ထုတ်ပြန်ခြင်း
Vol. 35 Ch. 521
တစ်ချိန်တည်းတွင် နိုဘယ်ဆေးပညာကော်မတီ အစည်းအဝေးခန်းနှင့် ရူပဗေဒနိုဘယ်ကော်မတီ အစည်းအဝေးခန်းတို့တွင်လည်း အလားတူ ငြင်းခုံမှုများ ဖြစ်ပွားခဲ့လေသည်။
ဒီလိုမျိုးငြင်းခုံကြတာကလဲ ပုံမှန်ပင်ဖြစ်သည်။
ထိုအချိန်၌ နိုဘယ်ငြိမ်းချမ်းရေး ကော်မတီ အစည်းအဝေးခန်းမတွင်။
“အမေရိကန်ရဲ့ လက်ရှိခေါင်းဆောင်က ငြိမ်းချမ်းရေးကို အလွန်မြတ်နိုးတယ်။ သူ့ကို ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ရအောင်။”
“ကျွန်တော်သဘောတူသည်!”
“ငါလဲသဘောတူတယ်!”
ထိပ်မှာထိုင်နေတဲ့ ဆံပင်ဖြူအဘိုးကြီးက “ကောင်းပြီ၊ဒါဆိုခဲနောက်မဲခွဲဆုံးဖြတ်တဲ့အစည်းအဝေးမှာမဲပေးရင်းဆုံးဖြတ်ဂအောင်...”
...
အချိန်သည် လျင်မြန်စွာကုန်ဆုံးသွားလေသည်။
ထိုအချိန်၌ ဟွာရှ(တရုတ်)မြေငလျင်စင်တာ။
မျက်နှာဝိုင်းဝိုင်းနဲ့ ဝန်ထမ်းတစ်ယောက်က လက်ဖက်ရည်တစ်ခွက်သောက်ပြီး ထိုင်နေလေသည်။
သူ့လက်ဖက်ရည်ခွက်ကို ချလိုက်တာနဲ့ အရပ်ရှည်ရှည်ရှိသောအမျိုးသားကိုတွေ့တော့သူက “ယန်လီ၊ဒီအလုပ်ကမိုက်တယ်မလား” လို့ ပြုံးပြီးမေးလိုက်လေသည်။
ထို့နောက်“အရင်က ငလျင်လှုပ်တာ ကိုခန့်မှန်းလို့မရပေမယ့် အခုက မတူတော့ဘူး။’’
“အခု ငါတို့မှာ ပရော်ဖက်ဆာ လင်း တီထွင်ထားတဲ့ ငလျင်ကြိုတင်ခန့်မှန်းစက်ရှိတော့ဘယ်နေရာမှာဘယ်လောက်ပြင်းအားရှိတဲ့ငလျင်လှုပ်မလဲဆိုတာကိုကြိုသိနေတယ်လေ”
“ဒါက တစ်ကယ့်ကိုရှေးဟောင်းပစ္စည်းတစ်ခုလို့ပြောလို့ရတယ်”
“ငလျင်လှုပ်တော့မယ်ဆိုရင်လဲ အချက်ပေးသံတွေမြည်လာမယ်လေ”
စကားဆုံးသည်နှင့်တစ်ပြိုင်နက်အချပ်ပေးသံများထွက်ပေါ်လာလေသည်။
“ဒီဒီဒီ!”
မျက်နှာဝိုင်းဝိုင်းသူက “ကြည့်ပါအုံး... ဒါက ငလျင်လှုပ်လှုပ်တော့မှာကို တွေ့လို့မြည်တာပဲ”
ထိုလူ၏ပုံစံကိုကြည့်ရသည်မှာအလားတူအခြေအနေများမကြာခဏဖြစ်ပျက်နေတယ်ဆိုတာသိနိုင်သည်။
ကမ္ဘာမြေ၏ အပေါ်ယံလွှာသည် အချိန်တိုင်း ရွေ့လျားနေလေသည်။
ထို့ကြောင့် ငလျင်လှုပ်သည်ပြင်းအားအများစုမှာအလွန်နိမ့်ကျပြီး ထိခိုက်မှုများစွာ ရှိမည်မဟုတ်ပေ။
ထို့ကြောင့် မျက်နှာဝိုင်းဝိုင်းလူသည် အလွန်ထိတ်လန့်ခြင်းမရှိပေ။
“ဘယ်နေရာမှာငလျင်လှုပ်မလဲဆိုတာကို ကြည့်ရအောင်”
စကားပြောနေစဉ်တွင် သူသည် ကော်ဖီခွက်ကိုကိုင်ကာ ငလျင်ခန့်မှန်းစက်ထံဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။
“ဖတ့်”
နောက်အခိုက်အတန့်တွင်…
မျက်နှာဝိုင်းဝိုင်း၏ ကော်ဖီခွက်သည် မြေပြင်ပေါ်သို့ တိုက်ရိုက်ကျသွားလေသည်။
ထို့နောက်သူ့မျက်လုံးများ ပြူးကျယ်သွားရင်း သူ့မျက်နှာမှာ ထိတ်လန့်မှုများနှင့်ပြည့်နှက်သွားလေသည်။
“အဆင့် 9... အဆင့် 9...”
သူသည် ငလျင်စင်တာတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီး ဤပြင်းအား၏အဓိပ္ပါယ်ကို အတိအကျသိလေသည်။
ထို့နောက် သူ့အထက်လူကြီး၏ ဖုန်းနံပါတ်ကို အမြန်ခေါ်လိုက်လေသည်။
...
ရှဂို တွင် ပြင်းအား 9ရှိတဲ့ မြေငလျင် လှုပ်ခတ်မည်ဟု မြေငလျင်ခန့်မှန်းစက်က ဖော်ပြနေသည်။
အဲဒါကို ဆွေးနွေးဖို့ အစည်းအဝေးတစ်ခုကိုကျင်းပရလေတော့သည်။
နောက်ဆုံးအနေနဲ့ ပြင်းအား ၉ ရှိတဲ့ ငလျင်တစ်ခုလှုပ်တယ်ဆိုတာကအလွန်ကိုအရေးကြီးလေသည်။
အရေးပေါ် ကယ်ဆယ်ခြင်းများကို ဆောင်ရွက်ရန် လူအင်အားနှင့် ပစ္စည်းအရင်းအမြစ်များ များစွာပါဝင်ရမည်ဖြစ်သည်။
ငလျင်ကြိုတင်ခန့်မှန်းစက်က မှားယွင်းတဲ့ခန့်မှန်းချက်ကိုထုတ်ရင်ဘယ်လိုဖြစ်မလဲ။
ဒါဟာ ယုံကြည်စိတ်ချရမှုနဲ့ နာမည်ဂုဏ်သတင်းကို ထိခိုက်စေမည်ဖြစ်သည်။
“ပြီးခဲ့တဲ့ ခြောက်လအတွင်းမှာ ငလျင်ခန့်မှန်းစက်က ငလျင် ၁၈ ကြိမ်ခန့် ခန့်မှန်းထားပြီး ငလျင်ခန့်မှန်းချက်အားလုံးကကိုက်ညီတယ်။” ငွေရောင်မျက်မှန်တပ်ထားသည့် အမျိုးသားက ပြောသည်။
“ဒီငလျင် 18 ကြိမ်လုံးက တသမတ်တည်းဖြစ်နေရင်တောင်မှ ပြင်းအား 9 ငလျင်လှုပ်မယ်ဆိုတဲ့ခန့်မှန်းချက်ရလဒ်ကို ကြော်ငြာ ဖို့က အရမ်းအန္တရာယ်များပါတယ်။ တစ်ခုခု မှားသွားရင်...” ရှပ်အင်္ကျီအဖြူ ဝတ်ထားသူက ပြောသည်။
“အကယ်၍ငါတို့မပြောရင်လဲရလဒ်ကအတူတူပဲဖြစ်မှာပဲ။ “ တစ်စုံတစ်ယောက်က အမြန်ပြန်ပြောလိုက်သည်။
“အဓိကအကြောင်းအရင်းကတော့ ရှဂိုရဲ့ ဧရိယာကငလျင်ဇုန်ထဲမှာ မရှိပါဘူး။ဒါကြောင့်ဒါက စက်ချို့ယွင်းတာဖြစ်နိုင်မသလား။” ရှပ်အင်္ကျီဖြူ ဝတ်ထားသူကို ပြောသည်။
...
လူအုပ်၏ငြင်းခုန်တာကို ကြားသောအခါတွင် ထိပ်ဆုံးတွင်ထိုင်နေသောအဘိုးအိုသည် မျက်မှောင်ကြုတ်ကာ မနေနိုင်ပေ။
ထိုအချိန်တွငိငွေရောင်မျက်မှန်တပ်ထားသည့် အမျိုးသားက “ငါပရော်ဖက်ဆာလင်းဖန်ကိုဖုန်းဆက်ပြီးမေးထားနယ်။သူပြောတာကငလျင်ကြိုတင်ခန့်မှန်းစက်အမှားလုပ်မှာမဟုတ်ဘူးလို့ ပြောပါတယ်”
အဘိုးအိုက “မြေငလျင်စင်တာက ငလျင်ကြေငြာချက်ကိုထုတ်လိုက်ပါ။”
အဘိုးကြီး ချက်ချင်းဆုံးဖြတ်ချက်ချလိုက်လေသည်။
ပြီးတော့ ဒီလိုဆုံးဖြတ်ချက်ချရတဲ့ အကြောင်းရင်းက လင်းဖန်ကြောင့်ပင်ဖြစ်သည်။
...
အင်တာနက်။
[မြေငလျင်စင်တာ- ငလျင်ခန့်မှန်းချက်အရ၊ ပြင်းအား ၉ ဒသမ ၁ အဆင့်ရှိတဲ့ငလျင်သည် ဇွန်လ ၂၀ ရက်နေ့ နံနက် ၉ နာရီတွင် ရှဂို၊ ဝူခါမြို့၌ ဖြစ်ပွားမည်ဖြစ်သည်။အားလုံးပဲဘေးကင်းရန် သတိပြုကြပါ။ 】
ဒီသတင်းကလူတချို့ရဲ့ အာရုံကို ဆွဲဆောင်လိုက်လေသည်။
မကြယခင်မှာပဲလူအရေအတွက်ကသိသိသာသာ ပိုများလာလေသည်။
[ဇီးယန်: ငါမှားကြည့်မိတာလား။ ပြင်းအား ၉.၁ ရှိတဲ့ ငလျင် ! 】
[ဖတ်စ့်: ဒါက အရမ်းကြောက်စရာကောင်းတာမဟုတ်ဘူးလား။ ! 】
[လိုက်ဖ့်- ငါတို့နိုင်ငံမှာလွန်ခဲ့သည့်နှစ်ပေါင်း ၁၀၀ အတွင်း ဤမျှကြီးမားသောငလျင်လှုပ်ခတ်မှုမျိုး မရှိခဲ့ဖူးဘူး။ 】
[စီတီ- ရှဂို မှာ ကျောင်းတက်နေတဲ့ ဆွေမျိုးတစ်ယောက်ရှိတယ်၊သူ့ကိုမြန်မြန်အိမ်ပြန်လာစေချင်တယ်။ 】
[လီပိုင်: ရှဂို၊ ဝူခါမြို့မှာပြင်းအား 9.1 ငလျင်တစ်ခု ဖြစ်ပွားမှာလား။ ဒါကမဖြစ်နိုင်ဘူးမဟုတ်လား? 】
[ဂျီဂျီ- မဖြစ်နိုင်ဘူးလား။ ဒီသတင်းကိုဘယ်သူ တင်ထားလဲ ကြည့်လိုက်အုံး။ဒါကငါပြောလိုက်ငလျင်စင်တာကပဲ။ အထူးသဖြင့်၊ငလျင်စင်တာမှာပရော်ဖက်ဆာလင်းတီထွင်ထားတဲ့ ငလျင်ကြိုတင်ခန့်မှန်းရှိတယ်။ 】
[ရီလဲ့- ငါးရက်အကြာမှာပြင်းအား 9.1 ငလျင်တစ်ခု လှုပ်မှာလား။ ဒါဆိုငါတို့နိုင်ငံကဒါကို ဘေးကင်းစွာ ဖြတ်ကျော်နိုင်မယ်လို့ ငါမျှော်လင့်တယ် 】
...
အခြားနိုင်ငံများ၏ မီဒီယာများသည်လည်း ဤသနင်းများကိုဖြန့်ဝေကြလေသည်။
[ဘီစဉ် သတင်း- ဟွာရှငလျင်စင်တာမှ ပြင်းအား 9.1 ရှိသော ငလျင်သည် ရှဂို၊ဝူခါမြို့တွင် နောင်ငါးရက်အတွင်း ဖြစ်ပေါ်လာမည်ဟု ခန့်မှန်းထားသည်။ 】
[ဂျက်: ဟွာရှက ဒီလို ခန့်မှန်းချက်မျိုးကိုတင်ရဲတယ်ဆိုတော့ ဦးနှောက်မရှိတာလား။ ဝူခါမြို့ကငလျင်ဇုန်တွင် မရှိကြောင်း သူတို့မသိကြဘူးလား။ 】
[ဝေါ့ခ့်- အရင်ကတော့၊ တရုတ်ရဲ့ ငလျင်ကြိုတင်ခန့်မှန်းနိုင်စွမ်းက ကမ္ဘာပေါ်မှာအရမ်းအဆင့်မြင့်တဲ့အဆင့်ကို ရောက်သွားပြီလို့ ကျွန်တော်ထင်ခဲ့တယ်။ ယခု ငါ ကောက်ချက်ချတာကစောလွန်းသွားပုံရသည်။ 】
[ဂျေ:ငလျင်ကြိုတင်ခန့်မှန်းစက်ကို ပရော်ဖက်ဆာ လင်းဖန် က တီထွင်ထားတယ်မဟုတ်လား။အကယ်၍ဒါသာမှားသွားရင် သူ၏ဂုဏ်သိက္ခာသည် မကြာမီ လုံးဝပျောက်ကွယ်သွားတော့မှာပဲ။ 】
...
[ရှဂိုနိုင်ငံသတင်း- ဟွာရှငလျင်စင်တာက ငါးရက်အကြာတွင် ရှိဂို၊ဝူခါမြို့မှာ ပြင်းအား ၉.၁ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်မည်ဟုခန့်မှန်းထားသည်။ 】
[လီယန်- မကြာသေးမီက လူအချို့က ဟွာရှတွင် ငလျင်ကြိုတင်ခန့်မှန်းစက်ရှိတာကြောင့် ဟွာရှနှင့် ဆက်ဆံရေးတစ်ခုထူထောင်လိုကြောင်း ပြောခဲ့ကြသည်။ ကဲ ဒါကိုလဲကည့်အုံး....။】
[မူမူ: ငါ တကယ်ကို တစ်ကယ့်ကိုသေအောင် ရယ်ရတဲ့ပျက်လုဲးပဲ။ရှဂို၊ဝူခါမြို့မှာ ပြင်းအား ၉.၁ ရှိတဲ့ ငလျင်တစ်ခု လှုပ်ခဲ့မယ်လို့တောင် ပြောရဲတာပဲ။ ဟွာရှကတစ်ကယ့်ကိုဥာဏ်မရှိတာပဲ 】
“လီလီ: နောက်ငါးရက်ကြာရင် ရှဂို၊ဝူခါမှာ ငလျင်မလှုပ်ရင်၊ တရုတ်က ဘာပြောမလဲဆိုတာ ငါမြင်ချင်သေးတယ်။ ‘’
【 ယူမီ: ငါလဲအပေါ်ကပြောသလိုမျိုးပဲသိချင်လိုက်တာ။ 】
...
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး