အခန်း (၁၁၉၅)
Vol. 81 Ch. 1195
အဓိက တောင်ထွတ်၏ ကြီးမားလှသော လေ့ကျင့်ရေးကွင်းပြင်မှာတော့ …..
ကောင်းကင်ယံ ထက်တွင် အလင်းတန်းများ တစ်ခုပြီး တစ်ခု ဖြစ်တည် လာတော့၏။ ဤ အလင်းတန်းများသည် လေးထောင့်စတုရန်း ပုံစံ ဖြစ်ပေါ်နေပြီး ရှေးတုန်းကလို ခမ်းနား ကြီးကျယ် လှသည့် စွမ်းအင်များ ပေါ်ထွက် နေတော့၏။
ရှေ့ဆုံးတွင် ရပ်လျက် ရှိနေသော လုချင်းချင်း အပြင် စီတန်း၍ ရပ်နေကြသော တပည့်ပေါင်း သုံးရာ တို့သည် လေးထောင့် ပုံသဏ္ဍာန် နေရာ ယူထားကြ၏။ ၎င်းတို့၏ ထောင့်နေရာကို သေချာ ယူထားကြပြီး ဆန်းကြယ် လှသော အစီအရင်ကို ဖန်တီး ပုံဖော် ထားကြသည်။
"မဆိုးဘူးပဲ"
ကျွင်းချောင်ရှောင်း၏ မျက်နှာတွင်တော့ သဘောကျ နှစ်ခြိုက်သည့် အပြုံးမျိုး ဖြစ်တည်နေ၏။
သူတို့သည် ကောင်းကင်နှင့်မြေကြီး ထောင့်လေးခု အစီအရင်အား လေ့ကျင့် နေကြခြင်း ဖြစ်၏။ ပထမဆုံး ပုံဖော်ခြင်း ဖြစ်သည် ဆိုသော်လည်း တစ်ယောက်နှင့် တစ်ယောက် အလွန် အားကောင်းလှသော နားလည်မှုမျိုး ရရှိနေကြသည်။
"သွားကြစို့"
"လုပ်ကြရအောင်"
ထိုအချိန်မှာပဲ အမိန့်ပေးရန် တာဝန်ယူထားသော လီချင်းယန်သည် အော်ဟစ်လိုက်၏။
ဝှစ် …
တပည့်များသည် ၎င်းတို့၏ သတ်မှတ်ထားသော ခြေလှမ်းများ အတိုင်း ရှေ့သို့ ရွေ့လျား လိုက်၏။ ၎င်းတို့၏ ခြေလှမ်းများ အတိုင်း အစီအရင်၏ အလင်းများသည် တလက်လက်နှင့် တောက်ပနေပြီး အထဲတွင်တော့ အရူးအမူး တိုက်ခိုက်မှုပုံစံ တစ်မျိုးသည် ဖြစ်တည် လာခဲ့သည်။
ဖျောက် ဖျောက် ဖျောက် …….။
ထိုက်ကျိ ပုံစံ ….။
အချိန်ခနလေး အတွင်းမှာပဲ တပည့်ပေါင်း သုံးရာတို့သည် ပုံစံ အမျိုးမျိုးကို ပြောင်းလဲကာ ပုံဖော်လျက် ရှိနေ၏။ အော်ရာများသည် အားကောင်းလာခဲ့ပြီး အဝေးမှ ကြည့်ရှု နေသော တပည့် များကိုပင် သက်ရောက် လာခဲ့ တော့၏။
စည်း အတားအဆီး၏ ပုံစံသည် ကြည်လင် နေသောကြောင့် အထဲတွင် ဖြစ်ပျက်နေသမျှကို မြင်နိုင်စွမ်း ရှိနေ၏။ ထို့ကြောင့် အားကောင်းလှသည့် စွမ်းအင် များသည် အထဲ၌ ဖြစ်တည်နေကြောင်းကို မျက်ဝါး ထင်ထင် မြင်နေရသည်။
အဓိက ဟောခန်း၏ အပြင်တွင် ရပ်နေသော တင်းရှင်းဝမ်သည် လေးနက်သည့် အမူအရာနှင့် ဖြစ်နေ၏။ တပည့်ပေါင်း ရာချီ ဖန်တီး ပြုလုပ် ထားသော အစီအရင်ကြီးသည် အလွန်တရာ အားကောင်းလှသည်ကို သူ ကောင်းကောင်း ခံစားမိ၏။
"မဆိုးဘူးပဲ"
အဘိုးကြီးတင်းသည် တွေးလိုက်မိ၏။ "ငါ ဒီထဲကို ဝင်သွားလို့တော့ မဖြစ်ဘူး"
ကုန်းစွန်းဟောင်ဟိုင်၊ ကျန့်ရာနှင့် အခြားသော အဆင့်မြင့် အကြီးအကဲများသည် အပြင်ဖက်တွင် ရပ်ကာ ကြည့်ရှု နေကြ၏။ ကောင်းကင်နှင့်မြေကြီး ထောင့်လေးခု အစီအရင်မှ ထွက်ပေါ်နေသော အော်ရာများကို ကောင်းကောင်း ခံစားနေမိသည်။
"ဂိုဏ်းချုပ် ပြုလုပ်ထားတဲ့ အစီအရင်က လူပေါင်းတစ်သောင်းကျော်လောက် အတူ ဖန်တီးရတယ်လို့ ကြားတယ်။ လူတစ်ရာလောက်နဲ့တောင် ဒီလောက် အံဩဖို့ ကောင်းနေတာ ။ လူတစ်သောင်းသာဆို မယုံကြည် နိုင်လောက်တဲ့ စွမ်းအင်တွေ ဖြစ်လာမှာ သေချာတယ်" အဆင့်မြင့် အကြီးအကဲများသည် အံ့အားသင့်နေကြ၏။
"အမဲရောင် နတ်ဆိုး"
အဖြူရောင် နတ်ဆိုးက ပြောလိုက်၏။ "ဒီအစီအရင်က သေမျိုးလောကမှာ ရှိတဲ့ အရာမျိုး မဟုတ်ဘူး"
အထက်နယ်မြေမှလူများပင် အံ့အားသင့်လျက် ရှိနေကြ၏။ ဆိုလိုသည်မှာ ကျန့်ရာနှင့် အခြားသူများ အံ့အား သင့်သည်မှာ သဘာဝပင် ဖြစ်တော့သည်။
အမဲရောင် နတ်ဆိုးသည် တည်ငြိမ်စွာ ပြောလိုက်၏။ "ဂိုဏ်းချုပ်က အဘိုးကြီး တုံးကုရဲ့ တိုက်ရိုက် တပည့်လေ။ ဒီတော့ သူ့ဆီမှာ စွမ်းအား မြင့်တဲ့ အစီအရင်တွေ တည်ရှိနေတာ သာမန်ပါပဲ"
"ဒါတော့ ဟုတ်တယ်"
အဖြူရောင် နတ်ဆိုးသည် ချက်ချင်းပဲ စိတ်သက်သာရာ ရသွား၏။ ၎င်းတို့ နှစ်ယောက်သည် ကျွင်းချောင်ရှောင်းမှာ အဘိုးကြီးတုံးကု၏ တိုက်ရိုက် တပည့်ဟု နက်နက်နဲနဲ ယုံကြည်နေကြသည်။
ဤအရာသည် ကုန်းရှန့် တစ်ယောက် ပွင့်ပွင့်လင်းလင်း ပြောထားခြင်းကြောင့် မဟုတ်ပေ။ သူတို့ဘာသာ သူတို့ စိတ်ကူးယဉ်ပြီး အဘိုးကြီး တုံးကု၏ တိုက်ရိုက် တပည့်ဟု ထင်မှတ်နေခြင်းသာ ဖြစ်၏။
……….
တစ်နာရီကျော် ကြာပြီး ပုံပန်းသွင်ပြင် တစ်ဒါဇင်ခန့် ပြောင်းလဲပြီးနောက် လုချင်းချင်းနှင့် အခြားသူမျာသည် ရပ်တန့်လိုက ကြ၏။ သိုင်းလေ့ကျင့်ရေး ကွင်းပြင်သည် လှောင်အိမ်ကဲ့သို့ ဖြစ်တည်နေသော အလင်းတန်းများမှာ ပျောက်ကွယ်သွားသည်။
လီချင်းယန်၊ ရှောင်ကျီနှင့် အခြားသူများသည် အသက်ကို ပြင်းပြင်း ရှုနေရ၏။ ချွေးသီးချွေးပေါက်များသည် ၎င်းတို့ နဖူးအပေါ်မှ ကျဆင်းနေကြ၏။
ကောင်းကင်နှင့်မြေကြီး ထောင့်လေးခု အစီအရင်အား ထုတ်ဖော်နေချိန်တွင် အလွန်အားကောင်းလှသည့် စွမ်းအင်များ ထုတ်လွှတ်နိုင်သော်လည်း အသုံးပြုသူကို စွမ်းအင်များ ကုန်ခမ်းစေသည်။
ဘုတ် …။
လူတစ်ယောက် ပြုတ်ကျ လာသော အသံကို ကြားလိုက် ကြရ၏။ ခန္တာကိုယ်တွင် အနီရောင်အတွင်းခံလေးသာ ဝတ်ဆင် ထားသော ခရမ်းရောင် ဘုရင်သည် သိုင်းလေ့ကျင့်ရေး ကွင်းပြင်၏ အလယ်တွင် လဲှလျောင်းနေ၏။ ၎င်း၏ ကိုယ်ပေါ်တွင်တော့ လက်သီးရာ၊လက်ဝါးရာများသည် ပြည့်နှက် နေ၏။
ကျွင်းချောင်ရှောင်း၏ အော်သံကို ကြားချိန်မှာတော့ သူသည် မကောင်းသည့် ခံစားချက်များ ဖြစ်လာခဲ့၏။ ဤ အရာသည် လက်တွေ့ပင် ဖြစ်လာခဲ့တော့၏။ ကောင်းကင်နှင့် မြေကြီး ထောင့်လေးခု အစီအရင်အား ခရမ်းရောင် ဘုရင်သည် အားကုန်ထုတ်ကာ တိုက်ခိုက်ခဲ့သော်လည်း ယခုအခါတွင်တော့ သူသည် လှဲလျောင်းနေရသည်။ ပြင်းပြင်းထန်ထန် ဒဏ်ရာ မရခြင်း ကသာ ကံကောင်းသည်ဟု ဆိုရမည်။
"ဂိုဏ်းချုပ်"
လီချင်းယန်က ပြောလိုက်၏။ "ဒီ အစီအရင်က အရမ်းကို အားကောင်းတာပဲ"
ခန်းမသခင်ကျိနှင့် ရင်ဆိုင်ရသည်မှာ အလွန် အားကောင်းလှသော အရာဖြစ်မှန်း သိလိုက်ကြ၏။ ဤ အတိုင်းဆိုပါက ၎င်းတို့ အားလုံးစုပေါင်း၍ ခရမ်းရောင်ဘုရင်ကို အချိန် ခနအတွင်း မြေပေါ်လဲသွားအောင် လုပ်နိုင်စွမ်းရှိနေသည်။
သိုင်းအုပ်စိုးသူ တစ်ရာခန့်သာ ထိုအစီအရင်ကို ဖန်တီး ပြုလုပ် ထားခြင်း ဖြစ်၏။ သိုင်းနယ်မြေ ကျင့်ကြံသူများသာ ပြုလုပ်ပါက မယုံကြည်နိုင် လောက်အောင် ကောင်းမွန်လှသော ရလာဒ်များ ဖြစ်ပေါ်လာမှာ သေချာ၏။
"တပည့် သုံးရာကျော် ဖန်တီးထားတဲ့ အစီအရင်က ဟောခန်းသခင်ကို မောပန်းအောင်ပဲ လုပ်နိုင်တယ်။ သိပ်ပြီး မမြင့်မားဘူးပဲ" ကျွင်းချောင်ရှောင်းသည် သဘော မတွေ့သလို ပြောလိုက်သည်။
စနစ်က ပြောလိုက်၏။ "မင်း တပည့်တွေ ထဲမှာ သိုင်းအုပ်စိုးသူ ထိပ်ဆုံးအဆင့် ဆိုလို့ တစ်ဒါဇင် ကျော်ပဲ ရှိလာလေ။ ကျန်တာတွေက အဆင့်ငါး၊ အဆင့်ခြောက် မလား ။ အဲလူတွေ သုံးရာ မပြောနဲ့ သုံးထောင် ဆိုရင်တောင် မင်းကို နိုင်မှာ မဟုတ်ဘူး။ သူတို့ အခု သိုင်းနယ်မြေကျင့်ကြံသူ တစ်ယောက်ကိုတောင် မောပန်းအောင် လုပ်နိုင်နေပြီလေ။ ဘာကို သဘောမတွေ့ ဖြစ်နေတာလဲ "
"ဟင်း …. "
ကျွင်းချောင်ရှောင်းသည် ခနလောက် တွေဝေ ပြီးနောက် ပြောလိုက်၏။ "ဒါတော့ ဟုတ်တာပဲ"
စနစ်သည် ဒေါသထွက်လျက်ရှိသည်။ အဖြူအမဲ ညီနောင်ပြီးလျှင် အားအကောင်းဆုံးသော ခရမ်းရောင် ဘုရင် ပင်လျှင် တပည့် သုံးရာ၏ အစီအရင်အောက် တွင် မောပန်းလျက် ရှိသည်။
ထို့ကြောင့် ဂိုဏ်းစုဆောင်းမှတ် ငါးသောင်းသည် ထိုက်တန်သည်ဟု ဆိုရပေမည်။ ထို့ပြင် ဤ အစီအရင်သည် ယခုမှ စ၍ အသုံးပြုခြင်း ဖြစ်၏။ လီချင်းယန်နှင့် အခြားသူများသာ အစီအရင်ကို ပို၍ တတ်ကျွမ်း သွားမည် ဆိုလျှင် ဟောခန်းသခင်ကျိ အနေဖြင့် ပို၍ ခံစားရမည် ဖြစ်၏။
မြေပြင် ပေါ်တွင် လှဲလျောင်းလျက် ရှိနေသော ခရမ်းရောင် ဘုရင်သည် ဒဏ်ရာများ ပြန်လည် ပျောက်ကင်းပြီးနောက် ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ကျုပ်က ဟောခန်းသခင်လေ။ နောက် ဒီလို ကိစ္စမျိုးဆိုရင် ကျုပ်ကို မခေါ်ပါနဲ့"
"ဟောခန်းသခင်ကျိ"
ကျွင်းချောင်ရှောင်သည် ပြောလိုက်၏။ "ခင်ဗျားကို ခက်ခဲစေခဲ့ပြီ … ရော့"
သူသည် သိုလှောင်လက်စွပ် တစ်ကွင်းအား ပေးကာ ပြောလိုက်သည်။ "ဒီထဲမှာ သားရဲဆေးလုံး တစ်သိန်း ရှိတယ်။ ခင်ဗျားရဲ့ စမ်းသပ်မှုကြောင့် ဖြစ်လာတဲ့ ဒဏ်ရာတွေ အတွက် လျော်ကြေးလို့ သတ်မှတ် လိုက်ပါ"
"ဟမ့်"
ခရမ်းရောင် ဘုရင်သည် နှခေါင်း ရှုံ့လိုက်၏။ ပြီးနောက် သူ၏ ပတ်တီးစီးထားသော လက်အား အသာမြောက်ကာ ပြလိုက်၏။ “ဘယ်လောက်ခက်ခဲလဲ တွေ့လား”
"ကောင်းကောင်း အနား ယူပါအုံး" ကျွင်းချောင်ရှောင်းသည် ပြန်လည် ထွက်သွားရန် ကြံလိုက်သည်။
"နေပါအုံး"
ခရမ်းရောင် ဘုရင်သည် သူ့အား ရပ်တန့်စေပြီး ပြုံးကာ ပြောလိုက်၏။ "အနာဂတ်မှာ ဒီလို ကိစ္စမျိုးတွေ ရှိရင် ကျုပ်ကို ခေါ်လိုက်နော်။ သေချာ စမ်းသပ်ပေးမယ်"
အထက်နယ်မြေမှ နဂါးဥ ကိုပင် သွား၍ ခိုးယူခဲ့သော ခရမ်းရောင် ခွန်သားရဲသည် ပြိုင်စံရှားဂိုဏ်းသို့ ဝင်ပြီး နောက်မှာတော့ အလုံးစုံ ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။
"ငါ ပြောင်းလဲ သွားခဲ့တာ မဟုတ်ဘူး"
ဟောခန်းသခင်ကျိသည် ဂုဏ်ယူစွာ ပြောလိုက်မိ၏။ "ငါတို့ သားရဲ မျိုးနွယ်တွေ တိုးတက် လာဖို့ အတွက်ပဲ"
"ဟောခန်းသခင်ကျိကို ခေါ်ပြီး စမ်းသပ်ခိုင်းတာ တစ်ကယ်ကို ကောင်းတဲ့အရာပဲ"
စာကြည့်ခန်း အတွင်းသို့ ပြန်ရောက် ပြီးနောက် ကျွင်းချောင်ရှောင်းသည် စဉ်းစားလိုက်သည် "တပည့် တွေကို ဂြိုလ်တိုက်ပွဲ တည်နေရာ ကြီးဆီ ခေါ်ပြီး လေ့ကျင့်ခိုင်းရင် ကောင်းမယ်"
နောက်တစ်ရက် မှာတော့ သူသည် လီချင်းယန်နှင့် အခြားသော တပည့် သုံးရာကို ခေါ်ဆောင်ပြီး ကြယ်ကြွေ ကုန်းမြေတိုက်ကြီး၏ တည်နေရာဂိတ်တံခါး ဝင်ပေါက်မှ ဝင်ရောက်ခဲ့၏။ များပြားလှသော ဂြိုလ်အသီးသီးမှ လူများသည် ကျွင်းချောင်းရှောင်း ပေါ်လာသည်ကို မြင်လျှင် အလွန် ထိတ်လန့် သွားကြ၏။
"ဒီကောင် ဘာလာလုပ် ပြန်တာလဲ"
ကျွင်းချောင်ရှောင်း ရောက်ရှိ လာသည်ကို အဘယ့်ကြောင့် ဂြိုလ်တိုက်ပွဲ တည်နေရာရှိ လူများသည် ကြိုတင်၍ သိရှိနေရသနည်း။ အဘယ့်ကြောင့် ဆိုသော် ကြယ်ကြွေ ကုန်းမြေတိုက်ကြီး၏ ခံတပ် အပြင်ဖက်တွင် များပြားလှသော စောင့်ကြည့် သူများ ကြိုတင်ထားရှိ၍ ကျွင်းချောင်ရှောင်း အကြောင်းကို သိရှိရန် စီစဉ်ထားခြင်း ကြောင့်ပင်။
"သူ လာပြီပဲ"
ခံတပ်၏ အပြင်ဖက်တွင် ရှိနေသော လူများသည် တစ်ယောက်နှင့် တစ်ယောက် ရင်းနှီးကြ၏။ ထို့ကြောင့် မကြာခန စကားပြောခြင်းကို လုပ်ဆောင်ကြ၏။
ကျွင်းချောင်ရှောင်း ရောက်လာသည်နှင့် တစ်ပြိုင်နက် များပြားလှသည့် လူများသည် သူတို့၏ ခံတပ် အသီးသီး ဆီသို့ သွားရောက်ကာ သတင်းပို့ ကြတော့သည်။
ကျွင်းချောင်ရှောင်း မရောက်လာခင်က ဂြိုဟ်တိုက်ပွဲ တည်နေရာရှိ လူများသည်တိုက်ခိုက်သူများက တိုက်ခိုက်ပြီး၊ အမွေအနှစ်များကို ရှာဖွေ သူများကလည်း သူ့အလုပ်နှင့် သူ စည်စည်ကားကား ရှိနေကြ၏။ ကျွင်းချောင်ရှောင်း ရောက်လာချိန်မှ စ၍ လူများ အားလုံးသည် တိုက်ခိုက်ခြင်း၊ အမွေအနှစ် ရှာခြင်းကို ရပ်တန့်လိုက်ပြီး ၎င်းတို့၏ ခံတပ်ဆီသို့ အလျင်အမြန် ပြန်ပြေးကြတော့၏။
ကျင့်ကြံခြင်း လောကတွင် ငြိမ်းချမ်းရေး နိုဘယ်ဆုကိုသာ ပေးအပ်မည် ဆိုပါက ကျွင်းချောင်ရှောင်းသည်သာ ကျိန်းသေပေါက် ရရှိမှာ သေချာသည်။ သူ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးတွင် တိုက်ခိုက်နေမှုများ ရပ်တန့် သွားခဲ့သည်။
"သူ ဘာဖြစ်လို့ ထပ်ရောက် လာတာလဲ"
မိုရှန်ရှမ်းသည် သတင်းကို ကြားပြီးနောက် အလွန်ပင် စိတ်ဝင်စားလျက် ရှိ၏။ အထက်နယ်မြေ ဆီမှ စည်းမျဉ်း စည်းကမ်း များကို ချိုးဖောက်ပြီး နောက်မှာတော့ သေမိန့်ကို ကျခဲ့၏။ သို့ပေမဲ့ မိုးကြိုး ပြစ်ဒဏ်ကို ကြံကြံခံပြီး သေခြင်းတရားမှ လွတ်မြောက်ခဲ့ပြီးနောက် ဤနေရာသို့ ပြန်မလာ ခြင်းသည် အကောင်းဆုံး ဖြစ်မည်ဟု သူ တွေးထားမိ၏။ ဂိုဏ်းချုပ်ကျွင်း အနေဖြင့် မကြောက်လန့်ဘူးလား။
ဖြောက် …။
မိုရှန်ရှမ်းသည် သူ့နှဖူးကို အသာရိုက်လိုက်ပြီး နားလည် သွား၏။ "မေ့နေတာ မေ့နေတာ၊ ဂြိုလ်တိုက်ပွဲ တည်နေရာကြီးထဲမှာ အမျိုးသမီးကျွင်း ရှိနေတာပဲလေ။ ဒီတော့ သူ လာလည်တာ ဖြစ်မှာပေါ့"
အထက်နယ်မြေသည် ကျိန်းသေပေါက် အပြစ်ပေးမှာ သေချာ၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ကောင်းကင်ကြီးကို ဖိဆန်ကာ ဤ နေရာသို့ ရောက်ရှိ လာခဲ့၏။ ဂိုဏ်းချုပ်ကျွင်း၏ သူ့မိန်းမအပေါ် ချစ်မြတ်နိုးမှုမှာ လေးစားလောက်ဖွယ်ရာပင်။
နှင်းဆီဧကရီ အကြောင်း ပြောရရင် ဝိညာဉ်မျိုးနွယ် ကုန်းမြေတိုက်ကြီးသည် ဂြိုလ်တိုက်ပွဲ တည်နေရာကြီးတွင် အေးဆေးစွာ နေထိုင်နေရ၏။ သူတို့ ပေါ်လာတည်နှင့် အခြားသော ကျင့်ကြံသူများသည် ရှောင်ရှား သွားခဲ့ ကြ၏။
“နှုတ်ဆက်ပါတယ် အမျိုးသမီးကျွင်း "
သူမကို တွေ့လိုက်ရသည်နှင့် ကျင့်ကြံသူတိုင်းသည် ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်ကာ ထွက်ခွာသွားခဲ့ ကြ၏။ အတိတ်တုန်းက ဆိုလျှင် ဝိညာဉ် မျိုးနွယ် ကုန်းမြေ တိုက်ကြီးသည် ကျိန်းသေပေါက် အခြား ဂြိုလ်များ၏ ဝိုင်းဝန်း တိုက်ခိုက်ခြင်းကို ခံရမည် ဖြစ်၏။ နှင်းဆီဧကရီ၏ ဂုဏ်ပုဒ်ကို သိရှိ သွားပြီးသည့် နောက်မှာတော့ သွား၍ ထိမရသော သူအဖြစ် စာရင်းဝင် သွားခဲ့၏။
အမွေအနှစ် တည်နေရာ ပေါ်သည်နှင့် သူမသည် အလျင်အမြန်ပင် သွားခဲ့သည်။ သူမ ရောက်သည်နှင့် အခြားသူ များသည် အလျိုလျို ထွက်ခွာသွားကြ၏။ ဤ နေရာကြီးအား သူမကို အပိုင်စား ပေးလိုက် သည်နှင့်ပင် ဆင်တူသည်။
ပြောရလျှင် ကျွင်းချောင်ရှောင်းကမှ ရတနာ ရှာသည့် အရာကို သုံးနေရ သေး၏။ နှင်းဆီဧကရီ မှာတော့ ရုတ်ရုတ် ဖြစ်နေသော လူအုပ်ကြီး ဆီသို့ သွားလိုက်သည်နှင့် ထို အမွေအနှစ်ကို ရရှိနေ၏။
အလွန် ကံကောင်း လှချေ၏...။
ကြယ်မြေကုန်းမြေတိုက်၏ ခံတပ် အတွင်းရှိ အဓိကဟောခန်း ရှေ့တွင် ကျွင်းချောင်ရှောင်းမှာတော့ အလိုမကျသည့် အမူအရာ များနှင့် ပြည့်နှက် နေခဲ့သည်။
သူသည် ဤ နေရာသို့ ပထမဆုံး ရောက်ရှိလာချိန်က အချိန်နှင့် တည်နေရာ ပိုးကောင်ကို တည်နေရာ အတားအဆီးအား ကိုက်ဖြတ်ခိုင်းခဲ့၏။ သို့ပေမဲ့ ဤ အရာသည် ပြန်လည် ပြင်ဆင်ပြီး ဖြစ်နေ၏။
"အထက်နယ်မြေ"
ကျွင်းချောင်ရှောင်းသည် အပေါ်သို့ မော့ကြည့် လိုက်၏။ ပြီးသည့် နောက်မှာတော့ ဒေါသ ထွက်စွာ အော်ပြောလိုက်သည်။ "ကျုပ် မကြာခင်မှာ အပေါ်ကို တက်လာပြီး ခင်ဗျားတို့ အားလုံးကို နင်းခြေ ပစ်မယ်"
သူ့အနေဖြင့် ကောင်းကင်ကို ပုန်ကန်ခဲ့ပြီးပြီ ဖြစ်၏။ ထို့ကြောင့် ကောင်းကင်ကို ဖျက်ဆီးရန်လည်း မည်သို့မျှ ဝန်လေး နေမည် မဟုတ်ချေ။
ပြင်းပြင်းထန်ထန် အပြစ်ပေးခံရပြီးနောက်မှာတော့ ကျွင်းချောင်ရှောင်း၏ နှလုံးသားထဲ၌ အမုန်းတရား၏ မျိုးစေ့ များအား စိုက်ပျိုးခဲ့ပြီး ဖြစ်၏။
"သခင်"
အဓိကဟောခန်း တစ်ခု အတွင်း မှာတော့ ခါးကုန်းကုန်းနှင့် အဘိုးကြီးသည် ပြောလိုက်၏။ "ကျွင်းချောင်ရှောင်းက တည်နေရာ အတားအဆီးကို ဖောက်ပြီး ဝင်လာပြန်ပြီ"
"ပြဿနာပဲ"
ဧကရီလင်းရောင် သည် ပြောလိုက်မိ၏။
ခါးကုန်းကုန်းနှင့် အဘိုးကြီးသည် ဆက်ပြောလိုက်သည်။ "တကယ်လို့ စည်းကမ်းဖောက်ဖျက်ရင် နယ်မြေသခင်က ထပ်ပြီးအပြစ်ပေးအုန်းမှာပဲ"
"သူတို့ လုပ်မှာ မဟုတ်ဘူးလေ"
ဧကရီ လင်းရုံသည် ငြင်းပယ် လိုက်၏။ "အရင်က အပြစ်ပေးမှုက သူ့ရဲ့ အပြစ်ဒဏ်တွေကို ကွယ်ပျောက် သွားပြီလေ။ ဒီတစ်ကြိမ် ဝင်လာတာပြီး ဘာမှ ရှည်ရှည်ဝေးဝေးတွေ လျှောက် မလုပ်ဘူးဆိုရင် အပြစ်ပေးမှာ မဟုတ်တော့ဘူး။ ငြိမ်ငြိမ်သက်သက်နဲ့ သူ့နေရမှာ သူ နေပြီး အထက်နယ်မြေရဲ့ စည်းမျဉ်းစည်းကမ်း တွေကို စိန်ခေါ်တာမျိုး မလုပ်တာ အကောင်းဆုံး ဖြစ်လိမ့်မယ်"
ခါးကုန်းကုန်းနှင့် အဘိုးကြီးသည် ရပ်တန့်သွား၏။ အဘယ့်ကြောင့် ဆိုသော် ကြယ်ကြွေ ကုန်းမြေတိုက်ကြီး၏ ခံတပ်အတွင်း ရှိနေသော ကျွင်းချောင်ရှောင်းသည် သူ၏ ပိုးကောင်ကို ထုတ်ယူပြီး အပြင်ဖက်တွင် ရှိသော တည်နေရာ အတားအဆီးအား ကိုက်ဖြတ် ခိုင်းလိုက်တော့၏။
"ဒီကောင့်ကို ငြိမ်ငြမ်သက်သက် နေမယ်ထင်ထားတာ။ ဒီကောင့်ဦးနှောက် က မြည်းကန်ခံ ထားရတာပဲ ဖြစ်လိမ့်မယ်"
ယုဒြာကုန်းမြေတိုက်ကြီး၏ အပြင်ဖက် မှာတော့ လုချင်းချင်း၊ လီချင်းယန်နှင့် အခြားသော အတွင်းစည်း တပည့် များသည် ဆယ်ယောက် တစ်တွဲ ဖွဲ့ကာဖြင့် ကောင်းကင်နှင့် မြေကြီးထောင့်လေးခု အစီအရင်ကို တည်ဆောက် ထားြ"အဘွားကြီးကဲ့ "
အဝေးတစ်နေရာတွင် ရှိနေသော ကျွင်းချောင်ရှောင်းသည် လက်ဖက်ရည် သောက်ကာဖြင့် ပြောလိုက်သည်။ "ကျုပ်တို့ စကြတော့မလား"
"စကြမယ်လေ"
ကဲ့ကျင်းနန်က ပြန်ပြောလိုက်၏။ သို့ပေမဲ့ သူမသည် နဝေတိမ်တောင် ခံစားနေမိ၏။
ပြိုင်စံရှား ဂိုဏ်း၏ တပည့်များ တည်ဆောက် ထားသော အစီအရင်သည် အလွန် အားကောင်းလှသော အော်ရာ များကို ထုတ်ဖော် နေ၏။ သို့ပေမဲ့ မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူများ၏ တိုက်ခိုက်မှုကို ခံနိုင်မည်လား မသေချာပေ။
သို့သော် တကယ်တမ်း တိုက်ခိုက်သည့် အခါမှာတော့ ယုဒြာကုန်းမြေတိုက်ကြီးရှိ ကျင့်ကြံသူများသည် မြေပြင်တွင် မောပန်းကာ လဲလျက် ရှိနေကြသည်။
"အံအားသင့်စရာပဲ "
ကဲ့ကျင်းနန်သည် လေးလေးနက်နက်ပင် ပြန်ပြောလိုက်၏။ ပြိုင်စံရှား ဂိုဏ်း၏ တပည့် ဆယ်ယောက်တို့သည် သိုင်းအုပ်စိုးသူအဆင့်သာ ရှိကြသည်။ သို့ပေမဲ့ မြေအဆင့် စွမ်းအား ကျင့်ကြံသူများအား တစ်ခါတည်း မောပန်းသွားအောင် ပြုလုပ်နိုင်စွမ်းရှိနေ၏။ မယုံကြည်နိုင်စရာပင်။