← Chapters

ဆွေးနွေးကြခြင်း

Vol. 35 Ch. 520

ဆွေးနွေးကြခြင်း

Vol. 35 Ch. 520

လင်းဖန်သည်သူတို့ပြောတာကိုကြားတော့အနည်းငယ်ပြုံးကာချောင်းဆိုးလိုက်လေသည်။

ဟော့ကျောက်ဝူနှင့် အခြားသူများကချောင်းဆိုးသံကိုကြားပြီးနောက် လင်းဖန်လာသည်ကိုသိသောကြောင့်ချက်ချင်းလူစုခွဲလိုက်ကြလေသည်။

ရှောင်ပန်နှင့် ရှောင်အန်းတို့သည်ရေပုလင်းစီကို ထုတ်ယူပြီး လင်းဖန်အား ပေးလိုက်ကြသည်။

လင်းဖန်သည် ထုံးစံအတိုင်း ရေပုလင်းစီကိုယူကာ တစ်ငုံစီသောက်သည်။

ဒါကိုမြင်တော့ ရှောင်ပန်နဲ့ ရှောင်အန်းတို့ရဲ့ ချောမောလှပတဲ့ မျက်နှာပေါ်မှာ အပြုံးများပေါ်လာလေသည်။

လင်းဖန်က “မင်းတို့ မကြာသေးခင်ကဘာတွေလုပ်ပြီးပြီလား”

ဒါကိုကြားတော့ဘယ်သူမှ စကားမပြောကြပေ။

ရှောင်ပန်နှင့် ရှောင်အန်းတို့သည်အနည်းငယ် ပါးစပ်ဖွင့်လိုက်သော်လည်းချက်ချင်းပြန်ပိတ်လိုက်လေသည်။

အဆုံးတွင် သူမတို့သည် ခေါင်းကို ဖြည်းညှင်းစွာ ငုံ့ထားလိုက်ကြလေသည်။

ဒါကိုမြင်တော့ သူမတို့ဘေးမှာထိုင်နေတဲ့ လင်းချင်ကျူက ခေါင်းကို အနည်းငယ်ခါယမ်းပြီး ဒီမိန်းကလေးနှစ်ယောက်က ရှက်လွန်းတယ်လို့ တွေးလိုက်လေသည်။

“ရှောင်ပန် နဲ့ ရှောင်အန်း က ကွန်ပျူတာ တွက်ချက်မှုနဲ့ ပရိုဂရမ်တွေအကြောင်း စာတမ်းတစ်စောင်ရေးခဲ့တယ်”

“အိုတကယ်ပဲလား?” လင်းဖန်က သူ့မျက်လုံးဖြင့်ရှောင်ပန်နှင့်ရှောင်အန်းတို့ကိုကြည့်လိုက်လေသည်။

လင်းဖန်အမေးကိုကြားတော့ရှောင်ပန်နှင့်ရှောင်အန်းတို့သည်ချက်ချင်းခေါင်းညိမ့်ပြလိုက်ကြလေသည်။

လင်းဖန်က ‘’ငါ့ကိုပြလို့ရမလား’’

ရှောင်ပန် နှင့် ရှောင်အန်းတို့ က ခေါင်းညိမ့်ပြပြီးနောက်သူတို့ထိုင်စီသွားပြီးနောက်ချက်ချင်းပင်လင်းဖန် အီးမေးလ်ကိုစာတမ်းတစ်ခု ပေးပို့လိုက်သးလေည်။

ထို့နောက် အလွန်စိတ်လှုပ်ရှားနေသော မျက်လုံးများဖြင့် လင်းဖန်အား ကြည့်နေလေသည်။အချိန်ကြာလာသည်နှင့်အမျှ သူမတို့၏ နှလုံးခုန်နှုန်းသည် တဖြည်းဖြည်းမြန်လာလေသည်။

“ဒုတ် ဒုတ် ဒုတ်”

...

လင်းဖန်သည် ကွန်ပြူတာကို ဖွင့်လိုက်ပြီး အီးမေးလ်ထဲသို့ဝင်ကာပေးပို့သောအီးမေးလ်ကိုအမြန်ဖတ်လိုက်သည်။

ဤစာတမ်း၏ အကြောင်းအရာနှင့်အချက်အလက်များသည်အနည်းငယ်အဆင့်မြင့်သည်ဟုလင်းဖန်ခံစားရသည်။ဒါကိုကြည့်ခြင်းဖြင့်ရှောင်ပန်နှင့်ရှောင်အန်းတို့ဘယ်လောက်ကြိုးစားထားလဲထင်းရှားလေသည်။

စာတမ်းတွင် စာမျက်နှာ ၂၃ မျက်နှာရှိပြီး ရှုပ်ထွေးသော တွက်ချက်မှုများနှင့်...ပါဝင်လေသည်။

ကွန်ပြူတာကျွမ်းကျင်သူဖြစ်လျှင်ပင် ပြီးအောင်ဖတ်ရန် အချိန်အတော်ကြာမည်ဖြစ်လေသည်။

သို့သော်လည်း လင်းဖန်တွင် စကင်န်ဖတ်ခြင်း၊ ပညာရှင်အဆင့် သင်္ချာအတွေ့အကြုံ၊ ပညာရှင်အဆင့် ကွန်ပျူတာ အတွေ့အကြုံ၊ ဟက်ကာကျွမ်းကျင်သူ စသည်တို့ရှိခြင်းကြောင့် စာရွက်တစ်ခုလုံးကို မိနစ်အနည်းငယ်အတွင်း စေ့စေ့စပ်စပ် နားလည်သွားလေသည်။

လင်းဖန်က “မဆိုးပါဘူး!”

ဒါကိုကြားတော့ရှောင်ပန်နှင့်ရှောင်အန်းတို့သည်ကမ္ဘာပေါ်တွင်အရသာရှိသောအစားစာကိုစားလိုက်ရသလိုမျိုးအပြုံးများဖြင့်ပြည့်နှက်သွားလေသည်။

ခေတ္တနားပြီးနောက် လင်းဖန်က “စိတ်ကူးထားတာရယ်၊ ဖွဲ့စည်းမှု၊ အသုံးချမှု... ဒါတွေအားလုံးကကောင်းတယ်။ဒါပေမဲ့မှားယွင်းတဲ့ အယ်လဂိုရီသမ်တွေနဲ့ ဖော်မတ်တချို့ကိုတော့ငါချိန်ညှိပေးမယ်။ ပြီးတော့ CL ဂျာနယ်မှာ တင်ပေးရမလား’’

ဒီစကားထွက်လာတာနဲ့ ရုံးခန်းသည်အနည်းငယ် တိတ်ဆိတ်သွားလေသည်။

ရှောင်ပန်နှင့် ရှောင်အန်းမှလွဲ၍ မည်သူတစ်ဦးတစ်ယောက်မျှ ကွန်ပြူတာနှင့် မသက်ဆိုင်ကြပေ။

သို့သော်လည်းသူတို့အားလုံးက CL ရဲ့ နာမည်ကိုတော့သိကြလေသည်။

ဒါ ကွန်ပျူတာသိပ္ပံရဲ့ ထိပ်တန်းဂျာနယ်တွေထဲက တစ်ခုပင်ဖြစ်သည်။

ထိပ်တန်းဂျာနယ်သို့ စာရွက်တင်ဖို့ဆိုတာက

အလွန်ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုပင်ဖြစ်သည်။

စိန်ခေါ်မှု အောင်မြင်သည်နှင့် တပြိုင်နက်၊ ၎င်းသည် အဆုံးမရှိသော ဂုဏ်ကျက်သရေကို ရရှိမှာသေချာလေသည်။

ရှောင်ပန်နှင့် ရှောင်အန်းက “ဟုတ်ကဲ့ ပါမောက္ခ လင်း”

သူမတို့ပျော်ရတဲ့ အကြောင်းရင်းက CL ကို ထုတ်ဝေနိုင်ရခြင်းကြောင့်မဟုတ်ပေ။

ဘာလို့လဲဆိုတော့ ဒီစာတမ်းကို သူမတို့ကိုယ်တိုင်နဲ့ လင်းဖန်တို့ပေါင်းပြီးလုပ်ထားလို့ပင်ဖြစ်သည်။

...

ရှောင်ပန်နှင့် ရှောင်အန်း တို့၏သဘောတူချက်ကိုရပြီးနောက်လင်းဖန်သည်ကီးဘုတ်ပေါ်မှာဘာမှမစဉ်းစားပဲရိုက်ချင်တာရိုက်လိုက်လေသည်။

ထို့နောက် စူပါစမတ်နာရီကို စနစ်တကျ စာပြန်စီခိုင်းလိုက်လေသည်။

အချိန်သိပ်မကြာလိုက်ပေ။

ထို့နောက်လင်းဖန်သည်သူ့နာမည်ကိုပထမနေရာတွင်ရေးပြီးရှောင်ပန်နှင့်ရှောင်အန်းတို့၏နာမည်ကိုဒုတိယနေရာတွင်ရေးလိုက်လေသည်။ထို့နောက်စာရွက်ကို CL အယ်ဒီတာအဖွဲ့ထံသို့ မပေးပို့မီ နေ့ခင်းဘက်အထိ စောင့်နေလိုက်လေသည်။

...

အွန်လိုင်းတွင်လည်းဟော့ကျောက်ဝူနှင့် အခြားသူများဆွေးနွေးသလိုမျိုး ယခုနှစ်ရမဲ့နိုဘယ်ဆုရှင်များကို ဆွေးနွေးနေကြလေသည်။

နိုဘယ်ကော်မတီတွင်လည်း ဆွေးနွေးမှုတွေ လုပ်နေကြလေသည်။

ထိုအချိန်၌ ဓာတုဗေဒနိုဘယ်ကော်မတီ၏ အစည်းအဝေးခန်းတွင်။

“ဒီနှစ်အနည်းငယ်အတွင်းမှာ ငါတို့ရဲ့ ဓာတုဗေဒနယ်ပယ်က တိုးတက်လာခဲ့တယ်၊ အထူးသဖြင့် ပါမောက္ခလင်းဖန်တီထွင်လိုက်တဲ့ ဓာတုဘက်ထရီကအရမ်းအံ့ဩစရာကောင်းတာကြောင့် ဒီနှစ်ရဲ့ ဓာတုဗေဒနိုဘယ်ဆုကို ပရော်ဖက်ဆာလင်းကို ချီးမြှင့်ဖို့က ပြဿနာမရှိဘူး။” ငွေရောင်ဆံပင်နဲ့ အဘိုးအိုက ပြောလိုက်လေသည်။

သူ့ဘေးမှာထိုင်နေတဲ့လူက “ပါမောက္ခ လင်းဟာ ဓာတုဘယ်ထရီမှာအောင်မြင်မှုတွေရခဲ့တယ်ဆိုတာဟုတ်ပါတယ်....”

“ဒါပေမယ့် ပထမတစ်ခုရှိတာကပါမောက္ခ လင်း ရဲ့ ဓာတုဘက်ထရီ ရလဒ်ထွက်တာက အချိန်တိုတောင်းလွန်းပြီး ဈေးကွက်မှာလဲစမ်းသပ်မှု မပြုလုပ်ရသေးဘူး။’’

“ဒုတိယတစ်ခုကက ပါမောက္ခလင်းက

တကယ့်ကို ငယ်လွန်းတယ်။’’

“ဓာတုဗေဒ နိုဘယ်လ်ဆုကို လင်းဖန်ကို ချီးမြှင့်မယ်ဆိုရင်၊ မှတ်တမ်းတစ်ခုကိုဖန်တီးသွားလိမ့်မယ်”

သူ့ဘေးမှာထိုင်နေတဲ့ ဆံပင်ရွှေရောင်အမျိုးသမီးက ချက်ချင်း သဘောတူလိုက်လေသည်။ “ပါမောက္ခ ကူလ် ပြောတာ မှန်တယ်ထင်တယ်...”

“ပါမောက္ခ လင်းကိုတော့ က ခဏလောက်စောင့်ခိုင်းထားလိုက်ပါ။ ကျွန်တော်တို့ ပါမောက္ခ ဟော့သ်ကို ချီးမြှင့်သင့်တယ်။ သူက ပိုလီမာပစ္စည်းကို ရှာဖွေတွေ့ရှိခဲ့ပြီး နိုဘယ်လ်ဆုကိုရသင့်တယ်”

ငွေရောင်ဆံပင်အဘိုးအိုက မျက်မှောင်ကြုတ်ကာ “မင်းဘာတွေပြောနေတာလဲ။ ပထမ၊ ဓာတုဗေဒနယ်ပယ်မှာ ရှာဖွေတွေ့ရှိတာကိုအချိန်အရမ်းကြာရမှာလား။နောက်ပြီးစျေးကွက်ရဲ့အသိအမှတ်ပြုတာကိုခံရမှာလား။”

“မစ္စတာကူလ်နိုဘယ်လ်ဆု ချီးမြှင့်ရခြင်းရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ မင်း သိလား”

“သူ့ရဲ့ရည်ရွယ်ချက်က ဓာတုမှာထူးချွန်တဲ့သူတွေကိုဆုပေးနိုင်ဖို့ပဲ”

“ဒုတိယအနေနဲ့၊ နိုဘယ်ဆုမှာအသက်ကန့်သတ်ထားတာမရှိဘူး “

ငွေရောင်ဆံပင်အဖိုးအိုကရှင်းရှင်းလင်းလင်းပြောလိုက်လေသည်။

သို့သော်လည်း အတိုက်အခံများသည် ၎င်းတို့၏ အမြင်များကို အလွယ်တကူ စွန့်လွှတ်မည်မဟုတ်ပေ။

“ ပါမောက္ခ လင်းရဲ့တီထွင်မှုကိုမငြင်းပါဘူး၊ ဒါပေမယ့် ပရော်ဖက်ဆာဟော့သ်ရဲ့ တီထွင်မှုကိုလဲ ငြင်းလို့မရဘူး။” ရွှေရောင်ဆံပင်အမျိုးသမီးက ပြောလိုက်သည်။

ငွေရောင်ဆံပင်အဖိုးအိုက “ပါမောက္ခ လင်းရဲ့ စူပါဘက်ထရီဟာအလွန်ထူးခြားတယ်လို့ ဖော်ပြနိုင်ပေမယ့် ပါမောက္ခ ဟော့ ရဲ့ ပေါ်လီမာက အဲဒါကိုပြနိုင်ရဲ့လား”

အမျိုးသမီးက “ဘာလို့ မပြနိုင်ရမှာလဲ” ဟု ပြန်ပြောလိုက်လေသည်။

ထိပ်တွင်ထိုင်နေသော ငွေရောင်မျက်မှန်တပ်ထားသော အဖိုးအိုသည် စကားများ ကျယ်လောင်လာသည်ကို မြင်လိုက်ရသောအခါ ခေါင်းကိုက်လာလေသည်။

သူက လည်ချောင်းကို ရှင်းထုတ်ပြီး “လူတိုင်း ငြင်းခုံနေကြတာ ရပ်ကြပါအုံး။ဒါက ဆွေးနွေးမှု အစည်းအဝေးပဲ၊ တစ်ယောက်ထဲအမြင်နဲ့မရဘူးမဲခွဲပြီးမှဆုံးဖြတ်မှရမယ်” လို့ ပြောလိုက်လေသည်။

“မဲခွဲဖို့ကလည်းအချိန်ရှိပါသေးတယ်၊ဒါကြောင့်ပြန်ပြီးစဉ်းစားထားကြပါ… နောက်တစ်ကြိမ်အစည်းအဝေးကျရင်မဲပေးပြီးဆုံးဖြတ်မယ်”

အားလုံးက သတင်းကြားပြီးနောက် ငြင်းခုံဖြစ်မှု ရပ်တန့်သွားကာ အစည်းအဝေးခန်းတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters