မထင်ထားခြင်း
Vol. 35 Ch. 513
ရွှေရောင်မျက်မှန်တပ်ထားသည့် အမျိုးသားက “မစ္စတာလင်း၊ မင်းဒီမှာရှိဖို့ ငါမမျှော်လင့်ထားဘူး။!”
ချမ်ရှစ်၊ လျူလောင် နှင့် အခြားသူများ အားလုံး တခဏမျှ ထိတ်လန့်သွားကြသည်။
ရွှေရောင်မျက်မှန်တပ်ထားတဲ့ အမျိုးသားရဲ့ လက္ခဏာကို သူတို့အားလုံး သိကြသည်။
သူကတော့ ရီဖန်ကုမ္ပဏီရဲ့ ဥက္ကဌ ပန်လီဘန်ပင်ဖြစ်သည်။
ရီဖန် ကုမ္ပဏီသည် ပိုင်ဆိုင်မှု သန်းရာနှင့်ချီရှိသော ကုမ္ပဏီကြီးတစ်ခုဖြစ်သည်။
ချမ်ရှစ် သည် ပန်လီဘန်ကို မကြာခဏ မြှောက်ပင့်နေရသူဖြစ်သည်။
အခုအခြေအနေကဘယ်လိုကြီးလဲ။
သူ့လေသံထဲတွင်လေးစားမှု အရိပ်အယောင်တောင် ရှိနေသေးသည်။
လေးစားစရာတာလား?
ဒီမှာ ဘာဖြစ်နေတာလဲ။
ချမ်ရှစ်၊ လျူလောင်နှင့် ပဟေဠိဆန်သော အခြားသူများနှင့် နှိုင်းယှဉ်လျှင် လင်းကျောက်ဟောင်ကတော့ အံ့သြသွားသည်။
“မင်းက မစ္စတာပန်လား?”
“မှန်တယ်၊ ငါပဲ၊ ငါပဲ။” လင်းကျောက်ဟောင်က သူ့ကို မှတ်မိနေသေးတာကို မြင်လိုက်တော့ ပန်လီဘန် က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ထိုအချိန်တွင် သူဘေးတွင်ရပ်နေသောကျင်းလန် က “ကျင်းရီ၊ တကယ့်ဥက္ကဌလဲရောက်နေပြီ၊နောက်ပြီးလင်းကျောက်ဟောင်ရဲ့ ဒါရိုက်တာအဖြစ် အယောင်ဆောင်ထားတာ လဲလုံးဝကို ပေါ်ထွက်သွားပြီ။ဒါကြောင့်ငါတို့သွားကြရအောင်!”
လင်းကျောက်ဟောင်သည်ကုမ္ပဏီ၏ဒါရိုက်တာအယောင်ဆောင်သောကြောင့်ကုမ္ပဏီမှ အပြစ်ပေးခြင်း သို့မဟုတ် ကုမ္ပဏီမှ တိုက်ရိုက်ထုတ်ပယ်ခြင်းပင် ဖြစ်နိုင်သည်။
ကျင်းလန်၏ပြောစကားကိုကြားသောအခါလပ်းကျောက်ဟောင်၏အမူအရာက ချက်ချင်း ရုပ်ဆိုးသွားခဲ့သည်။
ကျင်းရီ က “အမေ!”
စကားမပြောဘဲ သူ့ဘေးမှာရပ်နေတဲ့ ချမ်ရှစ်၏အမူအရာ နည်းနည်းပြောင်းသွားလေသည်။
ဒါရိုက်တာ ဟန်ဆောင်တာလား။
သူက “လင်းကျောက်ဟောင်က ဒါရိုက်တာဟန်ဆောင်တယ်လို့ ဘယ်သူပြောတာလဲ။ သူက ငါတို့ကုမ္ပဏီရဲ့ ဒါရိုက်တာပဲ”
ချမ်ရှစ်၏ အကြံအစည်သည် အလွန်ရိုးရှင်းပါသည်။
ပန်လီဘန်က နှုတ်ဆက်ရန်အစပြုသူ ဒါမှမဟုတ် သူတလေးတစား ဆက်ဆံသောသူသည်အလွန်မြင့်မားတဲ့ အဆင့်အတန်းရှိမယ်ဆိုတာသေချာလေသည်။
ပန်လီဘန်ကို ကျေနပ်စေရန်အတွက် မဟုတ်တောင်သူသည်ဒါရိုက်တာရာထူးကို ပေးအပ်နိုင်သေးသည်။
လျူဝေ၊ကျင်းလန်၊ကျင်းရီ၊လျူလောင် နှင့် အခြားသူများ လုံးဝအံ့အားသင့်သွားကြသည်။
သိရန်…
လျူဝေ၏ဦးလေး လျူလောင်ကချမ်ရှစ်သည် ကုမ္ပဏီ၏ဥက္ကဌဖြစ်ကြောင်း မိတ်ဆက်ပေးခဲ့သည်။
ဥက္ကဋ္ဌက လင်းကျောက်ဟောင်ကို ဒါရိုက်တာအဖြစ်မှားပြောတာလား။
ဒါက သရုပ်ဆောင်တာ သေချာသည်။
တကယ်တော့ လင်းကျောက်ဟောင်လည်း အနည်းငယ် ထိတ်လန့်သွားသည်။
ငါ... ဒါ ဒါရိုကျတာလား။
ချမ်ရှစ်သည် လူတိုင်း၏အံ့အားသင့်မှုကို လျစ်လျူရှုကာ ရှေ့နှစ်လှမ်းတိုးကာ “ကျောက်ဟောင်မင်းအလုပ်ကောင်းကောင်းလုပ်ခဲ့တယ်!”
လင်းကျောက်ဟောင်ကလဲသတိဝင်လာပြီး “ကျေးဇူးတင်ပါတယ် ဥက္ကဌ!”ဟုပြန်ပြောလိုက်သည်။
ဒါကိုကြားတော့ သူ့ဘေးက ပန်လီဘန်က ချမ်ရှစ်ကို မနာလိုတဲ့အကြည့်နဲ့ ကြည့်လိုက်လေသည်။
မနာလိုဖြစ်တာလား
မှန်သည််!
သူသည်မနာလိုရုံသာဖြစ်သည်။
လင်းကျောက်ဟောင်၏အထောက်အထားကြောင့်ချမ်ရှစ်ကုမ္ပဏီ၏အနာဂတ်သည်စိုးရိမ်စရာမလိုတော့ပေ။
ဒါကိုတွေးပြီးပန်လီဘန်က သူ့အမူအရာကို အနည်းငယ်ပြောင်းလိုက်ပြီး “ဒါရိုက်တာချမ် ငါတို့ရီဖန်ကုမ္ပဏီက မင်းနဲ့အတူပူးပေါင်းနိုင်မယ်လို့ ငါထင်တယ်၊ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို လက်မှတ်ထိုးတာက အကောင်းဆုံးပဲ၊ မင်းဘယ်လိုထင်လဲ။”
ချမ်ရှစ်၏စိတ်သည် တုန်လှုပ်သွားသည်။
သူသည်သူ့နားကို သူမယုံနိုင်ဖြစ်နေသည်။
လွန်ခဲ့သည့်လအနည်းငယ်အတွင်း သူသည် မရေမတွက်နိုင်အောင်ကြိုးစားပြီးမှသာ ပန်လီဘန်နှင့် ခင်မင်ရင်းနှီးမှုအချို့ ရရှိခဲ့သည်။
သို့သော်လည်း ပန်လီဘန်သည် သေးငယ်သော ပူးပေါင်းဆောင်ရွက်မှုအချို့ကိုပင်သူနှင့်အတူပူးပေါင်းဆောင်ရွက်ရန် ဆန္ဒမရှိခဲ့ပေ။
အခုအခြေအနေက ဘယ်လိုလဲ။
ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု။
ဒါဟာ ပူးပေါင်းဆောင်ရွက်မှုထဲတွင် အမြင့်ဆုံးအဆင့်ဖြစ်သည်။
ဒါ သတင်းကောင်း!
ဒါက သူ့ကုမ္ပဏီအတွက် သေချာပေါက် သတင်းကောင်းပင်ဖြစ်သည်။
ချမ်ရှစ်က နှုတ်ဆိတ်နေခဲ့တာကို မြင်လိုက်ရတော့ ပန်လီဘန် က “ဒါရိုက်တာ ချမ်မှာ တခြားစိုးရိမ်မှုတွေရှိနေရင် ပြောပြပေးနိုင်ပါတယ်”
ချမ်ရှစ်က “မဟုတ်ဘူး၊ ပူးပေါင်းဆောင်ရွက်မှု၊ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးကြရအောင်။”
ဒါကိုကြားတော့ ပန်လီဘန် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။
သူ့အကြံက ရိုးရှင်းသည်။
လင်းကျောက်ဟောင်သည် ချမ်ရှစ် ကုမ္ပဏီတွင် အလုပ်လုပ်ပြီး ဒါရိုက်တာဖြစ်သောကြောင့်ချမ်ရှစ်ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို ရယူနိုင်သရွေ့ လင်းကျောက်ဟောင် နဲ့ သူသွယ်ဝိုက်သောဆက်ဆံရေးလို့ ယူဆလို့နိုင်လေသည်။
“ကလင် ကလင် ကလင်”
ထိုအချိန်တွင် ပန်လီဘန်၏ အိတ်ကပ်ထဲမှ ဖုန်းသည် အသံမြည်လာသည်။
ဖုန်းခေါ်ဆိုမှုသတိပေးချက်ကို တစ်ချက်ကြည့်လိုက်ရာ ရှောင်ဝူလက်ကားစီးတီး၏ဥက္ကဌ ဇောင် ထံမှ ဖုန်းခေါ်ခြင်းဆိုတာကိုတွေ့လိုက်သည်။
စိတ်လှုပ်ရှားစွာဖြင့် ပန်လီဘန်သည် အဖြေခလုတ်ကို နှိပ်လိုက်သည်။
“မစ္စတာဇောင်၊ မင်္ဂလာပါ။”
ဇောင်က “ပန်လီဘန်၊ငါတို့ရဲ့ စာချုပ်က သက်တမ်းကုန်တော့မယ်။”
“ထို့ပြင် ငါတို့ရဲ့ရှောင်ဝူလက်ကားစီးတီးသည် စာချုပ်ကို တစ်စုတစ်စည်းတည်း ပြန်လည်ပြင်ဆင်မှုတွေပြုလုပ်ထားတယ်။မင်းအရင်ကလို20 စျေးနှုန်းကို ရနိုင်မည်မဟုတ်ပေ။ တိကျတဲ့အခြေအနေကိုဆွေးနွေးဖို့မင်းလာခဲ့”
ပန်လီဘန် သည် ဤကိစ္စနှင့်ပတ်သက်ပြီး ကြာမြင့်စွာကတည်းက သိခဲ့ရသောကြောင့် စိတ်ပိုင်းဆိုင်ရာ ကိုပြင်ဆင်ထားလေသည်။
ထို့ကြောင့် သူ့မျက်နှာတွင် ကူကယ်ရာမဲ့မှု အနည်းငယ်သာ ရှိသည်။
“ကောင်းပြီ ဒါဆို ငါလာခဲ့မယ်...”
ဇောင်က ကျေနပ်စွာ ခေါင်းညိတ်ပြီး “ကောင်းပြီ၊ ဒါဆိုဒါပဲ”
ပန်လီဘတ်တစ်ခုခုကို တွေးမိပုံရပြီး “ဒါရိုက်တာ ဇောင်ကျေးဇူးပြုပြီး ခဏနေပါအုံး”
ဇောင်က သံသယစိတ်နဲ့ မေးလိုက်သည်။”အခြားတစ်ခုရှိလို့လား”
ပန်လီဘန် က “မနေ့ကတွေ့တဲ့မစ္စတာလင်းနှစ်ယောက်ထဲကတစ်ယောက်အခု ငါ့အနားမှာ ရှိတယ်...”
ဇောင်က ရုတ်တရက်ထရပ်ပြီး “ဥက္ကဌပန်၊ မစ္စတာလင်းနဲ့ စကားပြောလို့ရမလား?”
ဇောင်၏ပြောင်းလဲသွားသောအမူအရာနှင့်ပတ်သက်၍ပန်လီဘန်သည်အံ့သြခြင်းမရှိပေ။
ပန်လီဘန် က “ကောင်းပြီ။”
ထို့နောက် လင်းကျောက်ဟောင်ထံသို့ ဖုန်းကို တိုက်ရိုက် ပေးလိုက်သည်။
ဇောင် နှင့် လင်းကျောက်ဟောင် စကားအနည်းငယ်ပြောပြီးနောက် ဖုန်းကိုပန်လီဘန်ထံပြန်ပေးလိုက်လေသည်။
ဇောင် က “ပန်လီဘန်၊ စာချုပ်နဲ့ ပတ်သက်ပြီး ကျွန်တော် စဉ်းစားပြီးသားမင်းအခု 20 နဲ့ လက်မှတ်ထိုးနိုင်တယ်”
ပန်လီဘန် က စိတ်လှုပ်ရှားစွာဖြင့် “ကျေးဇူးတင်ပါတယ် မစ္စတာဇောင်!”
ဇောင် က ‘’မစ္စတာလင်းကိုငါ့အစား၊မင်းသူ့ကိုသေချာဂရုစိုက်ပေးလိုက်ပါ။”
“ဟုတ်ကဲ့ မစ္စတာဇောင်၊ စိတ်ချပါ!” ပန်လီဘန်ကပြောလိုက်သည်။
ဖုန်းချပြီးနောက် ပန်လီဘန်သည် လင်းကျောက်ဟောင်ကို အလွန်ရိုသေလေးစားသော အကြည့်ဖြင့် ကြည့်သည်။
ဇောင်က20 နဲ့ စာချုပ်ချုပ်ဖို့ သဘောတူရတဲ့ အကြောင်းရင်းက လင်းကျောက်ဟောင်ကြောင့် ဆိုတာကိုသူနားလည်လေသည်။
ထို့နောက်တွင်၊ ပန်လီဘန်သည် အစောပိုင်း ချမ်ရှစ် နှင့် မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုကို စတင်ရန် ဆုံးဖြတ်ချက်အတွက် အလွန်ကံကောင်းသည်ဟု ခံစားခဲ့ရသည်။
ထို့နောက် ပန်လီဘန်က “မစ္စတာလင်း၊ ကျေးဇူးပြုပြီး ထိုင်ပါအုံး... ရေဆာနေသလား။ ငါမင်းအတွက် လက်ဖက်ရည်ဖျော်ပေးမယ်။”
‘’ဒါရိုက်တာချမ်မင်းကုမ္ပဏီမှာ အကောင်းဆုံး လက်ဖက်ခြောက်က ဘယ်မှာရှိတာလဲ’’
ချမ်ရှစ်သည်အစောကတည်းကလင်းကျောက်ဟောင်ကိုပန်လီဘန်လေးစားနေတာကိုသိလေသည်။
သို့သော်လည်း စားပွဲထိုးတစ်ယောက်လို ပန်လီဘင်သည် လက်ဖက်ရည်ဖျော်ပေးဖို့ပြောတာကိုမမျှော်လင့်ခဲ့ပေ။
ခဏကြာတော့ ချမ်ရှစ်က “ဒါ... အတွင်းရေးမှူးကို ခိုင်းရင်ပိုကောင်းမယ်” လို့ ပြောလိုက်သည်။
ပန်လီဘန်က သူ့လက်တွေကို ထပ်ခါတလဲလဲ ဝှေ့ယမ်းပြီး “မစ္စတာလင်းရဲ့ လက်ဖက်ရည်ကို ငါကိုယ်တိုင် ဖျော်ပေးသင့်တယ်” လို့ လေးလေးနက်နက်ပြောလိုက်လေသည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး