← Chapters

ထုတ်ခွင့်ရခြင်း

Vol. 36 Ch. 526

ထုတ်ခွင့်ရခြင်း

Vol. 36 Ch. 526

ထိုအချိန်တွင် ပင်မထိုင်ခုံတွင်ထိုင်နေသော အဖိုးအိုသည် လည်ချောင်းရှင်းလိုက်ပြီး “ဒါဆို စည်းမျဉ်းစည်းကမ်းတွေအရ မဲပေးပြီးဆုံးဖြတ်လိုက်ကြရအောင်” လို့ ပြောလိုက်သည်။

“လောလောဆယ်မှာတော့ ဟော့၊လင်းဖန်...” ဆိုပြီး ဆန်ခါတင် ၁၀ ယောက်ရှိတယ်’’

“အဲ့ထဲကတစ်ယောက်ကိုမင်းတို့မဲပေးမယ်။ မဲအများဆုံးရသူဟာ ဒီနှစ်ရဲ့ ဓာတုဗေဒနိုဘယ်ဆုကို ရရှိလိမ့်မယ်”

အစည်းအဝေးခန်းရှိလူတိုင်းသည် ထိုအကြောင်းကိုကြားပြီး တစ်ယောက်ကိုတစ်ယောက် အရင်ကြည့်လိုက်ကြသည်။

ထို့နောက် လူတိုင်းက ဘောပင်နှင့် စာရွက်ကို ဖြည်းညှင်းစွာ ကောက်ယူပြီးသူတို့မဲပေးချင်တဲ့လူတွေနာမည်ကိုရေးလိုက်ကြလေသည်။

ပြီးနောက်ကိုရေးထားသောနာမည်ကိုထိုင်ခုံအလိုက်ဖတ်ပြလေသည်။

“ဟော့!”

“လင်းဖန်!”

“လင်းဖန်!”

“လင်းဖန်!”

...

ပင်မထိုင်ခုံတွင်ထိုင်နေသောအဖိုးအိုက “ဒီနှစ် ဓာတုဗေဒနိုဘယ်ဆုရှင်က... ဟွာရှကလင်းဖန်!”

ဒါကိုကြားတော့ ရွှေရောင်မျက်မှန်တပ်ထားသောအမျိုးသမီးက သူ့လက်ထဲက စာရွက်ဖြူကိုချလိုက်ပြီးသက်ပျင်းချလိုက်လေသည်။

...

တစ်ဖက်တွင်မူ ရူပဗေဒဆိုင်ရာ နိုဘယ်ကော်မတီနှင့် ဆေးပညာဆိုင်ရာ နိုဘယ်ကော်မတီတို့၏အစည်းအဝေးခန်းများတွင် လည်းအလားတူဖြစ်ရပ်များ ဖြစ်ပွားလျက်ရှိသည်။

လင်းဖန်သည် ရူပဗေဒနှင့် ဆေးပညာတွင် ကြီးကျယ်သော အောင်မြင်မှုများ ရရှိခဲ့သည်မှာ အမှန်ဖြစ်သည်။

သို့သော်လည်းမကြာသေးမီက ကျင်းပသော ဆွေးနွေးပွဲတွင်လင်းဖန်ကိုကန့်ကွက်သူအများအပြားရှိလေသည်။

အဘယ်ကြောင့်ကန့်ကွက်ရလဲဆိုရင်ဤနှစ်များအတွင်း ... အချို့ကျော်ကြားသော ပညာရှင်တို့သည်လည်းသက်ဆိုင်ရာ နယ်ပယ်များတွင် အောင်မြင်မှုများစွာကိုရရှိခဲ့သောကြောင့်ဖြစ်သည်။

သို့သော် ယနေ့မဲပေးပွဲ သည် ယခင်အကြိမ်ကလောက်လင်းဖန်ကိုကန့်ကွက်သူမရှိသလောက်ပင်ဖြစ်သည်။

ဒီနှစ်ရူပဗေဒနိုဘယ်လ်ဆုကို လင်းဖန်ကိုပေးဖို့ လူတချို့ အဆိုပြုလာသောအခါ ကန့်ကွက်သူတွေလဲရှိလေသည်။သို့သော်လည်းမဲပေးဆုံးဖြတ်ရာတွင်လင်းဖန်ကိုထောက်ခံသူများသောကြောင့်ဒီနှစ်ရူပဗေဒနိုဘယ်လ်ဆုကိုလင်းဖန်ရရှိသွားလေသည်။

ရူပဗေဒနိုဘယ်လ်ဆုကိုလင်းဖန်ရရှိတာကလည်းဖြစ်သင့်တာပင်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် လင်းဖန်၏ ငလျင်ခန့်မှန်းစက်သည် ယခုတစ်ကြိမ်တွင် ကြီးမားသောစွမ်းအားကို ပြသခဲ့ပြီး အလွန်ကြောက်စရာကောင်းသော ဘေးဥပဒ်ကို ရှောင်ရှားနိုင်သောကြောင့်ဖြစ်သည်။

ငလျင်ကြိုတင်ခန့်မှန်းစက်၏ စွမ်းရည်ကို နတ်ဘုရားပစ္စည်းဟု တင်စားခေါ်ဆိုနိုင်လေသည်။

အကယ်၍ ရူပဗေဒလောကတွင် လင်းဖန်သာနိုဘယ်လ်ဆုကိုမဆွတ်ခူးနိုင်ခဲ့ပါက နိုဘယ်လ်ဆုအပေါ်လူတိုင်းအပေါ် ကြီးမားသော အကျိုးသက်ရောက်မှုရှိနိုင်မည်ဖြစ်သည်။

...

ဆေးဘက်ဆိုင်ရာနိုဘယ်လ်ညီလာခံအခန်းတွင်လည်းတစ်စုံတစ်ဦးမှ လင်းဖန် ကိုရွေးချယ်ရန် အဆိုပြုသောအခါ လူအနည်းငယ်က ကန့်ကွက်ခဲ့ကြသည်။

သို့သော်လည်းနောက်ဆုံးမဲပေးဆုံးဖြတ်ရာလူအများကလင်းဖန်ကိုထောက်ခံခဲ့ကြလေသည်။

အဘယ့်ကြောင့်ဆိုသော်လင်းဖန် တီထွင်ခဲ့သောအင်ဆူလင်ပြန်လည်ထူထောင်ရေးဆေးရဲ့အစွမ်းက အံ့မခန်းဖြစ်သောကြောင့်ဖြစ်သည်။

ထို့ကြောင့်လင်းဖန်သည်ဆေးဘက်ဆိုင်ရာနိုဘယ်လ်ဆုကိုလည်းရသွားလေတော့သည်။

...

ထိုအချိန်၌ ငြိမ်းချမ်းရေးနိုဘယ်လ်ကော်မတီ အစည်းအဝေးခန်းမ။

အစည်းအဝေးတစ်ခန်းလုံးသည်တိတ်ဆိတ်နေလေသည်။

အရင်အကြိမ်ကဆိုရင်ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကော်မတီအစည်းအဝေးခန်းသည်ဒီလိုတိတ်ဆိတ်မနေပေ။

ပြီးခဲ့သည့် အကြိမ်က ငြိမ်းချမ်းရေးနိုဘယ်ဆုကော်မတီ၏ အစည်းအဝေးခန်းတွင် ယခုနှစ် ငြိမ်းချမ်းရေးဆုရှင်ကို ဆုံးဖြတ်ခဲ့လေသည်။

ဒါပေမယ့် အခုအချိန်မှာတော့ လူတိုင်းက တိတ်ဆိတ်နေကြသည်။

ပင်မထိုင်ခုံတွင်ထိုင်နေသော ဆံပင်ဖြူအဖိုးအိုသည် ချောင်းဆိုးကာ “အမေရိကန်ခေါင်းဆောင်က နိုဘယ်ငြိမ်းချမ်းရေးဆုရှင်” ဖြစ်ဖို့အရည်အချင်းပြည့်မီတဲ့သူတစ်ယောက်ပါ”

ခေတ္တနားပြီးနောက်၊ “အားလုံးကလဲ ရှဂို နိုင်ငံမှာ မကြာသေးခင်က ဖြစ်ခဲ့တဲ့ ငလျင်ကြောင့်တိတ်ဆိတ်နေကြတယ်မဟုတ်လား”

“ငလျင်က ကြောက်ဖို့ကောင်းပေမယ့် ကံကောင်းထောက်မစွာနဲ့ အသေအပျောက်မရှိခဲ့ဘူး။”

“ဒါကငလျင်ကြိုတင်ခန့်မှန်းစက်ကို တီထွင်ခဲ့တဲ့ ပရော်ဖက်ဆာ လင်းဖန်ရဲ့ ကျေးဇူးလို့ ပြောလို့ရတယ်။ဒါကြောင့်သူလည်း နိုဘယ်ငြိမ်းချမ်းရေးဆုကိုရဖို့ကအရည်အချင်းပြည့်မီတယ်။”

စကားပြောအပြီးတွင် ဆံပင်ဖြူအဘိုးကြီးသည် အစည်းအဝေးခန်းရှိ လူများကို တစ်ချက်ကြည့်လိုက်ကာထို့နောက်၎င်းက“ဒါဆိုရင် ဒီနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ကို မဲပေးပြီးပြန်ဆုံးဖြတ်ရအောင်” ဟုဆက်ပြောသည်။

“ဒီနှစ် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအတွက် ဆန်ခါတင် ၉ ဦး ရှိတယ်။ သူတို့ကတော့ အမေရိကန်ခေါင်း... နဲ့ လင်းဖန်တို့ပဲဖြစ်ပါတယ်”

အဘိုးကြီးစကားဆုံးနဲ့အားလုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ထို့နောက် အစည်းအဝေးခန်းရှိလူတိုင်းသည်တစ်ယောက်ပြီးတစ်ယောက်သူတို့မဲပေးချင်သည့်သူနာမည်ကိုပြောလိုက်ကြသည်။

“လင်းဖန်!”

“လင်းဖန်!”

“လင်းဖန်!”

...

တညီတညွတ်တည်းအားလုံးကလင်းဖန်ကိုမဲပေးကြသည်။

လင်းဖန်ကိုကန့်ကွက်သူတောင်မရှိပေ။

တကယ်တော့ ဒါကလည်း ပုံမှန်ပင်ဖြစ်သည်။

သိရန်…

လင်းဖန်၏ ငလျင်ခန့်မှန်းစက်သည် သန်းပေါင်းများစွာသော အသက်များကို ကယ်တင်ခဲ့သည်။

ထို့ကြောင့်လင်းဖန်ကိုသာငြိမ်းချမ်းရေးနိုဘယ်ဆု မပေးရင်ဘယ်သူ့ကိုပေးရမလဲ.....။

လင်းဖန်သာငြိမ်းချမ်းရေးနိုဘယ်လ်ဆုမရရင်လူတိုင်းကသူတို့ကိုကဲ့ရဲ့မည်ဖြစ်လေသည်။

သူတို့မဲပေးသည်ကိုကြည့်ရင်းပင်မထိုင်ခုံတွင်ထိုင်နေသော ဆံပင်ဖြူအဖိုးအိုသည်စိတ်သက်သာရာရသွားလေသည်။

ဆံပင်ဖြူအဖိုးအိုက “ဒါဆို ဒီနှစ်နိုဘယ်ငြိမ်းချမ်းရေးဆုရှင်က... လင်းဖန်ပဲ!”

...

ယခုအချိန်တွင် ကျန်ပေ့ တက္ကသိုလ်၊ ရုံးခန်း။

နင်းကျန်းကျန်းနှင့် အခြားသူများ သည်သူတို့ လုပ်စရာရှိတာကိုကြိုးစားပမ်းစား လုပ်နေကြသည်။

ထိုအချိန်တွင်ရုတ်တရက် ဟော့ကျောက်ဝူကစိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။ “ပါမောက္ခလင်း၊ မင်းက ထပ်ပြီး ရှာဖွေမှုရဲ့ထိပ်ဆုံးရောက်ပြန်ပြီ”

“ဘယ်မှာလဲ၊ ဘယ်မှာလဲ?” နင်းကျန်းကျန်း၊လင်းချင်ကျူ၊ရှောင်ပန်နှင့်ရှောင်အန်းနှင့်တစ်ခြားသူတို့က လျှင်မြန်စွာ ဟော့ကျောက်ဝူနားအမြန်လာလိုက်ကြသည်။

အထူးသဖြင့် ရှောင်ပန်နှင့် ရှောင်အန်း တို့သည် အားလုံးထက်ဟော့ကျောက်ဝူနားသို့အမြန်ရောက်သွားလေသည်။

ဟော့ကျောက်ဝူက “တွေ့လားဒီမှာရှာဖွေမှုရဲ့နံပါတ် 1ပဲ... အားလုံးကပါမောက္ခ လင်းဖန်ကိုကျေးဇူးတင်နေကြတယ်”

“ပြင်းအား 9.1 ရှိတဲ့ ငလျင်မှာတောင်အသေအပျောက်မရှိဘူးဆိုတာကတစ်ကယ့်ကိုပဲပါမောက္ခ လင်းကို ကျေးဇူးတင်သင့်တယ်!” လင်းချင်ကျူက လေးနက်စွာပြောလိုက်သည်။

ရှောင်ပန်၊ရှောင်အန်းနှင့်တခြားသူတွေကလည်း ခေါင်းညိတ်ပြလိုက်ကြသည်။

လင်းဖန်သည် ကြောင် ရှောင်ဘိုင်နားရွက်ကို ပွတ်သပ်ကာ “အရမ်းစိတ်လှုပ်ရှားမနေကြပါနဲ့” ဟု ပြောလိုက်သည်။

ဤရက်များတွင် ဟော့ကျောက်ဝူနှင့် အခြားသူများအားလုံးသည် စာလေ့လာရန် မရည်ရွယ်ဘဲ ဝူခါ မြို့ရှိ ငလျင်သတင်းများကို သာအာရုံစိုက်နေကြသည်။

လင်းဖန် သူ၏သတင်းကိုမြင်သရွေ့သူတို့သည် စိတ်လှုပ်ရှားစွာ အော်ဟစ်သောကြောင့်လင်းဖန်သည်သူ့ နားတောင်မထောင်နိုင်တော့ဟုခံစားရလေသည်။

“ဒင်းဒေါင်!”

ထိုအချိန်တွင် လင်းဖန်၏ကွန်ပြူတာတွင် အီးမေးလ်တစ်စောင် ပေါ်လာလေသည်။

CL အယ်ဒီတာအဖွဲ့မှ ရှောင်ပန်နှင့် ရှောင်အန်းတို့ ရေးထားသော စာတမ်းနှင့်ပတ်သက်၍အကြောင်းကြားလိုက်တာပင်ဖြစ်သည်။

CL ဂျာနယ်များသည် ကွန်ပျူတာသတင်းတွေရဲ့ထိပ်တန်းဂျာနယ်ဖြစ်ပြီး နေ့စဉ် စာမူမည်မျှရရှိသည်ကို မသိနိုင်ပေ။

စူပါစမတ်နာရီ၏အကူအညီကြောင့်သိပ်မကြာလိုက်ခြင်းဖြစ်လေသည်။

လင်းဖန် က “ရှောင်ပန်၊ရှောင်အန်း မင်းတို့ CL ဂျာနယ်ကို တင်ပြထားတဲ့ စာတမ်းကိုနောက်ထုတ်မယ့် CL ဂျာနယ်မှာ ထုတ်ဝေမယ်လိုသူတို့ကပြောလာတယ်” ဟု လင်းဖန် က ပြောသည်။(ဒီသတင်းစာမှာအကုန်လုံးကသူတို့စာတမ်းကိုထုတ်ချင်တိုင်းထုတ်ခွင့်မရှိပါဘူး။သူတို့သန့်မှတ်ထားတဲ့အချက်အလက်တွေနဲ့ကိုက်ညီမှာ့ထုတ်ခွင့်ပေးတာပါ)

ဒါကိုကြားတော့ဟော့ကျောက်ဝူ၊နင်းကျန်းကျန်းနှင့်တစ်ခြားလူများအကုန်လုံးက စိတ်လှုပ်ရှားစွာ အော်ပြောကြတော့သည်။

“ရှောင်ပန်၊ ရှောင်အန်း ဂုဏ်ယူပါတယ်!”

“အံ့ဩစရာပဲ၊ ထိပ်တန်း ကွန်ပျူတာ မဂ္ဂဇင်းမှာထုတ်ခွင့်ရတယ်ဆိုတာ”

“ဂုဏ်ယူပါတယ်!”

ရှောင်ပန် နှင့် ရှောင်အန်းတို့လည်း အလွန်ပျော်ရွှင်ခဲ့ကြသည်။

စာတမ်းကို ထိပ်တန်းဂျာနယ်မှာ ထုတ်ဝေနိုင်လို့ ပျော်နေကြခြင်းမဟုတ်ပေ။

လင်းဖန် နဲ့ အတူ ဒီစာတမ်းကို ဖန်တီးခဲ့တာကြောင့်ပင်ဖြစ်သည်။

လင်းဖန်သည်လဲသူတို့ပျော်နေသည်ကိုကြည့်ရင်းသူ့မျက်နှာတွင်အပြုံးတစ်ခုပေါ်လာလေသည်။

“ကလင် ကလင် ကလင်”

ဒီအချိန်မှာ သူ့အိတ်ကပ်ထဲက ဖုန်းက အသံမြည်လာလေသည်။

All Chapters