← Chapters

အခန်း (၁၁၉၄)

Vol. 81 Ch. 1194

အခန်း (၁၁၉၄)

Vol. 81 Ch. 1194

ဘုန်း

တောင်၏ ဂိတ်တံခါးရှေ့တွင်တော့ ရုတ်တရက် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ အားကောင်းလွန်း လှသော စွမ်းအင်လှိုင်းများသည် တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့သွား၏။

ကျွင်းချောင်ရှောင်းသည် လက်သီးကို ပြန်လည်ရုပ်သိမ်းပြီး သည့်နောက်မှာတော့ သူ၏ အားကုန်ပြည့်တိုက်ခိုက်မှုအောက်တွင် မသက်ရောက်ခဲ့သော အတားအဆီးအစီအရင်ကြီးအား ကြည့်ရှုလိုက်သည်။ ပြီးသည့်နောက်မှာတော့ သဘောတကျဖြင့် ပြောလိုက်သည်။ “ဒါ အရမ်းကို အားကောင်းတာပဲ။”

ကျန်းတယ်ကျွင်းက ပြောလိုက်သည်။ “အစီအရင် ကိုးခုရဲ့ ထောက်ပံ့မှုကို ရနေမယ်ဆိုရင် ကြယ်ကိုးပွင့် လဖမ်းသူ အစီအရင်က အရမ်းကို အားကောင်းလွန်း တဲ့ တိုက်ခိုက်ချက်ကိုတောင်မှ ကြံ့ကြံ့ခံရင်ဆိုင်နိုင်လိမ့်မယ်။”

“မဆိုးဘူး။ မဆိုးဘူး။”

ကျွင်းချောင်ရှောင်းသည် အလွန်သဘောကျသွားခဲ့၏။ သူ၏ စိတ်ထဲတွင်ရှိနေသော မလုံခြုံမှု၊ မရေရာမှုများအားလုံး သည် ပျောက်ချင်းမလှ ပျောက်ကွယ်ကုန်တော့၏။ ဂိုဏ်း၏ အကာအကွယ်သည် လုံလောက်သည့်အားကောင်းမှုမျိုး တည်ရှိနေသည်ဆိုပါက သူ့အနေနှင့် အနည်းဆုံးအပြင်ဘက်သို့ ထွက်၍ လုပ်ချင်ရာကို ပြုလုပ်နိုင်စွမ်းရှိနေလိမ့်မည်။

ရွှီ ….။

ကျွင်းချောင်ရှောင်းသည် လက်သီးကို အသာမြှောက်ကာဖြင့် ထပ်မံထိုးရန် ပြင်လိုက်၏။

ကျန်းတယ်ကျွင်းသည် အလောတကြီးဖြင့် သူ့အား တားဆီးလိုက်၏။ “ခုနတုန်းက ဂိုဏ်းချုပ်ထိုးလိုက်တဲ့ လက်သီးချက်က စိတ်ဝိညာဉ်ကျောက်တုံးတစ်သိန်း လောက်ကုန်တာနော်။”

“ချီးတဲ့မှ”

ကျွင်းချောင်ရှောင်းက ပြိုလဲသွားမိ၏။ “အဲလောက်တောင် များတာလား။”

ကြယ်ကိုးစင်း လဖမ်းသူအစီအရင်သည် ပုံမှန်အားဖြင့် သူ့ဘာသူ လည်ပတ်နေပြီဆိုပါက စွမ်းအင်ကုန်ဆုံးမှုမရှိချေ။ သို့ပေမဲ့ တိုက်ခိုက်မှုကို ခံယူလိုက်သည့်အချိန်တွင် စွမ်းအင်များသည် ကုန်ခမ်းသွားခဲ့တော့၏။ လက်သီးတစ်ချက်သည် စိတ်ဝိညာဉ်ကျောက်တုံးတစ်သိန်း တန်ကြေးရှိသည့်အရာမျိုးဖြစ်ပေါ်နေခဲ့သည်။

ကုန်းရှန့်သည် ရင်ထဲတွင် နာကျင်မှုကို အကြီးအကျယ် ခံစားနေရ၏။

“ထားလိုက်ပါတော့။”

ကျွင်းချောင်ရှောင်းသည် ဆက်လက်ကာ စမ်းသပ်မည့်အကြံအစည်ကို ရပ်တန့်လိုက်ပြီးသည့်နောက်မှာတော့ စာကြည့်ခန်းဆီသို့ ပြန်လာခဲ့လိုက်သည်။ “အခု တပည့်တွေအနေနဲ့ ဂိုဏ်းတာဝန်တွေကို ပြည့်စုံအောင် ပြုလုပ်ရမယ့်အချိန်ကို စောင့်ရမယ်။ ဒါမှ ဂိုဏ်းရဲ့ အဆောက်အအုံကို ပိုပြီးအဆင့်မြှင့်တင်နိုင်မှာ။ လုပ်ဆောင်မှုပုံစံတွေလည်း ပိုပြီး တိုးလာလိမ့်မယ်။”

“အမှန်ပဲ”

“အဆင့်ကိုးရောက်ပြီးတဲ့အချိန်မှာ ဂိုဏ်းရဲ့လုပ်ဆောင်မှုပုံစံက ဘာဖြစ်မလဲဆိုတာ သိချင်မိတယ်။”

ရွှီ …..

သူသည် စနစ်ကို ဖွင့်လှစ်ပြီးသည့်နောက်မှာတော့ ဂိုဏ်း၏လုပ်ဆောင်မှုပုံစံကို နှိပ်ကာ ကြည့်ရှုလိုက်၏။ ပြီးသည့် နောက်မှာတော့ အောက်ခြေတွင် ဘာမှမရှိဟူသော စာတမ်းလေးတစ်ခုကို ရေးထိုးထားသည်ကို မြင်လိုက်ရတော့၏။

“ဒါဘာအဓိပ္ပာယ်လဲ။” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။

စနစ်က ပြောလိုက်၏။ “အရမ်းရိုးရှင်းတယ်လေ။ ဂိုဏ်းလုပ်ဆောင်မှုပုံစံ မရှိ ဆိုတာပဲ။”

“မဖြစ်နိုင်တာ။”

ကျွင်းချောင်ရှောင်း၏ မျက်နှာတစ်ခုလုံးသည် ပြိုလဲသွားခဲ့တော့၏။ စည်းဓားမော့ကြီးနှင့်လောကအဆောင်တို့ ကဲ့သို့သော အရာမျိုးအားလုံးသည် သူ၏ အားအင်အဆင့်ကို ပိုမို၍ အားကောင်းစေရန် အသုံးပြုသည့်အရာများ ဖြစ်၏။ ထို့အတူ ဂိုဏ်း၏ အားအင်အဆင့်ကို ပိုပြီးတိုးတက်လာရန် အဓိကသော့ချက်သည် ဂိုဏ်း၏ လုပ်ဆောင်မှု ပုံစံကို အဆင့်မြှင့်တင်ရန်ပဲ ဖြစ်သည်။

ဂိုဏ်းလုပ်ဆောင်မှုပုံစံ အဆင့်မြင့်တက်လာသည်နှင့်အမျှ ပိုမိုများပြားသည့် လုပ်ဆောင်နိုင်မှုများ ရရှိလာမှာ သေချာ သည်။ ထိုသို့ဆိုလျှင် အနာဂတ်မှာ ဘာတစ်ခုမှ မရှိတော့သည့် သဘောပင်ဖြစ်နေသည်မဟုတ်ပါလား။

စနစ်က စောဒကတက်လိုက်သည်။ “လက်ခံသူ ဘာလို့ ကိုယ့်အားကိုယ် မကိုးတာလဲ။”

…

“ဒင်

တပည့်ရီရှင်းချန်သည် ဂိုဏ်းတာဝန်ကို ပြည့်စုံအောင် ပြုလုပ်ခဲ့သည့်အတွက် ဂိုဏ်းစုဆောင်းမှတ် ၁၀၀၊ ဂိုဏ်းအောင်မြင်မှုအမှတ် ၁၀၀ ကို ရရှိသည်။”

“ဒင်

ဂိုဏ်းစုဆောင်းမှတ် ၇၀၁၀၀ / ၇၀၀၀၀”

“ဒင်

ဂိုဏ်းအောင်မြင်မှုအမှတ် ၂၀၁၁၀ / ၇၀၀၀၀”

“ဒင်

ဂိုဏ်းစုဆောင်းမှတ်များသည် ပိုလျှံနေသည်ဖြစ်သောကြောင့် …..”

သတိပေးသံများကို ကြားပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်မိ၏။ “အင်း … တစ်ယောက်ကတော့ တာဝန်ပြီးသွားပြီပဲ။”

ဂိုဏ်းတာဝန်ဖြစ်ပေါ်ပြီးသည့်နောက်ပိုင်းမှာတော့ ဂိုဏ်းအောင်မြင်မှုများသည် စတင်ကာ ဖြစ်တည်လာခဲ့တော့၏။ ဂိုဏ်း၏အဆင့်မြင့်တက်လာသည်နှင့်အမျှ ဂိုဏ်းအောင်မြင်မှုအမှတ်များကို ရရှိရန် ပိုမိုခက်ခဲလာ၏။ ထို့ကြောင့် တပည့်များအနေဖြင့် တာဝန်များကို ရယူရန် အချိန်ပိုမိုကာ လိုအပ်လာခဲ့သည်။

ထို့အတူ ကျိုးကြောင်းမဆီလျော်သော တာဝန်များလည်း တည်ရှိလို့နေသေး၏။ ဥပမာအားဖြင့် ရီရှင်းချန်သည် သတ်မှတ်ထားသည့် ရက်အရေအတွက်အတိုင်း စမ်းသပ်မှုမျှော်စင်ထဲသို့ ဝင်ရောက်ရန်ဆိုသည့်တာဝန်ပင် ဖြစ်တော့၏။

ဤအရာသည် ခက်ခဲလွန်းလေသည်လား။ ညအင်ပါယာအတွက်တော့ ဘာမှမဟုတ်ပေ။ ရက်အနည်းငယ် စောင့်ဆိုင်း ရသည်သာရှိသည်။

စုရှောင်မို၏ တာဝန်မှာတော့ ပို၍ ထူးဆန်းလွန်းလှသည်။ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ အနှံ့ဆီသို့ ရက် ၃၀ တိတိ လှည့်လည်သွားလာရန် ဖြစ်တော့၏။ ထိုအချိန်မှာတော့ သူသည် သူ၏ စေ့စပ်ထားသည့် မိန်းကလေး ရှရွှေယွင်ကို ခေါ်ကာဖြင့် လှပသည့် ရှုခင်းများကို လှည့်ပတ်ကာ ကြည့်ရှုလျက်ရှိနေ၏။

လီချင်းယန်သည်လည်း တာဝန်တစ်ခုကို လက်ခံရရှိသည်။ မည်သည့်တာဝန်ဖြစ်သနည်းဆိုသော် အနောက်မြောက် ဒေသတွင်ရှိနေသော အအေးရွာလေးတစ်ခုဆီသို့ သွားရောက်ရန်ပဲ ဖြစ်သည်။

ချင်အာ သည် နှင်းများဖြင့် ပြည့်နှက်လျက်ရှိနေသော ရွာလေးတစ်ခုထဲတွင် မတ်တပ်ရပ်လျက်ရှိ၏။ သူမ၏ ကြည်လင် ရှင်းလင်းလျက်ရှိသော မျက်လုံးများသည် ပြိုင်စံရှားဂိုဏ်းဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်အား စူးစိုက် ကြည့်ရှုလျက် ရှိနေ၏။

၎င်းတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ပြုံးကာကြည့်ရှုနေကြ၏။ ဤကဲ့သို့သော မေတ္တာဇာတ်လမ်းများကို ဆက်လက်ရေးသားလျှင် တစ်ကိုယ်တော် FA စာဖတ်သူများ စောင်ကိုက်ကာ ဖတ်နေရမည် စိုးသောကြောင့် စာရေးသူသည် အသေးစိတ်မရေးသားတော့ချေ။

အတိုချုပ်ရမည်ဆိုလျှင် ဂိုဏ်း၏ အဆင့်တိုးတက်လာသည်နှင့်အမျှ ဂိုဏ်း၏ တာဝန်များသည်လည်း ပိုမိုကာ ခြားနား လာခဲ့၏။ ထို့အပြင် ပိုမိုကာလည်း ထူးခြားလာခဲ့သည်။ ပြိုင်စံရှားဂိုဏ်းတပည့်များအနေဖြင့် ထိုအရာကို ပြည့်စုံအောင် ပြုလုပ်ရန်ဆိုသည်မှာ ပြဿနာတစ်ခုမဟုတ်ပေ။ အချိန်ကြာတာ တစ်ခုသာလျှင် ပြောစရာရှိ၏။။

ရွှီ

ကျွင်းချောင်ရှောင်းသည် အတွေးတစ်ချက်နှင့်ပင် အဆင့်မြင့်စတိုးကို ဆွဲယူကာ ဖွင့်ကြည့်လိုက်တော့၏။ ဂိုဏ်းတာဝန် များ ပြည့်စုံသွားသည်နှင့်အမျှ သူသည် ဂိုဏ်းအောင်မြင်မှုအမှတ် နှင့် ဂိုဏ်းစုဆောင်းမှတ်များကိုလည်း ထပ်မံကာ ရရှိပေလိမ့်မည်။ ထို့ကြောင့် သူ့အနေနှင့် ရှိနေသော ဂိုဏ်းစုဆောင်းမှတ်များကို ကြိုတင်ကာ အသုံးပြုထားမှ ဖြစ်မည်။

“မင်းမှာ စွမ်းရည်ရှိတယ်ဆိုရင် စတိုးကို အသုံးမပြုနဲ့လေ။ ကိုယ့်အားကိုယ်ကိုးပါလား။” စနစ်သည် ထပ်မံကာ ပြောလိုက်၏။

“ဒါဆိုလည်းကောင်းပြီ။”

ကျွင်းချောင်ရှောင်းသည် အဆင့်မြင့်စတိုးကို အသာပြန်ပိတ်ပြီးသည့်နောက်မှာတော့ ခပ်တည်တည်ဖြင့် ပြောလိုက်သည်။ “ဒီနေ့က စပြီး ငါ ကျွင်းချောင်ရှောင်းက စတိုးထဲက ပစ္စည်းတွေကို မသုံးတော့ဘူး။”

“……..”

ခဏလောက်တိတ်ဆိတ်ပြီးသည့်နောက်မှာတော့ စနစ်က ပြောလိုက်၏။ “အစ်ကိုကြီး ငါမှားပါပြီကွာ။ နည်းနည်းလောက် ဖြစ်ဖြစ် သုံးလိုက်စမ်းပါ”

သူ့အနေနှင့် ကျွင်းချောင်ရှောင်းအား မခံချိမခံသာဖြစ်အောင် ပြောဆိုပြီး ဂိုဏ်းစုဆောင်းမှတ်များ အသုံးပြုရန် ကြံစည်နေခဲ့ခြင်းပင်ဖြစ်၏။ သို့ပေမဲ့ တစ်ဖက်လူသည် တကယ်ပင်မသုံးတော့ချေ။ အခြေအနေမှာ ပိုမို၍ ဆိုးဝါးသွားခဲ့တော့သည်။

“မင်းဆီမှာ အရှက်ကောရှိသေးရဲ့လား။”

“မရှိဘူး။”

“…….”

ကျွင်းချောင်ရှောင်းသည် စနစ်အား အနိုင်ယူနိုင်ခဲ့သည်။ သူသည် စနစ်က အဆင့်မြင့် စတိုးအား အသာဖွင့်ကြည့်ကာဖြင့် အထဲတွင်ရှိနေသော ပစ္စည်းများကို သေသေချာချာ ကြည့်ရှုလိုက်၏။ ပြီးနောက် တွေးလိုက်တော့၏။ “သိုင်းနယ်မြေတစ်ပိုင်းဆေးလုံးကို ရရင် အကောင်းဆုံးပဲ ဒါမှမဟုတ် သိုင်းနယ်မြေဆေးလုံး အဲလိုမျိုး အရာဆိုရင် ပိုကောင်းမယ်။”

“မင်း ဘာလို့ သိုင်းအင်ပါယာဆေးလုံးကို တစ်ခါတည်းမရချင်တာလဲ။ တစ်ခါတည်း အဲဆေးလုံးကိုသောက် အထက် နယ်မြေကို တက်သွားလိုက်။ ပြီးတာပဲ မဟုတ်လား။” စနစ်က ပြောလိုက်သည်။

…….

“ကောင်းကင်နယ်မြေကြီး ထောင့် ၄ ခု အစီအရင် ဟုတ်လား။”

ကျွင်းချောင်ရှောင်း၏ အကြည့်သည် ပစ္စည်းတစ်ခုဆီသို့ ရောက်ရှိသွားခဲ့သည်။ သူသည် အသေးစိတ်အချက်အလက် များအား နှိပ်ကာ ကြည့်ရှုလိုက်၏။

ပစ္စည်းအမျိုးအစား - ကောင်းကင် နှင့် မြေကြီး ထောင့် ၄ ခု အစီအရင်

မိတ်ဆက် - များပြားလှသောလူများ ဖန်တီးတည်ဆောက်ရသည့် အစီအရင်တစ်ခုဖြစ်ပြီး လူပေါင်း တစ်သောင်းကျော် ဖန်တီးနိုင် သည့်အရာမျိုး ဖြစ်၏။

အကျိုးသက်ရောက်မှု - အစီအရင်ကို ဖန်တီးသည့်လူများသည် အစီအရင်အား တိုက်ခိုက်ရန် သို့မဟုတ် ခုခံရာတွင် အသုံးပြုနိုင်ပြီး ပစ်မှတ်ကို တစ်ခါတည်းသုတ်သင်ပစ်နိုင်သည့် အစွမ်းရှိသည်။

အကျိုးမသက်ရောက်မှု - အသုံးပြုကြသည့် လူများသည် သိုင်းအုပ်စိုးသူအဆင့် ကျင့်ကြံခြင်းကို အနိမ့်ဆုံးပိုင်ဆိုင်မှ ဖြစ်ပေလိမ့်မည်။

ဈေးနှုန်း - ဂိုဏ်းစုဆောင်းမှတ် ၅၀၀၀၀။

အဆင့် - နတ်ဘုရားအဆင့်နှင့်အထက်

“မဖြစ်နိုင်ဘူး။”

ကျွင်းချောင်ရှောင်းသည် ကြောင်အ သွားမိ၏။ “ဒီအစီအရင်က ဒီလောက်ဈေးကြီးတာလား။”

သို့ပေမဲ့ နတ်ဘုရားအဆင့်နှင့်အထက်ဆိုသည့်အရာကို မြင်ရသည့်အချိန်မှာတော့ သူသည် ပျော်ရွှင်သွားမိသည်။ “ဒါက ကောင်းတဲ့ အရာတစ်ခုခုဖြစ်လိမ့်မယ်။”

ကောင်းကင် နှင့် မြေကြီး ထောင့် ၄ ခုအစီအရင်သည် သူတို့ဂိုဏ်း၏ အစီအရင်နှင့် ခြားနားလှသည့် အရာမျိုးတော့ မဟုတ်ချေ။ သို့ပေမဲ့ တိုက်ခိုက်ရာတွင်လည်း အသုံးပြု၍ရသည့်အရာမျိုးဖြစ်၏။

ယခင်က တစ်ခြားသောဂိုဏ်းများသည် ဤကဲ့သို့ အစီအရင်များကို ဖန်တီးကာ တိုက်ခိုက်ခဲ့သည်ကို သူမျက်မြင် တွေ့ခဲ့ပြီးပြီဖြစ်၏။ ပြိုင်စံရှားဂိုဏ်းအနေနှင့် လုံလောက်သည့်အစီအရင် တိုက်ခိုက်မှုပုံစံမျိုး မရှိခဲ့ချေ။ ထိုစဉ်က အစီအရင်တစ်ခုခုကို ရယူရန် သူစဉ်းစားခဲ့သေး၏။ ယခု နတ်ဘုရားအဆင့်နှင့်အထက် အစီအရင်တစ်ခုကို လက်ဝယ် ပိုင်ဆိုင်နေပြီဖြစ်သည်။

ဒါကြောင့် စနစ်က ပြောလိုက်သည်။ “လက်ခံသူအနေနဲ့ စနစ်ကို အားကိုးရအုံးမှာပဲ။”

“တော်စမ်း။”

ကျွင်းချောင်ရှောင်းသည် ဂိုဏ်းစုဆောင်းမှတ် ၅၀၀၀၀ အား အသုံးပြုပြီးသည့်နောက်မှာတော့ ကောင်းကင် နှင့် မြေကြီး ထောင့် ၄ ခု အစီအရင်အား ဝယ်ယူလိုက်တော့၏။ ဤအစီအရင်သည် လျှို့ဝှက်သိုင်းကျင့်စဉ်တစ်ခုနှင့်ပင် ဆင်တူလှ၏။ အထဲတွင် မန္တာန်နှင့် ရှုပ်ထွေးလှသော လှုပ်ရှားမှုပုံစံများကို ရေးထိုးထားသည်။

သေသေချာချာ လေ့လာကြည့်ပြီးသည့် နောက်မှာတော့ ထိုအရာကို ဖန်တီးလိုက်မည်ဆိုလျှင် ကြောက်မက်ဖွယ်ရာကောင်းလှသည့် တိုက်ခိုက်ရေးစွမ်းအင်ကို ရရှိနိုင်မည်ဖြစ်ကြောင်းကို သူ နားလည်လိုက်မိ၏။

“ဒါက လူပေါင်း ၁၀၀၀၀ ကျော်လောက် အတူ ဖန်တီးပြီး တိုက်ခိုက်လို့ရတာပဲ။ အားအင်အဆင့်က ကြောက်မက်ဖွယ်ရာ ကောင်းလိမ့်မယ်။”

…

နေ့လယ်ပိုင်းရောက်သည့်အချိန်မှာတော့ တပည့်များနှင့် သိုင်းအုပ်စိုးသူထိပ်ဆုံးအဆင့်ကို ရောက်ရှိနေကြသော တပည့်နှင့် အကြီးအကဲများအားလုံးသည် အဓိကတောင်ထွတ်၏ လေ့ကျင့်ရေးကွင်းပြင်ထဲတွင် စုဝေးလျက်ရှိနေကြ၏။ ၎င်းတို့အားလုံးသည် ကောင်းကင် နှင့် မြေကြီး ထောင့် ၄ ခု အစီအရင် ကျမ်းစာတစ်ခုချင်းစီအား ရရှိကြရ၏။

“ဒီအစီအရင်”

ဟယ်ဝူတီသည် အံ့အားသင့်မိသွား၏။ “ဒါ ကျိန်းသေပေါက် သာမန်မဟုတ်ဘူးပဲ။”

သူသည် ယခင်တုန်းက ပူးပေါင်းတိုက်ခိုက်ရသည့် အစီအရင်မျိုးကို မကျင့်ကြံခဲ့ဖူးချေ။ သို့ပေမဲ့ အနည်းငယ်လှန်ကြည့် လိုက်သည်ဆိုသည်နှင့်တစ်ပြိုင်နက် နက်နဲလွန်းလှသောအဓိပ္ပာယ်များ ပါဝင်လျက်ရှိနေသည်ကို မြင်လိုက်ရသည်။

လူပေါင်းများစွာသည် ဤအရာကို စုစည်းကာဖြင့် အစီအစဉ်ချတိုက်ခိုက်မည်ဆိုလျှင် ကြောက်မက်ဖွယ်ရာကောင်းလှ သည့် စွမ်းအင်များ ဖြစ်ပေါ်လာမှာ သေချာ၏။

ရီရှင်းချန်သည်လည်း သတိပြုလိုက်မိ၏။ သို့ပေမဲ့ သူသည် အထင်အမြင်သေးလျက်တော့ ရှိနေသေး၏။ သူ၏ အမူအကျင့်အရဆိုလျှင် သိုင်းကျင့်ကြံခြင်းဆိုသည်မှာ စွမ်းအားမြင့် အားအင်အဆင့်ပေါ်တွင် မူတည်လျက်ရှိနေ၏။ ထို့ကြောင့် အသင်းအဖွဲ့နှင့်တိုက်ခိုက်ရသည့် အစီအရင်ကဲ့သို့သော အရာမျိုးကို စိတ်ပါဝင်စားမှု မရှိချေ။ သို့ပေမဲ့ ဂိုဏ်းချုပ်အနေနှင့် လေ့ကျင့်ရမည်ဟု ပြောဆိုလိုက်သည်ဆိုမှတော့ သူ့အနေနှင့် ကျင့်ကို ကျင့်ရပေတော့မည်။

…

ကောင်းကင် နှင့် မြေကြီး ထောင့် ၄ ခု အစီအရင်သည် စတိုးဆီမှ ဝယ်ယူထားသည့်ပစ္စည်းဖြစ်သောကြောင့် နားလည်ရန် လွယ်ကူလှ၏။ သို့ပေမဲ့ အဆုံးစွန်ထိ နားလည်ရန်တော့ ခက်ခဲလွန်းလှ၏။

ယခု သိုင်းအုပ်စိုးသူအဆင့်နှင့် အထက် တွင်ရှိနေကြသော တပည့်များအားလုံးသည် ကောင်းမွန်လှသည့် စိတ်ဝိညာဉ်အမြစ်များကို ပိုင်ဆိုင်လှသည့်လူများ ဖြစ်သောကြောင့် ဤအရာကို နားလည်တတ်ကျွမ်းရန်ဆိုသည်မှာ ခက်ခဲခြင်းတော့ မရှိလှချေ။

“ဒုတိယစီနီယာအစ်ကို”

ရက်အနည်းငယ်ကြာပြီးသည့်နောက် စုရှောင်မိုသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ “ကျုပ် ဒါကို နားလည်နိုင်ခဲ့ပြီ။”

“ကျုပ်ကောပဲ နားလည်သွားပြီ။” လီဖေးကပြောလိုက်သည်။

ကျွင်းချောင်ရှောင်းသည် သူ၏ တပည့်များအနေဖြင့် ကောင်းကင် နှင့် မြေကြီး ထောင့် ၄ ခု အစီအရင်ကို နားလည်သွားပြီဖြစ်ကြောင်း သိရှိခဲ့၏။ ထို့ကြောင့် သူသည် ရက်တစ်ခုကို ရွေးချယ်ပြီးသည့်နောက်မှာတော့ အဓိကတောင်ထွတ်၏ လေ့ကျင့်ရေးကွင်းပြင်ဆီသို့ လာရောက်ရန် အမိန့်ပေးလိုက်တော့၏။

“ဂိုဏ်းချုပ်”

လီချင်းယန်က ပြောလိုက်သည်။ “အားလုံး ဒီမှာစုံနေပါပြီ။”

ဤနေရာတွင် လူတော်တော်များများ ရှိနေ၏။ အနည်းဆုံး သုံးရာမှ ငါးရာနီးပါးခန့်ပင် ရှိသည်။

“ကောင်းပြီ။”

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုညိတ်ကာဖြင့် အသံပို့လွှတ်လိုက်တော့၏။ “ဟောခန်းသခင်ကျိ … ဒီကိုခဏလောက်လာပါအုံး။”

တောင်၏ အနောက်ဘက်ထဲသို့ သွား၍ စမ်းသပ်မှုမျှော်စင်ထဲသို့ ဝင်ရန် ပြင်ဆင်လျက်ရှိနေသော ခရမ်းရောင်ဘုရင် သည် သွားနေရာလမ်းမှ ရုတ်တရက် ရပ်တန့်လိုက်၏။ ပြီးနောက် မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။ “ငါ မကောင်းတဲ့ ခံစားချက်တွေ ရနေတာပဲ။ သွားရမှာလား။ မသွားရဘူးလား။”

All Chapters