အချိန်ကျခြင်း
Vol. 35 Ch. 523
လူမဲ့ရဟတ်ယာဉ်များ၊ ဒရုန်းတို့သည်မြင့်မားသော အဆောက်အဦများ၊ တောင်များနှင့် သစ်တောများ... ကိုအဆက်မပြတ် ဖြတ်သန်းရင်း ဓာတ်ပုံအားလုံးကို ကမ္ဘာတဝှမ်းရှိ အဓိက ဝက်ဖ်ဆိုက်များစီသို့ အချိန်နှင့်တပြေးညီ တိုက်ရိုက်ထုတ်လွှင့်နေသည်။
အတိတ်တွင်ဒီလိုသာတိုက်ရိုက်ထုတ်လွင့်ရင် တစ်မိနစ်တောင်ဘယ်သူမှာ စောင့်ကြည့်နေမှာ မဟုတ်ပေ။
ဒါပေမယ့် ဒီနေ့တွင်တော့
ဤတိုက်ရိုက်ထုတ်လွှင့်မှုကိုကမ္ဘာတစ်ဝှမ်းရှိ မရေမတွက်နိုင်သောလူများကစောက့်ကြည့်နေကြလေသည်။
မိုးရေစက်များကဲ့သို့မှတ်ချက်များသည် စခရင်တစ်ခုလုံးကို အချိန်တိုင်း ဖုံးလွှမ်းနေလေသည်။
[ရှီ: အရင်ကတော့ ရှဂိုကိုသွားချင်ပေမယ့် ပိုက်ဆံမတတ်နိုင် မသွားခဲ့ရဘူး။အခုတော့ပိုက်ဆံမကုန်တော့ပဲရှဂိုကိုကြည့်နေရပြီ။ 】
[လုခ့်- ဒီအဆောက်အအုံက နည်းနည်းခေါတ်နောက်ကျနေပုံရတယ်။ 】
[ဂူးလ်: ဘုရားရေ! အဲဒါဘာလဲ? တောဝက်ဝံ! တောဝက်ဝံတစ်ကောင်ကို ငါတကယ်မြင်ဖူးပြီကွ။ 】
[ခရော့: ဒီဝက်ဝံက အရမ်းဆူဖြိုးတာပဲ 】
[ဂျေဂျေ: ရှဂိုအထက်ပိုင်းတွေက ဝူခါမြို့ မှာ နေထိုင်သူအားလုံးကို အမှန်တကယ် ပြောင်းရွှေ့ခဲ့တယ်ထင်တယ်။ ငါးရက်အတွင်း နေထိုင်သူအားလုံးကို ပြောင်းပေးဖို့ဆိုတာတော်တော်ခက်မဲ့ပုံပဲ 】
[စကီလ်: အရင်ကတော့ ရှဂိုနိုင်ငံရဲ့ဝန်ဖမ်းတွေက မြို့ခံတွေကို အတင်းအဓမ္မ မောင်းထုတ်တယ်လို့ အင်တာနက်မှာ တင်ထားတဲ့ သတင်းနဲ့ ပတ်သက်ပြီး အနည်းငယ် သံသယ ဖြစ်မိပေမယ့် အခု တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ပြီးမှသူတို့ပြောတာကိုငါယုံလိုက်ပြီ။
အိမ်တိုင်းနီးပါးရဲ့တံခါးတွေကဖွင့်နေတာပဲ။ 】
[ဂျူဝဲ- တံခါးများစွာဖွင့်ထားတာကြောင့်၊ နေထိုင်သူများရဲ့ပစ္စည်းတွေကလဲပျောက်သွားတာတွေဖြစ်နိုင်တယ်။ 】
[ယူခီ: ဟေ့၊ ဟိုမှာ ခွေးလေခွေးလွင့်တွေကအသားတွေစားနေကြတာပဲ။ မြို့ခံလူတွေပြောင်းရွှေ့သွားတာကသူတို့အတွက် ကောင်းမွန်တဲ့အရာဖြစ်ပုံရတယ်။ 】
[မိုက်ခ်: ပျော်ရွှင်နေတဲ့ခွေးလေခွေးလွင့်တွေပဲ။ 】
[ဒီလော့ခ်: ငါနိုးကတည်းကတည်းကအခုထိငါတိုက်ရိုက်ထုတ်လွင့်တာကိုကြည့်နေတာ】
[ယူရီ- ပြင်းအား ၉ ရှိတဲ့ငလျင်ဆိုတာကတန်ချိန် ၄၇၇ သန်းနှင့် ညီမျှသည်။ တန်ချိန် 477 သန်းနဲ့ ညီမျှတဲ့ အဓိပ္ပါယ်ကို မသိရင် နောက်ထပ် ဥပမာတစ်ခုနဲ့ပြောပြမယ်။ ဒါက နျူကလီးယားလက်နက်မှာရှိတဲ့1 သန်းနီးပါးရှိတဲ့စွမ်းအင်နဲ့တူတယ်။ဒါကြောင့်ဒါက ဘယ်လောက်တောင် ကြောက်စရာကောင်းနေပြီလဲ သိကြပြီလား။ 】
【မက်ခ့်: မင်းဒီလိုပြောမှပဲငါရုတ်တရက်လင်းဖန်ရဲ့ ငလျင်ခန့်မှန်းစက်ခန့်မှန်းတာမှန်မမှန်သိချင်လာပြီ။ 】
[တီနို- တရုတ်က ငလျင်စင်တာကဟွာရှနာရီ ၉ နာရီမှာ ငလျင်လှုပ်မယ်လို့ပြောထားတယ်၊ ဟွာရှမှာကိုးနာရီထိုးဖို့ 5 မိနစ်ပဲလိုတော့တယ်။ 】
...
ဟွာရှ။
အစည်းအဝေးခန်းတစ်ခုတွင် စကားပြောဆိုမှု၊ သို့မဟုတ် အဆက်မပြတ်ငြင်းခုန်သံများဖြင့်ပြည့်နေလေ့ရှိလေသည်။
သို့သော် ဒီအချိန်တွင်...
ပင်မထိုင်ခုံမှာထိုင်နေတဲ့ အဘိုးကြီးအပြင်အနောက်တိုင်း ၀တ်စုံဝတ်ထားတဲ့ အမျိုးသားနဲ့ အမျိုးသမီးတစ်စုတို့သည်တိတ်ဆိတ်စွာတိုက်ရိုက်ထုတ်လွင့်တာကိုကြည့်နေကြလေသည်။
“၃ မိနစ်ပဲလိုတော့တယ်” တစ်စုံတစ်ယောက်က အသံတိုးတိုးလေးဖြင့်ပြောလိုက်သည်။
...
ကျန်ပေ့ တက္ကသိုလ်။
ဟော့ကျောက်ဝူ၊ နှင့် အခြားသူများလည်း အတူတကွ ဆွေးနွေးခဲ့ကြသည်။
သို့သော် လင်းဖန် ရောက်လာရင်သူတို့အားလုံးကလူစုခွဲလေ့ရှိလေသည်။
သို့သော်ဒီနေ့တွင်လင်းဖန်သည် ရုံးခန်းသို့ရောက်လာပြီဖြစ်သော်လည်း သူတို့သည် ကွန်ပြူတာပတ်လည်တွင် စုရုံးကာ စူးရှသောမျက်လုံးများဖြင့် ဖန်သားပြင်ကို စိုက်ကြည့်နေကြသည်။
ဟော့ကျောက်ဝူသည် ဖန်သားပြင်ကိုကြည့်နောက်လင်းဖန်အား “ပါမောက္ခလင်း...’’
သူစကားမဆုံးခင်မှာ လင်းဖန်က “ငလျင်ခန့်မှန်းစက်က မှားမှာမဟုတ်ဘူး”လို့ဖြတ်ပြောလိုက်လေသည်။
တကယ်တော့ ဟော့ကျောက်ဝူက ဒီအမေးခွန်းကိုအကြိမ်ပေါင်းများစွာ မေးနေလေသည်။
လင်းဖန်သည်သူသည်ဒါကိုလိမ်ပြီးပြောတာမဟုတ်ပေ။
ဒါအမှန်တရားပင်ဖြစ်သည်။
ငလျင်ကြိုတင်ခန့်မှန်းစက်သည် ဘယ်တော့မှအမှားအယွင်းရှိမှာမဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော်၊ ဤသညက်စနစ်မှရရှိသောထုတ်ကုန်ဖြစ်သောကြောင့်ဖြစ်သည်။
ထို့အပြင်လင်းဖန်သည် ငလျင်ကြိုတင်ခန့်မှန်းစက်၏ အသေးစိတ်အချက်အလက်များကိုလည်း သိရှိထားသောကြောင့် ငလျင်ကြိုတင်ခန့်မှန်းစက်၏ လုပ်ဆောင်ချက်များကိုလဲသိလေသည်။
ဟော့ကျောက်ဝူက ရှက်ကိုးရှက်ကန်းဖြင့် မတတ်နိုင်ဘဲ “ဟုတ်ကဲ့ပါ..”လို့ပြောလိုက်လေသည်။
ထို့နောက် ကွန်ပြူတာ၏ ညာဘက်အောက်ထောင့်ရှိ အချိန်ကို တစ်ချက်ကြည့်လိုက်ပြီး အသက်ပြင်းပြင်းရှူကာ “၉ နာရီထိုးဖို့ ၂ မိနစ်ပဲလိုတော့တယ်” ဟုဆိုသည်။
...
ရှဂိုနိုင်ငံ။
အစည်းအဝေးခန်း။
ထိပ်တွင်ထိုင်သော အမျိုးသားနှင့် အနောက်တိုင်းဝတ်စုံဝတ်ထားသော အမျိုးသား၊ အမျိုးသမီးတစ်စုသည် မျက်တောင်မခတ်ဘဲ တိုက်ရိုက်ထုတ်လွှင့်သည့် ဖန်သားပြင်ကို စိုက်ကြည့်နေကြသည်။
အစည်းအဝေးခန်းတစ်ခုလုံးသည်အလွန်တိဆိတ်နေလေသည်။
လူများစွာ၏ မျက်နှာများတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည်။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဝူခါနှင့် တစ်ခြားမြို့များကို ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ကြသောကြောင့်ဖြစ်သည်။
ငလျင်ခန့်မှန်းစက်၏ရလဒ်မှာ မှားယွင်းပါက၊ ယင်းအတွက် ၎င်းတို့သည်လည်း များစွာတာဝန်ယူရမည်ဖြစ်သည်။
ထိုအချိန်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက “ဟွာရှမှာ၉ နာရီထိုးဖို့တစ်မိန်စ်ပဲလိုတော့တယ် “ ဟု တိုးတိုးလေးပြောလိုက်သည်။
ဒီစကားထွက်လာတာနဲ့တစ်ပြိုင်နက်အကုန်လုံးချက်ချင်းတိတ်ဆိတ်သွားပြန်သည်။
...
ဤအချိန်တွင် တိုက်ရိုက်ထုတ်လွင့်သောဗီဒီယို၌။
စခရင်တစ်ခုလုံးသည်မက်ဆေ့များနှင့်သာပြည့်နေလေသည်။
[ဟေးဒီးစ်: ငလျင်မလှုပ်သေးဘူးလားကွာ။ 】
【ဂျေဒီ: အေးဆို 】
[ဝူဒေါ့: ဝူခါမြို့မှာ ပြင်းအား 9.1ရှိတဲ့ငလျင်လှုပ်မယ်လို့ မင်းတို့တကယ်ထင်နေတာလား။ 】
[ဒန်ဒန်- ငါလဲငလျင်လှုပ်မယ်ဆိုတာမယုံဘူး 】
【ရန်မိုတို- ငါတို့ရဲ့ဂျပန်နိုင်ငံက 10 စက္ကန့်အတွင်း ငလျင်လှုပ်တာကိုတိကျစွာခန့်မှန်းနိုင်တယ်။အခုထိတော့ငလျင်လှုပ်မယ်လို့တော့မထင်ဘူး 】
[ယူရီ- အရင်တုန်းကတော့ငါတို့ကလင်းဖန်ကိုငါတို့ဘရာဇီးနိုင်ငံရဲ့... အဖွဲ့ဝင်တစ်ယောက်အဖြစ်ခေါ်ချင်ခဲ့တယ်။ဒါပေမဲ့အခုဒါက်ုကြည့်ရသလောက်ငါတို့ဒါကိုပြန်ပြီးဆုံးဖြတ်သင့်ပြီ။ 】
[စကီ: အားလုံးပဲတရုတ်စံတော်ချိန်၉နာရီထိုးဖို့၁၀ စက္ကန့်ပဲလိုပါတော့တယ် 】
[ယူရန်- ၉။ 】
[S: 8! 】
【ကင်း - 7! 】
[ဝေါ့: 6! 】
...
ချက်ခြင်းတွင်၊ စခရင်မျက်နှာပြင်တစ်ခုလုံးတွင်ဂဏန်းများဖြင့် ဖုံးအုပ်သွားတော့သည်။
လူတစ်ချို့သည်သည် အချိန်မရွေး ပေးပို့ရန် အဆင်သင့်ဖြစ်နေအောင် လှောင်ပြောင်သော စကားလုံးများနှင့် ဆောင်းပါးများစွာကို ပြင်ဆင်ထားလေသည်။
[နီကို- 3 】
[ဟန်တာ- 2 】
[အက်စ့်: 1! 】
‘1’ ဆိုသောဂဏာန်းသည်စခရင်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။
“ဗွမ်း!”
“ဗွမ်း!”
“ဗွမ်း!”
မူလက အလွန်ငြိမ်းချမ်းသော အထပ်မြင့်အဆောက်အအုံများ၊ လမ်းများနှင့် တောင်တန်းများသည် ရုတ်တရက် လှုပ်ယမ်းသွားပြီးပြိုကျသွားတော့သည်။
...
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး