← Chapters

ပြပေးနိုင်မလား

Vol. 35 Ch. 511

ပြပေးနိုင်မလား

Vol. 35 Ch. 511

လင်းကျောက်ဟောင်၏ ချီးမွမ်းသံကို ကြားလိုက်ရသောအခါဇောင် ၏ မျက်နှာတစ်ခုလုံးသည်ချက်ချင်း အပြုံးများနှင့်ပြည့်နှက်နေလေသည်။

“ဒီနေ့ မစ္စတာလင်းတို့နှစ်ယောက်နဲ့အတူညစာစားရတာ ဂုဏ်ယူစရာပါပဲ။ ကျွန်တော် မစ္စတာလင်းတို့နှစ်ယောက်အတွက် ကမ်းပေ့...”

စကားပြောပြီးသောအခါ ဇောင် သည် သူ့ဝိုင်ခွက်ကို ကောက်ယူကာ မတ်တပ်ထရပ်လိုက်သည်။

ရှိနေသူအားလုံးကလဲဝိုင်ခွက်ကို မြှောက်ကာ မတ်တပ်ရပ်လိုက်ကြသည်။

ထို့နောက် လူတိုင်းသည် ၎င်းတို့ခွက်ထဲရှိဝိုင်ကို တစ်ကျိုက်တည်း သောက်လိုက်ကြလေသည်။

ထိုအချိန်တွင် အပြင်ဘက်မှတံခါးခေါက်သံများ ထွက်ပေါ်လာသည်။

ထို့နောက် အဖြူရောင်ရှပ်အင်္ကျီဝတ်ထားသည့် အမျိုးသားတစ်ဦး ဝင်လာသည်။

သူကတော့ ကျန်ပေ့ ရဲ့ အထွေထွေမန်နေဂျာ ရှစ်ဖန်ပင် ဖြစ်သည်။

ရှစ်ဖန်က “မစ္စတာလင်း ညစာစားဖို့ လာတာကိုလက်အောက်ငယိသားတွေဆီက​နေကြားတယ်။ဒါကြောင့်တစ်ကယ်ဟုတ်မဟုတ်လာကြည့်တာ၊မင်းကိုအနှောင့်အယှက်မပေးမိဘူးလို့ ငါမျှော်လင့်တယ်”

ဒီစကားထွက်လာတာနဲ့ တပြိုင်နက် လူအများရဲ့နှလုံးတွေတဆတ်ဆတ်ခုန်လာပြန်သည်။

သူတို့သည်ရှစ်ဖန်ကကျန်ပေ့ဟိုတယ် ရဲ့ အထွေထွေမန်နေဂျာဆိုတာ သိလေသည်။

ဒီအချက်ကြောင့် သူတို့ပို၍ အံ့သြနေသည်ကြသည်။

သာမာန်ဟိုတယ်ဆိုရင် သူတို့အံ့သြမှာမဟုတ်ပေ။

သို့သော် ကျန်ပေ့ဟိုတယ် တွင် အလွန်ခိုင်မာသော နောက်ခံရှိလေသည်။

ကျန်ပေ့ဟိုတယ် ၏ အထွေထွေမန်နေဂျာပင် လင်းဖန်လာသည်ကို ကြားသောအခါတွင် အလျင်အမြန် လှမ်းလာခဲ့သည်။

ဒီလူငယ်လေး လင်းဖန်က ဘယ်သူလဲ။

လူတိုင်းရဲ့ စိတ်ထဲမှာ ထိတ်လန့်စရာနဲ့ နှိုင်းယှဉ်ရင် လင်းဖန်ကတော့ပုံမှန်ပင်ဖြစ်သည်။

“စိတ်အနှောက်အယှက်ဖြစ်စရာအကြောင်းမရှိဘူး၊ ငါတို့ဆက်စားလိုက်အုံးမယ်’’

ရှစ်ဖန်က အသက်ရှုကြပ်ပြီး “ဟုတ်ကဲ့၊ဟုတ်ကဲ့...”

“မစ္စတာလင်း၊ ညစာစားဖို့ ငါတို့ ကျန်ပေ့ ဟိုတယ်ကို လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်”

စကားပြောပြီးနောက် ဝိုင်ဖန်ခွက်ကို ကောက်ယူပြီး သောက်လိုက်သည်။

ထို့နောက် ရှစ်ဖန်က နောက်ဝိုင်တစ်ခွက်ကို ယူလိုက်ပြီး “ကျန်ပေ့ကို လာပေးကြတဲ့ ဧည့်သည်တွေအားလုံးကို ကျေးဇူးတင်ပါတယ်၊ အားလုံးပဲ အရသာရှိရှိစားသုံးကြမယ်လို့ မျှော်လင့်ပါတယ်”

ထို့နေညက်ဖန်ခွက်ထဲရှိ ဝိုင်ကို ပါးစပ်ထဲလောင်းထည့်လိုက်လေသည်။

ရှောင်ဝူ လက်ကားမြို့ ဥက္ကဌ ဇောင် အပါအဝင် တက်ရောက်သူအားလုံးကဝိုင်ခွက် ကို အလျင်စလို မြှောက်ကာ “ကျေးဇူးတင်ပါတယ် မန်နေဂျာရှစ်ဖန်” လို့ ပြောကာသူတို့လက်ထဲရှိဝိုင်ကိုတစ်ကျိုက်တည်း သောက်လိုက်ကြသည်။

ရှစ်ဖန်က “ဒါဆို ငါ မင်းတို့ကို မနှောင့်ယှက်တော့ဘူး”ထို့နောက်သူသည်အပြင်သို့ထွက်သွားလေသည်။

ရံဖန်ရံခါ အခန်းတွင်းရှိလူတိုင်းသည် လင်ဖန်းနှင့် လင်းကျောက်ဟောင်တို့နှင့်ရင်းနှီးစေရန် အခွင့်အလမ်းများကို ရှာဖွေကြသည်။

ဒါက သူတို့အတွက် သေချာပေါက်အခွင့်အရေးဆိုတာကိုလူတိုင်းနားလည်သည်။

ကမ်းပေ့လုပ်သည်နှင့်ပတ်သက်၍ လင်းဖန်သည်မည်သူက ကမ်းပေ့လာလုပ်လုပ်မည်သည့်အခါမျှ ငြင်းဆန်ခဲ့ခြင်းမရှိပေ။

အဘယ်ကြောင့်ဆိုသော်လင်းဖန်တွင််လောက်သောက်သောက်မမူးတဲ့စွမ်းရည်ရှိသောကြောင့်ဖြစ်သည်။

လင်းဖန်သည် ပန်လုံဗီလာသို့ ပြန်ရောက်သောအခါတွင် လုံးဝမှောင်နေခဲ့သည်။

ရေချိုးပြီးနောက် သူသည် ကုတင်ကြီးပေါ်တွင် လှဲလျောင်းပြီး သက်တောင့်သက်သာ အိပ်ပျော်သွားလေသည်။

...

မကြာမီနောက်တစ်နေ့သို့ရောက်သွားလေသည်။

ငှက်ကလေးနှစ်ကောင်သည် သစ်ကိုင်းပေါ်၌ စကားပြောနေကြသည်။

“ဒီနေ့ နင်ပိုးကောင်တွေ ဘယ်နှစ်ကောင်ဖမ်းမိလား”

“တစ်။”

“ဟေ့ ငါ့မှာတော့နှစ်ကောင်ဖမ်းမိတယ်!”

“ဒါဆို ငါလဲနောက်ရက်ကျရင်နှစ်ကောင်ရအောင်ဖမ်းမယ်!”

...

လင်းဖန်သည် ပြတင်းပေါက်အပြင်ဘက်မှာ ငှက်တွေပြောတာကိုကြားသောအခါနိုးလာလေသည်။

ထို့နောက်သူသည် ထုံးစံအတိုင်းသူ့ဖုန်းကိုဖွင့်လိုက်လေသည်။ထိုအခါသူဖုန်းစခရင်တွင်မက်ဆေ့တစ်ခုရှိနေလေသည်။

“၀ နာရီ၊ တရုတ်ဘဏ်မှ၃၆၇၉၀၂၀၁ ယွမ်ရရှိသည်။”

ထို့နောက် သူသည် အကောင့်ဝင်သည့်စနစ်ကို အာရုံစိုက်လိုက်သည်။

“အကောင့်ဝင်မယ်!”

【ဒင်း! ဂုဏ်ယူပါတယ် ၊ မင်း ယွမ် 10 သန်း ရရှိသည်။ 】

လင်းဖန်သည် သမ်းဝေကာ ကုတင်ပေါ်တွင် ခဏလှဲပြီးနောက် ဖြည်းညှင်းစွာထလိုက်သည်။

M9 အမဲသားလိပ်ကြော်၊ဂဏန်းအစာသွပ်ပေါင်မုန့်ကိုစားပြီးနောက်နွားနို့တစ်ခွက်သောက်ကာCurrinan(ကား)ဖြင့်ကျန်ပေ့တက္ကသိုလ်ဆီသို့ မောင်းနှင်ခဲ့သည်။

...

လင်းဖန်အတွက်တော့ ဒီနေ့ဟာ သာမန်နေ့တစ်နေ့ပင်ဖြစ်သည်။

သို့သော်လင်းကျောက်ဟောင် အတွက်တော့ လွန်စွာ ထူးခြား နေလေသည်။

“ကလင် ကလင် ကလင်!”

လင်းကျောက်ဟောင်သည်အိပ်ပျော်နေတုန်း သူ့ဖုန်းမြည်သံကြောင့် နိုးလာခဲ့သည်။

ဖုန်းခေါ်ဆိုမှုကို ကြည့်လိုက်ရာ သူ့ရည်းစား ကျင်းရီထံမှ ဖုန်းခေါ်တယ်ဆိုတာကိုသိလိုက်လေသည်။

“ကျင်းရီ မင်္ဂလာနံနက်ခင်းပါ” လင်းကျောက်ဟောင် က ပြောသည်။

ကျင်းရီ က စိုးရိမ်တကြီးလေသံနဲ့”လင်းကျောက်ဟောင်၊ ငါ့အမေအခုကျန်ပေ့ကိုရောက်နေပြီး။ပြီးတော့သူမကနင့်ကုမ္ပဏီကိုသွားနေပြီ။ နင့်ကိုငါကကုမ္ပဏီရဲ့ အမှုဆောင်တစ်ယောက်၊ ဒါရိုက်တာတစ်ယောက်လို့ ပြောထားတာ။အခု ငါတို့ဘာလုပ်သင့်တယ် ထင်လဲ”

လင်းကျောက်ဟောင်သည်ဒါကို ကြားသောအခါမူလက သူအိပ်ငိုက်နေသောမျက်လုံးများသည်ချက်ချင်းပြူးကျယ်လာပြီး ကုတင်ပေါ်မှ ထထိုင်လိုက်သည်။

“မင်း...မင်းအမေက ငါတို့ကုမ္ပဏီကို သွားနေတာလား၊ပြီးတော့မင်းကငါ့ကိုကုမ္ပဏီရဲ့ဒါရိုက်တာလို့ ပြောထားသေးတာလား။” လင်းကျောက်ဟောင်က အံ့သြစွာ မေးလိုက်သည်။

“ဟုတ်တယ်၊ငါ့အမေကိုအဲ့လိုမပြောရင် သူကမင်းနဲ့လုံးဝသဘောတူမှာမဟုတ်ဘူး... မြန်မြန်စဉ်းစားကြည့်၊ငါတို့အခု ဘာလုပ်သင့်လဲ!” ကျင်းရီက “ဒါမှမဟုတ်ရင် မင်းလုပ်ဖော်ကိုင်ဖက်တွေကိုသရုပ်ဆောင်ဖို့ အကူညီတောင်းသင့်တယ်”

လင်းကျောက်ဟောင် က ခဏလောက်စဉ်းစားပြီး “လောလောဆယ်တော့ ဒါက တစ်ခုတည်းသောနည်းလမ်းပဲ”

ဖုန်းချပြီးနောက် လင်းကျောက်ဟောင် သည် အမြန်ရေချိုးကာ သူ့တွင်ရှိသောအကောင်းဆုံးဝတ်စုံကို ၀တ်ဆင်လိုက်သည်။

ထို့နောက် တက္ကစီစီးပြီး ကုမ္ပဏီကို အမြန်မောင်းခိုင်းလိုက်လေသည်။

.....

ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိတွေဟာ မနက်ပိုင်းမှာ ကုမ္ပဏီကို လာခဲသည်။

ဒီနေ့လည်း အလားတူပင်ဖြစ်သည်။

လင်းကျောက်ဟောင်သည်သူ့လုပ်ဖော်ကိုင်ဖက်များကို ညစာကျွေးမည်ဟု ကတိပေးပြီးနောက် သရုပ်ဆောင်ရာတွင် ကူညီပေးရန်ဆွဲဆောင်နိုင်ခဲ့သည်။

“ဒင်းဒေါင်!”

ဓါတ်လှေကားက အသံမြည်လာပြီးနောက်၊အနည်းငယ်ခေါမောတဲ့အမျိုးသမီးငယ်တစ်ဦးသည် ပုလဲလည်ဆွဲဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးနဲ့ ကုတ်အင်္ကျီဝတ်ထားသောအမျိုးသားတစ်ဦးတို့နဲ့အတူဝင်လာခဲ့သည်။

သူတို့ကတော့ ကျင်းရီ၊ ကျင်းလန်နဲ့ လျူဝေတို့ပင်ဖြစ်သည်။

လင်းကျောက်ဟောင်သည် ကျင်းရီကို အဝေးမှမြင်ပြီးနောက်တွင် သူက “ကျင်းရီ၊ မင်းရောက်ပီလား”

ကျင်းရီသည် စိုးရိမ်တကြီး ခေါင်းညိတ်လိုက်သော်လည်းလင်းကျောင်ဟောင်၏အပြုအမူကိုကြည့်သောအခါ အနည်းငယ် သက်သာရာရသွားလေသည်။

ထို့နောက်သူမက ကျင်းလန်ကို လက်ညှိုးထိုးပြပြီး “ဒါ ငါ့အမေပဲ”

ထို့နောက် သူက လျူဝေကို လက်ညှိုးထိုးပြပြီး “ဒါက ငါ့အမေသူငယ်ချင်းရဲ့သား လျူဝေ” လို့ပြောလိုက်သည်။

လင်းကျောက်ဟောင်က “အန်တီ၊ မင်္ဂလာပါ။”

ကျင်းလန်သည် စကားမပြောဘဲ ခေါင်းညိတ်လိုက်သည်။

လင်းကျောက်ဟောင်သည်ကျင်းလန်၏အမူအရာကြောင့်အနည်းငယ် အရှက်ရသောလည်းသူသည်လျူဝေ ဘက်လက်ကို ဆန့်တန်းလိုက်ပြီး “လျူဝေ မင်္ဂလာပါ၊ ငါကျင်းရီရဲ့ ချစ်သူပါ။”

လျူဝေကလဲလင်းကျောက်ဟောင်နှင့် လက်ဆွဲနှုတ်ဆက်ပြီး “မင်္ဂလာပါ”ဟုပြောလိုက်လေသည်။

ဒီအချိန်မှာ ကျင်းလန် က “နင်က ဟူဂျေ ကုမ္ပဏီရဲ့ ဒါရိုက်တာဖြစ်တယ်ဆိုတာ၊ကျင်းရီဆီက ကြားတယ်။ဒါကြောင့်ငါတို့လာကြည့်တာ၊ပြဿနာရှိလား”

လင်းကျောက်ဟောင်က “ဘာပြဿနာမှမရှိပါဘူး၊ ကျေးဇူးပြုပြီး အထဲကို ဝင်ပါ။”

ကုမ္ပဏီထဲသို့ ဝင်လိုက်သည်နှင့် အနက်ရောင် မျက်မှန်တပ်ထားသည့် အမျိုးသားတစ်ဦးသည် စာရွက်စာတမ်း အစုံအလင်ဖြင့် အမြန်လျှောက်လာခဲ့သည်။

သူက လင်းကျောက်ဟောင်ကို အလျင်စလိုပြောလိုက်သည် “ဒါရိုက်တာလင်း၊မင်းဒီကိုရောက်ပြီလား။ ငါတို့ကုမ္ပဏီနဲ့ ရှောင်ဝူ လက်ကားစီးတီးကြားမှာ ချုပ်ဆိုမယ့် သန်း 20 တန်စာချုပ်မှာ မင်းရဲ့အတည်ပြုချက်ကိုစောင့်နေပါတယ်။”

“မင်းအခုအားလားမသိဘူး”

ထိုအမျိုးသား၏လေသံအမူအရာကြောင့်လင်းကျောက်ဟောင်သည်သူ့ကိုသူဝန်ထမ်းသည်ဖြစ်သည်ကိုမသိပါကသူ့ကိုယ်သူဒါရျုက်တာဖြစ်သည်ဟုယူဆမိမည်ဖြစ်လေသည်။

အနက်ရောင် မျက်မှန်တပ်ထားတဲ့ အမျိုးသားရဲ့ သရုပ်ဆောင်မှုစွမ်းရည်က တကယ်ကို ကောင်းမွန်တယ်လို့ ပြောရမည်ဖြစ်သည်။

သူသည် လည်ချောင်းရှင်းလိုက််ပြီး “အင်း၊ ငါအခုမအားလို့နောက်မှပြန်လာခဲ့” လို့ ပြောလိုက်သည်။

သူ့ဘေးမှာ ရပ်နေတဲ့ လျူဝေကဒါကိုကြားတော့ပါးစပ်ကို လှောင်ပြောင်မှု နဲ့ “ ယွမ် သန်း 20 စာချုပ် ၊ မင်း ငါတို့ကို ပြပေးနိုင်မလား “ လို့ ပြောလိုက်သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters