အခန်း (၁၂၀၁)
Vol. 81 Ch. 1201
ကျွင်းချောင်ရှောင်းသည် တစ်ညလုံးလုံး အဓိကဟောခန်း၏ အမိုးပေါ်တွင် လဲလျောင်းပြီး ကိစ္စရပ်များအားလုံးကို သေသေချာချာ စဉ်းစားသုံးသပ်ခဲ့၏။ အဆုံးသတ်မှာတော့ သူ၏ နှလုံးသားထဲတွင် ရှိနေသော ရှုပ်ထွေးနေသည့် အရာအားလုံးကို ဖိနှိပ်ကာ ကျင့်ကြံခြင်းနှင့် ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်ခြင်း အရာ၌သာ အာရုံစိုက်ထားရန်သာ ဆုံးဖြတ်ချက်ချလိုက်တော့သည်။
နှင်းဆီဧကရီအတွက်တော့ အနာဂတ်တွင် ဂြိုဟ်တိုက်ပွဲတည်နေရာထဲသို့ မသွားရန် ဆုံးဖြတ်ချက် ချလိုက်၏။ ထိုအချင်းအရာကို ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲရှိ စွမ်းအားမြင့်ကျင့်ကြံသူများသည် သိရှိမည်ဆိုပါက ပျော်ရွှင်ရ လွန်းသောကြောင့် မီးရှူးမီးပန်းများ ဖောက်ကာ အောင်ပွဲခံ အခမ်းအနားကို ကျင်းပကြတော့မှာ သေချာ၏။
နောက်တစ်ရက်မှာတော့ ကျွင်းချောင်ရှောင်းသည် တာဝန်ခွဲဝေသည့် ခန်းမဆောင်ထဲသို့ သွားပြီးသည့်နောက်မှာ တော့ တပည့်များအားလုံးကို ဖြစ်နိုင်သမျှ အမြန်ဆုံး ဂိုဏ်း၏တာဝန်များကို ပြုမူဆောင်ရွက်ရန် အမိန့်ပေး စေခိုင်းခဲ့၏။ ထိုမှသာလျှင် ဂိုဏ်း၏အဆင့်သည် တိုးတက်လာမှာဖြစ်ပြီး ဂိုဏ်းစုဆောင်းမှတ်နှင့် ဂိုဏ်းအောင်မြင်မှု အမှတ်များသည်လည်း တိုးပွားလာပေလိမ့်မည်။
သူသည် ကိုယ့်ကိုယ်ကိုယ် အလုပ် အရမ်းကြိုးစားသူတစ်ယောက် အဖြစ် အသွင်ပြောင်းလဲလိုက်ပြီဖြစ်သည်။ ထို့ကြောင့် ရှိရှိနေသမျှသော ဟောခန်းများကို လည်ပတ်ပြီးသည့်နောက် တစ်ခုပြီးတစ်ခု စီစဉ်စရာ ရှိသည်များကို စီစဉ်တော့၏။
“ဒါက…”
တောက်ယွမ်သည် အနည်းငယ် ဇဝေဇဝါ ဖြစ်လို့နေသည်။ ဂိုဏ်းချုပ်သည် သားရဲစီးဟောခန်းဆီသို့ ရောက်ရှိလာပြီးသည့်နောက် တပည့်များအားလုံးအား တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး ဦးစားပေးရန် မှာကြားခဲ့သည်။ ဤအရာသည် အနည်းငယ် ထူးဆန်းလွန်းလှချေ၏။
ရွှဲရမ်ကွေ့က ပြောလိုက်သည်။ “အမိန့်ပေးထားပြီ ဆိုမှတော့ ဘာလုပ်လို့ ရတော့မှာလဲ။ ရှင်းစရာရှိတာ ရှင်းကြတော့လေ”
“ကောင်းပါပြီ”
တစ်ရက်တည်းမှာပဲ သားရဲစီးဟောခန်းရှိ အဖွဲ့ဝင်များအားလုံးသည် တံမြက်စည်းများ၊ ရေပုံးများကို ယူကာဖြင့် တည်နေရာတစ်ခုလုံးကို လှည့်လည်ကာ ရှင်းလင်းခြင်း ပြုလုပ်တော့၏။ သားရဲစီးဟောခန်း တစ်ခုလုံး သည် တောက်ပသစ်လွင်လျက် ရှိနေတော့၏။
ဆေးဟောခန်းနှင့် မိုးဆွေဟောခန်းတို့သည်လည်း ငြိမ်ငြိမ် မနေရချေ။ အားလုံးသည် သန့်ရှင်းရေးကို ပြုလုပ်နေ ကြရ၏။ အဆိုးရွားဆုံးမှာ စိတ်ဝိညာဉ်သားရဲဟောခန်းပင် ဖြစ်သည်။ ဟောခန်းသခင်ကျိသည် အကြီးအကဲညိုနှင့် တခြားသောသားရဲများကို ခေါ်ဆောင်ကာဖြင့် သံမဏိအရိုးတောင်ထဲတွင် ရှိနေသော သားရဲချေးများအားလုံးကို လိုက်လံကောက်ယူနေရ၏။ ဤအရာသည် ဂိုဏ်းချုပ်၏ စေခိုင်းမှုကြောင့်ပင်ဖြစ်တော့သည်။
“ချီးတဲ့မှ... ဒီနေရာမှာ ဘယ်ကောင်အီးပါသွားတာလဲကွ၊ နံလိုက်တာ”
“ဘုရင်... ချေးတက်နင်းထားသေးတယ်”
အား အား …
“အမိန့်ပေးလိုက်စမ်း... တွေ့ကရာနေရာ အီးပါ ၊ သေးပေါက် လုပ်တဲ့ကောင်တွေအားလုံးကို လစဉ်လတိုင်းရနေတဲ့ သားရဲဆေးလုံး လျော့ချပစ်မယ်”
နေဝင်ချိန်သို့ ရောက်ရှိလာခဲ့ကြ၏။ ဟောခန်းအသီးသီး၏ အားစိုက်မှုနှင့်အတူ ပြိုင်စံရှားဂိုဏ်းတစ်ခုလုံးသည် အသစ်ကဲ့သို့ တောက်ပြောင်ရှင်းလင်းလျက် ရှိနေတော့၏။
ဟုတ်ပေသည်။ တပည့်များ အနေနှင့် ဂိုဏ်းချုပ်၏ မိန်းမ အကြောင်းကို မပြောရဲကြတော့ချေ။ ဂိုဏ်းချုပ်သည် ထိုအကြောင်းကို ပြောဆိုသည့်လူအား စည်းကမ်းထိန်းသိမ်းရေးဟောခန်းဆီသို့ စေလွှတ်ကာ တင်းတင်းကျပ်ကျပ် အပြစ်ပေးခံရမည်ဟု အမိန့်ပေးထားသည် မဟုတ်ပါလား။
“ထူးဆန်းလိုက်တာ”
လီချင်းယန်သည် နားမလည်နိုင်ချေ။ “ဘာလို့ စီနီယာအစ်မကြီးကို မတွေ့ရတာလဲ”
“ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲက ပြန်လာပြီးတဲ့နောက်မှာ စီနီယာအစ်မကြီးက ဘုံကိုးပါးလျှို့ဝှက်နယ်မြေကို ဖွင့်ပြီးတော့ လေ့ကျင့်နေတယ်လေ” လီထျန်းထျန်းက ပြောလိုက်သည်။
................
ဘုံကိုးပါး လျှို့ဝှက်နယ်မြေ၏ ရေခဲတောင်ကောင်းကင်အထက်မှာတော့ ဤနေရာသည် နှင်းများ ဖုံးလွှမ်းလျက် ရှိနေသော တည်နေရာဖြစ်၏။ လုချင်းချင်းသည် ရေခဲတောင်ကြီးတစ်ခုပေါ်တွင် မတ်မတ်ရပ်လျက် ရှိ၏။ သူမသည် ဤနေရာတွင် လာရောက်ကာ အချိန်ဖြုန်းလေ့ ဖြုန်းထရှိ၏။ ဤနေရာတွင်ရှိနေသော ရေခဲဓာတ်သဘာဝများသည် အလွန်တရာ အားကောင်းလွန်းသောကြောင့် သူမ၏ ရေခဲဓာတ်သဘာဝအပေါ် နားလည်မှုသည် ပိုမိုကာ နက်ရှိုင်း လာခဲ့၏။
“ဘိုးဘေးအကြီးအကဲကြီး... ထိုက်ရွှမ်အအေးကျင့်စဉ်ရဲ့ ဆဋ္ဌမအဆင့်ကို အောင်မြင်နားလည်ခဲ့ပြီးပြီဆိုပေမဲ့ ဘာလို့ အခု နှလုံးသားက ရေလို မတည်ငြိမ်ရတာလဲ။ ခက်ခဲလွန်းတယ်”
လုချင်းချင်းသည် မျက်မှောင်ကုတ်ကာဖြင့် တွေဝေစဉ်းစားလျက် ရှိနေတော့၏။ ထိုက်ရွှမ်အဘိုးအို ချန်ရစ်ခဲ့သော နတ်ဘုရားအဆင့် ကျင့်ကြံခြင်းနည်းစနစ် နှစ်ခုထဲမှ တစ်ခုဖြစ်သော ထိုက်ရွှမ်အအေးကျင့်စဉ်ကို သူမ လေ့ကျင့်ခဲ့၏။ အချိန်အတော်ကြာ လေ့ကျင့်ပြီးသည့်နောက်မှာတော့ သူမသည် ခရီးရောက်သည့် အခြေအနေဆီသို့ ရောက်ရှိလာခဲ့ပြီဖြစ်တော့သည်။ ထို့အပြင် ရေခဲအင်ပါယာ၏ အမွေအနှစ်များကိုလည်း လက်ခံ ရရှိခဲ့သေး၏။ ထို့ကြောင့် ကျင့်ကြံရသည်မှာ ပိုမို၍ လွယ်ကူလာခဲ့တော့သည်။ သို့သော်ငြား ရရှိခဲ့သည့် ရလဒ်သည် စိတ်ကျေနပ်လောက်ဖွယ်ရာ မဟုတ်သေးချေ။ သူမအနေနှင့် အဆင့်တစ်ခုကို ထိတွေ့ရန် ကြိုးစားလိုက်သည့်အချိန် တိုင်းမှာပဲ ဤကဲ့သို့ ကျရှုံးမှုမျိုးကို ကြုံတွေ့နေရသည်။
“ဟေး”
ရုတ်တရက်ဆိုသလိုပဲ ရေခဲတောင်၏ အောက်ခြေတွင် အော်သံတစ်ခု ထွက်ပေါ်လာခဲ့၏။ ဘယ်တုန်းထဲက ရောက်နေမှန်းမသိသော ကျွင်းချောင်ရှောင်းသည် ရေခဲကျောက်တုံးကြီးပေါ်တွင် ခြေချိတ်ကာ ထိုင်လျက် ရှိ၏။ သူသည် ပါးလွှာလှသော အဝတ်များကို ဝတ်ဆင်ထားသည်ဆိုသော်လည်း အေးစက်သည့်ပုံ မပေါ်ချေ။
လုချင်းချင်း၏ လေသံသည် ပုံမှန်အတိုင်းပဲ အေးစက်လျက် ရှိနေ၏။ “ဂိုဏ်းချုပ် ဘာအမိန့်ပေးချင်လို့လဲ”
“နားလည်မှု မလွဲနဲ့လေ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
လုချင်းချင်းသည် အသာလှည့်ကာဖြင့် အေးစက်သည့် မျက်လုံးများဖြင့် လှမ်းကြည့်လိုက်၏။ “ဘာကို နားလည်မှု လွဲရမှာလဲ”
ကျွင်းချောင်ရှောင်းသည် ကြောင်တောင်တောင်ဖြင့် ပြောလိုက်၏။ “မင်း စိတ်ထဲမှာ ထင်နေတဲ့ အရာတွေပေါ့”
“ဂိုဏ်းချုပ် အတွေးလွန်နေပြီ”
လုချင်းချင်းသည် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “တပည့်က အတွေးမလွန်ပါဘူး။ ဘာကိုမှလည်း နားလည်မှု မလွဲဘူး”
“ဒါဆိုရင် ကောင်းပြီ”
ကျွင်းချောင်ရှောင်းသည် ရေခဲကျောက်တုံးပေါ်မှ ခုန်ချပြီးနောက် ပြောလိုက်၏။ “မင်း လေ့ကျင့်တာကို ငါ မနှောက်ယှက်တော့ဘူး”
“အင်း... ကောင်းပါပြီ”
ထွက်ခွာသွားပြီးသည့်နောက် သူက ပြောလိုက်၏။ “မင်း အချိန်ရှိတယ်ဆိုရင် မင်းရဲ့ ဂိုဏ်းတူရောင်းရင်းတွေကို ကူညီဖို့လုပ်အုံး”
ဂိုဏ်းထဲတွင် အေးစက်သည့် ဓာတ်သဘာဝနှင့် တမူထူးခြားသည့် တပည့်နှစ်ယောက်ထဲတွင် ရီရှင်းချန်သည် လင်းရန်ခန်းမဆောင် (ယွမ်ရေးလိုက်၊ ရန် ရေးလိုက်ပဲဗျ၊ ဘာလဲတော့ မသိဘူး။ MTL က ပြန်ရတာ ဆိုတော့ နည်းနည်းစားတယ်။ တခါတည်း အမှားပြင်ချင်တာက ကျန့်ရာ ရှာနေတာ သူ့ညီမလေး မဟုတ်ဘဲ အစ်မကြီးပါ။ ရှေ့ပိုင်း ညီမလေးကြီးပဲ ရေးထားပြီး နောက်ပိုင်း အစ်မကြီး ပြန်လုပ်ထားလို့) ထဲသို့ ရောက်ရှိနေပြီဖြစ်၏။ သို့ပေမဲ့ လုချင်းချင်းမှာတော့ လိုအပ်ချက်များနှင့် မကိုက်ညီ သေးချေ။
လင်းရန်ခန်းမဆောင်သည် နှစ်ဆယ့်လေးနေရာသာလျှင် လွတ်၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်း အနေဖြင့် အကြီးဆုံးတပည့်ကြီးအား ထိုနေရာထဲသို့ ဝင်ရောက်ခွင့် ရစေချင်မိသည်။ ထိုလင်းရန်ခန်းမဆောင်ထဲသို့ ရောက်ရှိပြီး ရရှိမည့်ဆုလာဘ်များသည် သူမအား ပိုမိုကာ တိုးတက်လာစေလိမ့်မည်ဟု သူအတတ်သိနေသည် မဟုတ်ပါလား။
ကုန်းရှန့်သည် တပည့်များကို မျှမျှတတ ဆက်ဆံတတ်သည့် လူတစ်ယောက်ဖြစ်သည်ဆိုသော်လည်း ဂိုဏ်းထဲသို့ ပထမဦးဆုံး ဝင်ရောက်လာသည့် လုချင်းချင်းနှင့် ပတ်သက်၍တော့ အနည်းနှင့်အများ ဘက်လိုက်သည့်သဘာဝ တည်ရှိနေတော့သည်။ လီလိုရှုသည်ပင်လျှင် ထိုအရာကို ကောင်းကောင်းမြင်နိုင်စွမ်းရှိ၏။
...............
“ဒင်... တပည့် လီယုဟွာသည် ဂိုဏ်း၏တာဝန်ကို ပြည့်စုံအောင် ပြုလုပ်ခဲ့သည်။ ဂိုဏ်းစုဆောင်းမှတ် ငါးဆယ်နှင့် ဂိုဏ်းအောင်မြင်မှုအမှတ် ငါးဆယ်ကို ရရှိသည်”
“ဒင်... ဂိုဏ်းစုဆောင်းမှတ် - ၆၀၁၀၀ / ၇၀၀၀၀”
“ဒင်... ဂိုဏ်းအောင်မြင်မှုအမှတ် - ၄၀၁၁၀ / ၇၀၀၀၀”
ဂိုဏ်းချုပ်ကတော်အကြောင်း ပြောဆိုသည်ကို တားမြစ်ခံရပြီးသည့်နောက် တပည့်များ အားလုံးသည် ပုံမှန်အတိုင်း ဂိုဏ်း၏တာဝန်များကို ဆက်လက်ကာ ပြုလုပ်ကြတော့၏။ အချိန်ကြာလျှင် တစ်ယောက်ဆိုသလိုမျိုး သူ၏ နားထဲတွင် သတိပေးသံများ ထွက်ပေါ်လျက် ရှိနေ၏။
“သူတို့အားလုံး ပြည့်စုံသွားပြီဆိုရင် ဂိုဏ်းစုဆောင်းမှတ် နှစ်သောင်းလောက် ပိုလာလိမ့်မယ်လေ။ ဒါဆိုရင် ငါ အရင်ဆုံး သုံးရမယ်”
ရွှီး
သူသည် အဆင့်မြင့်စတိုးကို ဖွင့်လိုက်ပြီးသည့်နောက်မှာတော့ နောက်ဆုံးအကြိမ် Refresh လုပ်လိုက်တုန်းက ပေါ်လာခဲ့သော ပစ္စည်းများကို သေသေချာချာ ကြည့်ရှုလိုက်၏။ သူ့တွင် အကျင့်တစ်ခု ဖြစ်ပေါ်သွားခဲ့၏။ လိုအပ်သည့်အရာတစ်ခုကို ဝယ်ယူပြီးသည့်အချိန်တွင် တခြားအရာများကို ဆက်လက်ကြည့်ရှုသည့်အကျင့် မရှိခဲ့တော့ချေ။ သူ့အနေနှင့် ဂိုဏ်းစုဆောင်းမှတ်များ လက်ထဲတွင် ရှိနေသည်ဆိုမှ ထိုအရာထဲသို့ဝင်၍ ကြည့်ရှု တတ်သည့် ဓလေ့သဘာဝမျိုး တည်ရှိနေသည်။ အဓိကအားဖြင့် သူသည် ထိုအရာများကို မကြည့်ရဲခြင်းပင် ဖြစ်သည်။
အဆင့်မြင့်စတိုးထဲတွင် ရှိနေသော ပစ္စည်းတော်တော်များများသည် အသုံးဝင်ကာ ဝယ်ယူသင့်သည့် ပစ္စည်းမျိုး ဖြစ်၏။ ထို့ကြောင့် စိတ်မထိန်းချုပ်နိုင်ဘဲ ရှိရှိသမျှ ပစ္စည်းအားလုံးကို ဝယ်ယူမိမည်ဆိုလျှင် တစ်ခါတည်း မွဲတေကျ သွားနိုင်သည် မဟုတ်ပါလား။
ရွှီး
ရုတ်တရက် ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ်မှ ခုန်ထကာဖြင့် စိတ်လှုပ်ရှားစွာ ပြောလိုက်မိသည်။ “သိုင်းနယ်မြေ တစ်ပိုင်းဆေးလုံး ဟုတ်လား”
အမှန်ပင်ဖြစ်သည်။ အဆင့်မြင့်စတိုး၏ အောက်ဆုံးတည်နေရာတွင် သိုင်းနယ်မြေတစ်ပိုင်းဆေးလုံး ဖော်မြူလာ ဆိုသောအရာ ရေးသားထား၏။
ဟား ဟား ဟား ဟား
ဟား ဟား ဟား ဟား
စာကြည့်ခန်း၏ အထဲဆီမှ ရူးသွပ်သွားသူတစ်ယောက်၏ ရယ်သံမျိုး ထွက်ပေါ်လာခဲ့တော့သည်။
ထိုအသံသည် ပြိုင်စံရှားဂိုဏ်းတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့၏။ အလုပ်များလျက် ရှိနေသော လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများ အားလုံးသည် ထိုအသံကို ကြားရသည့်နောက်မှာတော့ ဦးခေါင်းကို ခါယမ်းလိုက်၏။ “ဂိုဏ်းချုပ်ကတော့ ထပ်ပြီးတော့ ရူးသွားပြန်ပြီ”
“အင်း”
ဆေးဥယျာဉ်ထဲတွင် ထိုင်လျက်ရှိနေသော အကြီးအကဲဝေသည် အကူအညီမဲ့စွာဖြင့် ပြောလိုက်၏။ “ဒီလိုမျိုး အချစ်ရေး၊ အချစ်ရာ ခံစားချက်ဆိုတာက လူကို နှိပ်စက်နိုင်တယ်လေ။ ဒီလိုမျိုးစိတ်တွေလွတ်ပြီး ရူးကြောင်ကြောင် ဖြစ်တယ်ဆိုတာ အံ့အားသင့်စရာ မဟုတ်ပါဘူး”
..................
သိုင်းနယ်မြေတစ်ပိုင်းဆေးလုံး - ဆေးလုံး၏နာမည်အတိုင်းပင် သိုင်းအုပ်စိုးသူထိပ်ဆုံးအဆင့်ကို ကျော်ဖြတ်ပြီး သည့်နောက်မှာတော့ သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူ၏အဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိနိုင်သည့် ဆေးလုံးပင် ဖြစ်တော့၏။ ကျွင်းချောင်ရှောင်းသည် သိုင်းဘုရင်ဆေးလုံး၊ သိုင်းဆရာဆေးလုံးနှင့် တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်ကို ခဏတာ တိုးမြှင့်စေနိုင်သည့် လှိုင်းအဆောင်များလည်း တည်ရှိလို့နေခဲ့၏။ ယခု သိုင်း နယ်မြေတစ်ပိုင်းဆေးလုံးပင် ဖန်တီးပြုလုပ်နိုင်စွမ်း ရှိနေသည်။
ထိုသို့ဆိုလျှင် ကြီးမားသည့်အဆင့်ကြီးကို ချိုးဖြတ်ရောက်ရှိနိုင်သည့် နဂါးဖြစ်တည်ခြင်း ဆေးလုံးကို ပြုလုပ်နိုင်စွမ်း ရှိသည်နှင့် တူညီနေပေလိမ့်မည်။ သို့ပေမဲ့ ဤအရာသည် အနည်းငယ်တော့ ဈေးများလှ၏။ ဂိုဏ်းစုဆောင်းမှတ် သုံးသောင်းတိတိ ကျသင့်၏။
“ဒါ တစ်သိန်းဆိုရင်တောင် ငါဝယ်ရမှာပဲ”
ကျွင်းချောင်ရှောင်းသည် နှောင့်နှေးခြင်း မရှိဘဲနှင့် ချက်ချင်းပဲ ဝယ်ယူ လိုက်တော့၏။ အထဲတွင် ရှိနေသည့် ပါဝင်ပစ္စည်းများကို ကြည့်ရှုလိုက်သည့်အချိန်မှာတော့ တစ်ရာနီးပါးခန့်ပင် တည်ရှိနေ၏။ သူ၏နှုတ်ခမ်းထောင့်များသည် တဆတ်ဆတ်နှင့် တုန်ယင်သွားခဲ့တော့သည်။ “ပစ္စည်းတွေက များလိုက်တာ”
သိုင်းနယ်မြေတစ်ပိုင်းဆေးလုံးတွင် ပါဝင်သော ပစ္စည်းများသည် များပြားလွန်းလှသလို အရေအတွက်မှာလည်း အလွန်မြင့်မားလွန်းလှ၏။ အဓိကပါဝင်ပစ္စည်းအနေဖြင့် သူတော်စင်အဆင့် ပစ္စည်းအမျိုးအစားပေါင်း ဆယ်ခုကျော် ပင် ပါဝင်နေသေး၏။
“အရမ်းကြီး မလိုသေးဘူးလေ”
ကျွင်းချောင်ရှောင်းသည် ဆွံ့အလျက်ရှိ၏။ “တစ်လုံးလောက်ရရင် မဆိုးပါဘူး”
လိုအပ်သည့်ပါဝင်ပစ္စည်းများကို ကြည့်ရှုပြီးသည့်နောက်မှာတော့ သူ၏အရင် စိတ်လှုပ်ရှားမှုနှင့် စိတ်အား တက်ကြွမှုအားလုံးသည် ပြန်လည်တည်ငြိမ်သွားခဲ့တော့၏။ သူသည် ခေါင်းကိုလက်ဖြင့်ကိုင်ကာ နံရံနှင့် တဒိုင်းဒိုင်း တိုက်ချင်စိတ်ပင် ပေါက်မိနေသည်။
သိုင်းနယ်မြေတစ်ပိုင်း ဆေးလုံးဆိုသည်မှာ သူ့အတွက် အသုံးမဝင်လှချေ။ တပည့်များကို ပေးအပ်ရမှာဖြစ်၏။ အထူးသဖြင့် သိုင်းအုပ်စိုးသူထိပ်ဆုံးအဆင့်တွင် ပိတ်မိလျက်ရှိနေသာ လီချင်းယန်နှင့် ရီရှင်းချန် ကဲ့သို့သောလူများကို ပေးရမှာဖြစ်သည်။ သို့ပေမဲ့ များများစားစား မထုတ်လုပ်နိုင်ပါက ဤအရာသည် အဓိပ္ပာယ်မဲ့လွန်းလှသည်။
“မဖြစ်သေးဘူး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ပါဝင်ပစ္စည်းတွေကို ရှာဖို့ နည်းလမ်းကို ငါစဉ်းစားရမယ်”
“ဒါဆိုရင် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲကို သွားပြီးတော့ ဘုံကိုးပါးကုန်းမြေတိုက်မှာ ပစ္စည်းတစ်မျိုးမျိုးနဲ့ သွားလဲပါလား” စနစ်က အကြံပြုလိုက်သည်။
..........
ကျွင်းချောင်ရှောင်း၏ အမူအရာသည် အတွေးနက်လျက် ရှိနေတော့၏။ “ငါဂြိုဟ်တိုက်ပွဲတည်နေရာထဲကို မသွား တော့ဘူးလို့ ပြောထားတာလေ။ အခု ဆေးလုံးကို လိုချင်တာကြောင့် ထပ်ပြီး သွားရတော့မှာလား။ ဟုတ်ပြီ”
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွား၏။ “ငါ ကြယ်ကောင်းကင်ခံတပ်ဆီကို သွားလို့ရတယ်လေ။ အဲမှာ မှောင်ခိုဈေး ရှိတယ်တဲ့။ သိုင်းနယ်မြေတစ်ပိုင်းဆေးလုံးကို ဖန်တီးပြုလုပ်လို့ရနိုင်တဲ့ ပါဝင်ပစ္စည်းတွေကို ဝယ်ယူလို့ ရနိုင်လောက်တယ်”
စနစ်က ပြောလိုက်သည်။ “ခံတပ်သခင်က လက်ခံသူကို ရှာနေတာနော်။ ဒီတော့ ကိုယ်ဒုက္ခကိုယ်ရှာပြီး အဲ့ထဲကို ဝင်သွားမလို့လား”