သည်။
ဇိမ်ခံအိမ်တော်ရှိ ဆိုဖာပေါ်တွင် ထိုင်နေရင်းလင်းဖန်သည်ဖုန်းသုံးနေလိုက်သည်။
မကြာမီ သူသည် 6010ရှိသော အနီရောင်စာအိတ်များကို အာရုံစိုက်လိုက်သည်။
ဤစာအိတ်အနီများသည် ယနေ့ဈေးဝယ်ပြီးနောက် ရရှိသော အနီရောင်စာအိတ်များဖြစ်သည်။
လင်းဖန် က “စာအိတ်အနီခြောက်ထောင်ကျော်၊ ဘာရနိုင်မလဲ ကြည့်ကြရအောင်။”
“စာအိတ်အနီတွေ အကုန်ဖွင့်ချင်လား”
“ဟုတ်တယ်!”
“ဒင်း! ဂုဏ်ယူပါတယ် မင်း 5 ယွမ် ရခဲ့သည်”
“ဒင်း၊ ဂုဏ်ယူပါတယ် မင်း 1999 ယွမ်ကို ဆွတ်ခူးရရှိသည်”
...
“ဒင်း၊ ဂုဏ်ယူပါတယ် ဂါရီဂရာ ရဲ့ ရှယ်ယာ 51% ကို ရရှိသည်”
“ဒင်း! ဂုဏ်ယူပါတယ် မင်း 99 ယွမ်ကို ဆွတ်ခူးရရှိသည်”
...
“ဒင်း! ဂုဏ်ယူပါတယ် မင်း 2 ယွမ်ရသည်”
“ဒင်း၊ ဂုဏ်ယူပါတယ် မင်း မာချယ်လီ ရဲ့ ရှယ်ယာ 51% ကို ရရှိသည်”
...
“ဒင်း၊ ဂုဏ်ယူပါတယ် မင်း 1 ယွမ် ကတ်ပြားကို ရရှိသည်”
“ဒင်း၊ ဂုဏ်ယူပါတယ် မင်း 88 ယွမ် အောင်ရသည်”
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး