ထပ်မံခွဲခွာခြင်း
Vol. 88 Ch. 1224
ရှီမာယူယူသည် သူ၏ လေးနက်သောအမူအရာကို သတိထားမိသည်။ ကြည့်ရသည်မှာ တစ်ခုခုဖြစ်နေသည့်ပုံပင်။ သို့သော် သူ မပြောသောကြောင့် သူမ မမေးပေ။ အကြောင်းမှာ ဤနေရာတွင် မေးရသည်မှာ အသုံးမဝင်ပေ။
သို့သော် လတ်တလောတွင် နေ့အချိန်တွင်ပင် သူ ငေးငိုင်နေခဲ့သည်။ အပြင်ဘက်တွင်ဖြစ်နေသော အဖြစ်သည် ဖြေရှင်းရန်မလွယ်သည့်ပုံပင်။
သူမ လျှောက်သွားပြီး သူ့လက်ကိုကိုင်ပြီး အဖော်ပြုပေးလိုက်သည်။
ခဏအကြာတွင် သူအတွေးရပ်ကာ သူမလက်အား တင်းကြပ်စွာ ဆုပ်ကိုင်ပြီး မေးလေသည် “ဘယ်လိုလဲ”
“ဘာမှမဟုတ်ပါဘူး ပြဿနာနည်းနည်းရှိပေမဲ့ အပ်စိုက်တာက မခက်ပါ ဘူး” သူမ ပြုံးရင်းနှင့် စဉ်းစားပြီး မေးရန်ဆုံးဖြတ်လိုက်သည် “အဲဒီမှာ ပြဿနာကြီးလား”
“ကိုယ် ထင်ထားတာထက် ပြဿနာကြီးနေတယ်” ဝူလင်းယူ ဆက်ပြောလေသည်။ “လောင်ရှီးထျန်က တစ်ခုခုကိုသိသွားတဲ့ပုံပဲ မကြာသေးခင်က သူ ကိုယ်တို့ဘက်က လူတွေကို အစုလိုက်အပြုံလိုက်သတ် လာတယ် ပြီးတော့ သူက လက်ရှိနတ်ဆိုးဧကရာဇ်လေ ပြီးတော့ သူနဲ့ရှိနေတဲ့ အင်အားစုက အားနည်းတဲ့သူတွေကို သည်းမခံနိုင်ဘူး ကိုယ်တို့အဖွဲ့ဝင်တွေ က အပြည့်အဝ စုရသေးတာမဟုတ်ဘူး အဲတော့ လူတွေအများကြီးဆုံးရှုံး လိုက်ရပြီ”
“ဒါဆို ဘယ်လိုဖြစ်သွားလဲ”
“ကိုယ်တို့ အခုတော့ သူတို့ကို နှောင့်နှေးအောင်လုပ်ရမယ် ပြီးမှ နောက်နည်းလမ်းတစ်ခုကို စဉ်းစားရမယ်” ဝူလင်းယူ ဆက်ပြောလေသည် “ဒီလိုသာဆက်သွားရင် ဒီထာဝရရှင်သန်သူနယ်မြေမှာ ကိုယ် မင်းကို အဖော်ပြုပြီး မလိုက်နိုင်လောက်ဘူး”
“အစ်ကိုက စောစောထွက်နိုင်လို့လား” ရှီမာယူယူသည် မေးပြီးနောက် အချည်းနှီးဟုခံစားလိုက်ရသလိုပင်။ သူသည် အပြင်မှအဖွဲ့ဝင်များကိုပင် ဆက်သွယ်နိုင်ရာ ထွက်သွားရန် လွယ်ကူလိမ့်မယ်
“အခုတော့ မဖြစ်နိုင်သေးဘူး ဒါပေမဲ့ ခက်တော့ မခက်ပါဘူး” ဝူလင်းယူ ပြောလိုက်သည်။
သူ ဘာကိုဆိုလိုချင်သည်ကို ရှီမာယူယူသိသည်။ ထိုကြောက်စရာ ကောင်းသော အရာရှိပါက သူမ စိတ်သက်သာရာရသည်။
သူ စောစောထွက်သွားလိမ့််မည်ဟု သူမ တွေးထားသော်လည်း သည် လောက် လျင်မြန်စွာခွဲခွာရလိမ့်မည်ဟု ထင်မထားပေ။ သွားလိုက်လာလိုက် နှင့် တစ်နှစ်မပြည့်ခင်မှာပင် သူထွက်သွားရန်လိုသည်ဟု သူမကို ပြောခဲ့ သည်။
သူတို့သည် တစ်ယောက်အင်အားတစ်ယောက်သိကြသဖြင့် စိုးရိမ်မှု မရှိကြသော်လည်း မခွဲခွာချင်ပေ။
သူမသည် သူနှင့်အတူထွက်သွားမည်ဟု တွေးသော်လည်း အသည်းကွဲ တောင်ကြားမှအဖွဲ့ဝင်များကို ထားပြီးထွက်မသွားနိုင်ပေ။ ရှောင်ဟုန်၏ ရောဂါမှာလည်း အပြည့်အဝမကုသရသေးရာ သူမ ထိုအတိုင်းထွက်မသွားနိုင် ပေ။
သူတို့နှစ်ယောက်လုံးသည် အဖွဲ့မှထွက်ခဲ့လိုက်သည်။ ထိုအကြောင်းကို မည်သူ့ကိုမှ ပေးသိ၍မဖြစ်ပေ။
“အဲဒီကိုရောက်ရင် ဂရုစိုက်နော် ဒီကညီမကို စိုးရိမ်အောင်မလုပ်နဲ့” သူမ သည် သူ့ရင်ခွင်တွင်မှီကာ နူးညံ့သောအသံဖြင့် တိုးညင်းစွာ သတိပေးလိုက် သည်။
“မင်းအတွက်နဲ့ ကိုယ်ဘာမှအဖြစ်မခံပါဘူး” ဝူလင်းယူသည် သူမကို ဖက်ထားပြီး ထွက်မသွားချင်ပေ။ သို့သော် တစ်ဖက်မှာလည်း ခရီးဖင့်ရန် မဖြစ်နိုင်ပေ။
“အစ်ကို တရားထိုင်တာပိုလေ့ကျင့်နော် ပြန်လာလို့ တစ်ခုခုလွဲနေတာ သိရင် ဒေါသထွက်မှာ”
“အင်း တစ်ကိုယ်လုံးကို စစ်ဆေးခိုင်းမယ်” ဝူလင်းယူသည် လေးနက်စွာ ပြောလေသည်။
“…” ရှီမာယူယူသည် သူ့ရင်ဘတ်ကို ထိုးလိုက်သည်။ “ညစ်ပတ်လိုက် တာ”
“မင်းမိဘတွေကို မြန်မြန်ရှာရအောင် ဒါဆိုရင် စောစောလက်ထပ်လို့ရ ပြီ” ဝူလင်းယူသည် သူမခေါင်းပေါ် မေးတင်ရင်းနှင့် ပြောလေသည်။
“ဒီတစ်ခေါက် အပြင်ထွက်ရင် ရှီမာမျိုးနွယ်နဲ့ ဆက်သွယ်ရနိုင်တယ် ပြီးရင် ညီမ မိဘတွေဘယ်မှာလဲဆိုတာ ရင်လင်းကိုမေးလိုက်မယ်လေ” ရှီမာယူယူ ဆက်ပြောလေသည် “ဒါပေမဲ့ အမေကတော့ တစ္ဆေလောကမှာပဲ ရှိသေးတယ်”
“ဟူး အဲဒါက သည်းမခံနိုင်စရာပဲ” ဝူလင်းယူ သက်ပြင်းချလေသည်။
သူမ ငယ်သေးသည်၊ လုပ်စရာကိစ္စများစွာရှိသည်ကို သူသိသော်လည်း အချိန်ကုန်သည်မှာ ကြာလှသည်ဟု ခံစားရကာ မစောင့်နိုင်ပေ။ “ကိုယ်ပြန် လာရင် တစ္ဆေလောကအဖွဲ့ဝင်တွေကို မင်းအမေရှိတဲ့နေရာကို စစ်ခိုင်းလိုက် မယ်”
“ကျေးဇူးပဲ” ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “ဒါပေမဲ့ ဝမ်းကွဲအစ်ကိုနဲ့ တခြားသူတွေတောင် မရှာနိုင်တာ အစ်ကို့အဖွဲ့ဝင်တွေကရှာနိုင်မလား”
“ပြန်လာမှပဲ ရလဒ်ကိုသိရလိမ့််မယ်” ဝူလင်းယူ ဆက်ပြောလေသည် “တစ္ဆေလောကမှာနေတဲ့သူတွေ ဘယ်လောက်တိုးတက်နေပြီလဲမသိသေး ဘူး”
“သတင်းကောင်းရလာဖို့ မျှော်လင့်ပါတယ်”
ထိုသို့ဆိုလျှင် သူတို့ စောစီးစွာလက်ထပ်နိုင်မည်။ ကောင်းပြီ သူမ ဝန်ခံတယ်၊ သူမလည်း လက်ထပ်ချင်တယ်။
နှစ်ယောက်လုံးသည် အတန်ကြာသည်အထိ ငေးငိုင်ပြီးနောက် ဝူလင်းယူသည် မလိုလားစွာပြောလိုက်သည် “ကောင်းပြီ ကိုယ်သွားရတော့ မယ် မင်းရောပဲ ဒီမှာကိုယ့်ကိုယ်ကို ဂရုစိုက်နော်”
“စိုက်ပါ့မယ် မစိုးရိမ်ပါနဲ့ ညီမလည်း မစိုးရိမ်စေရပါဘူး ဟုတ်ပြီနော်” ရှီမာယူယူသည် သူ့ရင်ခွင်မှခွာရင်း ပြုံးလိုက်သည်။
ဝူလင်းယူသည် သူမပါးပြင်ကို ဆိတ်လိုက်သည်။ သူသည် သူမ၏ ထိုပုံစံကို ချစ်သည်။ နားလည်ပေးတတ်ပြီး ထက်မြက်သည်။ တခြားသူ အတွက် သူမအသက်ကို တန်ဖိုးထားရမှန်းသိသည်။
“ကိုယ်သွားပြီနော်” သူသည် သူမနှုတ်ခမ်းပေါ်အနမ်းခြွေပြီးနောက် မလိုလားစွာဖြင့် ထွက်သွားလေသည်။
“သွားတော့ သူတို့က စိုးရိမ်နေရော့မယ်” ရှီမာယူူယူသည် သူ့ကို လွှတ်ပြီး နောက်တစ်လှမ်းဆုတ်လိုက်သည်။
ထာဝရရှင်သန်သူနယ်မြေတွင် ယခုအချိန်ထိ သူတို့အတူရှိခဲ့သည်မှာ ကြာပြီဖြစ်သဖြင့် ထိုနှစ်များတွင် သူရှိနေသည်ကို သူမ အသားကျနေခဲ့သည်။ အခု သူထွက်သွားရာ သူမ ဟာကျန်နေခဲ့သည်။
ဝူလင်းယူသည်လည်း ထိုနည်းတူစွာပင် ခံစားရသည်။ သို့သော် တစ်ဖက်တွင် မစောင့်နိုင်တော့ပေ။ ထို့ကြောင့် နတ်ဆိုးသားရဲပေါ်တက်၍ ဝင်ပေါက်ထဲသို့ဝင်သည့်တိုင်အောင် နှမြောတသဖြစ်မိလေသည်။
ရှီမာယူယူသည် လေဟာပြင်ကွဲပြီးနောက် သူတို့ထွက်သွားကာ ပြန်ပိတ်သွားသည်အထိ ကြည့်နေခဲ့သည်။
သူမ စိတ်ထဲမှ သက်ပြင်းချမိသည်။ ဒီတစ်ခါတော့ သူ တကယ်ထွက် သွားပြီ။ သူမသည် ထိုနေရာတွင် ခေတ္တမျှ ငေးငိုင်စွာရပ်နေမိသည်။ သူမကိုယ် သူမ စိတ်ငြိမ်အောင်ထားပြီး စခန်းချရာဆီသို့ ပြန်လာလိုက်သည်။
အသည်းကွဲတောင်ကြားမှ လူများသည် သူတို့နှစ်ယောက်အတူထွက် သွားပြီး သူမတစ်ယောက်သာ ပြန်လာသည်ကို တွေ့သောအခါ အကြမ်းဖျင်း နားလည်လိုက်ကြသည်။ သူသည် သူတို့အဖွဲ့ကြီးမှ ခွဲထွက်သွားရုံဟုသာ ထင်ကြပြီး ထာဝရရှင်သန်သူနယ်မြေမှ ထွက်သွားခြင်းဖြစ်သည်ကိုတော့ မသိ ကြပေ။
“သူ တစ်ယောက်တည်း အဆင်ပြေပါ့မလား” နီအန်းယိသည် ရှီမာယူယူ၏ စိတ်ခံစားချက်မကောင်းသည်ကို မြင်သည်နှင့် ပြောလိုက်သည်။
သူ့ဘေးတွင်ရှိသော ဒိုင်ယိသည် နောက်ကျောကိုရိုက်ကာ ပြောလိုက် သည် “မင်းက ဘယ်တုန်းက သူ့ကိုစိတ်ဝင်စားသွားတာလဲ”
“ငါက ဆရာ့ကိုပဲ စိုးရိမ်တာပါ မြင်တယ်မလား ဆရာ့မျက်နှာမှာ အပြုံး တောင်မရှိတော့ဘူး” နီအန်းယီ ပြောလိုက်သည်။
“မြင့်မြတ်သောသားတော်သွားလိုက်ပြီ ဆရာက ခဏလောက်တော့ ဝမ်းနည်းမှာပေါ့ ဒါပေမဲ့ ဆရာ့ရဲ့ကြံ့ခိုင်တဲ့ ဝိညာဉ်နဲ့ဆိုရင် မြန်မြန်ပြန်ကောင်း လာမှာပါ” ရှီချန်း ပြောလိုက်သည်။
“ဒီမှာ ဒီတစ်နှစ်အတွင်းကို ဘာအခွင့်အလမ်းကြီးကြီးမားမားမှလည်း မတွေ့ဘူး အမြဲတမ်းအသေးတွေပဲတွေ့နေတယ်” နီအန်းယီ ပြောလိုက် သည်။
“အသေးတွေရလည်း ကိစ္စမရှိဘူးလေ အစကတည်းက တော်တော် များများရထားတာပဲကို” တစ်ဖက်မှ ရှီချန်းသည် အကောင်းမြင်ပေးသည်။
“အမှန်ပဲ”
ရှောင်ဟုန်သည် အဝေးမှလျှောက်လာကာ အားလုံးကိုပြုံးပြီးနှုတ်ဆက် ပြီးနောက်တွင် ရှီမာယူယူ၏ တဲထဲသို့ဝင်သွားလိုက်သည်။
နီအန်းယိနှင့်တခြားသူများသည် သူူမဖြတ်သွားသည်ကိုမြင်သောအခါ ယခုလို ကြော့ရှင်းသည့် မိန်းကလေးက ပြိုင်ပွဲမှ သန်မာသောမိန်းကလေး ဘယ်လိုလုပ်ဖြစ်နိုင်မည်နည်းဟု တွေးမိကြလေသည်။
“ဆရာ့ရဲ့ ဆေးပညာကတော့ တကယ့်ကိုအားကောင်းတာပဲ ရုပ်ဆိုးမ လေးတောင် နတ်သမီးအဖြစ် ကုပေးနိုင်တယ်” နီအန်းယီ သက်ပြင်းချလေ သည်။
“ဒါဆိုရင် မင်း ဆရာ့ကိုကုခိုင်းကြည့်မလား” ဒိုင်ယိမေးလိုက်သည်။
“ငါလား ငါက ထူးချွန်ပြီး ကြော့ရှင်းနေတာကို ဘာလို့ကုဖို့လိုဦးမှာလဲ” နီအန်းယီသည် ကိုယ့်ကိုယ်ကို မြှောက်ပင့်ရင်း မေးစေ့ကိုပွတ်သပ်လိုက် သည်။
“ငါတို့ပြောတာ မင်းဦးနှောက်ကို… မင်းကို ဒီလိုပုံကြည့်ရတာတော့ ဆရာက တစ်နည်းနည်းတော့ ကူညီနိုင်မှာပါ” ရှီချန်းသည် ပြောပြီးနောက် တွင် ထွက်သွားကာ တဲသို့ပြန်သွားလေသည်။
“အစ်ကို ၃ ပြောတာမှန်တယ်” ဒိုင်ယိသည် နီအန်းယီ၏ ပခုံးကိုပုတ်ပြီး ပြန်သွားလေသည်။
နီအန်းယီ မျက်တောင်ခတ်လိုက်ပြီးနောက် ခဏကြာမှပင် သတိပြန်ဝင် လာသည်။ သူတို့သည် စကားလှည့်ပြီး သူ့ကိုကြိမ်းမောင်းသွားခြင်းဖြစ်သည်။
ရှောင်ဟုန်သည် ရှီမာယူယူ၏ တဲသို့သွားပြီး သူမ စိတ်ဓာတ်ကျနေသည် ကိုမြင်သောအခါ ပြောလိုက်သည် “အဆင်ပြေရဲ့လား”
“ပြေပါတယ် လာလေ” ရှီမာယူယူသည် အသက်ပြင်းပြင်းရှုပြီး မတ်တတ်ရပ်ကာ ငွေအပ်ကိုထုတ်ပြီး ဝိညာဉ်အတားအဆီးလုပ်ကာ ပြော လိုက်သည် “စကြတာပေါ့”
***