မမျှော်လင့်ခြင်း
Vol. 35 Ch. 512
လျူဝေ၏ပြောစကားကိုကြားသောအခါလင်းကျောက်ဟောင်၏နဖူးတွင် ချွေးများတဖြည်းဖြည်း စိမ့်ထွက်လာသည်။
အနက်ရောင် မျက်မှန်တပ်ထားသော အမျိုးသားသည် ခဏတာ အံ့အားသင့်သွားသည်။
ပြီးနောက်သူက ပြုံးပြီးပြောလိုက်သည်။”သာမန်အားဖြင့် ပြောရရင် အပြင်လူတွေက စာချုပ်ကို လုံးဝဖတ်ခွင့် မရှိပါဘူး။ ဒါပေမယ့် မင်းတို့အားလုံးက ဒါရိုက်တာလင်းရဲ့ ဆွေမျိုးတွေမို့ ပြသနာမရှိပါဘူး”
စကားပြောနေရင်းနဲ့ သူ့လက်ထဲမှာ စာချုပ်ကို ပေးဖို့လုပ်လိုက်သည်။ထို့နောက်သူက
“ဒါပေမယ့်၊ ဒီစာချုပ်မှာ ကုမ္ပဏီလျှို့ဝှက်ချက် ပါ၀င်နေတယ်။ အကြောင်းအရာသာပေါက်ကြားသွားမယ်ဆိုရင်စာချုပ်ကို ဖတ်တဲ့သူတိုင်းကို စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် တရားစွဲခြင်း ခံရနိုင်ပါတယ်... နောက်ဆုံးတော့ ဒါဟာ သန်း 20 တန်စာချုပ်မို့နားလည်ပေးပါ’’လို့ပြောလိုက်သည်။
မူလကကျင်းလန်သည် စာချုပ်ကို သေချာစစ်ဆေးချင်ခဲ့သည်။
သို့သော် ထိုစကားကိုကြားပြီးနောက် သူမက “ဒါဟာ လျှို့ဝှက်စာချုပ်စာတမ်းမို့လို့ ငါတို့မဖတ်တော့ပါဘူး၊ ဘာပဲဖြစ်ဖြစ် ဖန်ရင်တောင်ငါတို့နားမလည်နိုင်လို့လေ’’လို့ပြောလိုက်သည်။
အနက်ရောင် မျက်မှန်တပ်ထားသည့် အမျိုးသားက ပြုံးပြီး “ကောင်းပြီ” ဟု ပြောလိုက်သည်။
သူ့သရုပ်ဆောင်စွမ်းရည်သည်ပြောင်းလဲသောအခြေအနေတွေကို လိုက်လျောညီထွေဖြစ်အောင် သရုပ်ဆောင်နိုင်စွမ်းရှိတယ်လို့ ပြောရမည်ဖြစ်သည်။
စကားအနည်းငယ်ပြောပြီးနောက် သူ့ရှေ့က အကျပ်အတည်းကို အလွယ်တကူ ဖြေရှင်းနိုင်ခဲ့သည်။
လင်းကျောက်ဟောင်က သူ့ကို တိတ်တဆိတ် လက်မထောင်ပြပြီး “အရင်ဝင်ပြီး ထိုင်ရအောင်” လို့ပြောလိုက်သည်။
လုပ်ဖော်ကိုင်ဖက်တွေ အားလုံးက သူ့ကိုကူညီကြလေသည်။
လင်းကျောက်ဟောင်ကိုတွေ့သောအခါ အားလုံးက “မင်္ဂလာပါ ဒါရိုက်တာ လင်း” ဟု နှုတ်ဆက်လိုက်ကြသည်။
လင်းကျေက်ဟောင်က ပြုံးပြီး ခေါင်းညိတ်လိုက်ကာ “ကျင်းရီ၊အန်တီ၊လျူဝေခဏထိုင်ပါအုံး၊ခဏနေလက်ဖက်ရည်လာခပေးလိမ့်မယ်” လို့ပြောလိုက်သည်။
ထိုအချိန်တွင် စကားမပြောခဲ့သော လျူဝေသည် ရုတ်တရက် တိုးတိုးလေး ချီးကျူးလိုက်သည်။
“မဆိုးပါဘူး မင်းအရမ်းကောင်းတယ်!”
လင်းကျောက်ဟောင် က “ဘာကောင်းတာလဲ?”
“ငါဆိုလိုတာက မင်းနဲ့ မင်းရဲ့လုပ်ဖော်ကိုင်ဖက်တွေက ကောင်းကောင်းပူးပေါင်းဆောင်ရွက်နေတာပဲ။” လျူဝေက ပြောသည်။
ဒညကိုကြားတော့လင်းကျောက်ဟောင်သည်နှလုံးခုန်နှုန်းမြန်လာပြီး “မင်းဘာတွေပြောနေတာလဲ ငါနားမလည်ဘူး”
လျူဝေက “မင်းနားမလည်ဘူးလား။ မင်းက ကုမ္ပဏီရဲ့ သာမန်ဝန်ထမ်းတစ်ယောက်ဆိုတာ ငါ့ဦးလေးဆီက သိထားပြီးသား။”
“စကားမစပ် ငါ့ဦးလေးနာမည်က လျူလောင်”
ထိုစကားများထွက်လာသည်နှင့်တပြိုင်နက် လင်းကျောက်ဟောင်သည်လုံးဝ အေးခဲသွားသည်။
လျူလောင်ကို သူသိလေသည်။ သူကတော့ ကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာပင်ဖြစ်သည်။
လျူဝေသည် လျူလောင်၏တူဖြစ်သည်။
ပြီးသွားပြီ။
လင်းကျောက်ဟောင်၏ ပျက်ယွင်းသောမျက်နှာကို မြင်လိုက်ရတော့ လျူဝေက ရယ်လိုက်ပြီး” ရှောင်ဝူလက်ကားစီးတီးနဲ့သန်း20 တန်စာချုပ်...ဟားဟား...”
ကျင်းလန်က “ကျင်းရီ ဒါ မင်းပြောနေတဲ့ ချစ်သူလား?”
ကျင်းရီသည်လဲဤမျှ လွယ်ကူစွာ ဖော်ထုတ်ရန် မမျှော်လင့်ခဲ့ပေ။
ခဏအကြာတွင်ကျင်းရီ က “မေမေလင်းကျောက်ဟောင် မင်းကို ကျေနပ်စေမှာပါ....”
“ကျေနပ်တာလား? ငါ့ကိုလိမ်ပြောတာက ငါ့ကို ကျေနပ်စေတာလား?!” ကျင်းလန်က “သူဘယ်အလုပ်ဖြစ်ဖြစ်ပိုက်ဆံဘယ်လောက်ရှိတယ်ဆိုတာ ငါစိတ်မ၀င်စားဘူး”
“ဒါပေမယ့် အနည်းဆုံးတော့ သူရိုးသားသင့်တယ်!”
“အခုတော့သူက ကုမ္ပဏီအမှုဆောင်တစ်ယောက်လို့ ငါ့ကို လိမ်ညာခဲ့တယ်။ အနာဂတ်မှာ မင်းကို အရူးတစ်ယောက်လိုဆက်ဆံလိမ့်မယ်။”
ထို့နောက်ကျင်းလန်က “မင်းတို့နှစ်ယောက်ကိစ္စ ကိုငါသဘောမတူဘူး!”
အပေါ်ယံတွင် သူမပြောသောစကားသည် အဓိပ္ပာယ်ရှိပုံရသည်။
သို့သော်…
တကယ်တော့?
ဤသည်မှာ သူမ၏ အကြောင်းပြချက်မျှသာ ဖြစ်သည်။
ကျင်းလန်သည် ဆင်းရဲသူများကို မကြိုက်ပေ။သို့သော်ချမ်းသာသူများကိုတော့သူမကြိုက်လေသည်။သူမသည်မချမ်းသာသော သာမန်အလုပ်သမားနှင့် သူ့သမီးကို လက်မထပ်ပေးချင်ပေ။
ကျင်းရီသည် ချက်ချင်းပင် စိတ်တိုလာပြီး “အမေ၊ ဒီနေ့ ဒီကိစ္စကို မင်း အပြစ်တင််ချင်ရင် ငါ့ကို အပြစ်တင်လို့ရတယ်... လင်းကျောက်ဟောင်ကမင်းကို လိမ်ဖို့ ဘယ်တုန်းကမှမကြိုးစားခဲ့ဘူး”
ကျင်းလန်သည် သူ့သမီးကို လင်းကျောက်ဟောင် နှင့် ခွဲထုတ်ရန် အကြောင်းပြချက်ရှာနေသောကြောင့်သူမ၏ ရှင်းပြချက်ကို သူမ မည်သို့ နားထောင်မည်နည်း။
“နင်လင်းကျောက်ဟောင်ကို ကာကွယ်ဖို့ မကြိုးစားနဲ့။’’
စင်္ကြံအပြင်ဘက်တွင် ရုတ်တရတ် ခြေသံများ တောက်လျှောက် ထွက်လာသည်။
လျူဝေသည် အသံထွက်ရာဆီသို့ ကြည့်လိုက််သည်။
နောက်အခိုက်အတန့်မှာတော့ သူ့မျက်နှာမှာ အပြုံးတွေနဲ့ ပြည့်နှက်သွားလေသည်။
အဘယ်ကြောင့်ဆိုသော် ရှေ့တွင်လျှောက်လှမ်းနေသော လူလတ်ပိုင်းအရွယ်မှာ သူ့ဦးလေး လျူလောင် ဖြစ်သောကြောင့်ဖြစ်သည်။
သူက ဝမ်းသာအားရနဲ့ “ဦးလေး ငါဒီမှာ!”
လျူလောင်သည် ထိုစကားကိုကြားသောအခါ မျက်မှောင်ကြုတ်၍ “လျူဝေမင်းဘာလို့ဒီကိုရောက်နေတာလဲ”
သူပြောပြီးသည်နှင့် သူ့ဘေးတွင် ရပ်နေသော လူအနည်းငယ်ကို တိတ်တဆိတ် စိုက်ကြည့်သောအခါသူတို့တုံ့ပြန်ပုံမပေါ်သည်ကို မြင်သောအခါ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။
လျူဝေ က လျူလောင်ရဲ့ လုပ်ရပ်ကို လုံးဝသတိမထားမိဘဲ “အန်ကယ်၊ လွန်ခဲ့တဲ့ နှစ်ရက်က မင်းရဲ့ကုမ္ပဏီမှာ လင်းကျောက်ဟောင်ဆိုတဲ့ ဝန်ထမ်းတစ်ယောက်အကြောင်း ငါမမေးဖူးတယ်မလား”
“ဒီနေ့၊ သူက တခြားဝန်ထမ်းတွေနဲ့ပူးပေါင်းပြီး သူကိုယ်သူ ကုမ္ပဏီရဲ့ဒါရိုက်တာဖြစ်တယ်လို့ လှည့်စားပြီး ရှောင်ဝူလက်ကားစီးတီးနဲ့သန်း 20 စာချုပ်ချုပ်ဖို့ရှိတယ်ဆိုလားပဲ။ဒီအကြောင်းတွေးရင် အခုထိရီချင်တုန်း ဟားဟား...”
လျူလောင် က မျက်မှောင်ကြုတ်လိုက်သည်။
သူသည် သူ့ဘေးနားရှိ အနောက်တိုင်းဝတ်စုံနှင့် သားရေဖိနပ်ဝတ်ထားသည့် လူလတ်ပိုင်းအရွယ် ချမ်ရှစ်ကို လက်ညှိုးထိုးပြပြီး “လျူဝေ၊ ဒါက ငါတို့ကုမ္ပဏီရဲ့ ဥက္ကဌပဲ...”
ထင်ရှားသည်မှာ၊ သူသည် လျူဝေကို ဆူညံခြင်းမပြုရန် သတိပေးနေတယ်ဆိုတာပင်ဖြစ်သည်။
လျူဝေသည် ထက်မြက်သူဖြစ်သောကြောင့်၎င်းကို လျင်မြန်စွာ သဘောပေါက်ကာ သူရယ်မောနေတာကို အမြန်ရပ်လိုက်လေသည်။
ချမ်ရှစ် နှင့် သူ့ဘေးတွင် ရပ်နေသော ရွှေရောင်မျက်မှန်တပ်ထားသော အမျိုးသားသည် ကျင်းရီ၊ကျင်းလန်၊လျူဝေ နှင့် လင်းကျေက်ဟောင်တို့ကိုတစ်ချက်ကြည့်လိုက်သည်။
ထို့နောက်ရွှေရောင်မျက်မှန်တပ်ထားသည့် အမျိုးသား၏အမူအရာမှာ ရုတ်တရက် လေးနက်လာသည်။
သူ!
သူပဲ။
ယမန်နေ့က ရွှေရောင်မျက်မှန်တပ်ထားသည့် အမျိုးသားသည် ဂိမ်းပြိုင်တစ်ခုကျင်းပရန်ရှောင်ဝူလက်ကားစီးတီးဥက္ကဋ္ဌ ဇောင်နှင့်ညစာအတူစားရန်အလွန်ကြိုးစားခဲ့ရသည်။
ထို့ကြောင့် နောက်ပိုင်းတွင် သူသည် ကျန်ပေ့ ၌ လင်းအမည်ရှိလူငယ်နှစ်ဦးနှင့် တွေ့ဆုံခဲ့သည်။
ထို့နောက်ဇောင်က လင်းအမည်ရှိလူငယ်နှစ်ဦးကို အမြန်နှုတ်ဆက်လိုက်သည်။
ရွှေရောင်မျက်မှန်တပ်ထားသော အမျိုးသားသည် ဝန်ထမ်းကဲ့သို့ နှိမ့်ချသော ဇောင်၏ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။
လင်းအမည်ရှိလူငယ်နှစ်ဦးသည် အလွန်ထူးခြားသည်ဟု သူနားလည်လိုက်သည်။
ထို့ကြောင့်တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးဖို့ အခွင့်အလမ်းတွေ ရှာဖွေခဲ့သည်။
ဒါပေမယ့် မနေ့က ထမင်းစားပွဲတွင် လူအရမ်းများလေသည်။
သူသည်အခွင့်အရေးကို ရှာမတွေ့ခဲ့ပေ။
သူသည်ဒီနေ့ သူတို့ထဲက တစ်ယောက်ကိုတွေ့မယ်လို့မမျှော်လင့်ထားပေ။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး