← Chapters

ပူးပေါင်းဆောင်ရွက်မှု

Vol. 34 Ch. 507

ပူးပေါင်းဆောင်ရွက်မှု

Vol. 34 Ch. 507

ဂျင်မီက အနည်းငယ် အေးခဲသွားပြီး တစ်ခုခုပြောချင်သလို ပါးစပ်ကို ဖွင့်လိုက်သည်။

ထိုအချိန်တွင် လင်းဖန်က “ယူရိုသန်း 300!”

ဂျင်မီသည် ဘာပြောရမှန်းမသိအောင် ပါးစပ်အဟောင်းသားဖြစ်သွားသည်။

လင်းဖန် က “ယူရို သန်း 500!”

ခေတ္တရပ်ပြီးနောက်၊ “ယူရို ၁ ဘီလီယံ!”

လင်းဖန်၏လေသံသည်ပုံမှန်ပင်ဖြစ်သည်။

သို့သော် ဂျင်မီ၏ နားထဲတွငိမိုးခြိမ်းသံကဲ့သို့ကျယ်လောင်နေလေသည်။

သိရန်…

ယူရို 1 ဘီလီယံကို ဟွာရှငွေကြေးအဖြစ်သို့ပြောင်းလဲပါကယွမ် 7 ဘီလီယံရှိလေသည်။

သေချာတာကတော့ ဒါဟာ အရမ်းကြောက်စရာကောင်းတဲ့ နံပါတ်တစ်ခုဖြစ်သည်။

အဓိကပရောဂျက်များစွာကို သုတေသနပြုလုပ်ရန် ပံ့ပိုးပေးနိုင်သည့်ငွေပမာဏပင်ဖြစ် သည်။

ဂျင်မီကပြန်မဖြေသေးသည်ကိုတွေ့တော့ လင်းဖန်က စိတ်မရှည်ဖြစ်လာကာ မျက်မှောင်ကြုတ်လိုက်သည်။

လင်းဖန်မျက်မှောင်ကြုတ်သည်ကိုတွေ့သောအခါဂျင်မီသတိပြန်ဝင်လာသည်။

“ပါမောက္ခလင်း၊ တိုတာမက် ကိရိယာတစ်ခုက တကယ်လုံလောက်ပြီလား”

လင်းဖန်က ခေါင်းညိတ်ပြီး “ဟုတ်တယ်’’ ဟုပြောသည်။

“ယူရို ၁ ဘီလီယံလား?” ဂျင်မီက ပြောသည်။

“မှန်န်တယ်” လင်းဖန်က ပြောသည်။

“သဘောတူတယ်!” ဂျင်မီက ချက်ချင်းပြောလိုက်သည်။

လင်းဖန်က “မင်းကဒါရိုက်တာတစ်ယောက်ပဲ လေ၊ တိုတာမက်စက်ပစ္စည်းကို ရောင်းဖို့ မင်းတစ်ကယ်ဆုံးဖြတ်နိုင်ပါ့မလား။ မဟုတ်ရင် မင်းအထက်က ခေါင်းဆောင်တွေဆီ အရင်မေးလိုပ်အုံး”

ဂျင်မီက “ပါမောက္ခ လင်း မင်းမသိသေးလို့၊ ငါက အထက်လူကြီးဒါရိုက်တာတွေနဲ့ အရမ်းကောင်းတဲ့ ဆက်ဆံရေးရှိတယ်၊ဒါကြောင့်ငါပြောတာကိုသူတို့ကန့်ကွက်မှာမဟုတ်ဘူးဆိုတာအာမခံတယ်။”

သူ့အမြင်အရ၊ ဤအလုပ်သည်အလွန်အမြတ်အစွန်းရမည်ဖြစ်သည်။

လင်းဖန်သည် အခြားတစ်ယောက်ယောက်ကို ရှာဖွေသွားခဲ့ရင်် အမြတ်အစွန်းအားလုံးဟာ တခြားသူတွေရဲ့ဟာ ဖြစ်လာမှာသေချာသည်။

လင်းဖန်သည် ဂျင်မီ၏ အတွေးများကို လုံးဝ ဂရုမစိုက်ပေ။

တိုတာမက်စက်ကို ဝယ်နိုင်သရွေ့ အဆင်ပြေလေသည်။

ဂျင်မီ၏ အကြံပြုချက်အရ လင်းဖန်သည် ဘာနီသိပ္ပံအကယ်ဒမီ၏ ဒါရိုက်တာနှစ်ဦးနှင့် တွေ့ဆုံခဲ့သည်။

အတိုချုံးဖလှယ်ပြီးနောက် နှစ်ဖက်သဘောတူစာချုပ်ကို အောင်မြင်စွာ လက်မှတ်ရေးထိုးခဲ့ကြသည်။

လင်းဖန် သည် ဟွာရှငွေကြေးယွမ် 7 ဘီလီယံကို ချက်ချင်းပေးချေခဲ့သည်။

【ဒင်း! ကျပန်းပြန်အမ်းငွေကတ်ကို သင်အသုံးပြုမည်လား။ 】

လင်းဖန်၏အမူအရာမှာ အနည်းငယ်ပြောင်းသွားပြီး သူ့စိတ်ထဲတွင် “သုံးမယ်!”ဟုပြောလိုက်သည်။

【ဒင်း! ဂုဏ်ယူပါတယ် ၊ သင်သည်2 ကြိမ်ပြန်အမ်းငွေကိုရရှိသည်။ 】

【ဒင်း! ဂုဏ်ယူပါတယ် မင်း ယွမ် 14 ဘီလီယံ ရရှိခဲ့သည်။ 】

ပြီးတာနဲ့ ချက်ချင်း...

လင်းဖန်၏ဖုန်းသည် အနည်းငယ်တုန်ခါသွားသည်။

“တရုတ်ဘဏ်မှယွမ် ၁၄၀၀၀၀၀၀၀၀၀ ရရှိသည်”

ဒါကိုကြည့်ရင်းလင်းဖန်သည်မနေနျုင်ပဲအနည်းငယ်ပြုံးလိုက်လေသည်။

7 ဘီလီယံသုံးပြီးနောက် 14 ဘီလီယံ ရရှိခဲ့သည်။

လင်းဖန်အတွက်မူ ငွေသည် ကိန်းဂဏန်းများဖြစ်သည်။

သို့သော်လည်း ကိန်းဂဏာန်းများ ဆက်လက်တိုးလာသည်ကို ကြည့်ရသည့် ခံစားချက်သည် အလွန်ကြည်နူးစရာ ကောင်းလှသည်။

ဂျင်မီနှင့် သိပ္ပံအကယ်ဒမီ၏ ဒါရိုက်တာနှစ်ဦးတို့သည် စာချုပ်ချုပ်ဆိုပြီးနေညက်ယူရို ၁ ဘီလီယံရောက်ရှိလာသည်ကို တွေ့လိုက်ရသောအခါ အလွန်ပျော်သွားလေသည်။

ဘာကြောင့်လဲဆိုတော့ သူတို့ရောင်းတာက ဒုတိယမျိုးဆက် တိုတာမက် စက်ပစ္စည်းဖြသ်လို့ပင်ဖြစ်သည်။

သိရန်…

ရူပဗေဒဌာန သည် ပဉ္စမမျိုးဆက် တျုတာမက်ကိရိယာကို သုတေသနပြုနေသည်။

ဒုတိယမျိုးဆက်သည် လုံးဝခေတ်မမီတော့သော နည်းပညာများဖြစ်သောကြောင့် ခိုးယူခံရမည်ကို စိုးရိမ်စရာမလိုပေ။

၎င်းတို့၏အမြင်တွင်၊ ဒုတိယမျိုးဆက် တိုတာမက်စက်ပစ္စည်းသည် အသုံးမဝင်သော အမှိုက်များသာဖြစ်သည်။

အခုတော့ ယူရို ၁ ဘီလီယံကိုအမှိုက်နှင့်လဲလှယ်လိုက်သည်။ဒါကပဉ္စမမျိုးဆက် တိုတာမက် စက်ပစ္စည်းကို သုတေသနလုပ်ရန်အတွက် ယူရို ၁ ဘီလီယံကို အသုံးပြုနိုင်သည်။

ဒါက သေချာပေါက် အရမ်းကောင်းတဲ့ သဘောတူညီချက်ပင်ဖြစ်သည်။

“ပါမောက္ခလင်း၊ အတူတူထမင်းစားကြမလား” ဂျင်မီက ပြုံးရင်းပြောလိုက်သည်။

လင်းဖန်က “မစားတော့ဘူး၊လုပ်စရာရှိသေးလို့ ဒါကြောင့် ငါအရင်ထွက်သွားပြီ။”

အမှန်တော့၊ သူဒီကိုလာရတဲ့ရည်ရွယ်ချက်က တိုတာမက် စက်တစ်လုံးဝယ်ဖို့ပင်ဖြစ်သည်။

ယခု ဝယ်ယူမှုအောင်မြင်သောကြောင့် ရူပဗေဒဌာနတွင် ဆက်လက်နေထိုင်ရန် အကြောင်းမရှိတော့ပေ။

လင်းဖန်သည် Rolls-Royce(ကား)ဖြင့်ဘာနီယွန်ဟိုတယ်သို့ပြန်လာခဲ့သည်။

လင်ဖန်းသည် အမြတ်ဝေစုသာယူမည်ဟု ပြောထားပြီးဖြစ်ပြီးဂါရီဂရာဂရု၏ကိစ္စကိုမစီမံဘူးဟုပြောထားသော်လည်းလီဟွေသည်လင်းဖန်ရှိတုန်းအစွမ်းကုန်ဝန်ဆောင်မှုပေးလေသည်။ယခုလင်းဖန်ပြန်လာသောအခါတွင်လီဟွေသည်သူ့ကိုယ်တိုင်အပေါက်ဝတွင်စောင့်နေကာလင်းဖန်ပြန်လာတာကိုကြိုဆိုနေလေသည်။

လီဟွေ၏ပုံစံသည်ဥက္ကဌတစ်ဦးနှင့်လုံးဝမတူပဲလက်အောက်ငယ်သားဝန်ထမ်းနှက့်တူနေလေသည်။

သို့သော်လင်းဖန်သည်ဒါကိုစိတ်ထဲမထားပဲလင်းဖန်သည်ခေါင်းကိုညိတ်ပြကာအထဲဝင်ဖို့လုပ်လိုက်သည်။

ထိုအချိန်တွင် ဟော့ကျောက်ဝူ၊နင်းကျန်းကျန်းနှင့် အခြားသူများ အဝေးမှ ရောက်လာကြသည်။

လင်းဖန်းကို တွေ့လိုက်သောအခါ အားလုံးက စိတ်လှုပ်ရှားမှုများမျက်နှာပေါ်တွင်ပေါ်နေလေသည်။

“မင်္ဂလာပါ ပါမောက္ခလင်း!”

ထို့နောက်ဟော့ကျောက်ဝူက အလွန်စိတ်လှုပ်ရှားသွားပြီး “ပါမောက္ခလင်း၊ ဘာနီတက္ကသိုလ်ရဲ့ အမှတ် ၁ ခန်းမမှာ ဆုယူတာဘယ်လောက်မိုက်လဲသိလား!”

ဒီစာကြောင်းကို သူပြောတဲ့အခါ အားလုံးက သူနဲ့အတူ ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် သူသည်သက်ပြင်းတစ်ချက်ချလိုက်ပြီး “ကံမကောင်းစွာပဲ၊ ဒီပုံကို ဓာတ်ပုံရိုက်ဖို့ မေ့သွားတယ်” လို့ ပြောလိုက်သည်။

တကယ်တော့ ဟော့ကျောက်ဝူ သည် ထိုအချိန်တွင် ကင်မရာလုပ်ဆောင်ချက်ကို နှိပ်ခဲ့သည်။(ဓာတ်ပုံရိုက်ခဲ့တာကိုပြောတာပါ)

သို့သော်၊ စူပါစမတ်နာရီ၏ လွှမ်းမိုးမှုအောက်တွင်၊ ရိုက်ကူးထားသော ဗီဒီယိုနှင့် ဓာတ်ပုံအားလုံးသည်လုံးဝဖျက်ပစ်ခြက်းခံလိုက်ရလေသည်။

ထို့ကြောင့်ဟော့ကျောက်ဝူက သူဓာတ်ပုံရိုက်ဖို့မေ့သွားသည်ထင်နေတာပင်ဖြစ်သည်။

ဒီအဖြစ်အပျက်ကိုသူတော်တော်နောင်တရနေလေသည်။

နင်းကျန်းကျန်း၊ဂျင်ချန်ကျူ နှင့် လင်းချင်ကျူတို့ အားလုံးက “ပါမောက္ခ လက်း၊သင်္ချာနိုဘယ်ဆုကိုရတဲ့အတွက် ဂုဏ်ပြုပါတယ်”

နင်းကျန်းကျန်း၏ လေသံတွင် ကူကယ်ရာမဲ့နေသည်။

လင်းဖန်သည် တစ်ချိန်က သူနှင့် စင်မြင့်ပေါ်တွင် ယှဉ်ပြိုင်ခဲ့ဖူးသည်။

ယခု လင်းဖန် သည် သင်္ချာဘာသာရပ်တွင် အမြင့်ဆုံးဆုဖြစ်သည့် သင်္ချာနိုဘယ်ဆု ကို ရရှိသွားခဲ့ပြီဖြစ်သည်။

ရှောင်ပန်နှင့် ရှောင်အန်းတို့ က “ဂုဏ်ပြုပါတယ် ပါမောက္ခ လင်း”

စကားပြောပြီးသောအခါ ချောမောလှပသော မျက်နှာနှစ်ခုသည် ရှက်ကိုးရှက်ကန်းဖြင့် နီရဲလာသည်။

အစေခံတစ်ယောက်လို ဘေးမှာရပ်နေတဲ့ လီဟွေဟာ သူတို့ပြောနေတာကိုကြားတော့ သူ့မျက်နှာဟောင်းတွင်အံ့အားသင့်မှုများနှင့်ပြည့်နှက်သွားသည်။

သူ ဘာကြားလိုက်တာလဲ။

လင်းဖန်သည် သင်္ချာနိုဘယ်ဆု ကို ရရှိခဲ့သည်။ !

လီဟွေသည် အကယ်ဒမီမှ မဟုတ်ပေ။

သို့သော်လည်း ဂါရီဂရာ၏ တည်ထောင်သူနှင့် ဥက္ကဌအဖြစ် သူသည်သင်္ချာနိုဘယ်ဆုဆိုတာကဘာလဲဆိုတာကိုသိလေသည်။

အခု သူ့ရဲ့ သူဌေးအသစ်ကလင်းဖန် ?

ဒါ...

ဒီသူဌေးအသစ်က ဘယ်သူလဲ။ !

ထိုအချိန်တွင် လီဟွေ၏ စိတ်ထဲမှာ လင်းဖန်၏ ပုံရိပ်သည် လျှို့ဝှက်ဆန်းကြယ်လာလေသည်။

လင်းဖန်သည် လူတိုင်း၏ မတူညီသော အတွေးများကို ဂရုမစိုက်ပေ။

သူသည် လူတိုင်းကို စကားအနည်းငယ်သာ ပြောပြီးနောက် သူ၏ ဇိမ်ခံအိမ်တော်သို့ ပြန်လာခဲ့သည်။

ထို့နောက် သူသည်စာအိတ်အနီ 700,000 ကို အာရုံစိုက်လိုက်သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters