← Chapters

ကြိုးစားတော့မယ်

Vol. 34 Ch. 504

ကြိုးစားတော့မယ်

Vol. 34 Ch. 504

လင်းဖန်သည်အနီရောင်စာအိတ် 6,010 ဖွင့်ရာတွင် စုစုပေါင်း ယွမ်ငွေ 210,401 ရရှိခဲ့ပြီး သို့သော်သူသည်ဒါကိုလျစ်လျူရှုရန် ရွေးချယ်ခဲ့သည်။

လင်းဖန်သည် 1 ယွမ်ငွေ ကတ်ပြားကို အကြိမ်များစွာ အသုံးပြုဖူးလေသည်။ 1 ယွမ် အကုန်ခံပြီးနောက် ယွမ် သန်း 100 ချက်ချင်းရနိုင်တယ်၊ ဒါက မဆိုးတဲ့ဟာပင်ဖြစ်သည်။

မာချယ်လီဂရု၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်း၊ မာချယ်လီလုပ်ငန်း၏ အဓိကလုပ်ငန်းမှာ တာယာဖြစ်ပြီး ၎င်း၏စျေးကွက်တန်ဖိုးမှာ ယွမ် ၁၄၀ ဘီလီယံခန့်ဖြစ်သည်။

ရှယ်ယာ ၅၁ ရာခိုင်နှုန်းကယွမ် ဘီလီယံ ၇၀ ကို ရရှိတာနဲ့အတူတူပင်ဖြစ်သည်။

အရေးကြီးသောအချက်မှာမာချယ်လီဂရုသည် ၎င်း၏တာယာများသာမက မာချယ်လီစားသောက်ဆိုင်များပါ နာမည်ကြီးလေသည်။

မာချယ်လီစားသောက်ဆိုင်တိုင်းသည်အရသာအလွန်ကောင်းမွန်ပြီး လင်းဖန်၏ အကြိုက်ဆုံး စားသောက်ဆိုင်များထဲမှ တစ်ခုဖြစ်သည်။

အခုဒညကိုသူပိုင်သွားတာလား။ !

...

နောက်ဆုံးတွင် လင်းဖန်သည် ဂါရီဂရာ၏ရှယ်ယာ 51% ကို အာရုံစိုက်လိုက်သည်။

ဂါရီဂရာဂရု၏ စျေးကွက်တန်ဖိုးမှာ ယွမ် ၃၀ ဘီလီယံခန့်ဖြစ်ပြီး ရှယ်ယာ ၅၁ ရာခိုင်နှုန်းဆိုသည်မှာယွမ် ၁၅ ဘီလီယံခန့်ရရှိတာနဲ့အတူတူဖြစ်သည်။

ထို့အပြင် ယခုသူနေထိုင်သည့်ဘာနီယွန်ဟိုတယ်သည်ဂါရီဂရာဂရုမှဖွင့်ထားခြင်းဖြစ်သည်။

ဒီလိုနဲ့ နှစ်ရက်လောက်နေပြီးတော့ ဟိုတယ်ကိုပိုင်သွားတာလား။

ဒါကိုစဉ်းစားရင်းလင်းဖန်သည် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။

...

မျက်စိတစ်မှိတ်အတွင်းမှာပဲ နောက်တစ်နေ့သို့ရောက်သွားလေသည်။

ယနေ့တွင် ရှောင်ပန်၊ရှောင်အန်းနှင့် အခြားသူများ အားလုံး စောစောနိုးကြသည်။

ဘာဖြစ်လို့လဲဆိုတော့…

ဒီနေ့ဟာ သူတို့ရဲ့ဆရာ လင်းဖန် က သင်္ချာနိုဘယ်ဆုကို ရယူမဲ့နေ့ဖြစ်သောကြောင့်ဖြစ်သည်။

ရေချိုးပြီးနောက် သူတို့အားလုံးကလင်းဖန်၏ တံခါးရှေ့တွင် စောင့်နေကြသည်။

ခဏအကြာတွင် လင်းဖန်သည် တံခါးကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။

“ပါမောက္ခလင်း၊ မင်္ဂလာနံနက်ခင်းပါ” အားလုံးက တညီတညွတ်တည်း ပြောလိုက်ကြသည်။

လင်းဖန်က ခေါင်းညိတ်ပြီး “မင်္ဂလာနံနက်ခင်းပါ” ဟုပြောသည်။

ထို့နောက် စားသောက်ဆိုင်သို့ အတူတူ သွားကာ အရသာရှိလှသော နံနက်စာ များကိုစားသောက်ကြလေသည်။

ထို့နောက် အားလုံးက ပထမထပ်ရှိ ဧည့်ခန်းဆီသို့ ဓာတ်လှေကားဖြင့်တက်လာကြသည်။

ထိုအချိန်တွင်အနောက်တိုင်းဝတ်စုံဝတ်ထားသော အမျိုးသား၊ အမျိုးသမီးအုပ်စုကြီးသည် လျင်မြန်စွာ ဖြတ်လျှောက်လာခဲ့သည်။

ဘာနီယွန်ဟိုတယ်တွင် အနောက်တိုင်းဝတ်စုံဝတ်ဆင်ထားသူများ ရှိနေသည်မှာ အံ့သြစရာမဟုတ်ပေ။

နောက်ဆုံးတွင်ဒါက ဘာနီနိုင်ငံရှိထိပ်တန်းဟိုတယ်တွေထဲက တစ်ခုပင်ဖြစ်သည်။

ဟော့ကျောက်ဝူ၊ဂျင်ချန်ကျူနဲ့ တခြားသူများက သူတို့ကိုယ်သူတို့ သာမန်ဧည့်သည်တွေလို့ ထင်နေကြလေသည်။

ဒါကြောင့် သူတို့ဒါကိုဂရုမစိုက်ခဲ့ပေ။

သို့သော် အနောက်တိုင်းဝတ်စုံဝတ်ထားသော ဤလူတစ်စုသည် လင်းဖန်၏ရှေ့တွင် ရပ်သွားသည်။

ထို့နောက် သူတို့က “မစ္စလင်းဟု”ခေါ်လိုက်လေသည်။

သူတို့အသံတွေက သိပ်မကျယ်ပေ။

သို့သော် စုရုံးပြီးလာသောကြောင့်ခန်းမအတွင်းရှိလူတိုင်းကို စွဲဆောင်သွားနိုင်ခဲ့သည်။

ရှေ့တွင်ရပ်နေသော ရွှေရောင်မျက်မှန်တပ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားက “မစ္စတာလင်း၊ ကျွန်တော်က ဂါရီဂရုအုပ်စု ဥက္ကဋ္ဌ လီဟွေပါ”

“ကျွန်ုပ်တို့၏ ဂါရီဂရာဂရုကို ယုံကြည်စိတ်ချမှုပေးလို့အထူးပင်ကျေးဇူးတင်ရှိပါသည်။ ဂါရီဂရာကို ပိုမိုကောင်းမွန်လာစေရန် ဝန်ထမ်းများအားလုံးနှင့်အတူလက်တွဲဆောင်ရွက်သွားမည်ဖြစ်ပါတယ်။”

“မစ္စတာလင်း၊ မင်း ပြောစရာများရှိလား။ ဂါရီဂရာ ရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်နဲ့ ဒီနှစ်တွေအတွင်း ဘဏ္ဍာရေး အခြေအနေနဲ့ ပတ်သက်ပြီး အစီရင်ခံစာကို ပေးချင်ပါတယ်။”

ဂါရီဂရာကို လီဝေမှ တည်ထောင်ခဲ့သည်။

ဂါရီဂရာ၏ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို တစ်စုံတစ်ဦးမှ ရုတ်တရက်ဝယ်ယူလိုက်ကြောင်းကို ယမန်နေ့က သူသိလိုက်သောအခါတွင် လီဟွေသည် မိုးကြိုးပစ်ခံရသကဲ့သို့ ခံစားရကာ နှလုံးသားထဲတွင် ရောထွေးနေသော ခံစားချက်များဖြင့် တစ်ညလုံး အိပ်မရဖြစ်ခဲ့သည်။

နောက်ဆုံးတွင်ဂါရီဂရာ ဟာ သူ့ဘဝတစ်ခုလုံးကြိုးစားပြီးတည်ထောင်​ထားသောဂရုဖြစ်သည်။

သို့သော်လည်းလီဟွေသည်အဖြစ်မှန်ကိုလက်ခံခဲ့သည်။

ထို့ကြောင့် သူသည် နံနက်စောစောတွင် လေယာဉ်စီးပြီး ဘာနီယွန်သို့လာကာသူ၏ သူဌေးအသစ် လင်းဖန်နှင့် အမြန်ဆုံးတွေ့ဆုံရန် မျှော်လင့်ခဲ့သည်။

သူသည်လင်းဖန်၏မျက်နှာသာပေးမှုနှင့် ခင်မင်ရင်းနှီးမှုအမြန်ဆုံးရရှိရန် အစွမ်းကုန်ကြိုးစားကာ ဂါရီဂရာအုပ်စုကို ဆက်လက်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ခဲ့သည်။

လီဟွေ၏စကားကိုကြားပြီးနောက် လင်းဖန် က သူ့လက်များကို တိုက်ရိုက်ဝှေ့ယမ်းပြီး “ငါ့မှာဘာမှပြောစရာမရှိဘူး၊မင်းလုပ်နေကျပုံစံအတိုင်းဆက်လုပ်ပါ။ငါကဂါရီဂရာအုပ်စုရဲ့ သီးခြားကိစ္စတွေမှာ ဝင်စွက်ဖက်မှာ မဟုတ်ဘူး။ငါ့ကိုရှယ်ယာအလိုက် အမြတ်ဝေစုပေးရင်ရပြီ”

လီဟွေ သည် မရေမတွက်နိုင်သော မုန်တိုင်းများကို ကြုံတွေ့ခဲ့ရပြီးဖြစ်သည်။

သို့သော် လင်းဖန်၏စကားကိုကြားပြီးနောက် သူ့မျက်နှာတွင် ဖုံးကွယ်၍မရသော စိတ်လှုပ်ရှားမှုများ ရှိနေသေးသည်။

ဂါရီဂရာဂရု၏ သီးခြားအရေးကိစ္စများကို ဝင်ရောက်စွက်ဖက်မှာမဟုတ်ဘူး။

အမြတ်ဝေစုကိုပဲယူမယ်။

ခဏအကြာတွင်၊ လီဟွေသည် စိတ်လှုပ်ရှားမှုကို ဖိနှိပ့်ရင်း “ဟုတ်ကဲ့ မစ္စတာလင်း!”

လင်းဖန်က ခေါင်းညိတ်ပြီး “ဒါကို လုပ်းရာရှိသေးလို့ငါအရင်သွားပြီ’’

ပြောပြီးတာနဲ့ ရှေ့ကို ဆက်လျှောက်သွားလေသည်။

လီဟွေ က လင်းဖန်၏ကို “နှုတ်ဆက်ပါတယ် မစ္စတာလင်း”ဟုအမြန်ပြောလိုက်လေသည်။

ဘာနီယွန်ဟိုတယ်မှ ထွက်လာပြီးနောက် ဟော့ကျောက်ဝူ က “ပါမောက္ခ လင်း၊ အဲဒီလူက ဂါရီဂရာဂရု ရဲ့ ဥက္ကဌလား။”

လင်းဖန်က ခေါင်းညိတ်ပြီး “ဟုတ်တယ်’’z ဟုပြောသည်။

ခေတ္တနားပြီးနောက် သူက “ဒီနှစ်ရက်နေထိုင်ရတာမဆိုးဘူးလို့ ခံစားရတယ်၊ ဒါကြောင့် ဂါရီဂရုဂရုရဲ့ ရှယ်ယာ 51% ကို ဝယ်လိုက်တာလေ”

သူ့လေသံသည်ဘာမှမထူးခြားတဲ့ကိစ္စကိုလုပ်လိုက်သလိုပင်ဖြစ်သည်။

သို့သော်လည်း ဟော့ကျောက်ဝူ၊ ဂျင်ချန်ကျူ၊နင်းကျန်းကျန်း၊ အခြားသူများ၏ နားထဲတွင် မိုးခြိမ်းသံကဲ့သို့ကျယ်လောင်စွာထွက်ပေါ်လာသည်။

သူတို့ ဘာကြားခဲ့လဲ။

လွန်ခဲ့သည့်နှစ်ရက်က နေထိုင်ရတာကောင်းမွန်သောကြောင့် သူသည် ဂါရီဂရာဂရူ၏ ရှယ်ယာ 51% ကို ဝယ်ခဲ့သည်။

သူတို့သည်ဂါရီဂရာဂရု၏ တိကျသောစျေးကွက်တန်ဖိုးကို မသိကြပေ။

သနု့သော် ဘာနီယွန်ဟိုတယ်ရဲ့ လူကြိုက်မှုအရ 10 ဘီလီယံကျော်လောက်ရှိမယ် မဟုတ်လား။

နှစ်ရက်ပဲနေခဲ့ပြီး ဒါကိုဝယ်ဖို့ ဒေါ်လာဘီလီယံဆယ်နဲ့ချီကုန်ခံခဲ့တာလား။

ဒါ…

ဒါ

ရိုးရိုးရှင်းရှင်း ကြောက်စရာကောင်းတာပင်ဖြစ်သည်။

ဟော့ကျောက်ဝူတို့သည်ခဏတာရပ်ပြီးကျန်ခဲ့လေသည်။

လင်းဖန် သည် ဂါရီဂရာဂရု၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ဝယ်ယူရန် ဘီလီယံနှင့်ချီ၍ မသုံးစွဲခဲ့ဘဲ အနီရောင်စာအိတ်ဖွင့်ခြင်းဖြင့် ၎င်းကို ရရှိခဲ့ကြောင်း ရှင်းပြချင်သည်။

သို့သော်သူရှင်းပြရင်တောင် သူတို့ယုံမှာမဟုတ်ဘူးဆိုတာကိုသူသိလေသည်။

ထိုအချိန်တွင် ဟော့ကျောက်ဝူက ရုတ်တရက် “ဘယ်ဂိမ်းလဲ၊ဘာ ရုပ်ရှင်လဲ၊ ဘယ်အရာကမှ ငါကို တားလို့မရဘူး။ ငါ ပရော်ဖက်ဆာလင်းလို ဖြစ်ချင်တယ်”

ပြောပြီးတာနဲ့ ရှေ့ကို အမြန်ပြေးသွားလေသည်။

ဟော့ကျောက်ဝူ ၏စကားကိုကြားပြီးနောက်၊ နင်းကျန်းကျန်း၊ ဂျင်ချန်ကျူ နှင့် အခြားသူများ တဖြည်းဖြည်း အသိစိတ်ဝင်လာကာလင်းဖန်နောက် လိုက်လာခဲ့သည်။

...

ထိုအချိန်တွင် Rolls-Royce ကားနှစ်စီးသည် တံခါးဝတွင် စောင့်နေပြီဖြစ်သည်။

လင်းဖန်၊ ရှောင်ပန်နှင့် ရှောင်အန်း တို့သည် ပထမဆုံး Rolls Royce တွင် ထိုင်ကြသည်။

“ဗွမ်း!”

ကားတံခါးကို ဖြည်းညှင်းစွာပိတ်လိုက်သည်နှင့် လေထုသည်တစ်မျိုးတစ်မည်ဖြစ်သွားလေသည်။

အကြောင်းတစ်ခုခုကြောင့် ရှောက်ပန်နှင့် ရှောင်အန်းတို့သည် မနေ့ညက သူမတို့အခန်းထဲသို့ လင်းဖန်ရောက်ရှိလာသည့် အဖြစ်အပျက်ကို ရုတ်တရက် သတိရမိလိုက်ကြသည်။

ထို့ကြောင့် ရှောင်ပန် နှင့် ရှောင်အန်းတို့၏ လှပသော မျက်နှာများသည် ခရမ်းချဉ်သီးများကဲ့သို့ လုံးဝနီသွားသည် ။

လင်းချင်ကျူ၊နင်းကျန်းကျန်း၊ဂျင်ချန်ကျူ၊ဟော့ကျောက်ဝူတို့တို့သည် ဒုတိယမြောက် Rolls Royce ကားတွင် ထိုင်ကြသည်။

ဟော့ကျောက်ဝူသည် သူ့လက်ကောက်ဝတ်ရှိ နာရီကို တစ်ချက်ကြည့်လိုက်ပြီးနောက်

သူ့လက်ကိုင်ဖုန်းကို ချက်ချင်းထုတ်ကာသူဓာတ်ပုံရိုက်လာသော ဇီဝဗေဒမေးခွန်းကိုတစ်ချက်ကြည့်လိုက်ပြီး “ငါတို့နိုင်ငံခြားကနေပြန်ရောက်ရင်ငါစာတွေကိုခက်ခက်ခဲခဲ လေ့လာတော့မယ်။”

စကားပြောပြီးသောအခါ ဟော့ကျောက်ဝူသည် ဓာတ်ပုံရိုက်လာသောဇီဝဗေဒမေးခွန်းပိတ်ကာ နားကြပ်တပ်ရင်းသီချင်းနားထောင်လိုက်သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters