ကြိုဆိုခြင်း
Vol. 35 Ch. 517
လူလတ်ပိုင်းအမျိုးသားသည်လက်ခုပ်သံများကဘာက်ုဆိုတာလဲဆိုတာကိုချက်ချင်းသိလိုက်သည်။
ဤလက်ခုပ်သံများ ထွက်ပေါ်လာပြီးနောက်၊ မူလငြိမ်သက်နေသော ညီလာခံခန်းမသည် မကြာမီ ကျယ်လောင်သောလက်ခုပ်သံများထွက်ပေါ်လာလေသည်။
လူတိုင်း၏မျက်နှာပေါ်တွင်လည်းဖုံးကွယ်၍မရနိုကိသော စိတ်လှုပ်ရှားမှုများရှိနေကြသည်။
အကြောင်းမှာ သူတို့သည် သမိုင်းတစ်ခုကို မျက်မြင်တွေ့ခဲ့ကြရသောကြောင့်ဖြစ်သည်။
လက်ခုပ်တီးပြီးနောက်သူတို့သည်ဓါတ်ပုံရိုက်ရန်အတွက်မိုဘိုင်းလ်ဖုန်းကို အလျင်အမြန်ထုတ်ပြီး ရိုက်လိုက်ကြသည်။
ကံမကောင်းစွာပဲ၊ သူတို့မသိတဲ့အရာက သူတို့ရိုက်တာက အချည်းနှီးပဲဆိုတာပင်ဖြစ်သည်။
ဘာလို့ဆိုလင်းဖန် သည် စူပါစမတ်နာရီကို ပိုင်ဆိုင်သောကြောင့်ဖြစ်သည်။
လက်ခုပ်သံများသည်လဲတဖြေးဖြေး အရှိန်လျော့သွားကာလူများစွာက လင်းဖန်ကို တွေ့ရန် အမြန်လာခဲ့ကြသည်။
“ပါမောက္ခ လင်း၊ မဟာစီးပွားရေး သီအိုရီကို ဘယ်တုန်းက စလေ့လာခဲ့တာလဲ။”
“ပရော်ဖက်ဆာလင်း အဆင့်10 ဆင့်ပြီးရင် အသေးစိတ်ရှင်းပြပေးနိုင်မလား။”
...
လင်းဖန်သည်သူတို့မေးသည်များကိုကျပန်းရွေးချယ်ပြီး မေးခွန်းတစ်ခုစီတိုင်းကိုလဲဟွာရှ(တရုတ်)လိုဖြင့်သာဖြေကြားခဲ့သည်။
ဟွာရှဘာသာစကားကို နားလည်နိုင်တဲ့သူတွေအတွက်ကတော့သဘာဝအတိုင်း ကောင်းလေသည်။
သို့သော် ဟွာရှ(တရုတ်)စကားကိုနားမလည်သူများသည်ကြောင်တောင်တောင်ဖြစ်နေကြသည်။
ဒါတွေကိုလင်းဖန်က လုံးဝ ဂရုမစိုက်ပေ။ သူသည် လူအုပ်ကနေတနိးထွက်လာပြီးကျူရီရှောင်ထံသို့ ရောက်လာပြီး သူမ၏လက်ကို ဆုပ်ကိုင်ကာ အပြင်သို့ ထွက်လာခဲ့သည်။
ညီအစ်မဖန် နှင့် ညီအစ်မလူတို့သည် သူတို့နှစ်ဦး ထွက်ခွာသွားသော ကျောကိုကြည့်ရင်း သက်ပြင်းချကာ “ရီရှောင်က တကယ်ကို ရည်းစားကောင်းတစ်ယောက်ကိုတွေ့ခဲ့တာပဲ”
ပရော်ဖက်ဆာ လင်းက သက်ပြင်းချလိုက်ပြီး “လူတစ်ဦးက ပိုထူးချွန်လေ၊ ထိန်းချုပ်ရခက်လေလေပဲ...”
...
လင်းဖန် နှင့် ကျူရီရှောင်တို့သည် ဧည့်ခန်းမမှ ထွက်လာပြီးနောက် ရှန်ဂီလာဟိုတယ်မှ မထွက်ခွာသေးပဲအပေါ်ထပ်ရှိ သမ္မတအိမ်တော်(အကောက်းဆုံးအခန်း)သို့ တိုက်ရိုက်သွားခဲ့ကြသည်။
တစ်ချက်မှာ လင်းဖန်သည် ရှန်ဂီလာ၏ ရှယ်ယာအများဆုံးပိုင်ဆိုင်သူဖြစ်သောကြောင့် သူ့ကိုယ်ပိုင်ဟိုတယ်တွင် နေတာကအဆင်ပြေလေသည်။
ဒုတိယအချက်မှာ လင်းဖန်သည် မေးခွန်းများမေးရန် လိုက်လာနေသေးသူများကိုရှောင်ရန်ဖြစ်သည်။
ဤအချိန်တွင် ကျယ်ဝန်းပြီး ဇိမ်ကျသော သမ္မတအခန်းတွင်ကျူရီရှောင်၏ မျက်လုံးများသည် လင်းဖန်အား ချစ်ခင်စွာဖြင့် ကြည့်နေလိုက်သည်။
ပူအိုက်တဲ့ ရာသီဥတုကြောင့် သူမရဲ့ လှပတဲ့ မျက်နှာပေါ်တွင်ပန်းနုရောင် တဖြည်းဖြည်း ပေါ်လာလေသည်။
ထို့နောက် သူမသည်ရှက်ရှက်ဖြင့်လင်းဖန်ဆီသို့ လျင်မြန်စွာသွားလိုက်သည်။
နောက်အခိုက်အတန့်တွင် မူလကတိတ်ဆိတ်နေသောအခန်းထဲတွင်အသက်ရှုသံများနှင့် ဆယ့်ရှစ်နှစ်အောင်မကြားသင့်သောအသံများနှင့်ဆူညံလျက်ရှိလေသည်။
...
လင်းဖန်နှင့် ကျူရီရှောင် တို့သည် နှစ်ရက်ကြာ အတူပျော်ရွှင်စွာနေထိုင်ကြပြီးနောက်ကျန်ပေ့သို့ ပြန်ခဲ့ကြသည်။
လင်းဖန်သည် ကျန်ပေ့တက္ကသိုလ်မှပါမောက္ခတစ်ဦးဖြစ်ပြီး ကျူရီရှောင်သည်လည်းသူမ၏ကိုယ်ပိုင်လုပ်စရာများရှိသောကြောင့်နှစ်ရက်သာနေခြင်းဖြစ်သည်။
နောက်ရက်အနည်းငယ်အတွင်းလင်းဖန်သည်ပုံမှန်အတိုင်းသာ နေထိုင်ခဲ့သည်။
ယနေ့ နံနက်စောစောတွင် သူသည် Cullinan (ကား)ဖြင့်ချင်ရှီ သို့ မောင်းခဲ့လေသည်။
ဘာလို့လဲဆိုတော့ ဒီနေ့က ဝမ်းကွဲ လင်းကျောက်ဟောင် ရဲ့ မင်္ဂလာဆောင်တဲ့နေ့ဖြစ်သောကြောင့်ဖြစ်သည်။
ထိုအချိန်တွင်၊ချင်ရှီ ရှိ ကျူကေဟိုတယ်ရှေ့တွင် ရောင်စုံမီးပုံးပျံများကိုနေရာအနှံ့ချိတ်ထားပြီးခုံး၊အနီရောင် ကော်ဇောကိုလည်းမြေပြင်ပေါ်တွင် ခင်းထားသည်။
ဒီနေ့မှာတော့ ကျင်းလန်သည်မိတ်ကပ်ထူထူကိုလိမ်းထားပြီးလှပတဲ့အဝတ်အစားတွေကို ၀တ်ဆင်ထားကာသူမအသိတွေနဲ့စကားစမြည်ပြောနေကြလေသည်။
“ကျင်းလန်၊ ဒီဟိုတယ်က အရမ်းခမ်းနားတာပဲ”
“ဒါက ကျူကေဟိုတယ်ကချင်ရှီမှာ အကောင်းဆုံးဟိုတယ်ဆိုတော့အဲ့လောက်တော့ရှိမှာပေါ့”
“ကျင်းလန် ဒီမင်္ဂလာပွဲအတွက်ပိုက်ဆံအများကြီးကုန်တယ်မလား”
...
ကျင်းလန် သည် သူမ၏ ဆွေမျိုးများနှင့် သူငယ်ချင်းများ၏ချီးကျူးစကားများကို နားထောင်ရင်းသူမမျက်နှာတစ်ခုလုံးအပြုံးများနှင့်ပြည့်နေလေသည်။
“ကျင်းရီ ရဲ့ခင်ပွန်းကဘာလုပ်တာလဲ” တစ်ယောက်ယောက်က မေးလိုက်လေသည်။
ကျင်းလန်က “သူက ကုမ္ပဏီတစ်ခုရဲ့ ဒါရိုက်တာပါ.. စကားမစပ် ရှောင်ဝူလက်ကားစီးတီးကို သိလား? ဒါက ဟန်စီဒီအလှကုန်တွေကို အဓိကရောင်းတဲ့ ကုမ္ပဏီတစ်ခုလေ။အဲ့လိုကုမ္ပဏီကကျင်းရီခင်းပွန်းကုမ္ပဏီနဲ့ စာချုပ်သန်း 50 တန်စာချုပ်ကိုချုပ်ဆိုခဲ့တယ်။ “
“သန်း 50 တန်စာချုပ်?”
ပတ်ဝန်းကျင်ရှိ ကျင်းလန်ဆွေမျိုးများနှင့် သူငယ်ချင်းများက တအံ့တသြဖြစ်ရင်းကျင်းလန်ကိုကို ကွဲပြားစွာ ကြည့်လိုက်ကြသည်။
သူမတို့၏အကြည့်ကြောင့်ကျင်းလန်သည်လဲအလွန်ပျော်သွားလေသည်။
ထိုအချိန်တွင် တံခါးဝတွင် ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာသည်။
“မစ္စတာလင်းနဲ့ မစ္စကျင်းတို့သက်ဆုံးတိုင်ပျော်ရွှင်စရာကောင်းတဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်ပြီး ရင်သွေးလေးလဲအမြန်ဆုံးပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေးပါတယ်”
ကျင်းလန်သည် အသံကြားရာကိုကြည့်ပြီးနေညက်စိတ်လှုပ်ရှားစွာပြောလိုက်လေသည်”ကြည့်ကြအုံး။ဒါကရှောင်ဝူ လက်ကားစီးတီးရဲ့ ဥက္ကဌ ဇောင်လေ။ ပြီးတော့ရှောင်ဝူ လက်ကားစီးတီးက အခု ဒေါ်လာ သန်းနဲ့ချီပြီး တန်တဲ့ကုမ္ပဏီတစ်ခုလေ!”
“ဒါ ဂုဏ်ထူးဆောင် ဧည့်သည်ပဲ၊ ငါ သူ့ကို အရင်သွားနှုတ်ဆက်လိုက်အုံးမယ်!”
စကားပြောပြီးနောက်ကျင်းလန်သည် လျင်မြန်စွာ ဇောင်ကိုကြိုဆိုရန်အမြန်ထွက်သွားလေသည်။
“မစ္စတာဇောင် ကြိုဆိုပါတယ်။ ဒီလောက်လောက်အလုပ်များတဲ့ကြားကနေ ငါ့သမီးရဲ့မင်္ဂလာပွဲကိုတက်ပေးတဲံအတွက်ကျေးဇူးတင်ပါတယ်”
ဇောင်သည် ကျင်းလန် ကို လုံးဝ အထင်ကြီးခြင်းမရှိပေ။
သို့သော် သူမပြောသည်ကို ကြားပြီးနောက်သူသည်ချက်ချင်းရယ်လိုက်လေသည်။
“မဟုတ်တာ၊ဘယ်လောက်ပဲအလုပ်ရှုပ်ရှုပ် မစ္စတာလင်းနဲ့ မစ္စကျင်းတို့ရဲ့ မင်္ဂလာပွဲကို တက်ရမှာပဲလေ” ဇောင် က ပြောလိုက်သည်။
ဤစာကားလုံးကိုလိမ်ညာပြီးပြောတာမဟုတ်ပေ။
သူအခုလိုလုပ်နေရသည်မှာလင်းဖန်နှင့် နီးကပ်ချင်သောကြောင့်ဖြစ်သည်။
လင်းဖန်၏ဝမ်းကွဲတစ်ယောက်အနေဖြင့် လင်းကျောက်ဟောင်သည် အလွန်ကောင်းမွန်သော ကိုယ်စားလှယ်တစ်ဦးဖြစ်သည်မှာ သေချာသည်။(ပြောချင်တာကလင်းကျောက်ဟောင်ကနေတစ်ဆင့်လင်းဖန်ကိုရင်းနှီးအောင်လုပ်မယ်လို့ပြောချင်တာပါ)
ထို့နောက် ဇောင် သည် လက်ဆောင်သေတ္တာကို ထုတ်ကာ ကျင်းလန်းအား ပေးကာ “ဒါကမင်္ဂလာလက်ဖွဲ့ပါ”
ကျင်းလန်က ပြုံးရင်း”ဒါဆို ကျေးဇူးတင်ပါတယ် ဥက္ကဌဇောင်”
ဇောင်ထွက်သွားပြီးနောက် ကျင်းလန် သည် သူမ၏ ဆွေမျိုးများနှင့် သူငယ်ချင်းများထံ ပြန်သွားခဲ့သည်။
လူများစွာသည် လက်ဆောင်သေတ္တာကို စူးစမ်းလိုသော မျက်လုံးများဖြင့် ကြည့်နေကြသည်။
လူတချို့က “ဇောင် က ဘာလက်ဆောင် ပေးလဲသိချင်လိုက်တာ” လို့ မပြောပဲမနေနိုင်ပေ။
ကျင်းလန်က “ဧည့်သည်ရဲ့လက်ဆောင်ကို ချက်ချင်းကြီးဖွင့်တာကသိပ်ကောင်းပုံမပေါ်ဘူးနော်... ဒါပေမယ့်လဲအရမ်းသိချင်လို့ဖွင့်ကြည့်ရအောင်”လို့ပြောလိုက်လေသည်။
ကျင်းလန်သည်လဲဇောင် ပေးသောလက်ဆောင်ကို အလွန်သိချင်နေသည်။
သူမရဲ့ စိတ်ထဲတွင် ဇာင်ဟာ စျေးကွက်တန်ဖိုး သန်းပေါင်းများစွာရှိတဲ့ ကုမ္ပဏီတစ်ခုရဲ့ ဥက္ကဌ ဖြစ်တာကြောင့် လက်ဆောင်က အရမ်းတန်ဖိုးရှိမယ်လို့တွေးထားလေသည်။
အချိန်ကျရင်သူမရဲ့ဆွေမျိုးများနှင့်သူငယ်ချင်းများက ချီးမွှမ်းကြမည်မှာ သေချာသည်။
စိတ်လှုပ်ရှားစွာဖြင့် ကျင်းလန်သည် လှပစွာထုပ်ပိုးထားသောလက်ဆောင်သေတ္တာကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။
ခဏအကြာတွင် လှပသော စိန်လည်ဆွဲတစ်ခု ပေါ်လာလေသည် ။
“ဝိုး! အရမ်းလှတဲ့ လည်ဆွဲလေးပဲ!”
“ဒီလောက်ကြီးတဲ့ စိန်ကြီး! ငါက တစ်သက်တစ်ခါမှမမြင်ဖူးဘူး”
...
ကျင်းလန်သည် ဆွေမျိုးများနှင့် သူငယ်ချင်းများ၏ အာမေဋိတ်သံကို ကြားလိုက်ရပြီးနောက် သူမ၏ မျက်နှာတစ်ခုလုံးတွင်အပြုံးများနှင့်ပြည့်နှက်သွားပြန်သည်။
ထိုအချိန်တွင် မနီးမဝေးတွင် နောက်ထပ်အသံတစ်ခုထွက်ပေါ်လာသည်။
“မစ္စတာလင်းနဲ့ မစ္စကျင်းတို့ပျော်ရွှင်စရာကောင်းတဲ့ ဘဝကိုပိုင်ဆိုင်ပါစေလို့ဆုတောင်းပေးပါတယ်”
ကျင်းလန်ရဲ့ဘေးမှာရပ်နေတဲ့အမျိုးသမီးတစ်ဦးက အသံလာရာကိုလှမ်းကြည့်ရင်း လူလတ်ပိုင်းအရွယ် အမျိုးသားကိုမြင်သောအခါအံ့သြတကြီးပြောလိုက်လေသည်။”အိုဘုရား၊ အဲဒါ လီဝမ်မင်ပဲ”
သူ့ဘေးကလူတစ်ယောက်က “လီဝမ်မင် ကဘယ်သူလဲ” လို့မေးလိုက်သည်။
“ကျူကေဟိုတယ်၊ ကျူကေရှော့ပင်းမော်.. အားလုံးက သူ့ပိုင်တယ်လေ။ သူက ငါတို့ ချင်ရှီမှာ အချမ်းသာဆုံးလူတစ်ယောက်ပဲ’’ အမျိုးသမီးက ပြောလိုက်သည်။
ဒါကိုကြားတော့ လူတိုင်း ချက်ချင်းမျက်လုံးပြူးကျယ်သွားလေသည်။
တစ်ဖက်တွင် ကျင်းလန်သည် အပြုံးများဖြင့် ပြည့်နှက်သွားပြန်သည်။ သူမသည် လီဝမ်မင်ကိုကြိုဆိုရန်အလွန်လျင်မြန်စွာသွားလိုက်လေသည်။
“ဒါရိုက်တာ လီ ကြိုဆိုပါတယ်။ မင်းမအားတဲ့အချိန်ကြားကနေငါ့သမီးရဲ့ မင်္ဂလာဆောင်ကို လာပေးလို့ကျေးဇူးတင်ပါတယ်”
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး