← Chapters

ပြန်ချေပခြင်း

Vol. 35 Ch. 524

ပြန်ချေပခြင်း

Vol. 35 Ch. 524

အခုချိန်တွင်ဝူခါတစ်မြို့လုံးသည်လုံးဝကိုဖရိုဖရဲဖြစ်နေလေသည်။

“ဖက့်”

“ဖက့်!”

လမ်းပေါ်တွင်လည်းလျှိုမြောင်များ ရုတ်တရက် ပေါ်လာသည်။

ထို့အပြင်မရေမတွက်နိုင်သော ကြောက်မက်ဖွယ်ကောင်းသော တွင်းနက်ကြီးများလည်း ဖြစ်ပေါ်လာလေသည်။

“ဗွမ်း!”

မြင့်မားသော အဆောက်အဦများသည်လည်း ပြိုကျကာ အသားစားနေသော ခွေးလေခွေးလွင့်များပေါ်တိုက်ရိုက်ကျသွားကာ ကောင်းကင်တစ်ခုလုံး မီးခိုးများနှင့်ပြည့်နှက်သွားတော့သည်။

ထို့နောက်ဧရာမတောင်ကြီးသည်လဲချက်ချင်းပင်ပြိုကျသွားလေသည်။

လေများလည်းအလွန်တိုက်ခတ်သောကြောင့်ကျောက်တုံးကြီးများသည်အပေါ်သို့တက်သွားကာ ဒရုန်းအများအပြားကိုအပိုင်းပိုင်းအဖြစ်သို့ ရောက်ရှိသွားယုံသာမကမောင်းသူမဲ့ ရဟတ်ယာဉ်များသည်လည်းအချိန်မီ မတုံ့ပြန်နိုင်သောကြောင့် ပြုတ်ကျသွားခဲ့လေသည်။

“ဗွမ်း!”

...

အခုအချိန်တွင်ကွန်ပြူတာရှေ့မှာ ထိုင်နေတဲ့လူတွေ အားလုံးရဲ့ပါးစပ်တွေကကျယ်လောင်စွာဖွင့်ဟနေပြီး မျက်လုံးများလဲပြူးကျယ်နေလေသည်။

သူတို့သည် သဘာဝတရား၏ ကြောက်မက်ဖွယ်ကောင်းသောစွမ်းအားကို ပထမဆုံးအကြိမ်အဖြစ် ​မျက်မြင်ကိုယ်တွေ့မြင်ခဲ့ကြလေသည်။

အဆောက်အအုံများနှင့်မြင့်မားသောတောင်တန်းများသည်လည်းယခုအချိန်တွင်မရှိကြတော့ပေ။

ဒါ...ကြောက်စရာပင်ဖြစ်သည်။

ယခုအချိန်တွင်အတင်းအဓမ္မ ပြောင်းရွှေ့ခံခဲ့ရသောဝူခါမြို့ခံတွေဟာလည်းသူတို့ရဲ့ နဖူးမှာ အေးစက်တဲ့ ချွေးတွေ စီးကျနေလေသည်။

အကယ်၍အခုသာသူတို့မပြောင်းရွှေ့ခဲ့ရင်...။

အဲဒါကို တွေးလိုက်ရုံနဲ့ သူတို့ ရင်တထိတ်ထိတ် ဖြစ်သွားကြသည်။

...

သာမာန်လူများ ထိတ်လန့်သွားသလိုရှဂို၏ အထက်ပိုင်းအစည်းအဝေးခန်းတွင်လူများပင် အကြာကြီး နှုတ်ဆိတ်နေခဲ့ကြသည်။

ကံကောင်းထောက်မစွာဖြင့် ငလျင်လှုပ်ခတ်ရာနေရာမှ ဒေသခံများကို အချိန်မီ ကယ်ထုတ်နိုင်ခဲ့သောကြောင့် ထိခိုက်သေဆုံးမှု မရှိခဲ့ပေ။

အကယ်၍ လင်းဖန်ရဲ့ငလျင်ခန့်မှန်းစက်သာမရှိရင် ဒါမှမဟုတ် ငလျင်ခန့်မှန်းစက်ရဲ့ရလဒ်ကို မယုံခဲ့ရင်...

ဒါဆို ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမလဲ။

ဒါကတွေးယုံနဲ့အလွန်ကြောက်စရာကောင်းသောကိစ္စပင်ဖြစ်သည်။

ထိုကဲ့သို့ ကြီးမားသော ဘေးအန္တရာယ်ကိုအသေအပျောက်မရှိကျော်လွှားနိုင်ခဲ့သောလည်းနောက်ဆက်တွဲတွေကရှိသေးလေသည်။

ဒါက တစ်ညတည်းနဲ့ ပြန်ကောင်းလာနိုင်တဲ့ အရာမဟုတ်တာတော့ သေချာလေသည်။

ပင်မထိုင်ခုံပေါ်မှာထိုင်သောလူသည် ပထမဆုံးတုံ့ပြန်လိုက်သည်။

သူက အသက်ပြင်းပြင်းရှူပြီး “ငလျင်လှုပ်ပြီးပြီဆိုတော့ … ပစ္စည်းဆုံးရှုံးမှုတွေကို ရေတွက်ဖို့နဲ့ သဘာဝဘေးအန္တရာယ် အပြီး ပြန်လည်တည်ဆောက်ရေး လုပ်ငန်းမှာ ကောင်းကောင်းလုပ်နိုင်ဖို့ ငါတို့မှာရှိတာတွေကိုတတ်နိုင်သမျှ အသုံးပြုပါ”

ထိုလူ၏စကားသံကြောင့်ချက်ချင်းအသိပြန်ဝင်လာကြလေသည်။

အစည်းအဝေးရှိလူအကုန်လုံးသည်လေးနက်သောလေသံဖြင့်တညီတညွတ်တည်းပြောလိုက်ကြလေသည်- “ဟုတ်ကဲ့!”

...

ဟွာရှအစည်းအဝေးခန်း။

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေစဉ်တွင် လူတိုင်းသည်သက်ပြင်းများချကာ တစ်ချိန်တည်းမှာပင် သူတို့အကုန်လုံးသည်တုန်လှုပ်ခြောက်ခြားမှုနှင့်ဝမ်းနည်းမှုကိုခံစားလိုက်ကြလေသည်။

ဤကဲ့သို့သော သဘာဝဘေးဒဏ်ကို လူအင်အားဖြင့် လုံးဝ တွန်းလှန်၍ မရနိုင်ကြောင်းကိုသူတိို့အားလုံးတွေးမိလိုက်ကြလေသည်။

ပင်မထိုင်ခုံမှာထိုင်နေတဲ့ အဘိုးအိုက “သူတို့ကိုတတ်နိုင်သမျှလှူဒါန်းပြီး ကူညီပေးလိုက်ကြပါ”

“ဟုတ်ကဲ့” အားလုံးက တညီတညွတ်တည်း ပြောလိုက်ကြသည်။

...

ကျန်ပေ့တက္ကသိုလ်၊ ရုံးခန်း။

နင်းကျန်ကျန်းနှင့်တစ်ခြားသူများသည်ပါးစပ်အဟောင်းသားဖြင့်တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသည်။

သူတို့သည်လဲကြောက်မက်ဖွယ်ငလျင်ကြောင့်ထိတ်လန့်သွားကြသည်။

အချိန်အတော်ကြာပြီးနောက် ဟော့ကျောက်ဝူ က ခြောက်သွေ့သောလေသံဖြင့် “ပါမောက္ခ လင်းမင်းရဲ့ငလျင်ခန့်မှန်းစက်က တစ်ကယ့်ကိုတိကျတာပဲ”

လင်းဖန်သည် တိုက်ရိုက်ထုတ်လွှင့်သည့် ဖန်သားပြင်ကို စိုက်ကြည့်ကာ ပေါ့ပေါ့တန်တန် ခေါင်းညိတ်ကာ “အဲ့လိုပဲဖြစ်ရမယ်လေ” ဟု ပြောလိုက်သည်။

...

ငလျင် လှုပ်တာငြိမ်သက်သွားပြီးနောက်တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်တွင်မရေမတွက်နိုင်မက်ဆေ့များဖြင့်ပြည့်နှက်သွားတော့သည်။

[အီစကီ: ငလျင်၊ဒါကအရမ်းကြောက်စရာကောင်းတာပဲ။ 】

[ဒန်ရီ- အခုထိငါ့တစ်ကိုယ်လုံး တုန်နေတုန်းပဲ 】

[ဖန်နီ-ဒါကသဘာဝရဲ့စွမ်းအားပဲ။ 】

【ကယ်ရီ: သဘာဝတရားရဲ့ရှေ့မှာ လူသားတွေ ဘယ်လောက်အားနည်းနေတယ်ဆိုတာကို နက်နက်နဲနဲ နားလည်သွားပြီ။ 】

[ဝေါ့: ဒီတိုက်ရိုက်ထုတ်လွှင့်မှုကို ငါဘယ်တော့မှမေ့မှာမဟုတ်ဘူး။ 】

[ရှောင်းမီ: ကမ္ဘာမှာ နောက်ထပ် ဒီလိုဘေးအန္တရာယ်တွေ မရှိတော့ဖို့ငါ မျှော်လင့်တယ်။ 】

[ပိုလို- ကျေးဇူးတင်ပါတယ် ဟွာရှ၊ ပရော်ဖက်ဆာ လင်းဖန် ကိုလဲကျေးဇူးတင်ပါတယ် 】

...

[ပရော်ဖက်ဆာလင်း၏ နံပါတ်တစ်အမာခံပရိသတ်- အခုပဲပရော်ဖက်ဆာလင်းရဲ့ငလျင်ခန့်မှန်းစက်ကမှားနေတယ်လို့ဘယ်သူပြောလဲ။ ထွက်ခဲ့စမ်း! 】

[မစ္စတာလီ: ဝူခါမြို့မှာငလျင်မလုပ်ဘူးလို့ဘယ်သူပြောတာလဲ။ချက်ချင်းထွက်ခဲ့စမ်း ! 】

[ဖလိုင်း- ငလျင်စက်ကမှားနေတယ်လို့ဘယ်သူပြောတာလဲ။ထွက်ခဲ့လေ! 】

[ဝါးတားလန်- ဝူခါမြို့ရဲ့နေထိုင်သူတွေကို မပြောင်းရွှေ့သင့်ဘူးဟုဘယ်သူပြောလဲ။ ထွက်လာစမ်း! 】

...

တိုက်ရိုက်ထုတ်လွှင့်သည့် ဖန်သားပြင်ပေါ်တွင် မရေမတွက်နိုင်သော စကားလုံးများ ပေါ်လာသည်။

သို့သော် မည်သူမျှ ပြန်ပြီးမဖြေရဲကြပေ။

[ရှန်ရှန်- ပရော်ဖက်ဆာ လင်းကငါတို့ ဘရားဇီးနိုင်ငံကဖြစ်မယ် 】

[အိုဘီတန်: မှန်တယ်။ ပရော်ဖက်ဆာလင်းကငါတို့ဘရားဇီးနိုင်သံကပဲ။ဒါကြောင့်ငါတို့ဘရားဇီး နိုင်ငံရဲ့လင်းဖန်ကို ကျေးဇူးတင်လိုက်ကြရအောင် 】

[တာဂီဆန်- ဒီလို အားကောင်းတဲ့ ငလျင်ကြိုတင်ခန့်မှန်းစက်ဆိုတာကငါတို့ဂျပန်နိုင်ငံကိုနည်းနည်းတော့ကျော်သွားပုံရတယ်.]

[ဟက်ပီး- ပါမောက္ခ လင်းက မင်းတို့ဘရာဇီးနိုင်ငံကလို့လာပြောနေတယ်။အရူးတွေ။ဉာဏ်ရှိရင်ဖြစ်နိုင်တဲ့ဟာတွေပဲပြောစမ်းပါ 】

[ဂျီဂျီ- မင်းတို့ဂျပန်ထက်နည်းနည်းကျော်တာလား။ဟေ့ ဂျပန်ကတုံးမင်းမရှက်ဘူးလား။ဒါကမင်းတို့နိုင်ငံထက်လုံးလုံးကိုသာနေတဲ့ကိစ္စပဲ။နောက်ပြီးငါတို့ရဲ့ပရော်ဖက်ဆာလင်းကနောင်ငါးရက်အတွင်းဖြစ်မဲ့ငလျင်လှုပ်တာတွေကိုခန့်မှန်းနိုင်တယ်ကွာ။ဘာမှမသိရင်လဲတိတ်နေမဟုတ်မဟုတ်ရင်လဲ။ကိုယ့်ဘာကိုသိုင်းကားသွားရိုက်နေ။】

...

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters