အခန်း (၁၁၉၆ - ၁၁၉၇)
Vol. 81 Ch. 1196 - 1197
ကုန်းရှန့်သည် သူ၏ တပည့်များဖန်တီးထားသော ကောင်းကင်နှင့် မြေကြီး ထောင့် ၄ ခုအစီအရင်၏ အားအင်ကို သိရှိပြီးသည့်နောက်မှာတော့ အားရကျေနပ်စွာဖြင့် ပြုံးလျက်ရှိနေတော့၏။ သိုင်းအုပ်စိုးသူအဆင့် တပည့် ၁၀ ယောက်တို့ သည် သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်းရှိနေတော့၏။
“ဒါက ဂိုဏ်းစုဆောင်းမှတ် ၅၀၀၀၀ တန်တယ်မလား။” စနစ်က မေးလိုက်သည်။
“တန်တာပေါ့။ တန်တာထက်တောင် ပိုသေးတယ်လေ။” ကျွင်းချောင်ရှောင်းက ပြန်ပြောလိုက်၏။
စနစ်သည် ဆက်လက်ကာဖြင့် သူ၏ ဈေးကွက်ချဲ့ထွင်ခြင်းစွမ်းရည်ကို ထုတ်ဖော်ပြသလေသည်။ “မင်းအနေနဲ့ ပိုပြီး အားကောင်းချင်တယ်ဆိုရင် နောက်ပိုင်းမှာ စနစ်ကို ပိုပြီး မှီခိုမှ ဖြစ်လိမ့်မယ်။”
…
“မြို့တော်ဝန်”
ဘုံကိုးပါးကုန်းမြေတိုက်ကြီး၏ အဓိကဟောခန်းအပြင်ဘက်မှာတော့ နောက်လိုက်တစ်ယောက်သည် အထဲသို့ လျှောက်ဝင်လာကာ ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်းက စာတစ်စောင် ပို့လိုက်ပါတယ်။”
“ဟမ်”
မိုရှန်ရှမ်းသည် အံ့အားသင့်စွာဖြင့် စာကို ယူလိုက်၏။ ဖွင့်၍ ကြည့်လိုက်သည့်အချိန်မှာတော့ ဂိုဏ်းချုပ်ကျွင်းသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ အပြင်ဘက်တည်နေရာတွင် တိုက်ခိုက်ရေးစင်မြင့်တစ်ခုကို ဖန်တီးပြုလုပ်ထားမည် ဖြစ်သည်။ ထို့ကြောင့် သူ့အား ထောက်ပံ့ပေးရန် ကျွမ်းကျင်သူများကို ခေါ်ဆောင်ကာဖြင့် လာခဲ့ရန် မြို့တော်ဝန်မိုအား တောင်းဆိုခဲ့ခြင်းပင် ဖြစ်သည်။
“တိုက်ခိုက်ရေးစင်မြင့် ဟုတ်လား။ ဘာလုပ်ချင်တာလဲ။”
ကျယ်ပြောကုန်းမြေတိုက်၊ ဆားတို့ကုန်းမြေတိုက်နှင့် တစ်ခြားသောကုန်းမြေတိုက်များသည်လည်း ဇဝေဇဝါဖြစ်မိနေ ကြ၏။ ၎င်းတို့အားလုံးသည် ကျွင်းချောင်ရှောင်းဆီမှ စာကို လက်ခံရယူပြီးသည့်နောက်မှာတော့ မြို့တော်ဝန်မိုကဲ့သို့ပင် စဉ်းစားတွေးခေါ်လျက်ရှိနေ၏။
“နန်းတော်သခင် …. သွားကြမှာလား။”
“မသွားလို့ရလို့လား။”
ချက်ချင်းပဲ နယ်မြေအသီးသီးဆီမှ စွမ်းအားမြင့်ကျင့်ကြံသူများအားလုံးသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ အရှေ့ ဆီသို့ သွားရောက်ရန် ပြင်ဆင်လိုက်ကြ၏။
သို့ပေမဲ့ ၎င်းတို့ တည်နေရာဆီသို့ ရောက်ရှိလာသည့်အချိန်မှာတော့ ခံတပ်၏ အပြင်ဘက် တည်နေရာအတားအဆီး ၌ ကြီးမားလှသော တိုက်ခိုက်ရေးစင်မြင့်ကြီး တစ်ခု ရှိနေကြောင်း မြင်လိုက်ရသည်။
ကျွင်းချောင်ရှောင်းသည် ထိုနေရာတွင် ထိုင်ကာဖြင့် ရေနွေးသောက်လျက် ရှိနေ၏။ တပည့်များအားလုံးသည် ညီညီညာညာဖြင့် လက်ကို နောက်ဖက်သို့ ပစ်ကာဖြင့် မတ်မတ်ရပ်နေကြ၏။ ၎င်းတို့ခေါင်းများသည် ခပ်မြင့်မြင့် မော့ ထားကြ၏။
တိုက်ခိုက်ရေးတည်နေရာ စင်မြင့်ကြီး၏ တစ်ဖက်တစ်ချက်တွင် ပြိုင်စံရှားဂိုဏ်း၏ သံမဏိအရိုးတောင်ခြေတွင်ရှိနေသော တိုက်ခိုက်ရေးစင်မြင့်ကဲ့သို့ အလွန်ခန့်ညားလှသော စာတမ်းများကိုလည်း ရေးထိုးထားေ“အားလုံးပဲ။”
ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်ပြီးသည့်နောက်မှာတော့ ကြည်လင်ရှင်းလင်းသည့်အသံဖြင့် ပြောလိုက်၏။ “ဒီနေ့ကျုပ်က တိုက်ခိုက်ရေးစင်မြင့်ကြီးကို ဖန်တီးထားတယ်။ ကျုပ်တပည့် အဝါရောင်အဆင့် တပည့် ဆယ်ယောက်ကို အသုံးပြုပြီးတော့ တိုက်ခိုက်မယ်။ ခင်ဗျားတို့အနေနဲ့ မြေအဆင့် စွမ်းအားမြင့်ကျင့်ကြံသူဖြစ်တယ်ဆိုရင် လာပြီး စိန်ခေါ်နိုင်စွမ်းရှိတယ်လေ။ ကျုပ်ဘက်က ရှုံးနိမ့်သွားပြီဆိုရင် စိတ်ဝိညာဉ်ကျောက်တုံးငါးသိန်းတိတိကို ပေးမယ်။”
“ဒါက”
များပြားလှသော နယ်မြေအသီးသီးရှိ ကျွမ်းကျင်သူများအားလုံးသည် အံ့အားသင့်မိသွားကြ၏။ အဝါရောင်အဆင့် တပည့် ၁၀ ယောက်အား မြေအဆင့်စွမ်းအားမြင့်ကျင့်ကြံသူများအနေနှင့် ဝင်ရောက်တိုက်ခိုက်နိုင်စွမ်းရှိသည်ဟု ပြောဆိုထားခဲ့၏။ ဂိုဏ်းချုပ်ကျွင်းသည် စိတ်ဝိညာဉ်ကျောက်တုံးများ သုံးစရာမရှိ၍ လာရောက်လှူဒါန်း နေသေးသည်လား။
“ဟုတ်ပြီ။”
ကျွင်းချောင်ရှောင်းက ဆက်ပြောလိုက်သည်။ “တကယ်လို့ ခင်ဗျားတို့ ရှုံးသွားမယ်ဆိုရင်တော့ ကျုပ်ကို စိတ်ဝိညာဉ်ကျောက်တုံးတစ်သောင်းပြန်ပြီးတော့ ပေးရလိမ့် မယ်။”
ကျွင်းချောင်ရှောင်းသည် သူ၏ တပည့်များ ယုဒြာကုန်းမြေတိုက်မှ သိုင်းကျင့်ကြံသူများနှင့် တိုက်ခိုက်နေစဉ်တွင် ဤကဲ့သို့ လက်ရည်စမ်းပွဲကို ပြုလုပ်ရန် စဉ်းစားမိခြင်း ဖြစ်၏။
အလွန်စွမ်းအားမြင့်လှသော သိုင်းကျင့်ကြံသူများနှင့် တိုက်ခိုက်မှသာလျှင် ကောင်းကင် နှင့် မြေကြီး ထောင့် ၄ ခု အစီအရင်၏ အင်ပြည့်အားပြည့် ထုတ်ဖော်နိုင်မှုကို သိရှိနိုင်စွမ်းရှိနေမည်မဟုတ်လား။ ထို့ကြောင့် ကျွင်းချောင်ရှောင်း သည် စိန်ခေါ်ပွဲတစ်ခုကို ဖန်တီးပြုလုပ်ခဲ့ခြင်းပင် ဖြစ်သည်။
စိတ်ဝိညာဉ်ကျောက်တုံး ငါးသိန်း နှင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်သောင်း။
ဤအရာသည် ဝင်ရောက်ယှဉ်ပြိုင်သည့်သူများအတွက် နစ်နာလှသည့်အရာမျိုးမဟုတ်ချေ။
ကျွင်းချောင်ရှောင်းအနေ နှင့် တပည့်များကို ခေါ်ဆောင်ကာ တစ်ခြားသောဂြိုဟ်အသီးသီးသို့ သွားရောက်၍ စိန်ခေါ်ခြင်းကို ပြုမိနေပြီဆိုလျှင် တစ်ဖက်မှလူများသည် လာရောက်ရန် ငြင်းပယ်နေလိမ့်မည်။ ထို့ကြောင့် သူသည် ဤနည်းလမ်းကို အသုံးပြုခဲ့ခြင်းပင် ဖြစ်၏။
ထို့ပြင် သူသည် ကြယ်ကိုးစင်း လဖမ်းသူ အစီအရင်ကြီးအား အသက်သွင်းခဲ့ရသည့်အတွက် သဘာဝ စိတ်ဝိညာဉ် ကျောက်တုံး ၁၀ သန်းကိုလည်း ကုန်ဆုံးခဲ့ရသေးသည် မဟုတ်ပါလား။
ဤတစ်ကြိမ် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲသို့ ရောက်ရှိလာပြီးသည့်နောက်မှာတော့ သူ၏ ဆုံးရှုံးခဲ့သမျှသော စိတ်ဝိညာဉ်ကျောက်တုံးများကို ပြန်ရှာရန် နည်းလမ်းကိုလည်း ထပ်တိုးစဉ်းစားခဲ့ခြင်းပင်ဖြစ်၏။
စနစ်က ပြောလိုက်သည်။ “လက်ခံသူအနေနဲ့ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲကို လာဖို့ ဘယ်လောက်တောင် ခက်ခက်ခဲခဲ စဉ်းစားခဲ့ရတာလဲ။”
“…….”
“မင်းအနေနဲ့ ပိုက်ဆံရှာချင်ရင် ရှာချင်တယ်ပေါ့။ တပည့်တွေရဲ့ တိုက်ခိုက်မှုစွမ်းရည်ပိုပြီးတိုးလာအောင် အကြောင်းပြ ချက်တွေ ဘာတွေ လျှောက်ပေးနေရတာလဲ။”
…
များပြားလှသော နယ်မြေအသီးသီးမှ သိုင်းကျင့်ကြံသူများအားလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကြ၏။ အနိုင်ရရှိသူ သည် စိတ်ဝိညာဉ်ကျောက်တုံး ၅ သိန်းကို ရရှိမည်ဖြစ်ပြီး ရှုံးနိမ့်ပါက စိတ်ဝိညာဉ်ကျောက်တုံး ၁ သောင်းကိုသာ ပေးအပ်ရပေလိမ့်မည်။ ဤအရာမှာ တကယ့်ကို ကောင်းမွန်လှသည့် အရာပင်ဖြစ်သည်။ လောင်းသင့်သည့် လောင်းကစားမျိုးပင် ဖြစ်တော့၏။
“ဂိုဏ်းချုပ်ကျွင်း”
စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည်။ “သဘာဝစိတ်ဝိညာဉ်ကျောက်တုံးငါးသိန်းရဲ့ အရည်အသွေးက ဘာတွေလဲ။”
ဤမေးခွန်းသည် အားလုံး၏ စိတ်ထဲတွင် ရှိနေသော အရာပင် ဖြစ်၏။ သဘာဝစိတ်ဝိညာဉ်ကျောက်တုံး ဆိုသည် မှာ အရည်အသွေးမတူညီဘဲ များပြားစွာ တည်ရှိနေ၏။ အကယ်၍ အရည်အသွေးနိမ့်ပါးလွန်းလှသော စိတ်ဝိညာဉ် ကျောက်တုံးငါးသိန်းသာဆိုလျှင် သူတို့၏ လက်ထဲတွင် ရှိနေသော စိတ်ဝိညာဉ်ကျောက်တုံးတစ်သောင်းနှင့် နှိုင်းယှဉ်၍ တူညီနေသည်ဆိုပါက ဘာထူးနေမည်နည်း။
ဖြောက်
ကျွင်းချောင်ရှောင်းသည် လက်ဖြောက်ကို တီးလိုက်၏။
လီချင်းယန်၊ ရှောင်ကျီတို့သည် အပြင်ဘက်သို့ လျှောက်ထွက်လာခဲ့ပြီးသည့်နောက်မှာတော့ တလက်လက်နှင့် တောက်ပလျက်ရှိနေသော စိတ်ဝိညာဉ်ကျောက်တုံးများကို မြေပေါ်သို့ ပုံပေးလိုက်ကြသည်။
“ဒါက”
နယ်မြေအသီးသီးတွင်ရှိသော သိုင်းကျင့်ကြံသူများအားလုံးသည် မျက်လုံးအပြူးသားပင် ဖြစ်သွားမိကြ၏။ “ဘုံကိုးပါးကုန်းမြေတိုက်ကြီးက ဆဋ္ဌဂံကြယ်ကျောက်တုံးတွေပဲ။”
“…………”
မိုရှန်ရှမ်း၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားခဲ့၏။
ဂိုဏ်းချုပ်ကျွင်း ….. ခင်ဗျား အလဲအလှယ်လုပ်ချင်ရင်လည်း ဘာကိစ္စ ကျုပ်ဆီက ရထားတဲ့ အရာတွေကို ခဏခဏ ထုတ်ပြီးတော့ ပြနေရတာလဲ။
“အားလုံးပဲ။”
ကျွင်းချောင်ရှောင်းသည် ကြည်လင်ရှင်းလင်းသည့်အသံဖြင့် ပြောလိုက်၏။ “ကျုပ်တပည့်တွေကို အနိုင်ယူနိုင်တဲ့လူတွေက ဆဋ္ဌဂံကြယ်ကျောက်တုံးငါးသိန်းတိတိကို ရလိမ့်မယ်။”
ပြောပြောပြီးချင်းမှာပဲ များပြားလှသော ဂြိုဟ်အသီးသီးမှ စွမ်းအားမြင့်ကျင့်ကြံသူများ၏ မျက်လုံးများသည် နေလို လလို ထွန်းတောက်လာခဲ့ကြ၏။ သေမျိုးလောကထဲတွင် မတူညီသည့် စိတ်ဝိညာဉ်ကျောက်တုံး အမျိုးအစားများ အများအပြားရှိ၏။ သို့ပေမဲ့ ဆဋ္ဌဂံကြယ်ကျောက်တုံးဆိုသည်မှာ အားကောင်းလှသည့် အဆင့်အတန်းမြင့်မားလှသည့် စိတ်ဝိညာဉ် ကျောက်တုံးများ၏ စာရင်းတွင် ပါဝင်သည့်အရာမျိုးဖြစ်ကြောင်း သူတို့က ကောင်းကောင်းနားလည်ကြသည်။
ဤကဲ့သို့သော အားကောင်းလှသည့် စိတ်ဝိညာဉ်ကျောက်တုံးများကို မျက်မြင်တွေ့နေရသည့်အချိန်တွင် မည်သူသည် တောင့်ခံနိုင်လိမ့်မည်နည်း။
“တိုက်ခိုက်မယ်။”
သူတို့သည် တိုက်ခိုက်မှ ဖြစ်ပေလိမ့်မည်။
“ဂိုဏ်းချုပ်ကျွင်း”
မြေအဆင့်စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်သည် ကျယ်လောင်စွာ ပြောလိုက်၏။ “ကျုပ်က ခင်ဗျားရဲ့ ဂုဏ်ယူရလောက်တဲ့ တပည့်တွေရဲ့ အားအင်အဆင့်ကို စမ်းသပ်ချင်တယ်။”
သူသည်သာ နိုင်သွားသည်ဆိုပါက ဆဋ္ဌဂံကြယ်ကျောက်တုံး ငါးသိန်းကို ရရှိမှာဖြစ်ပြီး ရှုံးနိမ့်သွားသည်ဆိုလျှင်လည်း စိတ်ဝိညာဉ်ကျောက်တုံးတစ်သောင်းသာ ကုန်ရမှာဖြစ်သည်။ အလောင်းအစားပြု၍ ဝင်ရောက်တိုက်ခိုက်ရန် ထိုက်တန်သည့် အရာပင်ဖြစ်တော့၏။
“ကျေးဇူးပြုပြီး စင်ပေါ်ကို တက်လာပါအုံး။”
ကျွင်းချောင်ရှောင်းသည် လက်သီးဆုပ်ကာပြောလိုက်၏။
ရွှီ
အမဲရောင်အဆင့်စွမ်းအားမြင့်ကျင့်ကြံသူသည် စင်မြင့်ပေါ်သို့ ခုန်တက်လာခဲ့သည်။
တခြားသော ဂြိုဟ်အသီးသီးမှ သိုင်းကျင့်ကြံသူများအားလုံးသည် ၎င်းအား မနာလိုသလို လှမ်း၍ ကြည့်ရှုလိုက်ကြ၏။ ဖြစ်နိုင်မည်ဆိုလျှင် ၎င်းတို့ အားလုံးသည်လည်း အရင်ဦးဆုံးတက်ကာ တိုက်ခိုက်ချင်စိတ် ပေါက်နေကြ၏။
“အားလုံးပဲ … မစိုးရိမ်ပါနဲ့။”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီရောင်းရင်းနိုင်သွားပြီဆိုလျှင်တောင်မှ တိုက်ပွဲက ဆက်ပြီး ဖြစ်နေအုံးမှာပဲလေ။ ဘယ်သူမဆို အနိုင်ရရှိသူတိုင်းက ဆဋ္ဌဂံကြယ်ကျောက်တုံးငါးသိန်းကို ရမှာ။”
“တကယ်လား။”
အားလုံး၏ မျက်လုံးထဲတွင်ရှိနေသော မချင့်မရဲ ခံစားချက်များအားလုံးသည် ပျောက်ကွယ်သွားခဲ့ကြတော့၏။
…
မိုရှန်ရှမ်း၏ အမူအရာသည် အလွန်အမင်း စိတ်ဝင်တစားဖြစ်လာကြသည်။
“မဖြစ်ဘူး။ မဖြစ်ဘူး။”
ဂိုဏ်းချုပ်ကျွင်းသည် ဤကဲ့သို့ စိတ်ဝိညာဉ်ကျောက်တုံးများကို အလွယ်တကူလာရောက်၍ ပေးအပ်ရန်အတွက် မြည်းကန်ခံထားရသည့်ဦးခေါင်းကို ပိုင်ဆိုင်သူတစ်ယောက်မဟုတ်ပေ။ ဤကဲ့သို့ လာရောက်ကာ စိန်ခေါ်နေသည် ဆိုမှတော့ အလုံးစုံသော ယုံကြည်မှုကို တည်ရှိနေပေလိမ့်မည်။
ဦးနှောက်အလုပ်လုပ်မှုမပျက်စီးသေးသော မြို့တော်ဝန်မိုသည်လည်း ထိုအရာကို သေသေချာချာ စဉ်းစားမိနေ၏။ သို့ပေမဲ့ သူစဉ်းစားလေ စိတ်ဓာတ်ကျလေပင်ဖြစ်တော့သည်။
တပည့် ၁၀ ယောက်တည်း နှင့် အမဲရောင်အဆင့်စွမ်းအားမြင့်ကျင့်ကြံသူကို ရင်ဆိုင်တိုက်ခိုက်ရန် စိန်ခေါ်နေခြင်း ဆိုသည်မှာ ယုတ္တိမတန်လှချေ။ တစ်စုံတစ်ခု ထူးခြားသည့်အရာမျိုးတော့ ရှိပေလိမ့်မည်။
“တိုက်ခိုက်ရအောင်။”
ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် စင်မြင့်တည်နေရာအောက်ဆီသို့ ခုန်ချပြီးသည့်နောက် လက်ကို ယမ်းခါ လိုက်၏။
…
ပြိုင်စံရှားဂိုဏ်းတပည့် ၁၀ ယောက်တို့သည် စင်မြင့်ပေါ်သို့ ခုန်တက်ပြီးသည့်နောက်မှာတော့ လက်သီးကိုဆုပ်ကာဖြင့် အမဲရောင်အဆင့်စွမ်းအားမြင့်ကျင့်ကြံသူအား စိန်ခေါ်လိုက်ကြသည်။
ဂိုဏ်းချုပ်ကျွင်း စေလွှတ်လိုက်သည့် တပည့်များအားလုံးသည် အဝါရောင်အဆင့် အလယ်အလတ် ကျင့်ကြံသူများသာ ဖြစ်ကြ၏။
ဂိုဏ်းချုပ်ကျွင်းသည် ဘာလုပ်ချင်နေသနည်း။
…
စင်မြင့်ပေါ်မှာတော့ ပြိုင်စံရှားဂိုဏ်းတပည့် ၁၀ ယောက်တို့သည် လေးနက်တည်ကြည်စွာဖြင့် စောင့်လျက်ရှိနေကြ၏။ ကျွင်းချောင်ရှောင်းက စတင်မည်ဟု ပြောပြီးသည့်အချိန်မှာတော့ ၎င်းတို့အားလုံးသည် မြန်မြန် လူစုခွဲသွားပြီးသည့် နောက် အမဲရောင်အဆင့် စွမ်းအားမြင့်ကျင့်ကြံသူအား ဝိုင်းရံလိုက်ကြ၏။
ဟူး ဟူး
ရှေးကျလှသော အော်ရာများသည် တည်နေရာအနှံ့တွင် ပျံ့နှံ့သွားပြီးသည့်နောက်မှာတော့ အလင်း၏ အတားအဆီး တစ်ခုပုံစံမျိုးဖြစ်တည်လာခဲ့သည်။
“အစီအရင်လား။”
မိုရှန်ရှမ်းသည် ရုတ်တရက် နားလည်သွား၏။ ဂိုဏ်းချုပ်ကျွင်းအနေနှင့် သူ၏ တပည့်များအား အဆင့်မြင့် စွမ်းအားမြင့်ကျင့်ကြံသူများကို စိန်ခေါ်တိုက်ခိုက်စေခြင်းမှာ အံ့အားသင့်စရာမဟုတ်တော့ချေ။ ဤအစီအရင်ကို အားကိုးထားခဲ့သောကြောင့်ပင်ဖြစ်တော့၏။
ဘုံကိုးပါးကုန်းမြေတိုက်ကြီးတွင်လည်း တူညီသည့် အစီအရင် တည်ရှိနေသည်။ ထိုအရာကို အသုံးပြုလိုက်သည် ဆိုပါက တိုက်ခိုက်ရေးစွမ်းရည်များသည် တမဟုတ်ချင်းပိုမိုကာ တိုးတက်လာမှာသေချာသည်။
သို့ပေမဲ့ အလယ်အလတ် အဝါရောင်အဆင့်ကျင့်ကြံသူ ၁၀ ယောက်သည် မည်ကဲ့သို့ ပူးပေါင်း၍ တိုက်ခိုက်သည်ဆိုဆို မြေအဆင့်စွမ်းအားမြင့်ကျင့်ကြံသူအား အနိုင်ယူနိုင်ပါမည်လား။
“ဒါက မဖြစ်နိုင်ဘူး။ ဟုတ်တယ်နော်။”
မိုရှန်ရှမ်းသည် သေသေချာချာ စဉ်းစားလျက်ရှိနေတော့၏။
သို့ပေမဲ့ ၁၀ မိနစ်လောက် ကြာပြီးသည့်နောက်မှာတော့ တပည့် ၁၀ ယောက်တို့သည် ကောင်းကင် နှင့် မြေကြီး ထောင့် ၄ ခုအစီအရင်ကို ဖယ်ရှားလိုက်သည့်အချိန်မှာတော့ မြေအဆင့်စွမ်းအားမြင့်ကျင့်ကြံသူသည် မြေပေါ်၌ လဲလျက်ရှိနေတော့သည်။
“သူရှုံးသွားပြီ။”
မိုရှန်ရှမ်းသည် စူးစိုက်ကြည့်ကာ ပြောလိုက်၏။ “တကယ်ရှုံးသွားတာပဲ။”
“အနိုင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”
ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်ကာ ပြောလိုက်၏။
“ကျေးဇူးပြုပြီး ဟိုနေရာကို သွားပြီး စိတ်ဝိညာဉ်ကျောက်တုံး ၁သောင်းကို ပေးလိုက်ပါ။”
“………”
မြေအဆင့် စွမ်းအားမြင့်ကျင့်ကြံသူသည် ခက်ခက်ခဲခဲ မတ်တပ်ထရပ်ပြီးသည့်နောက်မှာတော့ စိတ်ဝိညာဉ် ကျောက်တုံး များကို ထုတ်ယူလိုက်သည်။
“ဘယ်သူ တိုက်ခိုက်ချင်သေးလဲ။”
“ကျုပ်ပဲ။”
အားကောင်းလွန်းသော မြေအဆင့်စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်သည် စင်မြင့်ပေါ်သို့ ခုန်တက်လိုက်၏။
ကျွင်းချောင်ရှောင်း အနေနှင့် သိုင်းကျင့်ကြံသူ၏ အားအင်အဆင့်ကို အကြမ်းမျဉ်းသုံးသပ်ပြီးသည့်နောက်မှာတော့ လီထျန်းထျန်းနှင့် တပည့် ၉ ယောက်တို့ကို အပေါ်သို့ စေလွှတ်ကာ တိုက်ခိုက်ခြင်းကို ပြုမူစေသည်။ ပြီးသည့်နောက်မှာ တော့ နောက်ထပ် စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းကို ထပ်မံကာ ရရှိခဲ့သည်။
“မဖြစ်နိုင်ဘူး။ သူတို့ ဘယ်လိုအစီအရင်မျိုးကို ဖန်တီးအသုံးပြုတိုက်ခိုက်နေတာလဲ။ အဆင့်မြင့်သိုင်းကျင့်ကြံသူ တွေကိုတောင်မှ အနိုင်ယူနိုင်နေတယ်။”
အားလုံးသည် ဆွံ့အလျက်ရှိနေ၏။
“ကျုပ်လုပ်မယ်။”
“ကျုပ်လုပ်မယ်။”
ပုံလျက်ထားသော ဆဋ္ဌဂံကြယ်ကျောက်တုံး ၅သိန်း၏ အောက်မှာတော့ အားလုံးသောသူများသည် စိတ်အားတက်ကြွစွာဖြင့် တစ်ယောက်ပြီးတစ်ယောက်စင်မြင့်ပေါ်သို့ တက်ကာ တိုက်ခိုက်ခြင်းကို ပြုလုပ်နေကြ၏။ သို့ပေမဲ့ ၎င်းတို့သည် အချိန်တိုင်း ရှုံးနိမ့်ပြီးသည့်နောက်မှာတော့ စိတ်ဝိညာဉ်ကျောက်တုံးများကို ပြန်လည်ကာ ပေးအပ်နေကြရ၏။
အချိန်ကာလသည် လေးနာရီ၊ ငါးနာရီခန့် ကြာမြင့်သွားခဲ့ကြ၏။ မတူညီသည့် ဂြိုဟ်အသီးသီးဆီမှ သိုင်းကျင့်ကြံသူ ၁၀၀ ကျော်တို့သည် ရှုံးနိမ့်သွားခဲ့ကြသည်။
ကျွင်းချောင်ရှောင်းသည်လည်း စိတ်ဝိညာဉ်ကျောက်တုံးများ အများအပြားကို ရရှိခဲ့၏။ သူရရှိခဲ့သည့် စိတ်ဝိညာဉ် ကျောက်တုံးများ၏ အရည်အသွေးသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ သဘာဝစိတ်ဝိညာဉ်ကျောက်တုံးများထက် ပိုမိုကာ အားကောင်းနေခဲ့၏။ ထို့ကြောင့် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ စိတ်ဝိညာဉ်ကျောက်တုံးနှင့် ပြန်လည် တွက်ချက်မည်ဆိုလျှင် သုံး ၊ လေး ၊ ငါးသန်းလောက် ရရှိသည်ဟု ဆိုရမည်။ ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်လျက်ရှိနေ၏။