ရောက်လာခြင်း
Vol. 34 Ch. 508
လင်းဖန် က “စာအိတ်အနီ 700,000၊ အရင်က ဒီလောက်များတဲ့ စာအိတ်အနီတွေ စုဆောင်းမိပုံမရဘူး”
“ဘာတွေ ပေးမလဲ ကြည့်ရအောင်။”
“စာအိတ်အနီ 700,000 ကိုဖွင့်မှာလား။”
“ဟုတ်တယ်!”
“ဒင! ဂုဏ်ယူပါတယ် မင်း 1 ယွမ်ရခဲ့သည်”
“ဒင်း၊ ဂုဏ်ယူပါတယ် မင်း 9,999 ယွမ်ရသည်။”
...
“ဒင်း၊ ဂုဏ်ယူပါတယ်၊ 1 ယွမ် ကတ်ပြားကို ရသည်။”
...
“ဒင်း! ဂုဏ်ယူပါတယ် အဆိပ်ပြီးကျွမ်းကျင်မှုတစ်ခုကို ရရှိခဲ့သည်”
...
“ဒင! ဂုဏ်ယူပါတယ် မင်ရှယ်ယာနှစ်ဆတိုးကူပွန်တစ်ခုရရှိသည်။”
...
“ဒင်း! ဂုဏ်ယူပါတယ် မင်း ကိုယ်လုံးကိုယ်ပေါက် မြှင့်တင်ပေးတဲ့ ဆေးကို ရရှိသည်”
...
“ဒင်း! ဂုဏ်ယူပါတယ် မင်းရှယ်ယာနှစ်ဆတိုး ကူပွန်တစ်ခုရရှိသည်”
...
“ဒင်း! ဂုဏ်ယူပါတယ် အကြားအာရုံကို မြှင့်တင်ပေးနိုင်တဲ့ ဆေးကို ရရှိသည်”
...
“ဒင်း! ဂုဏ်ယူပါတယ် မင်း ဒန်ဟိုင်ဂရု ရဲ့ ရှယ်ယာ 10% ကို ရသည်”
...
“ဒင်း၊ ဂုဏ်ယူပါတယ်၊ ဒီရော့ရှယ်ယာ10% ကို ရရှိသည်။”
...
“ဒင်း! ဂုဏ်ယူပါတယ် မင်းရှယ်ယာနှစ်ဆတိုးကူပွန်တစ်ခုရသည်။”
...
“ဒင်း! ဂုဏ်ယူပါတယ်၊ ကျပန်းပြန်အမ်းငွေကတ်ကို ရရှိသည်။”
...
“ဒင်း၊ ဂုဏ်ယူပါတယ်၊ မင်း စင်းဂရု ရဲ့ ရှယ်ယာ 10% ကို ရရှိသည်။”
...
စာအိတ်အနီ 700,000ဖွင့်ရာတွင်လင်းဖန်သည် စုစုပေါင်း ယွမ် 3,1940,300 ရရှိခဲ့သည်။
ဤငွေပမာဏသည် နေ့တိုင်း အသက်ရှုခြင်း၊ အိပ်ခြင်း၊ လမ်းလျှောက်ခြင်းမှ ရရှိသော ပမာဏနှင့် နှိုင်းယှဉ်၍ မရသောကြောင့် သဘာဝအတိုင်း ဂရုမစိုက်ပေ။
စုစုပေါင်း 1 ယွမ် ကတ် 4 ကတ် ရရှိသည်။ဒါကစုစုပေါင်း 4 ယွမ် သုံးစွဲပြီးနောက် ချက်ချင်း ယွမ် သန်း 400 ရရှိနိုင်တယ်လို့ဆိုလိုတာပင်ဖြစ်သည်။
ဒန်ဟိုင်ဂရုသည် နိုင်ငံ၏ အကြီးဆုံးရေနံကုမ္ပဏီဖြစ်ပြီး စျေးကွက်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၄၀ ဘီလီယံခန့်ရှိပြီး တရုတ်ငွေကြေးဖြင့် ယွမ် ၁ ထရီလီယံနီးပါးရှိလေသည်။ရှယ်ယာများ၏ ၁၀ ရာခိုင်နှုန်းဆိုသည်မှာယွမ် ၁၀၀ ဘီလီယံဖြစ်သည်။
ဒီရော့သည် နာမည်ကြီး ဇိမ်ခံပစ္စည်းကုမ္ပဏီတစ်ခုဖြစ်သည်။ ၎င်း၏ လက်ဝတ်ရတနာများနှင့် အလှကုန်များသည် စျေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ဘီလီယံ 20 ခန့်ရှိသည်။ တရုတ်ငွေကြေးအဖြစ် ပြောင်းလဲသောအခါ ယွမ် ၁၄၀ ဘီလီယံနီးပါးရှိသည်။ အစုရှယ်ယာ ၁၀ ရာခိုင်နှုန်းဆိုသည်မှာယွမ် ၁၄ ဘီလီယံရတာနဲ့အတူတူပင်ဖြစ်သည်။
မိတ်ဂရုသည် နိုင်ငံ၏အကြီးဆုံး မော်တော်ကားကုမ္ပဏီဖြစ်သည်။ တစ်ချိန်တည်းမှာပင်၊ ၎င်းသည် စျေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၂ ဘီလီယံရှိသည့် ကမ္ဘာ့ထိပ်တန်း ကားကုမ္ပဏီဆယ်ခုထဲမှ တစ်ခုဖြစ်ပြီး တရုတ်ငွေကြေး ယွမ် ၁၅၀ ဘီလီယံခန့်နှင့် ရှယ်ယာများ၏ ၁၀ ရာခိုင်နှုန်းသည် ယွမ် ၁၅ ဘီလီယံရရှိတာနဲ့တူလေသည်။
လက်းဖန်သည် ကျပန်းပြန်အမ်းငွေကတ်ကို အသုံးပြုခဲ့သည်မှာ မကြာသေးမီကပင် ဖြစ်သည်။
သုံးစွဲပြီးနောက်၊ ပြန်အမ်းငွေကို ကျပန်းပြုလုပ်ခဲ့သည်။ ထို့နောက်လင်းဖန်သည် ယွမ်ငွေ ၇ ဘီလီယံ အသုံးပြုပြီး ယွမ် ၁၄ ဘီလီယံကို တိုက်ရိုက်ရရှိခဲ့သည်။ ဒါက ကောင်းတဲ့အရာပင်ဖြစ်သည်။
ရှယ်ယာနှစ်ဆတိုးကူပွန်သည် အသုံးပြုပြီးနောက်၊ ကုမ္ပဏီတစ်ခု၏ကိုယ်ပိုင်ရှယ်ယာများကိုချက်ချင်းတိုးနိုင်သည်။
လင်းဖန်အတွက် ငွေသည် ကိန်းဂဏန်းများသာဖြစ်သည်။
ဒါပေမယ့် ကိန်းဂဏန်းအရေအတွက်နည်းနည်းပိုကြီးအောင် လုပ်တာကလဲခံစားမှုတစ်မျိုးပင်ဖြစ်သည်။
လင်းဖန်သည်ဒန်ဟိုင်ဂရုကို ရှယ်ယာနှစ်ဆကူပွန်ကို တိုက်ရိုက်အသုံးပြုခဲ့သည်။
ရုတ်တရက် လင်းဖန်သည် ဒန်ဟိုင်၏ ရှယ်ယာ 20% ကို ပိုင်ဆိုင်သွားလေသည်။
ထိုအချိန်တွင် လင်းဖန်၏ရှေ့တွင် ဆေးပုလင်းနှစ်ပုလင်း ပေါ်လာသည်။
ပုလင်းတစ်လုံးသည် ဖောက်ထွင်းမြင်ရပြီး နောက်တစ်လုံးသည် အနီရောင်ဖျော့ဖျော့အရည်ပါရှိသည်။
၎င်းတို့ထဲမှ တစ်ခုမှာ ကိုယ်ခန္ဓာ(ကိုယ်လုံးကိုယ်ပေါက်)ကို မြှင့်တင်ပေးသည့် ဆေးဖြစ်သည်။ လင်းဖန်သည် ၎င်းကို အကြိမ်များစွာ အသုံးပြုခဲ့ပြီး အတော်လေးရင်းနှီးသည်ဟု ယူဆနိုင်သည်။ ဒီဆေးကိုသောက်လိုက်ရင် ခန္ဓာကိုယ်ရဲ့ အမြန်နှုန်း၊ ကြံ့ခိုင်မှု စတာတွေကို အများကြီး တိုးတက်စေနိုင်သည်။
ထို့ကြောင့်သူသည်တုံ့ဆိုင်းမနေဘဲ ကိုယ်လုံးကိုယ်ပေါက် မြှင့်တင်ပေးတဲ့ ဆေးကို သူ့ပါးစပ်ထဲကို တိုက်ရိုက် လောင်းထည့်လိုက်တယ်။
“ဂရု”
ဆေးသောက်ပြီးနောက် ခန္ဓာကိုယ် အနည်းငယ် ပူလာသည်။
ထို့နောက်ပုံမှန်ပြန်ဖြစ်သွားလေသည်။
သူသည်ဘေးနားမှာရှိတဲ့ အနီရောင်ဖျော့ဖျော့ အကြားအာရုံကောင်းမွန်စေတဲ့ဆေးကို ကောက်ယူပြီး ပါးစပ်ထဲကို လောင်းထည့်လိုက်သည်။
ရုတ်တရက် လင်းဖန်သည် သူ့နားထဲတွင် နူးညံ့သော အသံတစ်ခုကို ခံစားလိုက်ရသည်။
ထို့နောက် အောက်ထပ်မှ လူများပြောစကားသံများ၊ အဝေးမှ စီးဆင်းနေသည့် မြစ်သံ... အားလုံးသည် လင်းဖန်၏ နားထဲတွင် ကြားနေရလေသည်။
ထို့နောက် လင်းဖန်သည် အဆိပ်ပြီးကျွမ်းကျင်မှုစွမ်းရည်ကို အာရုံစိုက်လိုက်သည်။
【အဆိပ်ပြီးကျွမ်းကျင်မှု- အဆိပ်အားလုံးကို ခုခံနိုင်စွမ်းရှိသည်။ အဆိပ်ကို ခုခံခြင်းဖြင့်သင်၏ချောမောလှသောပုံစံကိုပြသလိုက်ပါ 】
...
တစ်နည်းအားဖြင့် ယွမ် ၇ ဘီလီယံ အကုန်အကျခံပြီးနောက် လင်းဖန်သည် ကုမ္ပဏီရှယ်ယာ စျေးကွပ်တန်ဖိုးပေါင်း၂၂၉ ဘီလီယံ ၊ ငွေသား သန်း ၄၃၀၊ ကိုယ်လုံးကိုယ်ပေါက် မြှင့်တင်ပေးသည့် ဆေးတစ်ပုလင်း၊ အကြားအာရုံကို မြှင့်တင်ပေးသည့် ဆေးပုလင်းတစ်ပုလင်းနှင့် အဆိပ်ပြီးကျွမ်းကျင်မှု စွမ်းရည်များကို ရရှိခဲ့သည်။
ဒါကကောင်းမွန်တဲ့ရိတ်သိမ်းခြင်းပင်ဖြစ်သည်။
လင်းဖန်သည်ပင် သူ့မျက်နှာပေါ်တွင် ပြုံးရုံမှတစ်ပါး မကူညီနိုင်ပေ။
...
နောက်တစ်နေ့။
ဂါရီဂရာဥက္ကဌလီဟွေနှင့် အမှုဆောင်အရာရှိများစွာ၏ နှုတ်ဆက်မှုနှင့်အတူရှဂိုလေကြောင်းလိုင်းကနေလင်းဖန်၊ရှောင်ပန်၊ရှောင်အန်း၊နင်းကျန်းကျန်း၊ဂျင်ချန်ကျူ၊လင်းချင်ကျူ၊ဟော့ကျောက်ဝူတို့သည် ဇိမ်ခံအထူးလေယာဉ်ဖြင့် ကျန်ပေ့ သို့ ပြန်ခဲ့ကြသည်။
နောက်ရက်အနည်းငယ်တွင် လင်းဖန်သည် ယခင်အတိုင်း ပန်းလုံဗီလာနှင့် ကျန်ပေ့တက္ကသိုလ် ကိုသာသွားခဲ့သည်။
ထိုနေ့တွင် လင်းဖန်သည် ရုံးခန်းရှိ ကုလားထိုင်ပေါ်တွင် ထိုင်ကာ ဖုန်းသုံးနေလိုက်သည်။
ထိုအချိန်တွင် ဟော့ကျောက်ဝူ သည် စာရွက်ကြမ်းတစ်အုပ်ကိုကိုင်ကာ ရုတ်တရက်ထရပ်ပြိး လင်းဖန်ထံသို့ ပျော်ရွှင်စွာရောက်လာပြီး “ပါမောက္ခလင်း၊ တတိယမေးခွန်းအတွက် ငါ့အဖြေကို ဘယ်လိုထင်လဲ”
လင်းဖန်သည် မူကြမ်းစာရွက်ကိုယူကာ အမြန်လှန်ကာ ခေါင်းညိတ်ကာ “အဖြေက ကောင်းတယ်’’
ဟော့ကျောက်ဝူသည် ထိုစကားကိုကြားသောအခါ သူ့မျက်နှာတွင် အပြုံးတစ်ခုပေါ်လာသည်။
ဟော့ကျောက်ဝူကြောင့်နင်းကျန်းကျန်း၊လင်းချင်ကျူ၊ဂျင်ချန်ကျူတို့ကလည်းမကြာမီ တတိယမေးခွန်းကို ဖြေဆိုနိုင်ခဲ့ကြသည်။
ဟော့ကျောက်ဝူက ရယ်ရင်း’’ပရော်ဖက်ဆာ လင်း၊ငါတို့အားလုံး တတိယမေးခွန်းကို ဖြေပြီးကြပြီဆိုတော့ဦးထုပ်ဂိမ်းအတူတူ ဆော့ရအောင်”
လင်းချင်ကျူက “ဂိမ်းတွေက မင်းရဲ့သင်ယူမှုကို အနှောင့်အယှက်ဖြစ်စေတယ်လို့ မင်းပြောခဲ့တာမဟုတ်ဘူးလား။”
ဟော့ကျောက်ဝူက “စာလုပ်ပြီးတာနဲ့အနားယူခြင်းက သင်ယူမှုစွမ်းရည်ကို တိုးတက်စေတယ်လို့ ငါကြားတယ်”
သူတို့နှစ်ယောက်ကြား စကားပြောတာကို နားထောင်ရင်း လင်းဖန် က မပြုံးနိုင်ဘဲ “ကောင်းပြီ မင်းတို့ပဲသွားကစားပါ” လို့ပြောလိုက်သည်။
...
“ကလင် ကလင် ကလင်!”
ထိုအချိန်တွင် လင်းဖန်၏ အိတ်ကပ်ထဲမှ ဖုန်းသည် အသံမြည်လာသည်။
သိပ္ပံအကယ်ဒမီ၏ ဒါရိုက်တာ ဖန်ရှင်းကခေါ်ဆိုခြင်းဖြစ်သည်။
လင်းဖန်သည် တုံ့ဆိုင်းမနေဘဲ အဖြေခလုတ်ကို တိုက်ရိုက်နှိပ်လိုက်သည်။
“ပါမောက္ခလင်း၊ ကောင်းသောညနေခင်းပါ!” ဖန်ရှင်းအသံသည် ဖုန်းထဲမှ ထွက်ပေါ်လာသည်။
လင်းဖန် က “မင်္ဂလာညနေခင်းပါ ဒါရိုက်တာ ဖန်မင်းဖုန်းဆက်တာ ဘာကိစ္စရှိလို့လဲ”
သူသည်စကားပြောရင်လိုရင်းကမုပြောတာပဲကိုက်လေသည်။ထို့ကြောင့်သူကတိုက်ရိုက်မေးလိုက်ဖြင်းဖြစ်သည်။
ဖန်ရှင်း က ဒါနဲ့ပတ်သပ်သိပ်ပြီး မအံ့သြပေ။
ဖန်ရှင်းက “မင်းဝယ်ထားတဲ့ တိုတာမက် စက်ပစ္စည်းက ဆိပ်ကမ်းကိုရောက်နေပြီဆိုတဲ့ သတင်းတစ်ခုရတယ်။အဲ့ဒါကိုအခုသာမန်နည်းပညာကုမ္ပဏီကို လာပို့နေတယ်။ မင်းလာကြည့်ချင်လား။”
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး