← Chapters

မဟာစီးပွားရေးသီအိုရီ

Vol. 35 Ch. 516

မဟာစီးပွားရေးသီအိုရီ

Vol. 35 Ch. 516

ကောင်းဖရက့်က ဆက်ပြောသည် - “ပါမောက္ခ လင်းဖန်ကသင်္ချာနယ်ပယ်နဲ့ အခြားနယ်ပယ်တွေမှာအောင်မြင်မှုတွေရှိပါတယ်။”

“ဒါပေမဲ့ အခုစီးပွားရေးကသင်္ချာသဘောတရားသာပါပြီးသင်္ချာအစစ်အမှန်မဟုတ်ပါ၊ဒါကြောင့်၎င်းမှာမလွဲမသွေ ပြဿနာအချို့ရှိတာကပုံမှန်ပါပဲ’’(ဒါကသူမရဲ့တစ်ဖက်သက်အတွးပါ)

ထိုအချိန်တွင် ကျူရီရှောင်သည် မတ်တတ်ထရပ်ပြီး “လင်းဖန်ဖြေတာမှန်တယ်၊ဘာပြဿနာမှမရှိဘူး’’

အခန်းတစ်ခုလုံးရှိလူတိုင်းသည် ကျူရီရှောင် ကို စိုက်ကြည့်လိုက်ကြသည်။

ထို့နောက်သူတို့သည်ကျူရီရှောင်၏ ငယ်ရွယ်သောမျက်နှာကို မြင်သောအခါ လူတိုင်းတီးတိုးပြောလိုက်ကြသည်။

“ဒါဘယ်သူလဲ?”

“ငါ သူ့ကို တစ်ခါမှမတွေ့ဖူးဘူး”

“ပရော်ဖက်ဆာ ကောင်းဖရက့်ကို လူသိရှင်ကြား ပြောဖို့ဆိုတာကဘယ်လောက်တောင်သတ္တိရှိလိုက်သလဲ”

“သူ့မှာ ကျောထောက်နောက်ခံကောင်းမရှိရင်သူမဒုက္ခရောက်လိမ့်မယ်”

...

ယခုအချိန်တွင်ကျူရီရှောင်ကသူမရုတ်​တရက်​ထရပ်​လိုက်​ခြင်းအပေါ်အနည်းငယ်​​နောင်​တရသလိုခံစားလိုက်ရသည်​။

ဘာကြောင့်လဲဆိုတော့ သူမမှာ လုံလောက်တဲ့ သက်သေမရှိလို့ပင်ဖြစ်သည်။

ဒါကြောင့်သူမအခုကောင်းဖရက့်ကို ဘယ်လို ချေပရမလည်း မသိပေ။

သို့သော်လည်း ကျူရီရှောင်သည် လင်းဖန်မကောင်းကြောင်းပြောနေတာကိုသူမကြားသောအခါသူမသည်သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ပေ။

ကောင်းဖရက့်သည်လဲယခုအချိန်တွင်သူအများရှေ့တွင်သူ့ကိုအဲ့လိုပြောမည်ဟုမမျှော်လင့်ထားခဲ့ပေ။

ကျူရီရှောင်ကို ခဏလောက်ကြည့်ပြီးနောက် သူမက “မာဒမ်၊ မင်းကငါပြောတာကိုသဘောမတူတာလား?”

လူတိုင်း၏အကြည့်နှင့်ကောင်းဖရက့်အမေးကိုကြားသောအခါကျူရီရှောင်သည်ဘာပြောရမှန်းမသိဖြစ်သွားလေသည်။

“ငါ…”

ထိုအချိန်တွင် အနောက်တွင်ထိုင်နေသော လင်းဖန်သည် မတ်တပ်ရပ်လိုက်သည်။

ထို့နောပ်သူက “မင်းတွက်ချက်တဲ့ပုံသေနည်းမှာပြဿနာရှိနေတယ်။ တတိယမြောက် စီးပွားရေးသီအိုရီကို ဒီနည်းနဲ့ သုံးလို့မရဘူးလေ”

လင်းဖန်သည် အခြားသူများ၏ တွက်ချက်မှုသူ့ကိုပြဿနာရှာတာတွေကိုဂရုမစိုက်ပေ။

သို့သော်၊ အခြားလူက ကျူရီရှောင်ကိုခက်ခဲစေသောအခါသူသည်ဒီအတိုင်းရပ်မကြည့်နိုင်ပေ။

တစ်စုံတစ်ယောက်ကမတ်တတ်ရပ်ပြီးသူ့ကိုပြန်မေးခွန်းထုတ်တာက်ုမြင်တော့ကောင်းဖရက့်သည်အနည်းငယ် မျက်မှောင်မကြုတ်ပဲမနေနိုင်ပေ။

တကယ်တော့ သူမဟာ နိုင်ငံတကာမှာ ကျော်ကြားတဲ့ စီးပွားရေးပညာရှင်တစ်ဦးဖြစ်လေသည်။

ယခုလိုလူသိရှင်ကြား ဆက်တိုက်မေးခွန်းထုတ်တာခံရသောအခါသူမသည်အနည်းငယ်ဒေါသထွက်သွားလေသည်။

ကောင်းဖရက့်က အင်္ဂလိပ်လိုထြက့်”မစ္စတာ၊မင်းနာမည်ဘယ်လိုခေါ်လဲ”

“လင်းဖန်!” လင်းဖန်က ပြောလိုက်သည်။

ဒီစကားနှစ်​ခွန်း​ပေါ်လာပြီး​နောက်​...

နဂိုက တိတ်ဆိတ်နေတဲ့ အခန်းက ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။

လင်းဖန်ဟူသော နာမည်သည် ပညာရေးလောကရှိ အရာများစွာကို ကိုယ်စားပြုလေသည်။

အထူးသဖြင့်၊ ယခုစီးပွားရေးကွန်ဖရင့်တွင် လူအများအပြားသည် တတိယစီးပွားရေးသီအိုရီကို ဆွေးနွေးရန် လာရောက်ခဲ့ကြခြင်းဖြစ်သည်။

လင်းဖန်... သည် ဤသီအိုရီကို ဖန်တီးသူဖြစ်သည်။

လင်းဖန် ကိုမြင်ပြီးနောက်၊ကျူရီရှောင်၏လှပသောမျက်လုံးများထဲတွင်စိတ်လှုပ်ရှားမှုများအတိုင်းသားပေါ်နေလေသည်။

လင်းဖန်က ကျူရီရေီာင်ကို ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် အံ့အားသင့်နေသော လူအုပ်ကြီးကို လျစ်လျူရှုကာ စင်မြင့်ဆီသို့ လျှောက်သွားလိုက်သည်။

လင်းဖန်သည် ဘာမှဆက်မပြောတော့ဘဲ စားပွဲပေါ်ရှိ ဘောပင်ကို ကောက်ယူကာ အီလက်ထရွန်းနစ်ပေါ်တွင် အမြန်ရေးလိုက်သည်။

“ဒါ ဒါ ဒါ!”

မကြာမီ၊ ရှုပ်ထွေးသော တွက်ချက်ပုံသေနည်းမျဥ်းများသည်ဖန်သားပြင်ပေါ်တွင် ပေါ်လာလေတော့သည်။

Sin3+a-5π…

Lon11-5mn+7sin3…

...

ဤတွက်ချက်မှုပုံသေနည်း ထွက်ပေါ်လာသောအခါ မူလကတည်ငြိမ်နေသောကောင်းဖရက့်သည်ယခုအချိန်တွင်တည်တည်ငြိမ်မနေနိုင်တော့ပေ။

တက်ရောက်လာသူများကြားတွင်လည်း အချင်းချင်းဆွေးနွေးနေကြသည်။

“မှန်တယ်!”

“ဒီတွက်ချက်မှုကညီမျှတယ်!”

“တတိယစီးပွားရေး သီအိုရီက မှန်နေတာပဲဒါဆိုခုနကကောင်းဖရက့်တွက်တာမှားနေတာနေမယ်”

“သူတွက်တာအခုထိမရပ်သေးဘူး၊ သူက တတိယ စီးပွားရေးသီအိုရီကို အကောင်းဆုံးဖြစ်အောင် လုပ်နေတာလို့ခံစားရသည်”

...

လူတိုင်းပြောသည့်အတိုင်းပင်လင်းဖန်သည် တတိယစီးပွားရေးသီအိုရီကို အမှန်ပင် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နေခြင်းဖြစ်သည်။

ဤသီအိုရီကို သူတွက်သောအခါ သူ၏သင်္ချာစွမ်းရည်မှာ အကန့်အသတ်ရှိသည်။

ယခုမူ လင်းဖန်သည် အရင်ကနှင့်ယှဉ်ရင်ယခုအချိန်တွင်သူ၏သင်္ချာစွမ်းရည်သည်အလွန်လွန်တိုးတက်လာလေသည်။

စီးပွားရေးအကြောင်း များများစားစား မသိရင်တောင်မှယခုတတိယစီးပွားရေးသီအိုရီကို အကောင်းဆုံးဖြစ်အောင်ရေးဖို့တော့လုံလောက်လေသည်။

မကြာမီ၊ ပိုမိုရှင်းလင်းပြတ်သားသော သီအိုရီတစ်ခု ဖန်သားပြင်ပေါ်တွင် ပေါ်လာလေသည်။

“သူအောင်မြင်သွားပြီ!”

“ဒါက တတိယ စီးပွားရေးသီအိုရမ်အသစ်ပဲ”

“ငါတို့ ဒီသီအိုရီကို သုံးရင် ငါတို့ရဲ့ စီးပွားရေးဟာ အရမ်းတနုးတက်လာလိမ့်မယ်!”

...

ယခုအချိန်တွငိတက်ရောက်သူအားလုံး သည်အလွန်စိတ်လှုပ်ရှားနေကြသည်။

ဒါပေမယ့် သိပ်မကြာခင်မှာပဲ လူတချို့က သံသယလေသံဖြင့်ပြောနေကြသည်။

“သူက တတိယမြောက် စီးပွားရေးသီအိုရီ အသစ်ကို ရေးပြီးပြီ မဟုတ်ဘူးလား၊ သူက ဘာလို့ ဆက်ရေးနေသေးတာလဲ။”

“ဟုတ်သားပဲ”

“အခုသူ... ရေးထားတာတွေက နည်းနည်း ရှုပ်ထွေးနေသလိုပဲငါတို့နားလည်တာထက်ကျော်သွားတဲ့ပုံပဲ”

တစ်ချို့က မျက်မှောင်ကြုတ်ပြီး တစ်ချို့က သိချင်ကြလေသည်။

“သူ...သူကမဟာစီးပွားရေး သီအိုရီကို ရေးနေပုံရတယ်!”

ထိုစကားများထွက်လာသည်နှင့် တပြိုင်နက် ရောက်ရှိလာသူအားလုံး၏ နှလုံးသားများသည်ချက်ချင်းအခုန်မြန်လာတော့သည်။

[အကြွင်းမဲ့ အာရုံစူးစိုက်မှု 】

လူတိုင်းပြောသည့်အတိုင်း လင်းဖန် သည်မဟာစီးပွားရေးသီအိုရီ ကို အမှန်တကယ်ရေးသားနေခြင်းဖြစ်သည်။

သို့သော် သူသည် စီးပွားရေးကို မလေ့လာခဲ့ပေ။

သို့သော်လည်းကောက်းဖရက့် ၏ရှင်းပြချက်ကို နားထောင်ပြီးနောက်၊ စီးပွားရေးနှင့်ပတ်သက်သည့် ဗဟုသုတအချို့ကို သူရခဲ့သည်။

ထို့ကြောင့်သူသည်မရည်ရွယ်ပဲအကြွင်းမဲ့အာရုံစူးစိုက်မှုကိုဖွင့်မိကာမဟာစီးပွားရေးသီအိုရီကိုရေးသားတော့သည်။

ကျူရီရှောင်ဘေးတွင်ထိုင်နေသော ပရော်ဖက်ဆာ လင်းက “လင်းဖန်၊ သူက တကယ့်ကို ဉာဏ်ကြီးရှင်ပဲ!”

ကျူရီရှောင်ကခေါင်းညိတ်သဘောတူပြီး လင်းဖန်ကို တောက်ပသောမျက်လုံးများဖြင့် ကြည့်လိုက်လေသည်။

ကျူရီရှောင်၏မျက်လုံးထဲတွင်လင်းဖန် သည် စီးပွားရေးသီအိုရမ်ကိုတွက်ချက်နေတာမဟုတ်ပဲ

ယင်းအစား သူသည် စင်မြင့်ပေါ်တွင် အဖြူရောင်အနောက်တိုင်းဝတ်စုံကိုဝတ်ဆင်ပြီး အနက်ရောင်စန္ဒယားတစ်လုံးရှေ့တွင်ထိုင်ကာ အလွန်လှပသောတေးဂီတကိုတီးခတ်နေလေသည်။

အရာအားလုံးက အရမ်းလှတာပဲဟုကျူရီရှောင်ကတွေးလိုက်လေသည်။

လင်းဖန်သည် မြန်မြန်ဆန်ဆန်ရေးသည်နှင့်အမျှ တေးဂီတသံသည်လဲတဖြည်းဖြည်း အထွတ်အထိပ်သို့ ရောက်ရှိသွားလေသည်။(ဒါက ကျူရီရှောင်အတွေးသက်သက်ပါ)

ကျူရီရှောင်၏ နှလုံးခုန်သံသည် မထိန်းနိုင်ဘဲ အရှိန်မြန်လာလေသည်။

နောက်ဆုံးတွင် လင်းဖန်သည် နောက်ဆုံး တွက်ချက်ပုံသေနည်းကို ချရေးပြီး ဘောပင်ကို ဖြည်းညှင်းစွာ ချလိုက်သည်။

ချက်ချင်းပင်၊ ကျူရီရှောင်၏ မျက်လုံးများသည်ကြယ်များကဲ့သို့တောက်ပကာလင်းဖန်ကိုကြည့်နေလိုက်သည်။

ညီလာခံခန်းမတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားသည်။

ဘေးမှာရပ်နေတဲ့ ကောင်းဖရက့်ကပါးစပ်အဟောင်းသားကြီးဖြစ်နေလေသည်။

သူမ လုံးဝ အံသြနေလေသည်။

ထိုအချိန်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက “ပါမောက္ခ ဂျေ့၊ သူအောင်မြင်ခဲ့တာလား။”

သူ့ဘေးနားကအဘိုးအိုက ပြန်မဖြေဘဲ လက်ခုပ်တီးလိုက်လေသည်။

“ဖက့် ဖက့် ဖက့် !”

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters