← Chapters

စျေးပေးခြင်း

Vol. 34 Ch. 506

စျေးပေးခြင်း

Vol. 34 Ch. 506

သိရန်ဒါက သင်္ချာနိုဘယ်ဆုအတွက် စင်မြင့်ပင်ဖြစ်သည်။

အဲ့စင်မြင့်ပေါ်မှာကျေးဇူးတင်ပါတယ်လို့ပြောပြီးဆင်းသွားတာလား။

ထို့ကြောင့်သူတို့သည်လဲလင်းဖန်အခန်းထဲမှထွက်သွားသည်ကိုချက်ချင်း တုံ့ပြန်ခြင်း မပြုနိုင်ခဲ့ပေ။

...

လင်းဖန်သည် ဆုနှင့် ဂုဏ်ပြုလက်မှတ်ကို အိတ်ကပ်ထဲသို့ လုံးဝမကြည့်ဘဲ ပစ်ထည့်လိုက်သည်။

လင်းဖန်သည်သင်္ချာနိုဘယ်ဆုကိုဂရုမစိုက်ပေ။

တကယ်လို့သာ မစ်ရှင်ကြောင့်သာမဟုတ်ဘူးဆိုရင်လင်းဖန်သည်နိုင်ငံတစ်ကာဆုကိုယူဖို့စဉ်းစားမှာမဟုတ်ပေ။

[မစ်ရှင်- နိုင်ငံတကာဆု ၅ဆု ရယူပါ(2/5)။ ရွှေရောင် အနီရောင် စာအိတ် ၅ စောင် ချီးမြှင့်မည်။ 】

နောက်ထပ် နိုင်ငံတကာဆု ၃ ဆုရသရွေ့မစ်ရှင်ပြီးမြောက်မည်ဖြစ်သည်။

လင်းဖန်ကအနည်းငယ်ရယ်ရင်းမစ်ရှင်ကမကြာခင်ပြီးသင့််တယ်လို့တွေးလိုက်သည်။

သူသည် မစ်ရှင်ပြီးမြောက်ရန် ခြေတစ်လှမ်းပိုနီးလာသောသူစိတ်အခြေအနေသည်အလွန်ကောင်းမွန်နေသည်။

လင်းဖန်က Rolls-Royce(ကား)ထဲကိုဝင်ပြီး “ရူပဗေဒဌာနကို မောင်းပါ” လို့ပြောလိုက်သည်။

“ဟုတ်ကဲ့” ကားမောင်းသမားက တလေးတစားနဲ့ပြောလိုက်လေသည်။

သူသည် ဘာနီယွန်ဟိုတယ်၏ အချိန်ပြည့် ယာဉ်မောင်းဖြစ်ပြီး ဇိမ်ခံအိမ်တော်ကို ကြိုတင်မှာယူထားသည့် ဧည့်သည်များကိုသာ ဆောင်ရွက်ပေးရသည်။

ပထမနေ့တွင် လင်းဖန်အပေါ် ယာဉ်မောင်း၏ သဘောထားသည် အလွန်လေးစားနေသည်။

ဘာလို့ဆိုလင်းဖန်သည် ဇိမ်ခံအိမ်တော် ၅ ခန်းကို သူကိုယ်တိုင်မှာယူထားကြောင်း သူသိလိုက်ရသောကြောင့် ဖြစ်သည်။

လင်းဖန်သည် ထူးထူးခြားခြား တည်ရှိနေခြင်းဖြစ်သည်ကို သူနားလည်ခဲ့သည်။

ယနေ့တွင် လင်းဖန်သည်ဂါရီဂရာ၏ အကြီးဆုံးရှယ်ယာရှင်ဖြစ်ကြောင်း ယာဉ်မောင်းသိရှိခဲ့သည်။

ယင်းကြောင့် လင်းဖန်အပေါ် ယာဉ်မောင်း၏ သဘောထားသည်အရင်ကထက်ပိုမိုလေးစားလာခဲ့သည်။

ရူပဗေဒဌာန သည် ဘာနီတက္ကသိုလ် နှင့် သိပ်မဝေးပေ။

မကြာမီသူတို့သည် ဆင်ခြေဖုံးရပ်ကွက်ရှိ ကြီးမားသော အဆောက်အအုံကြီးဆီသို့ ရောက်လာကြသည်။

ဒါက... ရူပဗေဒဌာနပင်ဖြစ်သည်။

Rolls Royce ကားကိုတံခါးဝမှာ ရပ်လိုက်ချိန်မှာတော့ လုံခြုံရေး အစောင့်တစ်ယောက်က အလျင်အမြန် လျှောက်လာခဲ့ပြိး

သူက အင်္ဂလိပ်လို “ဟဲလို၊ ဘာလုပ်ပေးရမလဲ”

လို့ပြောလိုက်လေသည်။

လင်းဖန် က “ဒါရိုက်တာ ဂျင်မီနဲ့ ချိန်းထားတာရှိလို့လာတာ”

ဒါကိုကြားတော့ လုံခြုံရေးအစောင့်က အနည်းငယ် အေးခဲသွားပြီး “ဒါဆို ဒါရိုက်တာ ဂျင်မီကို အဆက်သွယ်ရှိရင်ဆက်သွယ်ပေးပါ’’ဟု တရုတ်ဘာသာဖြင့် ပြောလိုက်သည်။

ရူပဗေဒအင်ဌာနသည်တကယ်ကို ထူးခြားတယ်လို့ ပြောရမည်ဖြစ်သည်။

လုံခြုံရေးအစောင့်တွေတောင်ဟွာရှဘာသာစကားကို နားလည်လေသည်။

လင်းဖန်က ခေါင်းညိတ်ကာ “ကောင်းပြီ” ဟုပြောလိုက်သည်။

ထို့နောက် ဒါရိုက်တာဂျင်မီကို တိုက်ရိုက်ဖုန်းဆက်လိုက်သည်။

ခဏအကြာတွင် ဖုန်းကို ချိတ်ဆက်ပြီး အတွင်းဘက်မှ အနည်းငယ် ဆူညံသော အသံတစ်ခု ထွက်ပေါ်လာသည်။

“လင်း... ပါမောက္ခ လင်း မင်္ဂလာပါ။”

မနေ့က လင်းဖန် သည် ဂျင်မီ၏အဆက်အသွယ်များကိုဆူပါစမတ်နာရီမှတစ်ဆင့်ရယူခဲ့ပြီးယနေ့ တွေ့ဆုံရန် ချိန်းဆိုခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ရူပဗေဒတွင် တိုတာမက်စက်ပစ္စည်း၏ ဗားရှင်းများစွာရှိသောကြောင့်ဖြစ်သည်။

တိုတာမက်စက်ကို ရယူခြင်းသည် မစ်ရှင်ပြီးမြောက်ရန် အခြေအနေများထဲမှ တစ်ခုဖြစ်သည်။

တကယ်တော့ ဒါက လင်းဖန်ဆုယူဖို့ဘာနီကို လာရတဲ့ အကြောင်းရင်းတစ်ခုလဲဖြစ်သည်။

ရူပဗေဒ၏ ဒါရိုက်တာအဖြစ်ဂျင်မီသည် ရူပဗေဒပညာရပ်ဆိုင်ရာအသိုင်းဝိုင်းတွင် အလွန်မြင့်မားသော အဆင့်အတန်းရှိပြီး သာမာန်လူများ ထိတွေ့နိုင်သည့် အရာမဟုတ်ပေ။

လင်းဖန်သည်ကတော့သာမန်လူမဟုတ်ပေ။

ရူပဗေဒ နှင့် သင်္ချာ ကွာခြားမှု မရှိပေ။ လင်းဖန်သည် ဇောင်၏ထင်မြင်ယူဆချက်၊အမွှာအနှစ်သာရ၊ဟူဒီအယူအဆနှင့် ရိုင်မန်အယူအဆတို့ကို ဖြေရှင်းထားသောကြောင့်ဂျင်မီသည် လင်းဖန်ကို အလေးအနက်ထားရမည်ဖြစ်လေသည်။

ထို့အပြင်လင်းဖန်သည်ငလျင်ကြိုတင်ခန့်မှန်းစက်ကိုတီထွင်ခဲ့သူလဲဖြစ်သည်။

လင်းဖန်က “ဒါရိုက်တာဂျင်မီ၊ ကျွန်တော် ရူပဗေဒတံခါးဝကို ရောက်နေပါပြီ”

ဂျင်မီကအံ့အားသင့်သွားသော​လေသံဖြင့် “လင်း... ပါမောက္ခလင်း၊ ဒီနေ့ သင်္ချာနိုဘယ်ဆုကို လက်ခံမှာ မဟုတ်ဘူးလား၊ ပွဲကပြီးသွားပြီလား”

လင်းဖန်က “ဟုတ်ပါတယ်”

ဂျင်မီက “ခဏစောင့်၊ ငါ မင်းကို တံခါးဝမှာလာခေါ်မယ်”

ဖုန်းချသွားပြီးနောက် လင်းဖန်၏ဆဲလ်ဖုန်း အနည်းငယ်တုန်ခါသွားသည်။

12:00!

အနီရောင်စာအိတ်တွေ ပေါ်လာတော့သည်။

“ဒင်း! ဂုဏ်ယူပါတယ် မင်း 1 ယွမ်ရခဲ့သည်”

“ဒင်း၊ ဂုဏ်ယူပါတယ် မင်း 999 ယွမ်ကို ဆွတ်ခူးရရှိသည်။’’

...

“ဒင်း! ဂုဏ်ယူပါတယ် မင်းကျပန်းပြန်အမ်းငွေကတ်တစ်ခုရရှိသည်”

“ဒင်း ဂုဏ်ယူပါတယ် မင်း 5 ယွမ် ရခဲ့သည်”

...

ယခုတစ်ကြိမ်တွင် လင်းဖန်သည် စုစုပေါင်း ယွမ် ၃၁,၂၁၉ ရရှိခဲ့သည်။

ထုံးစံအတိုင်း၊ သူ ဒီပိုက်ဆံလေးကို စိတ်ထဲမထားပေ။

ကျပန်းပြန်အမ်းငွေကတ်ကိုတော့အာရုံစိုက်လိုက်လေသည်။

[ကျပန်းပြန်အမ်းငွေကတ်- သုံးစွဲပြီးနောက်၊ ပြန်အမ်းငွေပမာဏကို ကျပန်းရရှိမည်ဖြစ်သည်။ 】

လင်းဖန် က “ဒါက 10 ကြိမ်ပြန်အမ်းကတ်နဲ့ နည်းနည်းဆင်တူတာပဲ’’ ဟု စိတ်ထဲတွင် ပြောလိုက်သည်။

ထိုအချိန်တွင် Mercedes-Benz ကားသည်အတွင်းမှ မောင်းထွက်လာခဲ့သည်။

“ပါမောက္ခလင်း၊ မင်္ဂလာပါ။” ထိပ်ပြောင်အသားဖြူသက်လတ်ပိုင်း အမျိုးသားက သူ့လက်ကို ဆန့်ထုတ်လိုက်သည်။

“ဒါရိုက်တာဂျင်မီ မင်္ဂလာပါ။” လင်းဖန်ကလဲသူ့လက်ကို ဆန့်တန်းပြီး ပြောလိုက်သည်။

ဂျင်မီက “အရင်က ပရော်ဖက်ဆာလင်းကိုအရမ်းငယ်တယ်လို့ ကြားသိရပေမယ့် ဒီနေ့ လူကိုယ်တိုက်တွေ့တောင်မှအံ့သြမိသေးတယ်”

ဒီစာကြောင်းက သေချာပေါက် မြောက်ပင့်သောစကားလုံးများမဟုတ်ပေ။

ဒါကအမှန်တရားပင်ဖြစ်သည်။

ဂျင်မီ က “ပါမောက္ခလင်း ကျေးဇူးပြုပြီး အထဲကို ဝင်ပါ!”

ရူပဗေဒဌာနတွင် နျူကလီးယားပေါင်းစပ် အင်ဂျင်နီယာလည်းပါဝင်သည်။

သာမန်လူများကဝင်ရောက်ခွင့်မရှိပေ။

သို့သော် လင်းဖန်သည် သင်္ချာပညာရှင်ကြီး၊ ဓာတုဗေဒပညာရှင်ကြီး၊ ဇီဝဗေဒပညာရှင်ကြီး၊ ရူပဗေဒပညာရှင်ကြီးဖြစ်သည်... ထို့ကြောင့်သူ့တွင် အခွင့်ထူးအချို့ရှိလေသည်။

သူတို့နှစ်ဦးသည် ကျယ်ပြောလှသော မြက်ခင်းပြင်ကိုဖြတ်၍ ကွေ့ကောက်နေသော လမ်းအတိုင်း လျှောက်သွားကာ အထပ်မြင့်အဆောက်အအုံတစ်ခုဆီသို့ ရောက်ခဲ့ကြသည်။

ဂျင်မီက “ဒါက ကျွန်တော်တို့ရဲ့ ရူပဗေဒဌာနရဲ့သုတေသနအကုန်ရှိတယ်....”

“လျှပ်စစ် သုတေသန ဧရိယာ ရှိတယ်...”

“ရှေ့ဟောင်း ပစ္စည်းသစ် သုတေသန ဧရိယာလဲရှိတယ်...”

စကားတစ်ခွန်းပြောပြီးတိုင်း ဂျင်မီ၏လေသံတွင် ဂုဏ်ယူမှုများရှိသည်။

လင်းဖန်သည် ဆက်နားထောင်ရန် စိတ်ကူးမရှိသောကြောင့်သူက “ငါမင်းရဲ့ ရူပဗေဒဌာနကနေတိုတာမက်စက်ပစ္စည်းတစ်ခုခုကို ငါဝယ်ချင်တယ်”

ဒီစကားကြားတော့ ဂျင်မီ အနည်းငယ် ထိတ်လန့်သွားသည်။

ခဏကြာတော့ သူက ပြုံးပြီးပြောလိုက်သည်။ “ပါမောက္ခလင်း၊ မင်းဟာသပြောတတ်တာပဲ၊တိုတက်မတ်စက်က ရောင်းလို့မှမရတာ’’

“ယူရို သန်း 100!” လင်းဖန်သည် မကြားဟန်ဖြင့် တိုက်ရိုက်ပြောလိုက်သည်။

သို့သော် ဂျင်မီသည် ရူပဗေဒ၏ ဒါရိုက်တာဖြစ်သည်။

ငွေအမြောက်အမြား ကိုင်ထားရှိရင်တောင်မှ

ယူရိုသန်း 100 ကြားသောအခါ၊ဂျင်မီ ၏နှလုံးခုန်နှုန်းသည်အရှိန်မြန်လာခဲ့သည်။

ယူရို သန်း 100 ။

ဒါက လုံးဝကို ကြောက်စရာကောင်းတဲ့ နံပါတ်ပင်ဖြစ်သည်။

ဂျင်မီက ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်ပြီး “ ရိုးရိုးသားသားပြောရရင် ငါအရမ်းစိတ်လှုပ်ရှားနေတယ်အခု၊ ​​ဒါပေမယ့် ငါက ဒါရိုက်တာတစ်ယောက်ပဲလေ၊တိုတာမက် စက်ပစ္စည်းကို ရောင်းဖို့ ငါတစ်ယောက်တည်းဆုံးဖြတ်လို့မရဘူး...”

လင်းဖန်က မကြားသလို မျိုး “ယူရို သန်း 200” လို့ တည်ငြိမ်စွာ ပြောလိုက်သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters