← Chapters

ငွေအပ်အားကြောက်ရွံ့ခြင်း

Vol. 88 Ch. 1223

ငွေအပ်အားကြောက်ရွံ့ခြင်း

Vol. 88 Ch. 1223

သတင်းများသည် လက်နက်သခင်များအသင်းတွင် လျင်မြန်စွာပျံ့သွား သည်။ ဟော်ချန်းဒုံ၏ မိသားစုသည် သူတို့လည်းလိုက်ချင်သည်ဟူသည့် စကားများပြောကာ သတင်းပျံ့လာခဲ့သည်။

ကြည့်ရတာ ဥက္ကဌကြီးက သူ့သမီးကို တကယ်ဂရုစိုက်တဲ့ပုံပဲ။

စဉ်းစားကြည့်တော့လဲ သူ့မှာ ဒီလိုသိုသိုသိပ်သိပ်နေတတ်တဲ့ သမီး တစ်ယောက်ရှိတာ ဘယ်သူကမကြိုက်ဘဲနေမှာလဲ။

နှစ်ဖက်လံးဆွေးနွေးပြီးနောက်တွင် သူတို့သည် နောက်တစ်နေ့ မနက် စောစောတွင် ခရီးထွက်ကြပြီး နေ့လည်မရောက်ခင်တွင် ရောက်သွားကြ သည်။

ရှောင်ဟုန်သည် ဥက္ကဌကြီးသမီးဖြစ်သည်ကို လက်နက်သခင်များ အသင်းမှလူများ မသိကြသော်လည်း သူမကိုဂရုစိုက်မှုတွင် မသက်ရောက် ပေ။ သူတို့သည် သူမကိုကုပေးမည်ဟု ကြားသည်နှင့် ရှီမာယူယူနောက်လိုက် ရန် သဘောတူကြလေသည်။

တကယ်တော့ သူတို့သည်လည်း အရည်အချင်းရှိသည့်လူငယ်နှင့် သိကျွမ်းချင်ကြသည်။

သူတို့ရောက်သောအခါ အသည်းကွဲတောင်ကြားမှ လူများထုတ်ပိုး ပြင်ဆင်ပြီးလေသည်။ ကံကောင်းစွာပင် တဲအနည်းငယ်သာရှိရာ မှော်ဝင် လက်စွပ်အတွင်းထည့်လိုက်ရုံနှင့် ပြီးလေသည်။

ဟော်ချန်းဒုံထွက်မသွားခင် သူသည် ရှီမာယူယူနှင့် သီးသန့်တွေ့ဆုံ လေသည်။ ရှောင်ဟုန်သည် ထိုအခြင်းအရာကိုမြင်သောအခါ ရှီမာယူယူ သူမ ကို ကုမပေးတော့ဟု ပြောမည်ကို စိုးရိမ်နေသည်။

အားလုံးသည် သူတို့၏ဥက္ကဌ ဒေါသကိုသိကြသည်။ လူအများနှင့် လက်နက်သခင်အသင်းပင်လျှင် သူ၏ ဒေါသကြောင့် အငြင်းပွားခဲ့ရသည်။ ထို့ကြောင့် သူတို့စိုးရိမ်မှုသည် အခြေအမြစ်မရှိပေ။

သူတို့အထဲမှာ အနေကြာလေ တခြားသူများ ပိုစိုးရိမ်လေဖြစ်သည်။ အထဲတွင် တစ်ခုခုဖြစ်နေသည်ဟု အားလုံးထင်လိုက်ချိန်တွင် ရှီမာယူယူနှင့် ဟော်ချန်းဒုံတို့သည် တဲထဲမှထွက်လာသည်ကို မြင်လိုက်ရသည်။ လက်နက် သခင်အသင်းကို အံ့သြသွားစေသည်မှာ သူတို့ဥက္ကဌသည် အမှန်တကယ်ပင် ပြုံးနေလေသည်။

စကားနည်းသော ဥက္ကဌသည် တကယ်ပင်ပြုံးနေသည်။ ဒါကအရမ်းကို.. ထူးဆန်းနေတယ်။

ရှီမာယူယူသည် မှင်တက်စွာကြည့်နေသော လူများကိုကြည့်ပြီး ငေးငိုင် စွာမေးလိုက်သည်။ “ဘာဖြစ်တာလဲ”

“ဟင် ဘာမှမဟုတ်ပါဘူး” ရှောင်ဟုန် ဆက်ပြောလေသည်။ “ကြည့်ရ တာ အကုန်ထုတ်ပိုးပြီးပြီထင်တယ် သွားကြတော့မလား”

အသည်းကွဲတောင်ကြားမှလူများသည် မြန်ဆန်ကြသည်။ သူတို့ စကား ပြောနေချိန်တွင် အကုန်ထုတ်ပိုးပြီးကြသည်။ သူတို့သည် ရှီမာယူယူ၏ တဲကို သိမ်းပြီး လူများသည် ထွက်သွားရန်ပင်ပြင်နေကြသည်။

ရှောင်ဟုန်ကို ကုသရန်အတွက် သူမသည် ရှီမာယူယူနှင့်တခြားသူများ နှင့်အတူ ဟာစွန်၏ကျောပေါ်တွင်ထိုင်ရသည်။

ရှီမာယူယူသည် သူမ သွေးခုန်နှုန်းထပ်စမ်းပြီး ဆေးတစ်လုံးတိုက်လိုက် သည်။

“ဒါကိုသောက်လိုက် ညကျရင် အပ်စိုက်ပေးမယ်”

“အိပ်စိုက်မယ်ဟုတ်လား အဲဒါဘာလဲ” ရှောင်ဟုန်သည် ထိုအရာကို ပထမဆုံးကြားဖူးခြင်းဖြစ်သဖြင့် သိချင်စိတ်ဖြင့်မေးလိုက်သည်။

“ညကျရင် သိလိမ့်မယ်” ရှီမာယူယူ ပြောလိုက်သည်။

“ကောင်းပြီ” ရှောင်ဟုန်သည် ဆေးစားပြီးနောက် ညရောက်မည်ကို လိမ်လိမ်မာမာဖြင့် စောင့်လေသည်။

ခါတိုင်းလိုသာဆိုလျှင် သူတို့သည် ရက်အနည်းငယ်ပြီးမှ အနားယူကာ ညတွင်ရပ်ပြီး တဲထိုးလေ့မရှိပေ။ သို့သော် ယခုအချိန်တွင် အခြေအနေများမှာ မတူပေ။ သူမသည် ရှောင်ဟုန်ကို ကုသရန်လိုသဖြင့် စခန်းချရန်လိုလေ သည်။

ကံကောင်းစွာပင် အသည်းကွဲတောင်ကြားတွင် ရှီမာယူယူ၏ ဂုဏ်သိက္ခာသည် မြင့်မားသည်။ သူမ ပြောသမျှကို ကန့်ကွက်ဝံ့သူမရှိဘဲ လမ်း တစ်လျှောက်တွင် လူတိုင်းသည် တစ်ဦးနှင့်တစ်ဦး စည်းလုံးခဲ့ကြသည်။

ညပိုင်း စခန်းချသောအခါ ရှီမာယူယူသည် ရှောင်ဟုန်ကို တဲဆီသို့ ခေါ် ပြီး ဝိညာဉ်အတားအဆီးပြုလုပ်ကာ သူမကို အဝတ်အစားများချွတ်ခိုင်းလေ သည်။

“အဝတ်… အဝတ်ချွတ်ရမှာလား” ရှောင်ဟုန်သည် လန့်သွားလေသည်။

ဒီရောဂါက အဝတ်ချွတ်ဖို့လိုတာလား။ သူမ အရင်ကမကြားဖူးပါဘူး။

ရှီမာယူယူသာ မိန်းကလေးမဟုတ်ပါက သူမ ထိုနေရာတွင်ပင် ပေါက်ကွဲသွားနိုင်သည်။

ရှီမာယူယူသည် ငွေအပ်ကိုပြင်ဆင်ကာ လှည့်ပြီး သူမ ငေးငိုင်နေသေး သည်ကိုမြင်သောအခါ ပြောလိုက်သည် “မင်းအဝတ်မချွတ်ရင် ကျွန်မက ဘယ်လိုလုပ်အပ်စိုက်ရမလဲ”

ရှောင်ဟုန်သည် သူမ လက်ထဲမှသေးသွယ်သောအပ်ကိုမြင်သောအခါ လန့်ကာ ငေးငိုင်စွာကြည့်ပြီး ပြောလေသည် “အဲဒါကို ကျွန်မခန္ဓာကိုယ်ထဲ ထိုးမလို့လား”

“ဟုတ်တယ်လေ” ရှီမာယူယူသည် သူမကို ထိုပုံစံအတိုင်းမြင်သောအခါ သံသယဖြင့် မေးလိုက်သည်။ “ကြောက်လို့လား”

“အဟမ်း တခြားဟာဆိုရင် ရတယ် ပါးပြီးရှည်တဲ့ပစ္စည်းတွေဆို နည်းနည်းကြောက်တယ်” ရှောင်ဟုန် ဝန်ခံလေသည်။

“မစိုးရိမ်ပါနဲ့ ဒါက အပ်စိုက်တဲ့နေရာတွေအတွက်ပဲ တခြားဘယ်နေရာမှ မထိုးပါဘူး မနာဘူးရယ်” ရှီမာယူယူ ပြောလိုက်သည်။

“တကယ်လား” ရှောင်ဟုန်သည် မယုံနိုင်ပေ။

“လိမ်တယ်ဆိုရင် ဆက်မလုပ်တော့ဘူးလား” ရှီမာယူယူ သူမကို စနောက်လိုက်သည်။

ရှောင်ဟုန်၏ အကြည့်များတောက်ပသွားပြီးနောက် ပိုသေချာသွားကာ သေဆုံးရန်မကြောက်သည့် မျက်နှာထားဖြင့်ပြောလေသည် “တကယ်နာ တယ်ဆိုရင်တောင် မကြောက်ဘူး လုပ်လိုက်တော့”

ရှီမာယူယူသည် သဘောကျကာ ရယ်ရင်းပြောလိုက်သည်။ “ဒါဆိုရင် အရင်ဆုံးအဝတ်ချွတ်လိုက်ပါဦး”

ရှောင်ဟုန်သည် တခြားသူရှေ့တွင် အဝတ်မပါဘဲ နေရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သဖြင့် အနည်းငယ်ရှက်တုန်းပင်။ ကံကောင်းစွာပင် ရှီမာယူယူသည် သူမကို အတွင်းဝတ် ဝတ်ခိုင်းထားသဖြင့် သက်သာရာရသွား သည်။

“စိတ်လျော့ထား ကြွက်သားတွေတင်းမထားနဲ့” ရှီမာယူယူသည် စိတ်လှုပ်ရှားမှုကြောင့် သူမ ခန္ဓာကိုယ်ကြွက်သားများတင်းနေသည်ကို မြင် သည်နှင့် သူမလက်မောင်းကိုပုတ်လိုက်သည်။

ရှောင်ဟုန်သည် အသက်ပြင်းပြင်းနှစ်ချက်ရှိုက်ကာ ပြောလိုက်သည် “ယူယူ ကျွန်မကကိုယ်ပေါ်ဓားတစ်ချက် ဝှေ့ရင်တောင် မျက်တောင်မခတ်ဘူး ဒါပေမဲ့ ပါးပြီးရှည်တဲ့ပစ္စည်းကိုတော့… အခုကို စိတ်ကအတတ်နိုင်ဆုံးလျှော့ ထားတာ”

သူမ မည်သည့်အရာကိုပြောရန် ကြိုးစားနေသည်ကို ရှီမာယူယူ နားလည်သည်။ တချို့လူများသည် ပစ္စည်းတချို့ကို ခံစားလွယ်ကြသည်။ တခြားသူများ တစ်မျိုးစဉ်းစားကြသော်လည်း သူတို့အတွက်တော့ လက်ခံရန် ခက်ခဲနိုင်သည့်အရာဖြစ်သည်။

“ဒါဆိုရင် မျက်လုံးမှိတ်ထားချင်လား”

“ထားလိုက်ပါတော့ မျက်လုံးမှိတ်ထားရင် ပိုကြောက်လိမ့်မယ်” ရှောင်ဟုန် ဆက်ပြောလေသည် “နည်းနည်းလောက် သွေးပူအောင်လုပ်လိုက် ဦးမယ် ခဏနေရင် အဆင်ပြေမှာပါ”

“အိုကေ” ရှီမာယူယူသည် မလောပေ။ သူမသည် ငွေအပ်ကိုင်ထားရင်း သူမနှင့် စကားပြောနေလိုက်သည်။ “လက်နက်သခင်များအသင်းမှာဆိုရင် ဘယ်လိုလဲဆိုတာ ပြောပြပါလား အဲဒီကိုမရောက်ဖူးလို့”

“လက်နက်သခင်များအသင်းလား အဲအကြောင်းပြောရရင်တော့ အဲဒီ နေရာက ယောက်ျားထုကြီးရဲ့နေရာပေါ့” ရှောင်ဟုန် ဆက်ပြောလေသည် “တခြားအသင်းတွေနဲ့မတူတာတော့ လက်နက်သခင်များအသင်းမှာ မိန်းကလေးနည်းတယ် ယောက်ျားလေးများပြီး အနံ့ကိုပေါင်းစုံနေတာပဲ”

“တကယ်ကြီးလား” ရှီမာယူယူ ရယ်မောလိုက်သည်။ “မင်းရဲ့ စီနီယာ အစ်ကို အနံ့ထွက်တာကို ဘာလို့ ကျွန်မသတိမထားမိတာပါလိမ့်”

“ဘာလို့လဲဆိုတော့ သူတို့က လက်နက်တွေမသန့်စင်ဘူးလေ” ရှောင်ဟုန် ဆက်ပြောလေသည် “လက်နက်တွေ သန့်စင်တဲ့အချိန်ဆိုရင် တော့ မီးဖိုနားမှာတစ်နေကုန်ဝိုင်းပြီး ဝိညာဉ်လက်နက်တွေကို ပွတ်တိုက်ရလို့ နေ့တိုင်းချွေးတွေရွှဲပြီး သူတို့ကိုသူတို့ မသန့်ရှင်းနိုင်လို့ ညစ်ပတ်ပြီး အနံ့တွေ ကိုထွက်လို့”

“ဒါဆိုရင် မင်းကျ အဲဒါတွေကို ဘယ်လိုရင်ဆိုင်လဲ” ရှီမာယူယူ မေး လိုက်သည်။

“ပုံမှန်ဆိုရင် ကျွန်မလည်းသတိမထားမိဘူး” ရှောင်ဟုန် ဆက်ပြောလေ သည်။ “ကျွန်မလက်နက် စသန့်စင်တာနဲ့ ဘေးပတ်ဝန်းကျင်ကို သတိမထား မိတော့ဘူး…”

ရှောင်ဟုန်သည် စကားပြောလိုက်သည်နှင့် မရပ်မနားပြောရာ တဖြည်းဖြည်း စိတ်လျော့သွားသည်။ သူမ သတိမထားမိချိန်တွင် ရှီမာယူယူ သည် အပ်စိုက်မည့် နေရာကို အပ်စိုက်လိုက်သည်။ ခဏအတွင်း၌ပင် သူမ ခန္ဓာကိုယ်တွင် အပ်များဖြင့် ပြည့်သွားလေသည်။

ရှောင်ဟုန် သတိဝင်လာချိန်တွင် သူမ ခန္ဓာကိုယ်တွင် အပ်များစိုက်နေ သည်ကို သိလိုက်ရသည်။ သူမ ထူးဆန်းစွာပြောလေသည်။ “တကယ်ပဲမနာ ဘူးပဲ”

“မနာဘူးလို့ ပြောသားပဲလေ” ရှီမာယူယူ ဆက်ပြောလေသည် “အခု မကြောက်တော့ဘူးမလား ဒါဆိုရင် ဆက်လုပ်မယ်နော်”

သူမကိုယ်သူမ ကြည့်ပြီးနောက်တွင် ရှောင်ဟုန်သည် ပို၍ စိတ်သက်သာရာရကာ ရှီမာယူယူကို အပ်ဆက်စိုက်ခိုင်းလိုက်သည်။

ပထမဆုံးနေ့တွင် အပ်စိုက်ရမည့်နေရာမှာ မများလှသဖြင့် တစ်နာရီခွဲ အတွင်းပြီးသွားလေသည်။ ရှောင်ဟုန် အဝတ်ဝတ်ပြီးသည်နှင့် ရှီမာယူယူ ထွက်သွားလိုက်သည်။ ဘေးသစ်ပင်၏ အကိုင်းတွင် ဝူလင်းယူသည် မျက်ခုံးတွန့်ကာ ငေးငိုင်နေသည်ကိုတွေ့လိုက်ရသည်။ တစ်ခုခုဖြစ်တဲ့ပုံပဲ။

သူမ ထွက်လာသည်ကို သူ ခံစားမိသည်နှင့် ခေါင်းမော့ကာ သူမကို ခေါင်းညိတ်ရုံသာညိတ်ပြလေသည်။ သူ သူမကို တုန့်ပြန်ချက် ကြီးကြီးမားမား မရှိသည်မှာ ရှားပါးသည်။

***

All Chapters