← Chapters

ဘယ်အချိန်လက်ထပ်မလဲ

Vol. 35 Ch. 514

ဘယ်အချိန်လက်ထပ်မလဲ

Vol. 35 Ch. 514

ပန်လီဘန်သည် ချမ်ရှစ် နှင့် တစ်ခြားသူများကို လျစ်လျူရှုကာ လက်ဖက်ရည်တစ်ခွက်ကို အလျင်အမြန်သွားဖျော်ကာလင်းကျောက်ဟောင်ထံသို့ ယူဆောင်လာခဲ့သည်။

လင်းကျောက်ဟောင်သည်တစ်ခါမှဒီလိုမဖြစ်ဖူးသောကြောင့်အနည်းငယ်ကြောင်နေခဲ့သည်။ခဏအကြာတွင်သူက လက်ဖက်ရည်ကိုယူကာ “ကျေးဇူးတင်ပါတယ်” ဟု ပြောလိုက်သည်။

ထို့နောက် လူတိုင်း၏အကြည့်အောက်တွင် လက်ဖက်ရည်ကို ဖြည်းညှင်းစွာ ငုံ့သောက်လိုက်သည်။

“ဒင်းဒေါင်!”

ထိုအချိန်တွင် ကြယ်နှစ်ပွင့် စားသောက်ဆိုင်မှ ဒင်ဆမ်းများကိုအစားအသောက်ပို့ဆောင်သူ တစ်ဦးသည် လျင်မြန်စွာ ဝင်လာခဲ့သည်။

ပန်လီဘန် က “မစ္စတာလင်း၊ မင်း ဗိုက်ဆာနေပြီမလား? အရင်စားရအောင်...”

လင်းကျောက်ဟောင် သည် တစ်ဖက်သား၏ စိတ်အားထက်သန်မှုကြောင့်ဒင်ဆမ်းတစ်ခုကိုယူပြီး ပါးစပ်ထဲသို့ ထည့်လိုက်လေသည်။

နောက်အခိုက်အတန့်တွင်လင်းကျောက်ဟောင် ၏ မျက်လုံးများ ချက်ချင်းတောက်ပသွားပြီး “အရသာရှိလိုက်တာ!”ဟုပြောလိုက်သည်။

“ကျင်းရီ မင်းလည်း စားကြည့်၊အရမ်းအရသာရှိတယ်...”

ကျင်းရီသည်လှပသော ဒင်ဆမ်းအသွင်ကြောင့်စားချင်နေသည်မှာကြာပြီဖြစ်သည်။

ယခုအချိန်တွင် လပ်းကျောက်ဟောင် ၏စကားကိုကြားပြီးနောက် ဒင်ဆမ်းတစ်ခုကိုချက်ချင်းကောက်ယူပြီး ပါးစပ်ထဲသို့ထည့်လိုက်လေသည်။

ဒင်ဆမ်းစားပြီးနောက် ကျင်းရီ ၏မျက်နှာသည် ပျော်ရွှင်မှုနှင့်ပြည့်နှက်သွားလေသည်။

အားလုံးဒင်ဆမ်းစားနေချိန်အပြင်ဘက်ကနေ ခြေသံများထွက်လာသည်။

အနောက်တိုင်းဝတ်စုံနှင့် သားရေဖိနပ်ဝတ်ထားသော အမျိုးသားတစ်ဦး လျင်မြန်စွာ ဝင်လာခဲ့သည်။

သူကတော့ရှောင်ဝူလက်ကားမြို့ ဥက္ကဌ ဇောင်ပင် ဖြစ်သည် ။

ရှိနေသူအားလုံးက သူ့ကိုမြင်သောအခါ အားလုံးအေးခဲသွားကြသည်။

မကြာမီပန်လီဘန် က သူ့ကို စိတ်လှုပ်ရှားစွာ ဖြင့်နှုတ်ဆက်လိုက်လေသည်။ “မစ္စတာဇောင်၊မင်္ဂလာပါ”

ဇောင်က ခေါင်းညိတ်ပြပြီး လင်းကျော်ဟောင်စီသို့အလျင်အမြန်သွားလိုက်သည်။

ထို့နောက် အလွန်ရိုသေလေးစားသော လေသံဖြင့် “မင်္ဂလာပါ မစ္စတာလင်း” ဟု ပြောလိုက်လေသည်။

ဒီစကားထွက်လာပြီးတာနဲ့ မြင်ကွင်းက အနည်းငယ် တိတ်ဆိတ်သွားလေသည်။

ချမ်ရှစ်သည် ကုမ္ပဏီတစ်ခု၏ဥက္ကဌလည်းဖြစ်သဖြင့် ဇောင် ကို သဘာဝကျကျသိသည်။

သူကကျန်ပေ့ ရဲ့ ကြယ်ပွင့်လုပ်ငန်းရှင်၊ရှောင်ဝူ လက်ကားစီးတီးရဲ့ ဥက္ကဌပင်ဖြစ်သည်။

သူ့လိုသူကလင်းကျောက်ဟောက်ကို အရမ်းလေးစားနေတာလား။

လင်းကျောက်ဟောင်၏အထောက်အထားကား အဘယ်နည်း။

ချမ်ရှစ်သည် ဝမ်းသာအားရလဲဖြစ်ရင်းထိတ်လန့်သွားသည်။

ကံကောင်းထောက်မစွာဖြင့်ဥည်လင်းကျောက်ဟောင်ကို ဒါရိုက်တာရာထူးကို ပေးလိုက်ဖြင်းဖြင့်ဒါကရှောင်ဝူလက်ကားစီးတီးဥက္ကဌဇောင်နဲ့သူကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ခဲ့သည်။

လင်းကျောက်ဟောင် က “မစ္စတာဇောင် မင်္ဂလာပါ...”

ဇောင်က “မစ္စတာလင်း၊ မင်း ဒီလောက်ယဉ်ကျေးနေဖို့ မလိုဘူး”

ဇောင်သည်လင်းဖန်ကိုအမြဲဖားချင်နေခဲ့သည်။သို့သော်သူသည်လင်းဖန်နဲ့တွေ့ဖို့အခွင့်အရေးမရှိပေ။လင်းဖန်ကိုဆက်သွယ်မည့်နံပါတ်ရှိသော်လည်းသူသည်လင်းဖန်ကို

မနှောင့်ယှက်ဝံ့ပေ။

မနေ့က လင်းကျောက်ဟောင် နဲ့တွေ့ပြီးကတည်းက ဇောင်ကစိတ်ဓာတ်တက်ကြွလာခဲ့တယ်။

လင်းကျောက်ဟောင်သည် လင်းဖန် ၏ဝမ်းကွဲဖြစ်သည်။

ထို့ကြောင့် သူသည် ဘင်းကျောက်ဟောင်နှင့် မိတ်ဖွဲ့ရန် နည်းလမ်းရှာနေသည်..။

မထင်မှတ်ပဲ ဒီနေ့မှာတော့ အခွင့်အရေးတစ်ခုရှိလာခဲ့သည်။

ဇောင်က “ဘာဖြစ်လို့ ဒီနေ့ဒီကိုရောက်နေတာလဲ”ဟုမေးလိုက်လေသည်။

လင်းကျောက်​ဟောင်က”ကျွန်တော်ကဒီမှာ အလုပ်လုပ်​တောပါ’’

ချမ်ရှစ်က “မစ္စတာလင်းကကျွန်ုပ်တို့ရီဖန်ကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးဖြစ်သည်။”

ဒါကိုကြားတော့ ဇောင် က ချမ်ရှစ်ကိုကြည့်ပြီးပြီး “ငါတို့ တစ်နေရာရာမှာ ဆုံဖူးလား...”ဟုမေးလိုက်လေသည်။

“ပြီးခဲ့တဲ့လက ကျန်ပေ့အင်ပါယာဟိုတယ်မှာဆုံဖူးပါတယ်’’ ချမ်ရှစ်က စိတ်လှုပ်ရှားစွာပြောသည်။

ဇောင် က ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် “ဒါကြောင့်မင်းကိုမြင်ဖူးသလိုခံစားနေရတာ... ရီဖန်ကုမ္ပဏီ ? ရှောင်ဝူလက်ကားစီးတီးမှာ ဟန်စီဒီအလှကုန် ယွမ် သန်း 50ဖိုးလောက်ကျန်သေးတယ်။ ဒါရိုက်တာ ချမ်၊ မင်း ငါနဲ့ပူးပေါင်းဆောင်ရွက်ချင်လား”

50000000??

သိရန်…

ဟန်စီဒီအလှကုန်များ သည် စျေးကွက်ထဲသို့ ဝင်ရောက်သည်နှင့် ချက်ချင်းဆိုသလို ကုန်သွားမည်ဖြစ်သည်။

ဒါက ရိုးရိုးရှင်းရှင်း... ကိုယ့်ကိုပိုက်ဆံပေးနေတာပင်ဖြစ်သည်။

ချမ်ရှစ်သည် သူ့နှလုံးသားတစ်ခုလုံး ဒရမ်တီးခံရသကဲ့သို့ပြင်းထန်စွာ ခုန်လာခဲ့သည် ။

သူက ကမန်းကတန်းပြောလိုက်သည်- “ဟုတ်ကဲ့ ကျွန်တော်ဆန္ဒရှိပါတယ်၊ ကျွန်တော်တို့ရဲ့ရီဖန်ကုမ္ပဏီကို ယုံကြည်မှုပေးလို့မစ္စတာဇောင် ကို ကျေးဇူးတင်ပါတယ်။”

ထို့နောက် ဇောင်နဲ့လက်ဆွဲနှုတ်ဆက်ရန်ကိုသူ့ညာလက်ကို အလျင်အမြန် ဆန့်လိုက်သည်။

သို့သော်လည်း ဇောင်သည် ၎င်းကိုမမြင်ချင်ယောင်ဆောင်ကာသူ၏ညာလက်ကို ဆန့်ထုတ်ရန် လုံးဝရည်ရွယ်ပချက်မရှိပေ။

ဒါကိုကြည့်ရင်းက တစ်ခုခုကို ချက်ချင်း သဘောပေါက်သွားပြီး “ဒါရိုက်တာ လင်းက ငါတို့ ရီဖန်လုပ်ငန်းရဲ့ ကျောရိုးပါ။ သူက ကဏ္ဍပေါင်းစုံမှာ အရမ်းစွမ်းဆောင်နိုင်တဲ့သူလဲဖစ်တယ်။ဒါကြောင့် ဒီပူးပေါင်းဆောင်ရွက်မှုကို ဒါရိုက်တာလင်းနဲပဲလုပ်လိုက်ပါ”

ချမ်ရှစ်၏တုံ့ပြန်မှုများသည်အလွန်ကောင်းသည်ဟုဆိုရမည်​ဖြစ်သည်။

ဇောင်သည်ဖိုစကားကို ကြားလိုက်သည်နှင့် အနည်းငယ် ပြုံးသွားပြီး လင်းကျောက်ဟောင် ဆီသို့ သူ့လက်ကို ဆန့်တန်းကာ “မစ္စတာလင်း၊ ငါ မင်းကို အခုကစပြီး အနှောင့်ယှက်ပေးမိတော့မယ်ယ်” လို့ပြောလိုက်သည်။

လင်းကျောက်ဟောင် အနည်းငယ် ကြောင်နေသေးပေမဲ့သူ့လက်လက်ကို ဆန့်တန်းပြီး “ရပါတယ်... ရပါတယ်’’ ဟုဆိုလိုက်သည်။

မကြာမီဇောင်၊ချမ်ရှစ်နှင့် အခြားသူများ ထွက်ခွာသွားကြသည်။

တစ်ချိန်လုံး မှင်တက်နေသော ကျင်းလန်က နောက်ဆုံးတွင် “ကျောက်ဟောင် မင်း ကျင်းရီ ကို ဘယ်တော့ လက်ထပ်မှာလဲ”

သူမဘေးတွင်ရပ်နေသော ကျင်းရီ သည်ထိုစကားကြောင့်မျက်နှာနီရဲသွားလေသည်။

ထို့နောက်ဒေါသတကြီးနဲ့ “အမေ၊ ဘာပြောနေတာလဲ”

အမှန်တော့ ကျင်းလန်၏အမူအရာပြောက်းတာလျင်မြန်လွန်းလှသည်။

မကြာသေးမီက သူမသည် လင်းကျောက်ဟောင် နှင့် ခွဲရန်ကြိုးစားခဲ့သည်။

အခုတော့သူတို့နှစ်ယောက်ကိုအမြန်ဆုံးလက်ထပ်ခိုင်းချင်နေသည်။

လက်းကျောက်ဟောင်လည်း အနည်းငယ် ထိတ်လန့်သွားသည်။

ကျင်းလန်က ရုတ်တရက် ဒီလိုပြောဖို့ မမျှော်လင့်ထားပေ။

ကျင်းလန်ကဒါကိုဂရုမစိုက်ဘဲ “ကျောက်ဟောင် မင်းက ရိုးသားပြီး အရည်အချင်းရှိတယ်... ငါ့သမီးကို မင်းစီအပ်လိုက်ရလို့ ငါအရမ်းစိတ်သက်သာရာရသွားပြီ။”

သူမပြောတာကိုကြားတော့လင်းကျောက်ဟောင်၏ပါးစပ်သည်အနည်းငယ် လှုပ်ယမ်းသွားသည်။

ရိုးသားတာလား?

စိတ်သက်သာရတာလား?

မင်းပဲခုနက ငါ့မှာ အရည်အချင်းမရှိပဲလိမ်ရတာ ကြိုက်တယ်သူလို့ပြောခဲ့တာမဟုတ်ဘူးလား။

သူ့ဘေးနားရှိ လျူဝေသည် ထိုစကားကြားရသောအခါ စိုးရိမ်သွားသည်။

“အန်တီကျင်း ၊ မင်းသေချာစဉ်းစားကြည့်ရင် ဒီကိစ္စမှာနားလည်မှုလွဲတာတွေ ရှိကောင်းရှိနိုင်တယ်... တစ်ခါတလေ မင်းမြင်တဲ့အရာတွေက မမှန်နိုင်ဘူးလေ... “

အရင်တုန်းက လျူဝေသည်ကျင်းရီနှင့်ပတ်သက်ပြီး အတွေးတစ်ခုရှိခဲ့သည်။

ကျင်းလန်သည် ဆင်းရဲသူများကို မကြိုက်ပဲ၊ချမ်းသာသူများကိုသာကြိုက်ကြောင်း လျူဝေက သိသည်။

ယခုဆိုလျှင် လျူဝေသည် ဒါရိုက်တာဖြစ်လာပြီး သန်း 50 စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။

ဒါကဆင်းရဲနေတဲ့သူကအခုချက်ချင်းချမ်းသာလေသည်။ထို့ကြောင့်ချမ်းသောသူများကိုသာကြိုက်သောကျင်းလန်သည်လင်းကျောက်ဟောင်နဲ့ကျင်းရီကိုအမြန်ဆုံးလက်ထပ်ခိုင်းနေသည်။

ဒါကသေချာပေါက်သူတားရမည့်ကိစ္စပင်ဖြစ်သည်။

ကျင်းလန်သည် လျူဝေကို ဂရုမစိုက်ဘဲ “ငါက ငါ့သမီးလေးရဲ့ ဘဝနဲ့ပတ်သက်ပြီးစဉ်းစားပြီးပြီ၊ ဒါကြောင့် မင်း ဒီကိစ္စကို ပြောနေစရာ မလိုတော့ဘူး”

လျူဝေ၏ ဆိုလိုရင်းကို သူမ သဘာဝကျကျ နားလည်သည်။

သူတို့သရုပ်ဆောင်နေတာ ဖြစ်နိုင်လား။

သရုပ်ဆောင်တာ?

သရုပ်ဆောင်တာဆိုရီဖန်ကုမ္ပဏီ ဥက္ကဌ က အတူတူ သရုပ်ဆောင်ပေးတာလား။

ရှောက်ဝူလက်ကားစီးတီးဥက္ကဌ လာပြီးတော့ သရုပ်ဆောင်ပေးတာလား။

ဒါ ဘယ်လိုဖြစ်နိုင်မလဲ။

သူမသည်ရှောင်ဝူ လက်ကားစီးတီး၏ဥက္ကဌကိုသိသည်။

တစ်နည်းဆိုရသော် သူမသည် ဇောင်ကိုတွေ့ဖူးလေသည်။

မကြာသေးမီက ကျင်းလန်သည် ဇောင်၏ သတင်းအင်တာဗျူးကို မြင်တွေ့ခဲ့ရသည်။

တခြားတစ်ယောက်ယောက်ကို အင်တာဗျူးခဲ့မယ် ဆိုရင် သူမဒါကိုသိပ်မှတ်မိမှာမဟုတ်ပေ။

ကျင်းလန်သည် ရှောက်ဝူလက်ကားမြို့မှ ပစ္စည်းများကို အများဆုံးဝယ်လေ့ရှိပြီး အထူးသဖြင့် ရှောင်ဝူလက်ကားမြို့၏ယခုနှစ် တွက်ဟန်စီဒီ၏ အကြီးစား ဖြန့်ဖြူးသူဖြစ်လာသောကြောင့်ကျင်းလန်သည် ရှောင်ဝူ လက်ကားမြို့ကို ပို၍အာရုံစိုက်လာခဲ့သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters