လက်နက်သခင်များအသင်းနှင့် မိတ်ဖွဲ့ခြင်း
Vol. 88 Ch. 1222
ရှီမာယူယူသည် သူမ မျက်နှာမှအပြုံးကိုကြည့်လိုက်သည်။ သူမ အနည်းငယ် မှင်တက်သွားမိသည်။ “မင်းက နည်းလမ်းတောင်မသိသေးဘူး ပျော်နေပြီလား ခက်ခဲနေရင် ဘယ်လိုလုပ်မလဲ”
“ဘယ်လောက်ခက်ခဲနိုင်မှာမို့လို့လဲ” ရှောင်ဟုန် ပြုံးလိုက်သည်။ “မျှော်လင့်ချက်ရှိသေးတာ ကောင်းတာပဲ”
သူမ မည်ကဲ့သို့ကြုံတွေ့ခဲ့ရသည်ကို ရှီမာယူယူ မသိသော်လည်း အရမ်း လိုချစ်စိတ်ဖြစ်မှုသည် ကောင်းသည့်အရာမဟုတ်ပေ။
“လုပ်ငန်းစဉ်က နည်းနည်းနာမယ်ဆိုပေမဲ့ ကောင်းတာကတော့ မင်း မျက်နှာက ဝက်ခြံတွေပျောက်သွားပြီး ခန္ဓာကိုယ်ကလည်း ပုံမှန်ပုံစံပြန် ဖြစ်သွားလိမ့်မယ်” ရှီမာယူယူ ပြောလိုက်သည်။
ရှောင်ဟုန်၏ အပြုံးမှာ အေးခဲသွားသည်။ “ဘာပြောလိုက်တယ်”
“မင်းခန္ဓာကိုယ်က အရိုးကမကြီးဘူး ဒါပေမဲ့ သူမများထက် သန်မာ နေတယ် အဲဒါက မင်းလေ့ကျင့်တဲ့ နည်းလမ်းရဲ့ရလဒ်ကြောင့်ဖြစ်မယ်” ရှီမာယူယူ ရှင်းပြလေသည် “မင်းကို ကုပေးလိုက်မယ်ဆိုရင် သူ့ရဲ့မူလပုံစံ ပြန်ဖြစ်သွားလိမ့်မယ် ဒါပေမဲ့ အားကတော့ လျော့သွားမှာမဟုတ်ဘူး ဝက်ခြံ တွေလည်း အလိုလိုပျောက်သွားလိမ့်မယ်”
ရှောင်ဟုန်၏ ခန္ဓာကိုယ်သည် ကြံ့ခိုင်သော်လည်း သူမ မျက်နှာသည် ဝက်ခြံများကြောင့် အနည်းငယ် ကြောက်စရာကောင်းနေသည်။ သို့သော် ထိုဝက်ခြံများပျောက်သွားသည်နှင့် သူမသည် အလှလေးဖြစ်လာနိုင်သည်။
“ဘယ်လိုလုပ်သိတာလဲ” ရှောင်ဟုန်သည် သူမကို ငေးငိုင်စွာ စိုက်ကြည့်လေသည်။
“ကျွန်မက သမားတော်ပဲ အဲတော့ မင်းခန္ဓာကိုယ်ကနေ အချက်အလက် ရတာပေါ့” ရှီမာယူယူ ပြန်ဖြေလေသည် “ဒါမေပဲ့ အခုတော့ နည်းနည်း ပြဿနာရှိသေးတယ်…”
“ဘာလဲ”
“ကျွန်မတို့က ထွက်သွားတော့မှာ မင်းကိုကုဖို့က အချိန်အကြာကြီးလို လိမ့်မယ် အခုလုပ်လိုက်ရင်လည်း တစ်ဝက်တစ်ပျက်ရပ်ရလိမ့်မယ် အဲလိုဆို ရင်လည်း လုပ်တာတွေက အလဟသဖြစ်လိမ့်မယ်” ရှီမာယူယူသည် အနည်းငယ် ရှက်ရွံ့စွာပြောလိုက်သည်။
ယခုတစ်ခေါက် ထာဝရရှင်သန်သူနယ်မြေသို့လာရသည်မှာ တန်ဖိုးရှိ သည်။ သူမကြောင့်နှင့် အသည်းကွဲတောင်ကြားမှလူများ ခရီးဖင့်သည်ကို အဖြစ်မခံနိုင်ပေ။ ရှီမာယူယူသည်လည်း သူတို့ကို ပစ်မထားနိုင်တော့ပေ။ ထို့ကြောင့် နည်းလမ်းရှိလျှင်တောင် အခုလုပ်၍မဖြစ်နိုင်သေးပေ။
ရှောင်ဟုန် အခက်တွေ့သွားမည်ဟု ရှီမာယူယူ ထင်ထားသော်လည်း သူမ ပြောလိုက်သည်မှာ “ရပါတယ် ကျွန်မတို့ မင်းတို့နဲ့သွားလို့ရတယ် သွား ရင်းနဲ့ကုလို့ရမလား”
ရှောင်ဟုန်သည် သူမကို ကြည့်လိုက်သည်။ သူမသည် အငြင်းခံရမည် ကို ကြောက်နေသည်။ ထိုသို့ဖြစ်လျှင် သူမ ကုသရတော့မည်မဟုတ်ပေ။
ရှီမာယူယူသည် သူမ ယုံကြည်ချက်ကိုမြင်သောအခါ မေးလိုက်သည်။ “လက်နက်သခင်များအသင်းက သဘောတူလား မင်းတို့ ဒုဥက္ကဌက နည်းနည်း အေးစက်တယ် အဆင်ပြေပါ့မလား”
“ကျွန်မအဖေက နည်းနည်းအေးစက်ပြီး စကားမများတတ်ဘူး ဒါပေမဲ့ ကျွန်မလိုအပ်ချက်အတွက်ဆို သူ သဘောတူမှာပါ” ရှောင်ဟုန် ပြောလိုက် သည် “မင်းက ကျွန်မကိုကုသမယ်ဆိုတာ သူသိရင် အဆင်ပြေမှာပါ”
ရှီမာယူယူ နှုတ်ခမ်းများကို တွန့်လိုက်သည်။ “ဒုဥက္ကဌက မင်းအဖေလား”
သူမ ပြောနေတာက…
“ဟုတ်တယ်” ရှောင်ဟုန် ပြုံးလိုက်သည်။ “ကျွန်မက အဖေ့ရဲ့ အငယ် ဆုံးသမီးပါ သူများတွေနဲ့ ဆက်ဆံတာမတူအောင်လို့ မျိုးရိုးနာမည်ကို အမေ့ ဟာယူထားတာ”
“အဲလိုလား” ရှီမာယူယူ သူမအပေါ်မြင်သည့်အမြင် ထပ်မံမြင့်တက် သွားလေသည်။ ကြွားလုံးထုတ်ရန်အတွက် မိဘ၏ မျိုးရိုးနာမည်ကို မယူဘဲ တခြားသူများ သရုပ်မှန်ကိုမသိစေရန်အတွက် မျိုးရိုးနာမည်ကို လဲလှယ်ခဲ့ကြ သည်။ ဒါက တကယ်ရှားတာပဲ။
ဒါကပဲ သူမ အကျင့်စရိုက်က မဆိုးဘူးဆိုတာကို ပြနေတာ။
“အင်း လက်နက်သခင်များအသင်းက မင်းနောက်လိုက်လည်း အဆင် ပြေမလား” ရှောင်ဟုန်သည် အငြင်းခံရမည်ကို စိုးရိမ်ရင်းနှင့် ချင့်ချိန်စွာမေး လေသည်။
“ဖြစ်နိုင်ပါတယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည် “ကျွန်မတို့က မင်းတို့ ခရီးဖင့်မှာပဲစိုးတာပါ”
“လုံးဝမဖင့်ဘူး ကျွန်မအဖေနဲ့ တခြားသူတွေက မင်းနဲ့ မိတ်ဖွဲ့တာ ကောင်းတယ်လို့ ပြောကြတယ်” ရှောင်ဟုန် ပြောလိုက်သည်။ “ဒါဆိုရင် ဖြေရှင်းပြီးပြီနော် ကျွန်မတို့အသင်းဝင်တွေက မင်းနဲ့လိုက်ပြီး ကျွန်မကို လမ်း တစ်လျှောက် ကုသပေးရမယ်”
“ကောင်းပြီလေ” ရှီမာယူယူ ပြန်ဖြေလိုက်သည်။
မည်သို့ပင်ဖြစ်စေကာမူ ဂိုဏ်းနှင့် ကုန်တောင်ကြားမှလူများသည် သူတို့ နှင့်အတူလိုက်ပါကြမည်။ လက်နက်သခင်များအသင်းထပ်ထည့်လိုက်သည် က ပြဿနာမဟုတ်ပေ။
ထို့အပြင် သူမသည် အရင်က လက်နက်သခင်များအသင်းနှင့် အဆက် အဆံနည်းခဲ့သည်။ အခု သူတို့နှင့် ဆက်သွယ်ရမည့် အခွင့်အရေးရလာသည်။ အနာဂတ်တွင် သူမ လက်နက်ပညာသင်ယူမည်ဆိုပါက သူတို့နှင့် ဆက်ဆံ ရေး ကောင်းထားသည်က ကောင်းသည်။
“ဒါဆို အဲလိုပဲနော် ကျွန်မပြန်ပြီး အဖေ့ကိုပြောလိုက်မယ်…” ရှောင်ဟုန် သည် ထွက်သွားမည်အပြုတွင် တစ်စုံတရာကို သတိရသွားသည်။ သူမ ပြန် ထိုင်ပြီး ရှီမာယူယူကို ကြည့်လိုက်သည် “ပြောမှပဲ ဘယ်လိုကုသမယ်ဆိုတာ မသိသေးဘူး မဟုတ်ရင် ဘယ်လောက်ကြာမှာလဲ”
ရှီမာယူယူ ရယ်မောလိုက်သည် “မမေးတော့ဘူးလို့ထင်နေတာ”
“ခုနက အရမ်းပျော်သွားလို့ပါ” ရှောင်ဟုန် ပြောလိုက်သည် “ကုသမှုက ဘယ်လိုလဲ”
“ကုသမဲ့နည်းလမ်းကို ရှင်းပြဖို့ကခက်တယ် ဒါပေမဲ့ အချိန်ရောက်ရင် ပြောမှာပါ တိုရင် လနည်းနည်းပဲ ကြာရင်တော့ ၁နှစ် ၂နှစ်ပေါ့ ကုသနေတုန်း ကို ဖြစ်စဉ်ကတော့ နာလိမ့်မယ် ဒါပေမဲ့စလိုကတာနဲ့ ပြန်လှည့်လို့မရတော့ဘူး မဟုတ်ရင် မင်းခန္ဓာကိုယ်ပျက်စီးသွားပြီး နောက်ကို လက်နက်လုပ်နိုင်ပါ့ မလားဆိုတာ မသေချာတော့ဘူး အဲတော့ သေချာစဉ်းစားပါ” ရှီမာယူယူသည် လေးနက်စွာပြောလေသည်။
ရှောင်ဟုန်သည် ထိုမျှလောက် ခက်ခဲမည်ဟု ထင်မထားပေ။ သူမသည် စက္ကန့်အနည်းငယ်သာ တွေဝေပြီးနောက် မေးလေသည်။ “ကျွန်မ တောင့်ခံ နိုင်ရင် ပြဿနာမရှိဘူးမလား”
“မင်းတောင့်ခံနိုင်ရင် ကုသလို့ရပါတယ်” ရှီမာယူယူသည် ယုံကြည်ချက် အပြည့်ဖြင့်ပြောလေသည်။
“ကောင်းပြီလေ ဘယ်လောက်ခက်ခက် ကျွန်မတောင့်ခံမယ်” ရှောင်ဟုန် ပြောလိုက်သည်။ “ကျွန်မပြန်ပြီး အဖေ့ကိုပြောလိုက်ဦးမယ်”
“သူတို့အကုန် သဘောတူရင် လူလွှတ်ပြီးသတင်းပေးလိုက်ပါ ကျွန်မတို့ ထွက်မဲ့အချိန်ကို မင်းကိုပြောလိုက်သည်” ရှီမာယူယူ ပြောလိုက်သည်။
“ဒါဆိုလည်း ကောင်းပြီလေ အရင်သွားနှင့်လိုက်မယ်”
“ကျွန်မ လိုက်ပို့မယ်…”
…
ရှောင်ဟုန်ကို ပို့ပြီးနောက်တွင် ရှီမာယူယူသည် တဲအရှေ့တွင် သူမကို စောင့်နေသော ဝူလင်းယူကို သွားတွေ့လေသည်။
“ကိုယ်တို့ ဘယ်တော့သွားကြမလဲ” သူလျှောက်လာပြီး သူမ လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။
နောက်ပိုင်း သူတို့ အုပ်စုလိုက်သွားမည်ဆိုပါက နှစ်ယောက်တည်းရှိ မည့်အချိန်နည်းသွားမည်။ ထိုအကြောင်းအား စဉ်းစားမိသော် သူ အနည်းငယ် သက်တောင့်သက်သာမဖြစ်ပေ။
“အနည်းဆုံးတော့ လက်နက်သခင်များအသင်းက သတင်းကိုစောင့်ရ ဦးမယ်” ရှီမာယူယူသည်သူ့ကိုတဲအတွင်း ဆွဲခေါ်သွားလိုက်သည်။
ဝူလင်းယူသည် ခုံတစ်ခုံတွင်ထိုင်ပြီး သူမကို သူ့ပေါင်ပေါ်သို့ ဆွဲလိုက် သည်။ သူသည် သူမခါးကို လက်များဖြင့် သိုင်းဖက်လိုက်သည်။
“လက်နက်သခင်များအသင်းက လက်နက်ပညာသင်ဖို့အတွက် အမြတ် မရှိပေမဲ့ အသည်းကွဲတောင်ကြားတိုးတက်ဖို့အတွက်တော့ အကျိုးရှိတယ်”
“ညီမလည်း အဲလိုထင်တယ်” ရှီမာယူယူ သဘောတူလိုက်သည် “အသည်းကွဲတောင်ကြားရဲ့ အားက အပြင်ပန်းတော့ ကောင်းနေတယ် ဒါပေမဲ့ လက်နက်သခင်များအသင်းလို့ အင်အားကြီးတစ်ခုနဲ့ဆိုရင် ရန်သူဖြစ် တာထက်စာရင် မိတ်ဆွေဖြစ်တာ ကောင်းလိမ့်မယ်”
“မင်း ကံကြမ္မာကလည်း ဒီကိုရောက်ပြီးတော့ အတူတူပဲဖြစ်မှာပဲ နောက်ကို ဘာမှရမှာတော့မဟုတ်ဘူး” ဝူလင်းယူ ပြောလိုက်သည် “သူတို့ နောက်ကို တစ်ချိန်လုံးလိုက်မယ်ဆိုရင် တံခါးပိတ်ကျင့်ကြံဖို့ နေရာရှာ လိုက်တာက ပို ကောင်းမယ်”
“အစ်ကိုက ဒါလည်းသိလိုက်တာပဲလား ဘယ်တော့ ဂမ္ဘီရပညာရှင် ဖြစ်မှာလဲ” ရှီမာယူယူ စနောက်လိုက်သည်။
“ကိုယ်က ရင်လင်းလောက် မမြင်တတ်ပေမဲ့ အနာဂတ်ကိုတော့ အာရုံခံ နိုင်တယ် ဘာပဲဖြစ်ဖြစ် ကိုယ်က တစ်ခါက နတ်ဆိုးဘုရင်ဖြစ်ခဲ့တာပဲ ဒါကို တောင်မမြင်နိုင်ရင် ဘေးထွက်နေသင့်တယ်” ဝူလင်းယူ ပြောလိုက်သည်။
“ဘဝင်မြင့်လိုက်တာ” ရှီမာယူယူသည် သူ့ခေါင်းကိုပုတ်လိုက် သော်လည်း သူမရှောင်ပေ။
သူမ ထိုစကားများကို ကြားသည်မှာ ပထမဆုံးမဟုတ်ပေ။ ချင်ယိသည် လည်း အရင်က တူညီသော စကားများကိုပြောဖူးသည်။ လူတစ်ယောက်၏ ကံကြမ္မာသည် အကန့်အသက်ရှိသည်။ ထာဝရရှင်သန်သူနယ်မြေတွင် သူမ ကံတရားသည် ကုန်ဆုံးလုနီးပါးပင်….
***