← Chapters

ကျေးဇူးတင်ခြင်း

Vol. 35 Ch. 525

ကျေးဇူးတင်ခြင်း

Vol. 35 Ch. 525

နောက်ဆက်တွဲငလျင်များ ပြီးဆုံးသွားကြောင်း အတည်ပြုပြီးနောက် ရှဂိုရှိအထက်ပိုင်းလူကြီးများ သည်လေယာဉ်များနှင့် အခြားစက်ပစ္စည်းများကို စီစဉ်ပေးကာဝူခါမြို့သို့ အမြန်လွတ်လိုက်လေသည်။

ငလျင်လှုပ်ပြီးနောက် ချက်ချင်းဆိုသလိုပင် အင်တာနက်ပေါ်၌ ဓာတ်ပုံများ ထွက်ပေါ်လာခဲ့သည်။

လျှိုမြောင်များ၊ ပြိုပျက်သွားအဆောက်အအုံနှင့ပြိုကျနေသောတောင်တန်း....စသည်တို့ဖြစ်သည်။

လူတိုင်းသည် ငလျင်လှုပ်ခတ်မှု မြင်ကွင်းကို တိုက်ရိုက်ထုတ်လွင်တဲ့ဗီဒီယိုမှာ မြင်လိုက် ကြသော်လည်းယခုဓာတ်ပုံများကိုမြင်လိုက်သောတုန်လှုပ်နေတုန်းပင်ဖြစ်သည်။

မကြာသေးမီက ဤမြို့သည် အေးချမ်းသော မြို့တစ်မြို့ဖြစ်ပြီး မျက်စိတစ်မှိတ်အတွင်း မဤသို့အရာအဖြစ်သို့ ပြောင်းလဲသွားမည်ဆိုတာကိုသူတို့ စိတ်ကူးမယဉ်ဖူးကြပေ။

ထိုအခါသူတို့သည်သဘာဝတရား၏ စွမ်းအားသည် စိတ်ကူးမယဉ်နိုင်ဘူးဆိုတာကိုသိလိုက်ကြလေသည်။

အထူးသဖြင့်၊ ဖန်သားပြင်ရှေ့မှာထိုင်နေတဲ့ဝူခါမြို့ကလူတွေကအနက်ရှိုင်းဆုံးခံစားရလေသည်။

[ရီရှန်: အဲဒီနေရာက ငါ့အိမ်ဖြစ်ပုံရတယ်။ ကံကောင်းထောက်မစွာနဲ့ ငါတို့နိုင်ငံရဲ့ဝန်ထမ်းတွေကလွန်ခဲ့သည့်ရက်အနည်းငယ်က ကျွန်ုပ်တို့ကို ခေါ်ဆောင်သွားခဲ့လို့သာပဲမဟုတ်ရင်အခုချိန်စကားပြောနိုင်မှာတောင်မဟုတ်ဘူး 】

[ဒွန်တန်- အဲ့နားမှာစျေးဝယ်စင်တာတစ်ခုရှိတယ်ဆိုတာ အခုထိ ငါမှတ်မိနေတုန်း အခုတော့ ဒီလိုအပေါက်ကြီးပဲကျန်တော့တယ် 】

[ပဲရီ : ငါ့ကျောင်းလဲ မရှိတော့ဘူး။ 】

[ဝူတန်: ငါက ဝူခါမြို့ခံပါ။ ကျွန်တော် စကားတစ်ခွန်းပဲ ပြောချင်ပါတယ်၊ပြောင်းရွှေ့ပေး တဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဟွာရှ ကို လဲကျေးဇူးတင်ပါတယ်၊ ပရော်ဖက်ဆာလင်းကို လဲကျေးဇူးတင်ပါတယ်။ 】

[အမ်: ပြောင်းရွှေ့ပေးလို့ကျေးဇူးတင်ပါတယ်၊ ဟွာရှကိုလဲကျေးဇူးတင်ပါတယ်၊ ပရော်ဖက်ဆာလင်းကိုလဲကျေးဇူးတင်ပါတယ်။ 】

[စူး: ပြောင်းရွှေ့ပေးလို့ကျေးဇူးတင်ပါတယ်၊ ဟွာရှကိုလဲကျေးဇူးတင်ပါတယ်၊ ပရော်ဖက်ဆာလင်းကို လဲကျေးဇူးတင်ပါတယ်။ 】

...

ဗီဒီယိုများစွာတွင် ‘ပြောင်းရွှေ့ပေးလို့ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ် ဟွာရှ၊ ပရော်ဖက်ဆာလင်းကို ကျေးဇူးတင်ပါတယ်။ ‘။ဆိုတဲ့စာကြောင်းတွေသာတက်နေလေသည်။

ဒီစာကြောင်းဟာ သတင်း မီဒီယာတော်တော်များများမှာ ရှာဖွေမှုရဲ့ ထိပ်ဆုံးကို ရောက်သွားလေသည်။

...

အချို့သော သတင်းသမားများသည်လူအများအာရုံစူးစိုက်မှုရရှိစေရန်အတွက် ၉ နာရီမထိုးမီကကြိုတင်ရေးသားထားသော ဆောင်းပါးကို ထုတ်ဝေလိုက်ပါသည်။

ဆောင်းပါးတွင် လင်းဖန် ၏ယုတ်ညံ့သောတီထွင်မှု၊ တရုတ်၏မှားယွင်းသောအစီရင်ခံစာ၊ ရှဂိုနိုင်ငံရဲ့အထက်ပိုင်းတွေကစဉ်းစားဉာဏ်မရှိပဲအလွယ်တကူလက်ခံမှု၊ နှင့် ဝူခါမြို့ခံများကိုအတင်းအကျပ်ပြောင်းရွှေ့ခြင်း၏အကျိုးဆက်များအပေါ် ဘက်စုံတိုက်ခိုက်ကြသည်။

မိနစ်အနည်းငယ်စောပြီး ထွက်လာပေမယ့် ဒါကိုဘယ်သူမှ ဂရုမစိုက်ကြပေ။

ဘာကြောင့်လဲ ဆိုတော့ ဒါတွေက အတိအကျ ဖြစ်လာမယ်လို့အရင်ကသူတို့ထင်လို့ပင်ဖြစ်သည်။

သို့သော် သူတို့ မမျှော်လင့်ထားသည့်အရာမှာ ငလျင် အမှန်တကယ်လှုပ်ခဲ့ခြင်းဖြစ်သည် ။

[ဘီစီသတင်းစာ: ငလျင်မလှုပ်သေးဘူးပဲ၊ ဟွာရှ၊ ပရော်ဖက်ဆာ လင်း နဲ့ ရှဂိုနိုင်ငံအထက်ပိုင်းတွေက တာဝန်ရှိတယ်။ ၎င်းတို့သည် မဆင်မခြင် ပြုမူတာကြောင့်ငြိမ်းချမ်းစွာ နေထိုင်လုပ်ကိုင်ခဲ့ကြသော ဝူခါမြို့မှ နေထိုင်သူများကို အခြားနေရာများသို့ အတင်းအကျပ် ရွှေ့ပြောင်းပေးခဲ့သည်။ မရေမတွက်နိုင်သော လူများသည်မတတ်နိုင်ပဲ၎င်းတို့၏ အိုးအိမ်များကို စွန့်ခွာခဲ့ကြသည်...]

အယ်ဒီတာချုပ်နှင့် အခြားသူများ သည်၉ နာရီမှာ ငလျင်လှုပ်သောအခါကြောက်စရာကောင်းတဲ့ ငလျင်ပုံကြောင့် တုန်လှုပ်သွားကြသည်။

ထို့ကြောင့်သူတို့တင်ထားသောဆောင်းပါးကိုဖျက်ချိန်မရလိုက်ပေ။ယခုအခါဤဆောင်းပါးသည်ပထမနေရာသို့ရောက်နေပြီဖြစ်သည်။

ထို့ကြောင့် မရေမတွက်နိုင်သောလူများက ဟွာရှ နှင့် လင်းဖန်ကို ကျေးဇူးတင်နေသော်လည်း ဘီစီသတင်းစာ ကိုမှုစော်ကားနေကြလေသည်။

ထိုအခါမှဘီစီသတင်းစာ သည် ဆောင်းပါးကို အလျင်အမြန် ဖျက်ပစ်လိုက်သည်။

[ကန်ဒီ: ဘီစီသတင်းစာ မင်းတို့ကဆောင်းပါးကို ဖျက်ရင် ပြီးသွားမယ်လို့ ထင်နေတာလား။ ပါမောက္ခလင်းကို မင်းတို့ဘယ်လိုတောင်စော်ကားရဲတာလဲ။ 】

[ကေ:ဘီစီသတင်းစာက လူတွေ၊ သူတို့ကအရမ်းအကျင့်မကောင်းတဲ့သူတွေပဲ 】

[အမ်အမ်အမ်- ဒီဆောင်းပါးရေးတဲ့သူရော၊ ဘီစီသတင်းစာ ရဲ့ အယ်ဒီတာချုပ် အားလုံးလည်း အမြန်ဆုံး ​ေ*ပါစေလို့ ဆုတောင်းပေးချင်ပါတယ်။ 】

[ခိုင်ဒို: မင်းတို့သင်းစာတိုက်ကိုပိတ်လိုက်တော့ 】

[ဂျွန်: ဘီစီသတင်းစာကိုပိတ်ပါ။ 】

[တန်: ဘီစီသတင်းစာကို ပိတ်ပါ။ 】

[အို့ရမ်: ဘီစီ သတင်းစာကို ပိတ်ပါ။ 】

...

မူလက ဘီစီသတင်းစာတွင် ပရိသတ်(ဖော်လိုဝါ)သန်း 60 နီးပါးရှိသည်။

တစ်နာရီအတွင်း သန်း ၂၀ ကျဆင်းသွားလေသည်။

ထို့အပြင်၊ ကျဆင်းသောအမြန်နှုန်းသည် လုံးဝရပ်တန့်မသွားဘဲ၊၎င်းသည် ပိုမိုမြန်ဆန်လာသည်။

ထို့ကြောင့် ဘီစီသတင်းစာတစ်ခုလုံးသည် အထိတ်တလန့်နှင့် စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရသည်။

ဘီစီသတင်းစာလို ကြီးမားသော သူပင်၎င်းသည် နာရီအနည်းငယ်ကြာအောင် ခုခံနိုင်စွမ်းမရှိပေ။

ဘီစီသတင်းစာကဲ့သို့ပင် ငလျင်ကို အခွင့်ကောင်းယူ၍ ဆောင်းပါးများကို ကြိုတင်ထုတ်ဝေသော အချို့သော မီဒီယာငယ်များသည် ယင်းကို တာရှည်မခံနိုင်ပေ။

နာရီဝက်မပြည့်မီတွင်၊ ၎င်းတို့ နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သည့် အကောင့်အားလုံးကို ပိတ်လိုက်ရလေသည်။

ဒါက သူတို့ကိုသေလောက်အောင်ငိုစေသည်။

ဒါ... သူတို့အားလုံးကဒါနဲ့ပင်ထိုက်တန်လေသည်။

...

ဝူခါမြို့ ပြန်လည်တည်ဆောက်ရေးသည် ယခု ရှဂိုနိုင်ငံအတွက် အရေးကြီးဆုံးအရာဖြစ်သည်။

နောက်ဆုံးတွင်ရှဂိုအထက်ပိုင်းများသည် အဆိုပါသတင်းကို ထုတ်ပြန်ခဲ့သည်။

[ရှဂိုသတင်းစာ- စာရင်းဇယားများအရ ငလျင်ကြောင့်သေဆုံးသူမရှိ ၊ဒဏ်ရာရရှိတဲ့သူလဲမရှိပေ။ ပြီးတော့ အကူအညီပေးတဲ့ဟွာရှ နှင့် ပရော်ဖက်ဆာလင်းကို ကျွန်ုပ် အလွန်ကျေးဇူးတင်ပါသည်။ 】

ဤစာသည် အလွန်တိုပါသည်။

သို့သော်လည်း မရေမတွက်နိုင်သော လူများ၏ နှလုံးသားကို ထိမိစေခဲ့သည်။

သေဆုံးသူမရှိ၊ဒဏ်ရာရသူမရှိ ကြောင်းသိရသည်။

ထိုသတင်းကြောင့် လူတိုင်းသည်မယုံနိုင်ဘူးဆိုတာကိုခံစားနေရလေသည်။

သိရန်…

ဒါက ပြင်းအား ၉.၁ ရှိတဲ့ ငလျင်ပင်ဖြစ်သည်။

အကယ်၍လူပေါင်း သန်းနဲ့ချီ သေဆုံးခဲ့ရင်တောင် ဒါကပုံမှန်ပင်ဖြစ်သည်။

အခုဆို အသေအပျောက် အရေအတွက်က လုံးဝမရှိပေ။

ဒါက ရိုးရိုးရှင်းရှင်း... အံ့ဖွယ်တစ်ခုပင်ဖြစ်သည်။

ပြီးတော့ ဒီအံ့ဖွယ်ကို ဖန်တီးခဲ့တဲ့သူက လင်းဖန်ပင်ဖြစ်သည်။

ထို့ကြောင့် မရေမတွက်နိုင်သော လူများက လိုက်၍ မှတ်ချက်ပေးကြသည်။

[ပန်း- အရာအားလုံး မကြာခင် ကောင်းမွန်လာမယ်လို့ မျှော်လင့်ပါတယ်၊ ပါမောက္ခ လင်းဖန် ကိုလည်း ကျေးဇူးတင်ပါတယ်။ 】

[ရီခူ: ကျေးဇူးတင်ပါတယ် ပါမောက္ခ လင်းဖန်။ 】

[ရက်စ့်: ပါမောက္ခ လင်းဖန် ကို ကျေးဇူးတင်ပါတယ်။ 】

[ဖရန့်: ကျေးဇူးတင်ပါတယ် ပါမောက္ခ လင်းဖန်။ 】

...

လင်းဖန်၏အမည်သည် ထိပ်တန်းသတင်းကြီးများ၏ ရှာဖွေမှုစာရင်းတွင် တစ်ဖန်ပေါ်လာသည်။

...

တစ်ဖက်တွင်မူ နိုဘယ်ကော်မတီသည် နောက်ဆုံးဆွေးနွေးမှုအပြီးတွင် ပြန်လည်ဆုံစည်းခဲ့သည်။

ဓာတုဗေဒကော်မတီ အစည်းအဝေးခန်းမ။

ရွှေရောင်အမျိုးသမီးက “ကျွန်မရဲ့ထင်မြင်ချက်က အရင်ကနဲ့ အတူတူပဲ။ ဓာတုဘက်ထရီတွေမှာ ပရော်ဖက်ဆာလင်းရဲ့ အောင်မြင်မှုတွေက အရမ်းကောင်းပေမယ့် ပေါ်လီမာပစ္စည်းတွေမှာ ပရော်ဖက်ဆာဟော့ရဲ့ အောင်မြင်မှုတွေက သေးငယ်တာတော့ မဟုတ်ဘူး။”

“ပြီးတော့ အရည်အချင်း၊ ဗဟုသုတ အရရော ပါမောက္ခ ဟော့သည် သာလွန်ကောင်းမွန်သောကြောင့် ယခုနှစ် ဓာတုဗေဒဆိုင်ရာ နိုဗယ်ဆုကို ပရော်ဖက်ဆာ ဟော့အား ချီးမြှင့်သင့်သည်ဟုထင်တယ်။”

ငွေရောင်ဆံပင်အဖိုးအိုက “အရည်အချင်းလား ဗဟုသုတလား? ပရော်ဖက်ဆာလင်းက ဓာတုဓာတ်ခွဲခန်းနှစ်ခုကို တီထွင်ခဲ့တယ်။ နောက်ပြီး တခြားနယ်ပယ်တွေမှာလည်း အောင်မြင်မှုတွေ အများကြီးရခဲ့တယ်။ ဒါက သူ့မှာ အရည်အချင်းနဲ့ အသိပညာ ပိုရှိတယ်ဆိုတာ သက်သေပြနေတာ မဟုတ်ဘူးလား”

ရွှေရောင်အမျိုးသမီးက “ဒါဆို တခြားနယ်ပယ်တွေမှာ ပရော်ဖက်ဆာလင်းရဲ့ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေအကြောင်း ပြောကြရအောင်။”

“ငါသိသလောက်တော့ ပါမောက္ခ လင်းဟာ ဆေးပညာဆိုင်ရာ နိုဘယ်ဆုနဲ့ ရူပဗေဒဆိုင်ရာ နိုဘယ်ဆုအတွက် အမည်စာရင်း တင်သွင်းခံထားရပါတယ်။”

“ငါတို့က သူ့ကို ဓာတုဗေဒဆု ပေးလိုက်ရင် ဆေးဆုနဲ့ ရူပဗေဒ ဆုရရင် ငါတို့ ဘာလုပ်ရမလဲ။”(မနာလိုဖြစ်နေတာပါ)

ငွေရောင်ဆံပင်အဘိုးအိုက သူကို စိုက်ကြည့်ရင်း “လူတိုင်း ဒီလိုသာတွေးရင် ဘယ်သူကမှဆုရနိုင်မှာ မဟုတ်ဘူးလို့ ငါထင်တယ်… နိုဘယ်ဆုပေးပွဲတိုင်းမှာ ဒီလိုအတွေးမျိုး တစ်ခါမှ မရှိခဲ့ကြဘူး”

ရွှေရောင်အမျိုးသမီးက ချေပချင်သော်လည်း အကြောင်းပြချက်ကောင်းကို မရှာနိုင်သောကြောင့်ပါးစပ်ကိုသာပိတ်ထားလိုက်လေသည်။

သူမသည် အစည်းအဝေးခန်းရှိ လူများကို ကြည့်လိုက်ပြီး အခြားသူများကိုသူမပြောတာကိုထောက်ခံပေးရန်ကြည့်လိုက်လေသည်။

သို့သော် ဤတစ်ကြိမ်တွင် ငြင်းဆိုသံမှာ သိသိသာသာ နည်းပါးသွားသည်။

လူများစွာသည် တစ်ခုခုကို တွေးတောနေလေသည်။လူတစ်ချို့သည် ခေါင်းငုံ့ထားရင်း မျက်မှောင်ကြုတ်ကာတွေးတောဆင်ခြင်နေကြသည်။

All Chapters