← Chapters

စာမေးပွဲ

Vol. 35 Ch. 518

စာမေးပွဲ

Vol. 35 Ch. 518

လီဝမ်မင်သည် ကျင်းလန်ကို သဘာဝအတိုင်း မသိပေ။

သို့သော် ကျင်းလန် ၏စကားကိုကြားပြီးနောက် သူ့အမူအရာ အနည်းငယ်ပြောင်းလဲသွားကာချက်ချင်းပဲ “မစ္စ ကျင်း၊ ဂုဏ်ပြုပါတယ်!”ဟုချက်ချင်းပြောလိုက်သည်။

ထို့နောက် လှပစွာထုပ်ပိုးထားသော လက်ဆောင်သေတ္တာကို ပေးလိုက်သည်။

လီဝမ်မင်သည်ကျင်းလန်ကိုမသိပဲဒီမင်္ဂလာပွဲသို့လာရောက်ခြင်းမှာလင်းဖန်သည် သူ့ဆီ ဖုန်းဆက်ပြီး ဒီနေ့ မင်္ဂလာပွဲကိုလာဖို့ တောင်းဆိုထားသောကြောင့်ဖြစ်သည်။

...

ကျင်းလန် သည် လီဝမ်မင်လက်ဆောင်ပေးသည်ကိုမြင်သော​အခါကျင်းလန်သည်သူမမျက်နှာတစ်ခုလုံးတွင်အပြုံးများနှင့်ပြည့်နှက်သွားလေသည်။

“ကျေးဇူးတင်ပါတယ် ဥက္ကဌလီ”

လီဝမ်မင်က “ရပါတယ်... မစ္စကျင်း မင်္ဂလာပွဲရဲ့အပြင်အဆင်တွေ၊ဒါမှမဟုတ်တစ်ခုခုကိုမကြိုက်ရင်လာပြောလို့ရပါတယ်၊မစ္စကျင်းကျေနပ်အောင်လုပ်ပေးပါ့မယ် “ လို့ လီဝမ်မင်က ပြောလိုက်သည်။

ကျင်းလန်က “ဒီပွဲရဲ့အပြင်အဆင်ကိုငါအရမ်းကြိုက်ပါတယ်၊ဒါကြောင့်မကြိုက်တာမရှိပါဘူး!”

သူတို့နှစ်ယောက် စကားနည်းနည်းပြောပြီးနောက်လီဝမ်မင်သည်အထဲကို ဝင်သွားလေသည်။

ကျင်းလန်သည်လဲသူမဆွေမျိုးများနှင့် သူငယ်ချင်းများထံသို့လီဝမ်မင်ပေးသောလက်ဆောင်ကိုယူရင်းပြန်လာခဲ့သည်။

သူမ၏ဆွေမျိုးများ နှင့် သူငယ်ချင်းများအားလုံးသည် သိချင်သောမျက်လုံးများဖြင့် လက်ဆောင်ထုပ်ကိုစိုက်ကြည့်နေကြသည်။

“မစ္စတာ က ဘာလက်ဆောင်ပေးလိုက်လဲမသိဘူး၊ငါသိချင်လိုက်တာ”

“အဲဒါကိုဖွင့်ပြီး ကြည့်ရအောင်လေ”

“ဟုတ်တယ် ဟုတ်တယ်…”

...

တကယ်တန်းတွင်ကျင်းလန်၏ဆွေမျိုးများနှင့် သူမ၏သူငယ်ချင်းများသာမက သူမကိုယ်တိုင်လဲအလွန်သိချင်နေလေသည်။

လီဝမ်မင်သည် ချင်ရှီ တွင် အချမ်းသာဆုံးလူတစ်ယောက်ဖြစ်သည်။ထို့ကြောင့်သူပေးသောလက်ဆောင်ကဘာလဲဆိုတာအားလုံးကစိတ်ဝင်စားတာပုံမှန်ပင်ဖြစ်သည်။

သို့သော်လည်းကျင်းလန်သည် သူမမျက်နှာပေါ်တွင် ရှက်ကိုးရှက်ကန်းဖြစ်နေသောအမူအရာဖြင့် “ဧည့်သည်ရဲ့ လက်ဆောင်ကို အခုချပ်ချင်းဖွင့်တာကမကောင်းဘူးထင်တယ်”

“ဖွင့် ကြည့်ရအောင်”လို့တစ်ယောက်ယောက်ကပြောလိုက်လေသည်။

ယခင် အတွေ့အကြုံအရလီဝမ်မင် က မကောင်းတဲ့ လက်ဆောင်ကို ပေးမှာမဟုတ်ဘူးလို့ သူမယုံကြည်သည်။

ထို့ကြောင့် ကျင်းလန် က “နင်တို့ပြောလို့ငါဖွင့်တာနော် ဒါကိုဘယ်သူ့မှမ​ပြောရဘူး!”

လူတိုင်းက “စိတ်မပူပါနဲ့!”

“ငါတို့သေချာပေါက်မပြောဘူး!”

“ဟုတ်တယ်!”

သူတို့ပြောတာကိုကြားပြိးနောက်ကျင်းလန်သည်လဲခေါင်းညိတ်လိုက်ပြီး လက်ဆောင်ကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။

မကြာခင်မှာပဲ လက်ဖဝါးအရွယ် အစားရှိတဲ့ရွှေရောင်ကောင်လေးနဲ့ ကောင်မလေးတစ်ယောက်တို့သည်လူတိုင်းရဲ့အမြင်တွင်​ ပေါ်လာလေသည်။

“ဒါက ရွှေစင်နဲ့လုပ်ထားတာမဟုတ်ဘူးလား?”

“အိုမိုင်ဂေါ့ ဒါကတစ်ကယ့်ကိုရွှေစင်နဲ့လုပ်ထားတာပဲ”

“ဝိုး ငါတော့အားကျနေပြီ”

...

ကျင်းလန်သည် တလက်လက်တောက်ပနေသောမျပ်လုံးဖြင့်ရွှေရောင်ကောင်လေးနှင့် မိန်းကလေးကို ကြည့်ရင်းလူအုပ်ကြီး၏မနာလိုဖြစ်အသံများကိုနားထောင်ရင်းပြုံးလိုက်လေသည်။

...

ထိုအချိန်တွင် မနီးမဝေးတွင် နောက်ထပ် ခြေသံတစ်ခု ထွက်ပေါ်လာသည်။

အရပ်မြင့်မြင့်ငယ်ရွယ်သောလူငယ်တစ်ယောက်နှင့် လူလတ်ပိုင်း စုံတွဲတစ်တွဲ လျှောက်လာလေသည်။

သူတို့ကတော့ လင်းဖန် နဲ့ သူ့မိဘ လင်းတန်နဲ့ ဒေါင်ဝေဝေတို့ပင်ဖြစ်သည်။

ကျင်းလန်သည်လဲသူတို့ကိုကြည့်လိုက်တော့မောက်ခံကြီးကြီးမားမားမရှိဘူးဟုတွေလိုက်လေသည်။ထို့ကြောင့်သူမသည်လင်းဖန်တို့ကိုသွားမကြိုခဲ့ပေ။

တစ်ဖက်တွင် လင်းကျောက်ဟောင်သည် ကျင်းရီနှင့်အတူလင်းဖန်တို့စီသို့ပြေးသွားခဲ့သည်။

“ဦးလေး၊ အန်တီ၊ လင်းဖန်၊ ကျေးဇူးတင်ပါတယ်”

လင်းကျောက်ဟောင်သည်လေးနက်သောလေသံဖြင့်ကျေးဇူးတင်စကားဆိုလိုက်လေသည်။

ဘာကြောင့်လဲ ဆိုတော့ ဒီနေ့ ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲကြီး ကျင်းပနိုင်ရတဲ့ အကြောင်းရင်း။

ဒါရိုက်တာတစ်ယောက်ဖြစ်လာရတဲ့အကြောင်းရင်း။

ဒါတွေအားလုံးကလင်းဖန်ကြောင့်ဆိုတာသူသိသောကြောင့်ဖြစ်သည်။

လင်းဖန်က ပြုံးပြီး “မလိုပါဘူး ဝမ်းကွဲ၊ မင်း ဒီနေ့ အရမ်းချောနေတယ်နော်’’ လို့ပြောလိုက်သည်ယာ

စကားပြောနေစဉ်တွင် လက်ဆောင်တစ်ခုကို ပေးလိုက်သည်။

“ကျေးဇူးတင်ပါသည်!” လင်းကျောက်ဟောင် က လေးလေးနက်နက် ထပ်ပြောသည်။

လင်းဖန်အထဲသို့ လျှောက်သွားသောအခါ၊ ကျူကေ ၏ ဥက္ကဌ လီဝမ်မင်နှင့် ရှောင်ဝူလက်ကားစီးတီး၏ ဥက္ကဌ ဇောင် တို့က သူ့ကို အမြန်တွေ့လိုက်ကြသည်။

ထို့နောက်သူတို့နှစ်ယောက်သည် စိတ်လှုပ်ရှားသောမျက်နှာဖြင့် လင်းဖန်ဆီသို့ လျှောက်သွားပြီးနောက်ရယ်မောရင်း စကားစမြည်ပြောနေကြလေသည်။

မဝေးလှသောနေရာကနေကျင်းလန်သည်လဲဤမြင်ကွင်းကို မြင်လိုက်ရလေသည်။

ကျင်းရီထံသို့ သူမရောက်လာပြီးနောက်”ကျင်းရီအဲဒီလူငယ်က ဘယ်သူလဲ?”

ကျင်းလန် ၏အမြင်အရဆိုလျှင် ဥက္ကဌနှစ်ဦးနှင့် စကားပြောဆိုနိုင်သူသည် အလွန်ထူးခြားသောတည်ရှိမှုဖြစ်မည်ဖြစ်သည်။

ကျင်းရီ က “သူက လင်းဖန်လို့ခေါ်တယ်။ကျောင်ဟောင်ရဲ့ ဝမ်းကွဲပါ”

“ဝမ်းကွဲ?” ကျင်းလန် က “ဒါဆို သူ ဘာလက်ဆောင်ပေးခဲ့လဲ”

“ဒီမှာ...” ကျင်းရီ က ပြောသည် ။

ကျင်းလန် က “သမီးအမေတို့တစ်ချက်လောက်ဖွင့်ကြည့်မယ်လေ”

ထို့နောက် ကျင်းရီ၏ အဖြေကို စောင့်မနေဘဲ အထုပ်ကို အလျင်အမြန် ဆုတ်ဖြဲလိုက်သောအခါ ကပ်တာ လိုဂိုဦးစွာပေါ်လာလေသည်။

မကြာခင်မှာပဲအလွန်လှပတဲ့ လည်ဆွဲတစ်ခု ပေါ်လာလေသည်။

“မောနင်းလက်ဖ့်!” ကျင်းရီကတောက်ပသောမျက်လုံးဖြင့်တအံ့တသြအော်လိုက်လေသည်။

ကျင်းလန် က “ဒီလည်ဆွဲကို သမီးသိတာလား? ဘာလို့ အရမ်းအံ့သြနေတာလဲ”

“ဒါက ကပ်တာ ရဲ့ နောက်ဆုံးထွက်ဆဲဲကြိုးဖြစ်ပြီးအရေအတွက်နဲ့ထုတ်တဲ့ ဆွဲကြိုးလေ စျေးနှုန်းကယွမ် ၈.၉၉ သန်းရှိတယ်” ကျင်းရီက စိတ်လှုပ်ရှားစွာပြောသည်။

အမျိုးသမီးအများစုသည် လက်ဝတ်ရတနာနှင့် လက်ဝတ်ရတနာများကို နှစ်သက်ကြသည်။

ကျင်းရီသည်လဲ ချွင်းချက်မဟုတ်ပေ။

ထို့အပြင် သူမသည် လက်ဝတ်ရတနာဆိုင်များတွင် အလုပ်လုပ်သောကြောင့် ဤကဏ္ဍကို ပိုမိုအာရုံစိုက်ခဲ့သည်။

မကြာသေးမီက သူမသည် မဂ္ဂဇင်းတစ်စောင်တွင် မောနီးလက်ဖ့် ကိုတွေ့ခဲ့သည်။

ထိုအချိန်တွင်၊ကျင်းရီသည် ၎င်း၏လှပသောအသွင်အပြင်ကြောင့် အံ့အားသင့်သွားခဲ့သည်။

ထို့နေ့ကစပြီးကျင်းရီရဲ့ အိပ်မက်က ဒီလည်ဆွဲကို သူ့မျက်လုံးနဲ့ အပြင်မှာမြင်ခွင့်ရဖို့ပင်ဖြစ်သည်။

ဒီနေ့မှာသူမဒီလည်ဆွဲကိုပိုင်ဆိုင်နိုင်လိမ့်မယ်လို့ မထင်ထားခဲ့ပေ။

“8.99 သန်း?” ကျင်းလန် ၏ မျက်လုံးများသည်လဲ ပြူးကျယ်သွားကာ သူမ၏ မျက်နှာတစ်ခုလုံး မယုံနိုင်သောအမူအရာဖြင့်ပြည့်နှက်​သွားတော့သည်။

ထိုအချိန်တွင် အခြားဧည့်သည်များကို နှုတ်ဆက်ရန်သွားသော လင်းကျောက်ဟောင်သည်လဲရောက်ရှိလာသည်။

“ဒီမှာဘာလုပ်နေတာလဲ?” လင်းကျောက်ဟောင် က မေးသည်။

ကျင်းရီက တအံ့တသြနဲ့ “ကျောက်ဟောင် လင်းဖန်က ဘယ်သူလဲ...?”

ဒါကိုကြားတော့ လင်းကျောက်ဟောင်က လက်းဖန်ရှိတဲ့နေရာကို ကြည့်ကာ “သူက အရမ်းထူးခြားတဲ့လူပဲ၊ သူက ငါတို့ရဲ့ ကျေးဇူးရှင်လို့လည်း ပြောလို့ရတယ်”

...

ရယ်မောသံများအကြားတွင် မင်္ဂလာပွဲသည် တဖြည်းဖြည်း ပြီးဆုံးသွားခဲ့သည်။

လင်းဖန်သည် လဲ ပန်းလုံဗီလာသို့ပြန်လာလေသည်။

နောက်ရက်များတွင်လင်းဖန်သည်ဘဝကိုအေးအေးဆေးဆေးဖြတ်သန်းနေသည်။

ရက်အနည်းငယ်သည်လျှပ်တပြက်အတွင်း ကုန်ဆုံးသွားသည်။

ယနေ့တွင် လင်းဖန်သည် ချင်ရှီသို့ တစ်ဖန်ပြန်လာခဲ့သည်။

ယနေ့တွင် ချင်ရှီ ရှိ လမ်းပေါ်တွင် စည်းကမ်းထိန်းသိမ်းရန် ဖမ်းဆီးမှုများ အများအပြားရှိနေလေသည်။

လမ်းမှာလဲတက္ကစီများနှင့်လမ်းပိတ်နေလေသည်။

ဘာကြောင့်လဲ ဆိုတော့ ဒီနေ့က တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေတဲ့နေ့ဖြစ်သောကြောင့်ပင်ဖြစ်သည်။

လင်းဖန်သည် Cullinan(ကား)ကို မောင်းနှင်ပြီး လင်းရှောင်ရီကို သယ်ဆောင်ကာ လမ်းများစွာကို ဖြတ်ကျော်လာခဲ့သည်။

နောက်ဆုံးတွင် သူတို့သည် ချင်ရှီနံပါတ် 1 အလယ်တန်းကျောင်း၏ တံခါးသို့ ရောက်လာကြသည်။

လက်းဖန်က “ဒါကို သာမာန်စာမေးပွဲတစ်ခုလိုသဘောထားပြီးဖြေလိုက်ပါ၊ စိတ်မပူပါနဲ့”

လက်းရှောင်ရီက “အစ်ကို၊ ငါ လုံးဝစိတ်မပူပါဘူး။ နောက်ဆုံးတော့၊ ငါက ပရော်ဖက်ဆာလင်းရဲ့ညီမပဲလေ”

ခေတ္တနားပြီးနောက်၊သူမက’’ညီမကျန်ပေ့ တက္ကသိုလ်ကိုတက်ရောက်ခွင့်ရရင် အခြေအနေတစ်ခုကို ကတိပေးနိုင်မလား’’ဟု ထပ်မံပြောလိုက်သည်။

လင်းဖန်က ပြုံးပြီး “ကိစ္စမရှိပါဘူး!”

“ကောင်းပြီ!” လင်းရှောင်ရီက ဝမ်းသာအားရ ပြောလိုက်သည်။

ထို့နောက် သူသမည် ချင်ရှီနံပါတ် 1 အလယ်တန်းကျောင်းထဲသို့ အမြန်ပြေးသွားခဲ့သည်။

လင်းဖန်သည် သူမ၏ နောက်ကျောကို ကြည့်ရင်း ပြုံးကာ “သူမကဒါကိုလုံးဝကို စိတ်ပူပုံမပေါ်ဘူး” လို့ ပြောလိုက်လေသည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters