ဝမ်းကွဲ
Vol. 34 Ch. 510
နေဝင်သည်နှင့်အမျှ ကောင်းကင်ကြီးသည်တစ်ဖြည်းဖြည်းမှောင်လာလေသည်။
လင်းဖန်သည် ခေါင်းကို မြှောက်လိုက်ပြီး သူ့ရှေ့တွင် မြင့်မားသော အဆောက်အဦတစ်ခု ကိုကြည်လိုက်သည်။
ဒါကတော့ကျန်ပေ့ ဟိုတယ်ပင်ဖြစ်သည်။
လင်းဖန် သည် ဤအဆောက်အဦးကိုမြင်သောအခါ သူဒီကိုပထမဆုံးအကြိမ်ညစာစားရန်ဖိတ်ခေါ်သောသူမှာအဘိုးကြီးကျူဝမ်မင် ဖြစ်သည်ကို တွေးသောအခါကကြက်သည်းများထသွားလေသည်။
ထို့နောက် ကျန်ပေ့ဟိုတယ်တွင် အလွန်ထူးခြားပြီးအရသာရှိသောအစားအသောက်အကြောင်းပြန်တွေးလိုက်မိသည်။
ထိုအချိန်တွင် လင်းဖန်၏ဗိုက်သည် အသံမြည်လာခဲ့သည်။
သူ့ရှေ့က ပိတ်နေသောယာဉ်ကို ကြည့်လိုက်ပြီးနေညက်စတီယာရင်တိုင်ကို လှည့်ပြီး ကျန်ပေ့ ဟိုတယ်ဆီ ဦးတည်သွားလိုက်သည်။
အဖြူရောင် တီရှပ်အင်္ကျီပါးပါးလေး ၀တ်ထားတဲ့ ပိန်ပိန်ပါးပါး လူတစ်ယောက် ဖြတ်သွားသောအခါ သူသည်ကားကို ရပ်လိုက်သည် ။
လင်းဖန်- “ဝမ်းကွဲ?!”
ဒါကိုကြားတော့ ထိုလူက ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။
လင်းဖန်ကိုတွေ့တော့ “လင်းဖန်?”ဟုခေါ်လိုက်သည်။
ဒါက အစ်ကိုဝမ်းကွဲ လင်းကျောက်ဟောင်ပင်ဖြစ်သည်။
လင်းဖန်က “ဝမ်းကွဲ၊ မင်း ဘယ်တုန်းက ကျန်ပေ့ကို ရောက်နေတာလဲ”
“ဒီနှစ်မှာ ငါဒီကိုလာခဲ့တယ်။” လင်းကျောက်ဟောင်က ပြောသည်။
“ထမင်းစားပြီးပြီလား အတူတူထမင်းစားရအောင်” လင်းဖန်က ပြောသည်။
လင်းကျောက်ဟောင် ၏ဗိုက်သည်လည်း အသံထွက်လာခဲ့သည်။
ထို့ကြောင့်သူက ခေါင်းညိတ်ပြီး “ကောင်းပြီ” ဟုပြောလိုက်သည်။
ထို့နောက်နှစ်ယောက်သား ပခုံးချင်းယှဉ် စကားပြောကြပြီးကျန်ပေ့ဟိုတယ်ဆီသို့ လျှောက်သွားကြသည်။
...
ထိုအချိန်တွင်၊ အနောက်တိုင်းဝတ်စုံဝန်ထားသောအမျိုးသားနှင့်ခေါတ်ပေါ်အင်္ကျီဝတ်ထားသောအမျိုးသမီး တစ်စုသည် ကျန်ပေ့ ဟိုတယ်သို့ ရောက်ရှိလာသည်။
ရှောင်ဝူလက်ကားမြို့၏ဥက္ကဌ ဇောင် သည် ထိပ်ဆုံးကလျှောက်လှမ်းလာခဲ့သည်။
ဇောင်သည်သူ့အနားရှိရပ်နေတဲ့လူတွေအားလုံးကိုခေါင်းညိတ်ပြလိုက်သည်။
“ဒီမနက် ကျန်ပေ့ဟိုတယ်ကို ပင်လယ်ဥ၊ တူနာငါး၊ ပုစွန်နဲ့ ကဏန်းတွေကို လေယာဉ်နဲ့ သယ်လာတာ ကြားလိုက်ရတယ်။”
“ဒါက ပင်လယ်စာတင်မဟုတ်ဘူး၊ မနေ့က တောဝက်ကိုလဲခေါ်လာတယ်လို့ ငါကြားတယ်။”
“ဒါ့အပြင်၊ ဒီက စားဖိုမှူး လင်းဝမ်တန်က ပြည်နယ်ပွဲတွေမှာ စားဖိုမှူးလည်း လုပ်ခဲ့ဖူးတယ်။ သူနဲ့လည်း သဘောတူညီချက်လုပ်ထားပါတယ်။ ဒီနေ့ အစားအစာကို သူကိုယ်တိုင် ချက်ပေးလိမ့်မယ်။ဒါကအရသာ အရမ်းကောင်းမယ်ဆိုတာအာမခံပါတယ်!”
...
ဇောင်က သူ့ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်သောအခါ ရုတ်တရက် ရပ်တန့်သွားသည်။
အဘယ်ကြောင့်ဆိုသော် သူသည် အရပ်ရှည်ပြီး ချောမောသော ရုပ်သွင်တစ်ခုကို မြင်လိုက်ရသောကြောင့်ပင်ဖြစ်သည်။
လင်းဖန်။
ဇောင်သည် အလျင်အမြန်လင်းဖန်ထံသို့ ရောက်လာသည်။
ထို့နောက် သူက ငုံ့၍ အလွန်ရိုသေပြီး စိတ်လှုပ်ရှားသော လေသံဖြင့် “မစ္စတာလင်း၊ မင်းနဲ့တွေ့ဖို့ ငါ မမျှော်လင့်ထားဘူး။ တိုက်ဆိုင်လိုက်တာ”
သိရန်…
လင်းဖန်သည် ရှောင်ဝူလက်ကားစီးတီးရှိ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသောကြောင့် လင်းဖန်သည် သူ၏သူဌေးဟု ဆိုနိုင်သည်။
ထို့အပြင် ရှောင်ဝူလက်ကားစီးတီးသည် မကြာသေးမီကာလတွင် ကြီးကျယ်သောဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်ရခြင်းအကြောင်းရင်းမှာ လင်းဖန်ကြောင့်ဖြစ်သည်။
လင်းဖန်သည် ရှောင်ဝူလက်ကားစီးတီးကို ဟန်စီဒီ ထုတ်ကုန်များအတွက် အကြီးစား ကိုယ်စားလှယ်အဖြစ် လုပ်ထားသောကြောင့်ဖြစ်သည်။
ဟန်စီဒီထုတ်ကုန်များ၏ အကြီးစား ကိုယ်စားလှယ်ဖြစ်လာခြင်းသည် ငွေထုတ်စက်ပိုင်ဆိုင်ခြင်းနှင့် ညီမျှသည်ဟု ဆိုနိုင်သည်။
နေ့တိုင်း ဇောင်နဲ့ ပူးပေါင်းချင်သူ ဘယ်လောက်ရှိလဲ မသိပေ။
လင်းဖန် က ဇောင် ကို တွေ့လိုက်တော့ “ဟုတ်တယ်၊ ဒါ...တိုက်ဆိုင်မှုတစ်ခုပဲ” လို့ပြောလိုက်သည်။
ဇောင် က “မင်းကို ညစာစားဖို့ ဖိတ်ချင်နေတာကြာပြီ၊ ဒါပေမယ့် ဒီနေ့ မင်းနဲ့တွေ့တာနဲ့အတော်ပဲ။ဒါကြောင့် ဒီနေ့ အားပါ့မလားလို့ တွေးမိတယ်။”
လင်းဖန်က ပြန်မဖြေဘဲ သူ့ဘေးက လင်းကျောက်ဟောင် ကို လှည့်ကြည့်လိုက်ပြီး “ဝမ်းကွဲ မင်း သူတို့နဲ့ ညစာစားချင်လား”
လင်းကျောက်ဟောင် က “လူများတော့ထမင်းစားရတာ အသက်ဝင်တာပေါ့”
လင်းကျောက်ဟောင်သည်အမြင်ရှိလေသည်။ဇောင် နဲ့ သူ့နောက်ကလူတွေအားလုံးဟာ နောက်ခံကောင်းကောင်းရှိမယ်ဆိုတာကိုသူခန့်မှန်းမိလေသည်။
လင်းဖန်သည် ယခုအချိန်တွင် အလွန်ထူးခြားနေပုံရသည်ကို လက်းကျောက်ဟိုင်သိလိုက်သည်။
လင်းဖန်က ခေါင်းညိတ်ပြီး “ကောင်းပြီ ဒါဆို ညစာအတူတူစားရအောင်”
ဇောင်က စိတ်လှုပ်ရှားစွာနဲ့ “ကျေးဇူးတင်ပါတယ်ဝမ်းကွဲ”
စကားပြောနေစဉ်တွင် သူသည်ဦးညွှတ်လိုက်ဘေသည်။
ဒီမြင်ကွင်းကို မြင်လိုက်ရတော့ အနောက်တိုင်းဝတ်စုံဝတ်ထားတဲ့သားအမျိုးသား၊ အမျိုးသမီး တွေဟာ အံ့သြထိတ်လန့်သွားကြသည်။
သိရန်…
ဇောင်သည် ရှောင်ဝူလက်ကားမြို့၏ဥက္ကဌဖြစ်သည်။
ဟန်စီဒီကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိတာတောင်ရှောင်ဝူလက်ကားစီးတီးသည် စျေးကွက်တန်ဖိုး 10 ဘီလီယံကျော်ရှိသော ကုမ္ပဏီကြီးတစ်ခုဖြစ်သည်။
ဟမ်စီဒီ ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ပြီးနောက် ၎င်း၏ စျေးကွက်တန်ဖိုးနှင့် ဂုဏ်သတင်းသည် ဆက်လက်တိုးမြင့်လာခဲ့သည်။
အဆုံးမှာတော့ ဇောင် ဟာ အသက် 20 သာသာရှိတဲ့ လူငယ်လေးတစ်ယောက်ကို အရမ်းလေးစားနေသည်။
ဒီလူငယ်လေးရဲ့ လက္ခဏာက ဘာလဲ။
လင်းကျောက်ဟောင်က သူ့နောက်ကျောကို ခေါင်းကို ပွတ်သပ်ပြီး “ဒါ... မဟုတ်တာမစ္စတာဇောင်ငါ့နာမည် ကလင်းကျောက်ဟောင်ပါမင်းငါ့ကို နာမည်အတိုင်းခေါ်လို့ရတယ် “
ဇောင်သည် အသက်လေးဆယ်ငါးဆယ်ခန့်ရှိပြီဖြစ်သည်။
နောက်ဆုံးတွင်ဒီလိုအဘိုးကြီးသူ့ကိုဝမ်းကွဲလို့ ခေါ်တာကလန့်စရာပင်ဖြစ်သည်။
ဇောင်သည်လဲသူခေါ်လိုက်တာကလင်းကျောက်ဟိုင်ကိုအနေရခက်စေမည်ဟုခံစားခဲ့ရသောကြောင့် သူသည် ထပ်၍ မတောင်းဆိုတော့ဘဲ “ကောင်းပြီ” ဟု ဆိုလေသည်။
လင်းဖန်နဲ့ လက်းကျောက်ဟောင်တို့ဟာ ဇိမ်ခံအခန်းနံပါတ် 8 ကို ရောက်လာလေသည်။
ဇောင်က ထိပ်ဆုံးနေရာကိုလင်းဖန်အတွက်စီစဉ်ပေးပြီးဘယ်ဘက်တွင်လင်းကျောက်ဟောင်ကထိုင်စေပြီးမှသူသည်လင်းဖန်၏ညာဘက်တွက်ဝင်ထိုင်လိုက်သည်။
ဇောင် “ဒီမနက်ကပဲပင်လယ်ဥ၊ တူနာ၊ ပုစွန်၊ ဂဏန်းနဲ့ တခြားပင်လယ်စာတွေကို ဒီမနက်မှာပဲ ကျန်ပေ့ဟိုတယ်ကိုရောက်တယ်။ နောက်ပြီး မနေ့က တောဝက်လည်းရောက်ထားတယ် “
“စကားမစပ်၊ ဒီက စားဖိုမှူး လင်းဝမ်တန် က ပြည်နယ်ပွဲတွေမှာတောင်စားဖိုမှူးလုပ်ခဲ့ဖူးတယ်။ဒီနေ့ အစားအသောက်ကို သူကိုယ်တိုင် ချက်ပေးထားတယ်။ အရသာကတော့ပြောမနေနဲ့တော့”
“မစ္စတာလင်း၊ ဒီနေ့ မင်းလာတာအချိန်ကိုက်ပဲ”
......
ကျန်ပေ့ဟိုတယ်၏ စွမ်းဆောင်ရည်သည် အလွန်လျင်မြန်သည်ဟု ဆိုရမည်ဖြစ်သည်။
ခဏအကြာတွင် အရောင်၊ ရနံ့နှင့် အရသာနှင့်ပြည့်စုံသောဟင်းပွဲများဆက်တိုက် ထွက်ပေါ်လာသည်။
လင်းဖန်က တူနာငါးကို ကောက်ကိုင်လိုက်ပြီး ပါးစပ်ထဲထည့်ကာ”ဝမ်းကွဲ မင်းလဲစားကြည့်ဒါရဲ့အရသာက မဆိုးဘူး” ဟု ပြောလိုက်သည်။
လင်းကျောက်ဟောင်ကလည်း တူနာငါးကိုယူပြီးပါးစပ်ထဲထည့်ပြီးနောက်”အရသာရှိလိုက်တာ!”ဟုပြောလိုက်သည်။
ဒါကိုကြားတော့ ဇောင်က သက်ပြင်းတစ်ချက်ချလိုက်သည်။
နောက်ဆုံးတွင် သူက ဒီဟင်းပွဲတွေကို အကြံပြုထားတာပင်ဖြစ်သည်။
အရသာမကောင်းရင် အဆင်မပြေဖြစ်မှာသေချာလေသည်။