ယုံကြည်ခြင်း
Vol. 34 Ch. 509
ရူပဗေဒဌာန၏ လုပ်ဆောင်မှုသည် အလွန်လျင်မြန်သည်ဟု ဆိုနနုင်သည်။
ပစ္စည်းတွေကို အချိန်တိုအတွင်း တင်ပို့ခဲ့တယ်ဆိုတာကပစ္စည်းဝယ်တဲ့လူကလင်းဖန်ဖြစ်နေလို့ပင်ဖြစ်သည်။မဟုတ်ရင်အဲ့လောက်အချိန်မြန်မှာမဟုတ်ပေ။
လင်းဖန်၏စိတ်သည် အနည်းငယ် လှုပ်ရှားသွားပြီး တိုတာမက်ရောက်လာပြီလား။
သိရန်…
သူ၏တာဝန်မှာ စာအုပ်ငါးအုပ်ဖတ်ရန်၊ တိုတာမက်စက်တစ်လုံးပိုင်ဆိုင်ရန်နှင့် ဧက 10,000 ကျော်ရှိထိန်းချုပ်နိုင်သော နျူကလီးယားပေါင်းစပ်စက်ရုံတစ်ခု တည်ဆောက်ရန်တို့ဖြစ်သည်။
စာအုပ်တွေဖတ်တာကဖတ်လို့ပြီးပြီဖြစ်သည်။
တိုတာမက်စက်ကို ဝယ်ယူခဲ့သော်လည်း မစ်ရှင်အခြေအနေများနှင့် မကိုက်ညီသေးပေ။
လင်းဖန်သည် တိုတာမက်စက်ဟွာရှသို့ရောက်မှတိုတာမက်စက်ကိုပိုင်ဆိုင်တာဖြစ်ပြီးမစ်ရှင်တစ်ပိုင်းပြီးမည်ဟုခန့်မှန်းထားလေသည်။
ဒါကိုစဉ်းစားရင်း လင်းဖန် က “ကောင်းပြီ ငါ သာမန်နည်းပညာစီကို အခုလာခဲ့မယ်”
ဖုန်းချပြီးနောက် ဟော့ကျောက်ဝူနှင့် အခြားသူများကို ဂိမ်းကစားပြီးရင်စာဆက်လက်လေ့လာရန် ပြောပြီးနောက်Cullinan(ကား)ကို ဖြင့်ရှေ့သို့မောင်းထွက်သွားလေသည်။
မကြာမီလင်းဖန်သည်သူသွားလိုရာကိုရောက်သွားလေသည်။အရင်ကသူလာတုန်းကဒီနေရာသည်တောင်ကုန်းနဲ့ ပျက်စီးနေတဲ့စက်ရုံအလုပ်ရုံတချို့ရှိလေသည်။
ဒီအချိန်မှာတော့တောင်ကုန်းတွေပြိုကျပျက်စီးနေတဲ့ စက်ရုံတွေ မရှိတော့ပေ။
အဲဒီအစား၊ အထပ်မြင့် စက်ရုံနဲ့ ရုံးခန်း အဆောက်အဦးတွေသာရှိတော့သည်။
ထိန်းချုပ်နိုင်သော နျူကလိယားပေါင်းစပ်စက်ရုံ၏ ပုံစံသည် ဖြည်းဖြည်းချင်းဖြစ်လာသည်ဟု ဆိုနိုင်သည်။
ဆောက်လုပ်ရေးယာဉ် ဒါဇင်ပေါင်းများစွာနှင့် ရာနှင့်ချီသော အလုပ်သမားများ အားလုံး သည်အလုပ်ကြိုးစားကြသည်။
ဤအခိုက်အတန့်တွင် စသ်သားနှစ်ဦးသည် လင်းဖန်စီတည့်တည့်မတ်မတ် လျှောက်လာပြီး”ဟဲလို ဘာကိစ္စရှိလို့လဲ”ဟုပြောလိုက်သည်။
သူတို့၏ အသံများသည် ခံစားချက်မရှိတဲ့ပုံစံဖြစ်နေလေသည်။
သူ့ကိုယ်ပိုင်စက်ရုံကို စစ်သားတွေ စောင့်ကြပ်နေတာလား။
လင်းဖန်သည် စကားပြောဖို့လုပ်လိုက်သည်။
ထိုအချိန်တွင် အေဒီကားတစ်စီးသည် အဝေးမှ ဖြတ်မောင်းလာသည်။
အေဒီကားနောက်တွင် ထရပ်ကားတစ်စီးလဲရှိသည်။
မကြာခင်မှာပဲ ဖန်ရှင်းနဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်တို့ဆင်းလာလေသည်။
ဖန်ရှင်းက အဝေးကနေ နှုတ်ဆက်လိုက်သည်။”ပါမောက္ခလင်း၊ တောင်းပန်ပါတယ်၊ ငါနောက်ကျသွားတယ်”
လင်းဖန် က “ရပါတယ်၊ ငါလဲခုနကမှရောက်တာ”
စစ်သားနှစ်ယောက်ဒါကိုကြားတော့ သူတို့အလုပ်ကိုသူတို့ပြန်လုပ်တော့သည်။
ဖန်ရှင်း က “သာမန်နည်းပညာကုမ္ပဏီရဲ့ဘေးကင်းရေးအတွက် စစ်သားအချို့ကို စောင့်ကြပ်ဖို့ စီစဉ်ပေးထားပါတယ်”
လင်းဖန်၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခုပေါ်လာသည်။
ဖန်ရှင်းသည် လင်းဖန်၏ သံသယများကို မြင်ကာ “ဒါက ထိန်းချုပ်နိုင်တဲ့ နျူကလီးယား ပေါင်းစပ်ကုမ္ပဏီတစ်ခုပါ။ နျူကလီးယား ဆိုတဲ့စကားလုံးပါဝင်နေသရွေ့ မင်း သတိထားမှတော်ကာကျမှာလေ”
ဒါကိုကြားတော့ လင်းဖန်က ခေါင်းညိတ်လိုက်သည်။
ထို့နောက် လင်းဖန်က ထရပ်ကားကို ညွှန်ပြပြီး “တိုတာမက်စက်က အထဲမှာ ရှိတယ်...”
လင်းဖန်သည် သူညွှန်ပြနေသည့် လမ်းကြောင်းကို ကြည့်လိုက်ရာ ကရိန်းထရပ်ကားသည် အလွန်ထူးဆန်းသော စက်တစ်လုံးကို ထရပ်ကားပေါ်မှ ယူချလာသည်။
သူ့ဘေးတွင် ရွှေမျက်မှန်တပ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက “ပါမောက္ခလင်း၊ ရူပဗေဒတက္ကသိုလ်က ဒုတိယမျိုးဆက် တိုတာမက်ကိုဝယ်ဖို့ ဘာ့ကြောင့်ယူရိုတစ်ဘီလီယံလောက် သုံးရတာလဲလို့ မေးကြည့်လို့ရမလား?”
သူ့စကားထဲတွက်နားမလည်နိုင်သောလေသံများပါဝင်နေသည်။
ထိန်းချုပ်နိုင်သော နျူကလီးယား ပေါင်းစပ်မှုကို လေ့လာရာတွင် အဓိက ဦးတည်ချက် နှစ်ခုရှိသည်။
တစ်ခုက တိုတာမက်ကိရိယာပင်ဖြစ်ပြီးနောက်တစ်ခုသည်စတားစက်ဖြစ်သည်။
၎င်းတို့အနက်၊ စတားစက်သည် ပညာရှင်အများစုက အသိအမှတ်ပြုထားသော လမ်းတစ်ခုဖြစ်သည်။
တိုတာမက်ကိရိယာသည် လူကြိုက်များသောကိရိယာမဟုတ်ပေ။
ထို့ကြောင့် ဟွာရှသည် တိုတာမက်စက်ပစ္စည်းဆိုင်ရာ သုတေသနကို စွန့်လွှတ်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
သိရန်…
ယနေ့တွင်တိုတာမက်စက်သည် စတုတ္ထမျိုးဆက်အအထိရှိပြီးမကြာမီ (5)မျိုးဆက် ပေါ်လာတော့မည်ဟု ဆိုလေသည်။
ဒါဆို လင်းဖန်ဝယ်ထားတဲ့ ဒုတိယမျိုးဆက် တိုတာမက်က ဘာကိုသုံးမှာလဲ။
ဒီတိုတာမက်ကအစုတ်ကြီးလို့ ပြောတာကချဲ့ကားခြင်း မဟုတ်ပေ။
အစုတ်တစ်ခုကိုဝယ်ရန် ယူရို ၁ ဘီလီယံ သုံးစွဲတာလား။
သက်လတ်ပိုင်းလူသည် ဤမျှလောက် ပဟေဠိဖြစ်မည်မှာ အံ့သြစရာမဟုတ်ပေ။
ဖန်ရှင်း “ပါမောက္ခ လင်း၊ ဒါက ပေကျင်းတက္ကသိုလ်၊ နူကလီးယား ရူပဗေဒဌာနရဲ့ ဒါရိုက်တာ ဝမ်ဒဟူ ပါ။”
လင်းဖန်သည် ချက်ခြင်းပြန်မဖြေဘဲ မစ်ရှင်ကိုအာရုံစိုက်လိုက်သည်။
【ဒင်း! မစ်ရှင်- ဧက10,000 ကျော်ရှိသော နျူကလိယပေါင်းစပ်စက်ရုံကိုတည်ဆောက်ပါ(0/1)၊ တိုတာမက်စက်တစ်ခုပိုင်ဆိုင်အောင်လုပ်ပါ၊(1/1)”ပလတ်ရှာမာ”, “ဖေစစ်ကယ်’’မောရဲ၏လက်စွဲစာအုပ်”, “တန်မိုရှယ်လီ”, “ကွန်ထရို ပေါင်းစပ်။(5/5)”တို့ကိုဖတ်ပါ။ဆုလတ်-နျူကလီးယား ပေါင်းစပ်ကိရိယာ၏ ဗားရှင်းအပြည့်အစုံအပြင် အခြေခံမူများနှင့် ဒီဇိုင်းပုံဆွဲခြင်း၊ ရူပဗေဒအဆင့် +1 နှင့် ပလက်တီနမ်အနီရောင် စာအိတ် 1 ကို ဆုချမည်ဖြစ်သည်]
မစ်ရှင်တစ်ပိုင်းပြီးသွားတာကိုတွေ့တော့လင်းဖန်ကသူတွေးတာမှန်တယ်ဆိုပြီးအတည်ပြုလိုက်လေသည်။
ခဏအကြာတွင်လင်းဖန်က “ဒီ တိုတာမက် ကိုဝယ်လိုက်ခြင်းအားဖြင့်ထိန်းချုပ်နိုင်တဲ့ နျူကလီးယားပေါင်းစပ်မှုကို အောင်မြင်စွာ တီထွင်နိုင်မှာပါ” လို့ ပြောလိုက်သည်။
ဘေးက ဖန်ရှင်းက စိတ်လှုပ်ရှားစွာနဲ့ “တကယ်ပဲ အောင်မြင် မှာလား!’’
ဝမ်ဒဟူ အံ့သြသွားပြီး “ပရော်ဖက်ဆာလင်း၊ မင်းပြောတာက အမှန်ပဲလား’’ လို့ ပြောလိုက်သည်။
လင်းဖန် က သူတို့နှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီး “ဒါတွေပြောဖို့ကလဲ အသုံးမဝင်ဘူး။ သာမန်နည်းပညာ ရဲ့ စက်ရုံက မဆောက်ရသေးဘူး။ဒါကြောင့် ဧက 10,000 ကျော်တဲ့ စက်ရုံကို မြန်မြန်ဆောက်ကြပါ။”
“အဲဒီအခါကျ ထိန်းချုပ်နိုင်တဲ့ နျူကလီးယား ပေါင်းစပ်မှု အောင်မြင်နိုင်တယ်ဆိုတာသိလိမ့်မယ်’’
လင်းဖန်က ဒီလိုပြောတဲ့အခါ သူသည်ယုံကြည်ချက်ရှိရှိနဲ့ပြောလိုက်ခြင်းဖြစ်သည်။
ဘာကြောင့်လဲဆိုတော့ စနစ်က သူ့ကို ဘယ်တော့မှ မလိမ်လို့ပင်ဖြစ်သည်။
အလုပ်ပြီးသရွေ့၊ ထိန်းချုပ်နိုင်သော နျူကလီးယားပေါင်းစပ်နည်းပညာကို ရရှိမည်ဖြစ်သည်။
လင်းဖန်၏ရည်ရွယ်ချက်မှာ မစ်ရှင်အခြေအနေများကို ပြီးမြောက်ရန် တိုတာမက်စက်ကိုလူကိုယ်တိုင်လာကြည့်ဖြင်းဖြစ်သည်။
အခု ကိစ္စတွေပြီးပြီ။
သူ့ဆက်နေဖို့ မလိုတော့ပေ။
လင်းဖန် က ဖန်ရှင်း၊ ဝမ်ဒဟူတို့ကို နှုတ်ဆက်ပြီးနောက် Cullinan(ကား) ကို မောင်းထုတ်ပြီး ချက်ချင်းထွက်သွားလေသည်။
လင်းဖန်လုံးဝမရှိတော့တဲ့နောက်မှာတော့ ဝမ်ဒဟူ က “ဒါရိုက်တာ ဖန် ပရော်ဖက်ဆာ လင်းကထိန်းချုပ်နိုင်တဲ့ နျူကလီးယားပေါင်းစပ်မှုကို တကယ်အောင်မြင်နိုင်မယ်လို့ထင်လား။’’
ဖန်ရှင်း က “သင်္ချာပညာရှင်တွေက ရိုက်မန် အယူအဆကို ဘယ်လောက်ကြာကြာ လေ့လာခဲ့ကြလဲ၊ အဲဒါကို ဖြေရှင်းပြီးကြပြီလား။ ဆေးပညာရှင်တွေက ဆီးချိုရောဂါကို ဘယ်လောက်ကြာကြာ လေ့လာခဲ့ကြလဲ၊ အဲဒါကို ဖြေရှင်းပြီးကြပြီလား၊ ရူပဗေဒပညာရှင်တွေက ငလျင်လှုပ်တာကိုခန့်မှန်းဖို့ ဘယ်လောက်ကြာကြာ လေ့လာခဲ့ကြတာလဲ။ သူတို့ဟာ ငလျင်ခန့်မှန်းစက်ကို တီထွင်ခဲ့ကြသလား။ ဓာတုဗေဒပညာရှင်များသည် ဘက်ထရီများကို မည်မျှကြာအောင် သုတေသနပြုခဲ့ကြသနည်း၊ ၎င်းတို့သည် စူပါဘက်ထရီများကို ပြုလုပ်နိုင်ကြလား’’
ဖန်ရှင်းးကားကိုကြားတော့ဝမ်ဒဟူကဘာပြောရမှန်းမသိဖြစ်သွားသည်။
ဖန်ရှင်း က ဆက်ပြောသည် “တချို့လူတွေက ဒီလိုပဲ ဘယ်သူမှ မလုပ်နိုင်တဲ့ အရာတွေကို လုပ်နိုင်ကြပါတယ်။ ဒီလိုလူမျိုးကို အရမ်းကြီးမြတ်တယ်လို့ ခေါ်လို့ရတယ်”
ထိုစကားကို ပြောပြီးနောက် ဖန်ရှင်းသည် လင်းဖန်ထွက်သွားရာနေရာကိုကြည့်လိုက်သည်။
ထို့နောက် လင်းဖန်ပြောခဲ့သည့်စကားကို ပြန်သတိရမိသည်။
“ဒီမှာ အလုပ်သမားနဲ့ ဆောက်လုပ်ရေးယာဉ်တွေ အရမ်းနည်းနေသေးတယ်။ နောက်ထပ် များများထပ်ခန့်မှပဲ!”
တည်ဆောက်မှုပြီးသွားသောအခါ ထိန်းချုပ်နိုင်သော နျူကလီးယားပေါင်းစပ်မှု အောင်မြင်မည်ဟု လင်းဖန် ကပြောခဲ့သည်။
ဒါကသေချာပေါက်အောင်မြင်မည်ဆိုတာဖန်ရှင်းယုံလေသည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး