ထာဝရရှင်သန်သူနယ်မြေမှ ထွက်သည်နှင့် လန့်ဖျပ်စရာကြုံခြင်း
Vol. 88 Ch. 1225
ရှောင်ဟုန်သည် ထုံးစံအတိုင်း အိပ်ယာပေါ်တွင် ဝတ်လစ်စလစ်လှဲ လိုက်သည်။ တစ်နှစ်ကြာကုသပြီးနောက်တွင် သူမ မျက်နှာမှ ဝက်ခြံများ ပျောက်ကင်းသွားပြီး အသားအရေမှာလည်း ယခင်ကအတိုင်း ကြည်လင်ပြီး နူးညံ့လာသည်။ ခန္ဓာကိုယ်မှ အနံ့အသက်များလည်း ဖြေရှင်းပြီးဖြစ်ကာ ကြွက်သားများပင်လျှင် နဂိုမူလအတိုင်းပြန်ဖြစ်သွားလေသည်။ သို့သော် သူမ စွမ်းအင်သည် ပျောက်ကွယ်မသွားဘဲ အရင်ကထက်ပင်ပိုအားကောင်းလာ သည်ဟု ခံစားရလေသည်။
ရှီမာယူယူသည် အိပ်ယာဘေးသို့လာကာ ပြောလိုက်သည် “ဒီနေ့ ကုသ မှုနောက်ဆက်တွဲကို ဆက်သွားမယ် အပ်တိုင်းက တကယ့်အဓိကနေရာတွေ ကို စိုက်ဖို့လိုတယ် ဒီလုပ်ငန်းစဉ်မှာ ကျွန်မကိုလုံးဝယုံထားရမယ် ရှုပ်ထွေးမှု နည်းနည်းရှိရင်ောတင် ကုသမှုရလဒ်ကို ထိခိုက်မှာမဟုတ်ဘူး နားလည်ပြီ လား”
“ကောင်းပြီ လုပ်ပါ ကျွန်မ မလှုပ်ဘူး” ရှောင်ဟုန်သည် သူမကို ယုံကြည် မှုဖြင့် ကြည့်လိုက်သည်။
အချိန်တစ်ခုကြာအောင် ရင်းနှီးပြီးနောက်တွင် သူမကို နားလည်လာ သည်။ ပြီးနောက် သူမ ကုသပေးလျှင် ပျောက်ကင်းမည်ဟုလည်း ယုံကြည် ထားသည်။
“ဒါဆို အခုစပြီနော်”
ရှီမာယူယူ အပ်စစိုက်သည်နှင့် သူမ စိတ်ထဲမှ ခံစားချက်များကို ဘေးချိတ်ထားကာ ရှောင်ဟုန်၏ ခန္ဓာကိုယ်ကိုသာ အပြည့်အဝအာရုံစိုက် ထားသည်။
ရှောင်ဟုန်သည်လည်း အနည်းငယ်စိတ်လှုပ်ရှားသည်မှ ပြေလျော့သွား သည်။ အထူးသဖြင့် ရှီမာယူယူ ထိုအပ်စိုက်ကုထုံးနေရာများကို ထိုးစိုက် သောအခါ ယုံကြည်မှုကြောင့်သာ မဟုတ်လျှင် သူမသည် လှုပ်ရှားနိုင်မည် မဟုတ်ပေ။
အရင်က အပ်စိုက်ရာတွင် နာရီဝက်မှ တစ်နာရီသာလိုသော်လည်း သည်တစ်ကြိမ်တွင် နှစ်နာရီနီးပါးကုန်ရာ သူမ မျက်နှာတွင် ချွေးများပြန်နေ သည်။
သူမသည် ချွေးများသုတ်ပြီး ရှောင်ဟုန်ကို ပြောပြီးနောက် အပ်များကို သန့်ရှင်းရေးလုပ်ရန်သွားလိုက်သည်။
ရှောင်ဟုန်သည် အဝတ်များကိုပြန်ဝတ်ကာ ပြောလိုက်သည်။ “အရင်က အေးစက်စက်ခံစားချက်တွေက တော်တော်ပေါ့သွားပြီ ခန္ဓာကိုယ်တောင့်တင်း တာတွေလျော့သွားပြီး နွေးထွေးလာတာကို ခံစားမိတယ်”
“သိုင်းကွက်တွေ စလေ့ကျင့်အဲအချိန်ကျရင် အစကတည်းက လမ်း ကြောင်းတွေကို ခွဲမထားနဲ့ ဒီအတိုင်းပဲအလိုက်သင့်လေးနေပေး ခန္ဓာကိုယ် အပြည့်အဝပြန်ပြီး ဟန်ချက်ညီတဲ့အထိစောင့်ပေး… ပြီးရင် သူ့အလိုလို ပြန် ကောင်းသွားမှာပါ” ရှီမာယူယူ ဆက်ပြောလေသည် “ဒီလောက်အကြာကြီး လုပ်လာတာက မင်းခန္ဓာကိုယ်ထဲက စနစ်အမျိုးမျိုးကို ထိန်းညှိဖို့ပဲ တကယ့် အရေးကြီးတာက အခုမှစမှာ”
“ဒုက္ခပေးမိတဲ့အတွက် အားနာပါတယ်” ရှောင်ဟုန် ဆက်ပြောလေ သည် “ဘာတန်ရာတန်ကြေးမှ မတောင်းပဲ ကျွန်မကိုကုပေးတယ် ပြီးတော့ ဒီလောက်အကြာကြီးကို ဘယ်လိုကျေးဇူးတင်ရမှန်းကိုမသိတော့ပါဘူး”
“တန်ရာတန်ကြေး မတောင်းဘူးလို့ ဘယ်သူပြောလို့လဲ” ရှီမာယူယူ သည် ငွေအပ်များကို သိမ်းပြီး ပြန်လှည့်လာကာ သူမကို ကြည့်ပြီး ပြောလိုက် သည် “မင်းအဖေက ကျွန်မကို အများကြီးပေးပြီးပါပြီ”
“ကျွန်မ အဖေက ပေးတယ်ဟုတ်လား သူဘာပေးတာလဲ အဲဒါကို ပြော တာဘာလို့ တစ်ခါမှမကြားမိတာလဲ” ရှောင်ဟုန်သည် အံ့သြသွားလေသည်။
“မင်းအဖေက မင်းကို လူမသိအောင်ပဲချစ်တာလေ” ရှီမာယူယူသည် သူမကို စနောက်လိုက်သည်။
“မင်း ကျွန်မကို ဖုံးကွယ်ဖို့မလိုပါဘူး” ရှောင်ဟုန် ဆက်ပြောလေသည် “အဲလိုဆိုရင်တောင် ကျွန်မက ကျေးဇူးတင်ဦးမှာပဲ”
“ရပါတယ် ကျွန်မက ငြင်းတတ်တဲ့သူမဟုတ်ဘူး” ရှီမာယူယူသည် ပြုံးပြီးပြောလိုက်သည်။
“ကျွန်မ ပြန်သွားပြီးစဉ်းစားလိုက်ဦးမယ် ဘယ်လိုကျေးဇူးဆပ်တာမှ ကျွန်မ စိတ်ရင်းကိုပြန်နိုင်မလဲလို့လေ” ရှောင်ဟုန်သည် အလေးအနက်ပြော လေသည်။
“စောင့်နေပါမယ်”
“အရင်ဆုံးတော့ သွားလိုက်ဦးမယ်”
ရှောင်ဟုန်ထွက်သွားရာ တစ်ညလုံး နှုတ်ဆိတ်ပြီး အလုပ်များခဲ့သော ရှီမာယူယူသည် လွမ်းဆွတ်မှုများ ရေကဲ့သို့ကျလာလေသည်။
ဟင်း… တစ်ခုခုလုပ်နေတာမှ ကောင်းဦးမယ်။
သူမသည် စိတ်ထဲမှရေရွတ်ကာ ဝိညာဉ်စေတီထဲမှ ရှီချန်းရထားသော လက်နက်စာအုပ် ထုတ်လိုက်သည်။
လက်နက်သန့်စင်ခြင်းနှင့် ဆေးသန့်စင်ရာမှာ တူညီမှုတချို့ရှိသည်။ အနည်းဆုံးတော့ မီးထိန်းညှိမှုသည် တူညီလုနီးပါးပင်။
သူမသည် ဖက်တီးကျူလက်နက်သန့်စင်သည်ကို မြင်ဖူးသည်။ ပြီးနောက် သူမသည်လည်း လက်နက်ပညာနှင့်ပတ်သတ်ပြီး ဗဟုသုတရှိထား ရာ ထိုစာအုပ်များကို ဖတ်ရသည်မှာ သူမအတွက်လွယ်နေသည်။
ပြီးနောက်တွင် သူမ ဖတ်သောစာအုပ်များသည် အခြေခံစာအုပ်များဖြစ် သည်။ ဥပမာအနေနှင့် သူမ အခုဖတ်သောစာအုပ်သည် သတ္တုအမျိုးမျိုးနှင့် လက်နက်များအတွက် ကုန်ကြမ်းပစ္စည်းများအကြောင်းကို မိတ်ဆက်သော စာအုပ်ပင်ဖြစ်လေသည်။
လက်နက်ပညာသည် သူမအတွက် မတူကွဲပြားသည်။
ဆေးသန့်စင်ခြင်းသည် သူမ အရင်ဘဝမှ မှတ်ဉာဏ်များရှိသည်။ ထို ဆေးဖက်ဝင်ပစ္စည်းများကို မှတ်မိရန် မခက်ခဲပေ။
သားရဲထိန်းကျောင်းမှုတွင်တော့ ဝူလင်းယူ သူမကို ပေးသောစာအုပ်နှင့် အရာအားလုံးသည် လွယ်ကူခဲ့သည်။
တည်ဆောက်မှုပညာတွင် သူမတွင် နဂိုကပင် မြင့်မားသော အရည်အချင်းရှိကာ သူမကို သဘောကျသော ဆရာလည်းရှိခဲ့သည်။
ဝိညာဉ်ရှာဖွေမှုပညာမှာ ‘ဝိညာဉ်ရှာဖွေမှုအရင်းအမြစ်’ ဆိုသော စာအုပ် ရှိထားသော်လည်း ထိုပညာသည် မည်သည့်ကုန်ကြမ်းကိုမှ ကျက်မှတ်ရန် မလိုပေ။
အကုန်ပေါင်းလိုက်သောအခါ လက်နက်ပညာသည် သူမအတွက် အခက်ခဲဆုံးဖြစ်သည်။ အဆိုးဆုံးပြဿနာမှာ ကျင့်ကြံမှုမဟုတ်ဘဲ အစောပိုင်း အခြေခံအသိပညာနှင့် ကုန်ကြမ်းများကို သိထားခြင်းဖြစ်သည်။ ထိုအဆင့်ကို သာ ဖြတ်ကျော်နိုင်ပါက ကျင့်ကြံခြင်းသည် သူမအတွက် လွယ်ကူသွားမည်။
ဝူလင်းယူ ထွက်သွားပြီးသည့်နေ့ရက်များသည် သူမအတွက် တစ်စုံတစ်ခုကို လွမ်းသလိုလိုခံစားရသည်။ သူမ နေ့စဉ်ဘဝသည် အရင်နှင့် တူသော်လည်း ဟာလာဟင်းလင်းခံစားရကာ ရှောင်ဟုန်ကို ကုသတော့မှပင် အာရုံစုစည်းနိုင်လေသည်။
သို့သော် လျင်မြန်စွာပင် ထိုအရာမှာလည်း ပြီးဆုံးသွားလေသည်။
ရှောင်ဟုန်ကို ကုသပေးမှုသည် နောက်လအနည်းငယ်ကြာသောအခါ ပြီးဆုံးလေသည်။ ဟော်ချန်းဒုံနှင့် ရှောင်ဟုန်တို့သည် သူမကို ကျေးဇူးတင်ကာ ထွက်သွားပြီးနောက်တွင် လက်နက်သခင်များအသင်းသို့ လာရန် ဖိတ်ကြားပြီး လက်နက်သခင်များအသင်းအဖွဲ့ဝင်များနှင့် ထွက်သွား လေသည်။
သူမ၏ တစ်ခုတည်းသော အာရုံစိုက်ထားရမည့်ကိစ္စမှာ မရှိတော့သဖြင့် ကျယ်ပြန့်သောမြေတွင် စိတ်ပြေနပြေလမ်းလျှောက်နေလိုက်သည်။
ထိုနှစ်များသည် သူမအတွက် အားလပ်ချိန်အရှိဆုံးအချိန်ဟု ထင်ရ သည်။ သူမသည် သူတို့နှင့်အတူ လျှောက်သွားကာ အခွင့်အလမ်းမရှိကာ စာအုပ်လည်းမဖတ်ဖြစ်ဘဲ စိတ်အေးလက်အေးရှိခဲ့သည်။
အရင်က အလုပ်များသည်နှင့်သာ အသားကျခဲ့သဖြင့် အားပ်နေသည် ကို အသားမကျနိုင်ပေ။
ထို့ကြောင့် လူများ ကျင့်ကြံနိုင်သည့်နေရာတစ်ခုကိုမြင်သောအခါ သူမ တံခါးပိတ်ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။ ဆက်သွယ်ပြီးနောက် ရှီမန်ဖန် သည် တခြားသူများကို ခေါ်ပြီးခရီးဆက်လေသည်။
ကျင့်ကြံမည့်နေရာမှာ မြုံနေသောမီးတောင်အဝင်ပေါက်ဖြစ်ပြီး ရှီမာယူယူသည် ဝင်ပေါက်ကို တည်ဆောက်မှုလုပ်ကာ အထဲသို့ဝင်ခဲ့သည်။
သူမ လှည့်ပတ်ကြည့်ရာ မီးဂုဏ်သတ္တိများဖြင့် ကျင့်ကြံရန်အတွက် သင့်တော်လေသည်။
သူမ နေရာတစ်ခုရှာကာ ကျင့်ကြံမှုစတင်တော့သည်။
အချိန်တိုအတွင်း ကျင့်ကြံပြီးနောက်တွင် မည်မျှကြာအောင် နေမိမှန်း မသိလိုက်ကာ ထာဝရရှင်သန်သူနယ်မြေပိတ်သည့် စွမ်းအားကြောင့် သူမ နိုးထလာသည်။
သူမသည် တည်ဆောက်မှုဖယ်ပြီး လေထဲသို့ပျံလိုက်ရာ သူမ၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသည့် စွမ်းအင်တစ်ခုခံစားလိုက်ရပြီး သူမ ခေါင်း အပေါ်တွင် လေဟာပြင်ဝင်ပေါက် ပေါ်လာကာ သူမကို စုပ်ယူသွားလေသည်။
သူမ မူးဝေခြင်းကိုခံစားရသဖြင့် မျက်စိမှိတ်လိုက်သည်။ သူမ ကြမ်းပြင် ပေါ်သို့ကျသံကြားသောအခါ အပြင်သို့ရောက်နှင့်နေပြီဖြစ်သည်။
“ဒါ ဘယ်သူပါလိမ့် ဘယ်လိုလုပ် မြေပေါ်ကျလာတာလဲ” အသံတစ်သံ သည် သူမ ခေါင်းပေါ်မှထွက်လာသဖြင့် မော့ကြည့်လိုက်ရာ မိဒိဆန်း၏အပြုံး ကိုတွေ့လိုက်ရလေသည်။
“မင်းက ဘာလို့ဒီရောက်နေတာလဲ” သူမသည် မြေပေါ်မှထကာ အဝတ် မှဖုန်များကိုခါလိုက်သည်။
“ငါလည်း အဲဒီကနေ ထွက်လာတာပဲ မင်းနဲ့အတူကျလိမ့်မယ်လို့ မထင် ဘူး အထဲမှာတုန်းက မင်းအကြောင်းကို အများကြီးကြားခဲ့တယ် အထဲမှာ မင်း နဲ့မတွေ့တာတော့ နှမြောဖို့ကောင်းတယ်” မိုဒိဆန်း ပြောလေသည်။
“မင်း မသွားဘူးလို့ငါထင်နေတာ” ရှီမာယူယူ ဆက်ပြောလေသည် “မင်းက အမြဲတမ်း ခန့်မှန်းလို့မရဘူး”
သူမသည် လက်မောင်းကိုပွတ်သပ်ရင်း ငေးမှိုင်နေမိသည်။ သူမ မျက်နှာမှာ ပြောင်းသွားပြီး လျင်မြန်စွာပင် သူမကိုယ်သူမ သွေးခုန်နှုန်းကို စမ်းလိုက်သည်။
မိုဒိဆန်းသည် သူမ မျက်နှာအမူအရာမှ တစ်ခုခုမှားနေပြီကို ခံစားမိ သဖြင့် ပြုံးရာမှတန့်ကာ မေးလိုက်သည် “ဘာဖြစ်လို့လဲ”
ရှီမာယူယူသည် သူ့ကို လန့်ဖျပ်သော အမူအရာဖြင့်ကြည့်လိုက်သည်။
သူတို့ပြန်တွေ့ပြီးနောက်တွင် ထိုကဲ့သို့အမူအရာမမြင်ဖူးသဖြင့်သူ လည်း ပူပန်မိလေသည်။
“ဘာတွေဖြစ်နေတာလဲ”
ရှီမာယူယူသည် ခန္ဓာကိုယ်ကို ယိမ်းရင်းနှင့် ပြောလေသည် “ငါ ငါ့ ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအင်ကို မထိန်းညှိနိုင်တော့ဘူး….”
***