← Chapters

ဆုပေးပွဲအခမ်းအနား

Vol. 34 Ch. 505

ဆုပေးပွဲအခမ်းအနား

Vol. 34 Ch. 505

Rolls-Royce ကားနှစ်စီးသည်ဘာနီတက္ကသိုလ်ကိုရောက်ခဲ့လေသည်။

ခဏအကြာတွင် Rolls-Royce ကားနှစ်စီးသည် အမှတ် (၁) ခန်းမရှေ့တွင်ရပ်သွားလေသည်။

ခန်းမနံပါတ် 1 ကိုအလွန်ကြီးမားပြိး အရေးကြီးသည့်ပွဲများတွင်သာအသုံးပြုလေသည်။

သို့သော် ဤကဲ့သို့ ကြီးမားသော ပွဲမျိုးသည် တစ်နှစ်လျှင် တစ်ကြိမ်ဖြစ်ပွားလေ့မရှိပေ။

ထို့ကြောင့် အမှတ် (၁) ခန်းမကို တစ်နှစ်ပတ်လုံး ပိတ်ထားလေသည်။

ယခုသင်္ချာနိုဘယ်ဆုပေးပွဲသည် အလွန်ကြီးမားပြီး အလွန်အရေးကြီးသော ပွဲတစ်ခုဖြစ်သည်မှာထင်ရှားလေသည်။

ထို့ကြောင့် အမှတ် (၁) ဧည့်ခန်းမဆောင် တံခါးသည် နံနက်စောစောကတည်းကပင်ပွင့်နေလေသည်။

တံခါးဝတွင်လှပပြီးမွှေးလှသောပန်များဖြင့်အလှဆင်ထားလေသည်။

ထိုအချိန်တွင်၊ အသားအရည်မတူသောလူအုပ်စုများသည် စကားစမြည်ပြောကာ အတွင်းသို့ လျှောက်လာကြသည်။

“ပရော်ဖက်ဆာ ဝီကီ၊ မင်းလည်းလာဖို့ ငါမမျှော်လင့်ထားဘူး။”

“လာရမှာပေါ့၊ ဒါက ငါတို့သင်္ချာနယ်ပယ်မှာ အမြင့်ဆုံး ဆု​​​ဖြစ်တဲ့သင်္ချာနိုဘယ်ဆုပဲလေ”

“ဒါတင်မကသေးပါဘူး၊ အငယ်ဆုံးဆုရှင်က အသက် 26 နှစ်လောက်ပဲရှိပုံတယ် ဟုတ်တယ်မလား? “

“ကောင်းတယ်”

...

ခန်းမအမှတ် ၁ တွင် စုစုပေါင်း ထိုင်ခုံ ၃၆၅၀ ရှိသည်။ ယေဘုယျအားဖြင့် ပြောရလျှင် အချို့သောပွဲများတွင်ဒီလောက်ရှိထိုင်ခုံမှာလူပြည့်ရန်ခက်ခဲလေသည်။

သို့သော်ဒီအချိန်မှာတော့လူပြည့်သလောက်ဖြစ်နေလေသည်။

၎င်းတို့ထဲတွင် အိုစ်ဖောင်တက္ကသိုလ်မှ သင်္ချာပါမောက္ခများ၊ ဟီပိုတက္ကသိုလ်မှ သင်္ချာပါမောက္ခများ၊ နယူးဇီလန်မှ သင်္ချာပါမောက္ခများ... နှင့် ပညာရေးလောကကနေနှစ်ပေါင်းများစွာ အနားယူခဲ့သော ပညာရှင်များစွာလည်း ရှိပါသည်။

အကယ်၍ ဒီမှာရှိတဲ့လူသမျှရုတ်တရက် ပျောက်ကွယ်သွားပါက သင်္ချာလောကတစ်ခုလုံးသည် အနည်းဆုံး အနှစ်သုံးဆယ်လောက်မှပြန်ပြီးဖွံ့ဖြိုးလာမည်ဆိုတာချဲ့ကားပြောဆိုခြင်းမဟုတ်ပေ။

လူအုပ်ကြီး၏ ဆွေးနွေးမှုနှင့် မျှော်လင့်ချက်များကြားတွင် အရပ်ရှည်ပြီးချောမောသော လူနစ်ယောက်သည် ဖြည်းညှင်းစွာ ဝင်လာခဲ့သည်။

သူက... လင်းဖန်ပင်ဖြစ်သည်။

ငွေရောင်အနားကွပ်မျက်မှန်ကို ဝတ်ဆင်ထားသောအဘိုးအိုက အမြန်ထလာပြီး နှုတ်ဆက်ကာ “ပါမောက္ခလင်း၊ ဘာနီတက္ကသိုလ်မှ ကြိုဆိုပါတယ်။ ငါက ဘာနီတက္ကသိုလ်ဝစ့်စတန်ဥက္ကဌပါ”

စကားပြောနေစဉ်တွင် သူ၏ညာလက်ကို ဆန့်ထုတ်လိုက်လေသည်။

လင်းဖန်က သူ့လက်ကို ဆန့်တန်းပြီး “ကျေးဇူးတင်ပါတယ်” ဟု တရုတ်လိုပြောသည်။(ကြိုဆိုပေးလို့ကျေးဇူးပါဆိုတဲ့အဓိပ္ပါယ်ပါ)

လင်းဖန်သည် တရုတ်စကားသာပြောသည်ကို ဝစ့်စ်တန် က ကြားဖူးသည်။

သို့သော် အမှန်တကယ်ကြားလိုက်ရသည့်နောက်တွင်တော့သူသည်အနည်းငယ် အကူအညီမဲ့နေသေးသည်။

အဲဒီ့အချိန်မှာ သူသင်ယူခဲ့တဲ့ တရုတ်ဘာသာစကားကို သုံးဖို့ကလွဲလို့ ရွေးချယ်စရာမရှိတော့ဘဲ ” ပါမောက္ခ လင်း … လင်း … ကျေးဇူးပြုပြီး …” လို့ ခပ်ထစ်ထစ်နဲ့ ပြောလိုက်လေသည်။

စကားပြောရင်း စင်ပေါ်ကို လက်ညှိုးထိုးပြသည်။

လင်းဖန်က သူဘာကိုဆိုလိုသည်ကို နားလည်ကာ ခေါင်းညိတ်ကာ “ကောင်းပြီ” ဟုပြောလိုက်သည်။

စင်မြင့်ပေါ်သို့လူထောင်ပေါင်းများစွာကြည့်နေတဲ့ မျက်လုံးအောက်မှာ လင်းဖန်က စင်ပေါ်ကို ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။

ဒါကိုကြည့်ရင်းဝစ့်စ်တန်က သက်ပြင်းချကာ စင်မြင့်ဆီသို့ လိုက်သွားခဲ့သည်။

သူက မိုက်ခရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး အင်္ဂလိပ်လို “ဒီနှစ် သင်္ချာနိုဘယ်ဆုပေးပွဲ အခမ်းအနားကို ကျင်းပခွင့်ရတဲ့အတွက် အရမ်းဝမ်းသာပြီး ဂုဏ်ယူမိပါတယ်” လို့ ပြောလိုက်သည်။

“သင်္ချာဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ ဝင်္ကပါတစ်ခုဆိုရင်၊သင်္ချာနိုဘယ်ဆုဆိုတာကတော့ဝင်္ကပါထဲမှာ မြှုပ်နှံထားတဲ့ အနှိုင်းမဲ့ရတနာတစ်ခုပင်ဖြစ်သည်။”

“ယနေ့၊သင်္ချာပညာရှင်အများအပြား၏ ရွေးချယ်မှုအရ၊ အလွန်ငယ်ရွယ်ပြီး ထူးချွန်သော သင်္ချာပညာရှင်တစ်ဦးကိုယခုနှစ် သင်္ချာနိုဘယ်ဆုတံဆိပ်ကို ချီးမြှင့်ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်သည်။”

“တစ်လအတွင်းမှာပဲ သူသည်ဇောင် ရဲ့ ထင်မြင်ယူဆချက်နဲ့ အမွှာအနှစ်သာရကို ဖြေရှင်းပြီး နောက်ထပ် နှစ်လလောက်အကြာတွင် ဟူဒီ ထင်မြင်ချက်ကို ဖြေရှင်းခဲ့တယ်!”

“မကြာခင်မှာပဲ၊သူကဒီရာစုနှစ်ရဲ့သင်္ချာသရဖူဖြစ်တဲ့ ရိုင်မန်ယူဆချက်ကို ဖြေရှင်းပေးခဲ့ပါတယ်”

“သူကတော့လင်းဖန်ပဲဖြစ်ပါတယ်!”

“ဖတ့် ဖတ့် ဖတ့်”

ဝစ့်စ်တနိ က စကားပြောပြီးသည်နှင့် ချက်ချင်းဆိုသလို မိုးခြိမ်းသံလိုမျိုးလက်ခုပ်သံများကျယ်လောင်စွာထွက်ပေါ်လာလေသည်။

ထို့နောက် လက်မှတ်နှင့် ဆုတံဆိပ်ကို ကိုင်ဆောင်ကာ ဝစ့်စ်တန် သည် လင်းဖန်ထံသို့ ရောက်ရှိလာပြီး “ဂုဏ်ပြုပါတယ် လင်းဖန်”

လင်းဖန် က “ကျေးဇူးတင်ပါတယ်!”

“ဖလက်”

“ဖလက်’’

တက်ရောက်သူအများစုသည် ၎င်းတို့၏ လက်ကိုင်ဖုန်း သို့မဟုတ် ကင်မရာများကို ထုတ်ကာ လက်မှတ်နှင့် ဆုရရှိသည့် လင်းဖန်ကိုဓာတ်ပုံနှင့် ဗီဒီယိုများရိုက်ယူခဲ့ကြသည်။

ဒီမြင်ကွင်းကို သူတို့ကထာဝရသိမ်းထားချင်လို့ပင်ဖြစ်သည်။

ဘာကြောင့်လဲဆိုတော့ ဒါက သမိုင်းဝင်တဲ့ မြင်ကွင်းဖြစ်လို့ပင်ဖြစ်သည်။

သို့သော် ဓာတ်ပုံရိုက်သည်ဖြစ်စေ ဗီဒီယိုရိုက်သည်ဖြစ်စေ သူတို့သည် မည်သည့်ဓာတ်ပုံကိုမျှ ကျန်ခဲ့မည်မဟုတ်သလို ဤမြင်ကွင်းကို မှတ်တမ်းတင်ထားနိုင်မည်မဟုတ်ကြောင်း သူတို့မသိခဲ့ကြပေ။

ဘာကြောင့်လဲဆိုတော့ လင်းဖန် က သူ့ရဲ့ အသွင်အပြင်ကို မီဒီယာမှာ မဖော်ပြချင်တာကြောင့်ပင်ဖြစ်သည်။

ပြီးတော့ သူ့မှာ စူပါစမတ်နာရီ လဲရှိလေသည်။

အချိန်အတော်ကြာပြီးနောက် ဓါတ်ပုံရိုက်သံများနှင့် လက်ခုပ်သံများ ဖြည်းညှင်းစွာ ရပ်တန့်သွားလေသည်။

လင်းဖန်က မိုက်ခရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “အားလုံးကို ကျေးဇူးတင်ပါတယ်။”

လင်းဖန်က တရုတ်လိုပြောလိုက်လေသည်။

လက်ရှိလူအများစုသည်တရုတ်ဘာသာစကားကိုနားမလည်နိုင်ကြပေ။

သို့သော် သူတို့အားလုံးသည် လင်းဖန်၏ နောက်ထပ်မိန့်ခွန်းကို စောင့်မျှော်နေကြဆဲပင်ဖြစ်သည်။

သို့သော်…

နောက်အခိုက်အတန့်တွင် လင်းဖန်သည် ဂုဏ်ပြုလက်မှတ်များနှင့် ဆုကို သယ်ဆောင်ရင်းစင်မြင့်ပေါ်မှ ဆင်းလာခဲ့သည်။

ဒါကိုမြင်တော့ လူတိုင်း အံ့အားသင့်သွားလေသည်။

ဘာလဲ... အခုအခြေအနေက ဘယ်လိုလဲ။

ဝစ့်စ်တန် က တရုတ်ဘာသာဖြင့် ကမန်းကတန်းပြောလိုက်သည်- “လင်း...ပါမောက္ခလင်း၊ မင်းဘာလုပ်နေတာလဲ...”

လင်းဖန်က “ကျွန်တော် ဆုလက်ခံရပြီးပြီလေ”

ခေတ္တနားပြီးနောက် “ကျွန်တော် စကားလဲပြေယပြီးပြီလေ’’ဟု ထပ်မံပြောလိုက်သည်။

စကားပြောပြီးနောက် ခန်းမထဲမှ တိုက်ရိုက်ထွက်လာခဲ့သည်။

ဝစ့်စ်တန်နှင့် တက်ရောက်လာသူအားလုံး တယောက်ကိုတယောက် စိတ်ပျက်လက်ပျက် ကြည့်နေလိုက်ကြသည်။

သွားပြီလား??

သင်္ချာဘာသာရပ်မှာ အသစ်ဝင်လာသူတွေကို အားပေးစကားလေး မပြောဘူးလား။

ဒါ…

လင်းဖန်သည် အလွန်လျင်မြန်စွာ ရုတ်တရက် ထွက်ခွာသွားခဲ့သောကြောင့်အားလုံးကကြောင်အနေကြသည်။

ခဏကြာတော့ တစ်စုံတစ်ယောက်က ချီတုံချတုံအသံနဲ့ “ဒါ... ပွဲအဆုံးပဲလား”

နောက်ဆုံးတွင်သင်္ချာနိုဘယ်ဆုရရှိခဲ့တဲ့ အဓိကဇာတ်ကောင် မရှိတော့ပေ။

မပြီးရင်ဘာလုပ်မလဲ။

အခင်းဖြစ်ပွားရာနေရာရှိလူတိုင်းက မျက်လုံးပြူးပြီး တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြလေသည်။

ဤသည်မှာ သင်္ချာနိုဘယ်ဆုအခမ်းအနားဖြစ်သည်။

ဒီဟာကပွဲအဆုံးဘဲလား?

လူတိုင်းသည် ၎င်းတို့၏ မိုဘိုင်းလ်ဖုန်းနှင့် ကင်မရာများကို ထိလိုက်ကြပြီး အနည်းငယ် သက်သာရာရသွားကြသည်။

“အဆင်ပြေပါတယ်... ငါ ဓာတ်ပုံတွေနဲ့ဗီဒီယိုတွေ ရိုက်ထားတယ်။ ဒီမြင်ကွင်းကို မှတ်တမ်းတင်လိုက်တာ အလကားမဟုတ်ဘူးပဲ’’

ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ဖွင့်ကြည့်လိုက်တော့ သိပ်မကြာခင်မှာပဲ အားလုံးကအံ့သြသွားပြန်သည်။

ဘာလို့လဲ ဆိုတော့ လင်းဖန် နဲ့ ပတ်သက်တဲ့ ပုံတွေ မရှိတော့လို့ပင်ဖြစ်သည်။

...

တကယ်တော့ဝစ့်စ်တန် နဲ့ တခြားသူတွေ အံ့သြနေကြသည်သာမက ဟော့ကျောက်ဝူ၊နင်းကျန်းကျန်း၊လင်းချင်ကျူ၊ဂျင်ချန်ကျူနှင့် အခြားကျောင်းသားများလည်း အံ့အားသင့်ခဲ့ကြသည်။

လင်းဖန်က တရုတ်မို့လို့စင်ပေါ်မှာတရုတ်လို ပြောတာကို သဘာဝကျကျ နားလည်လေသည်။

သို့သော်လင်းဖန်ပြောလိုက်သောစကားကိုကြားသောအခါသူတို့ ပို၍ပင် အံ့အားသင့်သွားကြသည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters