← Chapters

အကြောင်းကြားခြင်း

Vol. 36 Ch. 527

အကြောင်းကြားခြင်း

Vol. 36 Ch. 527

လင်းဖန်သည် ဖုန်းခေါ်ဆိုမှုကို ကြည့်လိုက်ရာ ၎င်းသည်သူမသိသော နိုင်ငံခြားဖုန်းနံပါတ်တစ်ခုဖြစ်သည်ကိုတွေ့လေသည်။(နိုင်ငံခြားဖုန်းမှန်းဘယ်လိုသိလဲဆိုရင်ဖုန်းနံပါတ်အစကိုကြည့်တာနဲ့သိနိုင်ပါတယ်)

သာမန်လူသာဆိုရင် ဒီလိုနိုင်ငံခြားကခေါ်တဲ့ဖုန်းနံပါတ်ကိုတွေ့ရင်ချက်ချင်းဖုန်းချမည်မှာသေချာလေသည်။

အဘယ်ကြောင့်ဆိုသော် ၎င်းတို့အများစုသည် ငွေလိမ်လည်ချင်သောကြောင့်ခေါ်ဆိုခြင်းဖြစ်သည်။

သို့သော်လည်း လင်းဖန်သည် LV၊ နှင့် အခြားနိုင်ငံခြားကုမ္ပဏီများတွင် ရှယ်ယာများရှိသောကြောင့်ယခုလိုအလားတူဖုန်းများကိုလက်ခံရရှိဖူးလေသည်။

ဒီတစ်ခေါက်လဲကုမ္ပဏီတစ်ခုခုရဲ့ဥက္ကဌ ဆီက ဖုန်းခေါ်တာ လို့ သူ ထင်ခဲ့ သည် ။

ထို့ကြောင့် သူက အဖြေခလုတ်ကို တိုက်ရိုက်နှိပ်လိုက်သည်။

“ဟယ်လို၊ ဒါက ပရော်ဖက်ဆာ လင်းဖန် လား။” ဖုန်းထဲကမေအင်္ဂလိပ်လို ပြောတဲ့အသံထွက်ပေါ်လေသည်။

လင်းဖန်က တရုတ်ဘာသာဖြင့် “ဒါ ငါပဲ၊ မင်းက ဘယ်သူလဲ”

ဖုန်းထဲက အသံက ခဏရပ်သွားခဲ့သည်။

ထို့နောက် ဖုန်းထဲကနေအနည်းငယ်မပီသသောတရုတ်စကားထွက်လာလေသည်။

“လင်း... ပါမောက္ခ လင်း မင်္ဂလာပါ...”

“ကျွန်တော်က ဓာတုဗေဒနိုဘယ်ရဲ့ ဥက္ကဌ ဖြစ်တဲ့ ဂွတ် ပါ။ ကျွန်တော်တို့ ကော်မတီက ဆွေးနွေးပြီးမဲပေးဆုံးဖြတ်ချက်အရ ဒီနှစ် ဓာတုဗေဒ နိုဘယ်ဆုကို မစ္စတာလင်းဖန်ကရရှိခဲ့ကြောင်း အသိလာပေးတာပါ။”

ဓာတုဗေဒနိုဘယ်ဆု။

သာမာန်လူများသည် ထိုသတင်းကြားလျှင် ဝမ်းသာအားရ အော်ကြမည်မှာ သေချာပေါက် ပင်ဖြစ်သည်။

သို့သော် လင်းဖန်က “အိုး” ဟု စကားလုံးတစ်လုံးသာတည်ငြိမ်စွာ တုံ့ပြန်ခဲ့သည်။

အိုး?

ဒါကပြီးသွားတာလား။

ဖုန်းထဲကလူသည် သိသိသာသာကို အံ့သြသွားသည်။

ခဏကြာတော့ သူက ဆက်ပြောလိုက်သည် “မစ္စတာလင်းဂုဏ်ပြုပါတယ်... ဒါဆို မစ္စတာလင်း၊ နှုတ်ဆက်ပါတယ်”

“အိုကေ’’ လင်းဖန်သည် စကားပြောပြီးသောအခါတွင် သူသည် တိုက်ရိုက်ဖုန်းချလိုက်သည်။

ဟော့ကျောက်ဝူက “ပါမောက္ခလင်း၊ မီဒီယာတွေစီကနေ ဖုန်းဆက်တာလား။”

အခုခေတ်မှာ မီဒီယာတွေက လင်းဖန် ကို မကြာခဏ အင်တာဗျူးချင်ကြလေငည်။

သို့သော်အားလုံးခြွင်းချက်မရှိငြင်းဆန်ခံရလေသည်။

လင်းဖန်သည် သူ့ကိုယ်သူမဖော်ပြပေ။

ဘာလို့ဆိုအကယ်၍သူသာသူ့ကိုယ်သူဖော်ပြလိုက်လျှင်သူ့ရဲ့အေးချမ်းတဲ့ဘဝကိုနှောက်ယှက်ဖြစ်မှာသေချာသည်။လင်းဖန်ကဒါကိုမကြိုက်ပေ။ထို့ကြောင့်သူသည်သူ့ကိုယ်သူမဖော်ပြခြင်းဖြစ်သည်။

လင်းဖန်က ခေါင်းခါပြီး “ဒါက မီဒီယာစီကမဟုတ်ဘူး။ဓာတုဗေဒနိုဘယ်လ် ဥက္ကဋ္ဌက ဒီနှစ် ဓာတုဗေဒ နိုဘယ်ဆုကိုငါရခဲ့တာလို့ လာပြောတာ” ဟု ပြောလိုက်သည်။

လင်းဖန်၏ လေသံမှာ အလွန်တည်ညိမ်နေလေသည်။လင်းဖန်ရဲ့ပုံပန်းသဏ္ဍာန်ကို ပြောရမယ်ဆိုရင် တစ်စုံတစ်ယောက်ကရေသောက်မလားမေးတဲ့ပုံနဲ့တူလေသည်။

သို့သော် ရုံးခန်းရှိလူတိုင်း၏ နားထဲတွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာကြားလိုက်သည်။

သူတို့ ဘာကြားခဲ့တာလဲ။

ဓာတုဗေဒ နိုဘယ်လ် ဥက္ကဌ က လင်းဖန်သည် ယခုနှစ် ဓာတုဗေဒ နိုဘယ်ဆုကို ရရှိခဲ့ကြောင်း အကြောင်းကြားခဲ့သည်။

လင်းဖန်သည် ယခုနှစ်နိုဘယ်လ်ဆုရမည်ဟု ပြောဆိုနေကြသည့် လူအများအပြားကို အင်တာနက်ပေါ်တွင် တွေ့ခဲ့ကြသည်။

လင်းဖန်သည် နိုဘယ်လ်ဆုကိုရနိုင်သည်ဟုလည်း ခံစားခဲ့ကြသောကြောင့်သူတို့တောင်ဆွေးနွေးလိုက်ကြသေးသည်။

ဒါပေမယ့် တစ်ကယ်ရလာရောခံစားချက်ကတစ်မျိုးကြီးဖြစ်သွားကြလေသည်။(အံ့သြတာထက်ပိုတဲ့ပုံစံမျိုးပါ)

ထို့အပြင် လင်းဖန် သည် ငယ်ရွယ်လွန်းပြီး ထိုအောင်မြင်မှုများကို ရရှိရန် အချိန်မှာလဲတိုလွန်းနေသည်။

အကယ်၍လင်းဖန်သာနိုဘယ်လ်ဆုမရရှိခဲ့ပါက မည်သူမျှ အံ့အားသင့်နေမည်မဟုတ်ပေ။

လင်ဖန်းသည် ဓာတုဗေဒ နိုဘယ်လ်ဆုကို ရရှိခဲ့ကြောင်း ၎င်းတို့ကြားသိရသောအခါမကြာမီလူတိုင်းကစိတ်လှုပ်ရှားလာကြလေည်။

“ပရော်ဖက်ဆာ လင်း၊ မင်းက တကယ်ကို အံ့သြစရာပဲ!”

“ဓာတုဗေဒနိုဘယ်ဆုတောင်ရတယ်။ပါမောက္ခ လင်း ဂုဏ်ပြုပါတယ်!”

“ဂုဏ်ပြုပါတယ် ပါမောက္ခလင်း!”

ဟော့ကျောက်ဝူ၊ နင်းကျန်းကျန်းနှင့် အခြားသူများအားလုံးကဝ်ိုင်းပြီးဂုဏ်ပြုစကားပြောနေလေသည်။

လင်းဖန်သည် ဆေးပညာဆိုင်ရာ နိုဘယ်ဆုနှင့် ရူပဗေဒဆိုင်ရာ နိုဗယ်ဆုတို့ကို ဆွတ်ခူးနိုင်မည်ဟု မျှော်လင့်ထားခဲ့ကြည်။(နှစ်ခုထဲကတစ်ခုကိုရမယ်လို့မျှော်လင့်ထားတာပါ)

သို့သော် ဓာတုဗေဒ နိုဘယ်လ်ဆုကို ရရှိခဲ့ခြင်းသည်လဲမဆိုးလှပေ။

နိုဘယ်လ်ဆုရသရွေ့တော့ ဒါက ပျော်စရာကိစ္စပင်ဖြစ်သည်။

သူတို့ရဲ့ စိတ်လှုပ်ရှားမှုကို မြင်တော့ လင်းဖန်က ပြုံးရင်းခေါင်းခါလိုက်လေသည်။

“ကလင် ကလင် ကလင်”

ထိုအချိန်တွင် သူ၏လက်ကိုင်ဖုန်းသည်ထပ်မံမြည်လာပြန်သည်။

ဖုန်းခေါ်ဆိုမှု ချက်ကြည့်လိုက်တော့ ဒါဟာ နိုင်ငံခြားကနေသူမသိတဲ့ နံပါတ်တစ်ခု ဖြစ်နေတယ်ဆိုတာကိုတွေ့လိုက်သည်။

လင်းဖန်သည် မဆိုင်းမတွပင် အဖြေခလုတ်ကို ထပ်မံနှိပ်လိုက်သည်။

“ဟယ်လို၊ ဒါက ပါမောက္ခ လင်းဖန်လား” အနည်းငယ်မပီသသောတရုတ်ဘာသာစကားသည်ဖုန်ထဲမှထွက်လာသည်။

လင်းဖန် က “ဟုတ်တယ် ငါပဲ”

“ပရော်ဖက်ဆာလင်း၊ မင်္ဂလာပါ၊ ကျွန်ုပ်သည် နိုဘယ်ရူပဗေဒကော်မတီဥက္ကဌ ဂျေ့ ပါ။’’

ဓာတုဗေဒ နိုဘယ်လ်ဆု ရရှိကြောင်း ပြောခဲ့သလိုမျိုးယခုလည်း ရူပဗေဒ နိုဘယ်လ်ဆု ရရှိကြောင်း ပြောခဲ့ပြန်သည် ။

လင်းဖန်သည် ခဏတာ အံ့အားသင့်သွားကာ”ကောင်းပြီ” ဟုပြောလ်ုက်သည်။

ထို့နောက် နှစ်ယောက်သား စကားအနည်းငယ်ပြောကြပြီးနောက် ဖုန်းချလိုက်ကြသည်။

ဟော့ကျောက်ဝူက “ဒါက မီဒီယာပဲလား။ မီဒီယာတွေက ဆရာ နိုဘယ်လ်ဆုရတာကို သိသွားတာလား”

လင်းဖန် ကခေါင်းခါရင်း “ဒါက ရူပဗေဒနိုဘယ်လ်ကော်မတီရဲ့ ဥက္ကဌပါ။သူကငါ ရူပဗေဒနိုဘယ်ဆုရခဲ့တယ်လို့လာပြောတာ”

မူလက ဆူညံနေသော ရုံးခန်းသည် ရုတ်တရက် တိတ်ဆိတ်သွားသည်။

ဟော့ကျောက်ဝူ၊နင်းကျန်းကျန်းနှင့်တစ်ခြားလူများအားလုံးသည်အံသြလွန်း၍ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။

သူတို့ ဘာကြားခဲ့တာလဲ။

ရူပဗေဒနိုဘယ်ကော်မတီ ဥက္ကဌကလင်းဖန်ကို ရူပဗေဒ နိုဘယ်လ်ဆုရကြောင်း အကြောင်းကြားတာလား။

လွန်ခဲ့သည့်တစ်မိနစ် သို့မဟုတ် နှစ်မိနစ်က လင်းဖန်သည် ဓာတုဗေဒနိုဘယ်ဆုကို ရရှိခဲ့ကြောင်းကိုလဲအကြောင်းကြားခြင်းခံရသည်။

အခုလဲ ရူပဗေဒ နိုဘယ်လ်ဆု ရကြောင်း အကြောင်းကြားလာတယ်။

ဒါဆိုဒီနှစ်မှာတူညီသောလူတစ်ယောက်ကနိုဘယ်ဆုနှစ်ဆု တစ်ချိန်တည်း ဆွတ်ခူးသွားတာမဟုတ်ဘူးလား။

ဒါ... ဒါက လုံးဝ မကြုံစဖူးကိစ္စပင်ဖြစ်သည်။

“နောက်ထပ် နိုဘယ်ဆု!”

“ရူပဗေဒနိုဘယ်ဆု”

“မိုက်တယ်!”

“မိုက်တယ်!”

မကြာမီအဆက်မပြတ် အော်ပြောသံများကြောင့်ရုံးခန်းတစ်ခုလုံးဆူညံသွားလေသည်။

“ကလင် ကလင် ကလင်’’

အားလုံးက စိတ်လှုပ်ရှားနေချိန်တွင် လင်းဖန်၏ ဆဲလ်ဖုန်းသည်ထပ်မြည်လာပြန်သည်။

ဒီတစ်ကြိမ်မှာလဲနိုင်ငံခြားမှဆက်သောဖုန်းဖြင့်လေသည်။

အရင်ကလိုပဲ လင်းဖန်က ဖုန်းပြန်ဖြေဖို့ ရွေးချယ်လိုက်သည်။

“မင်္ဂလာပါ ပါမောက္ခ လင်းဖန်၊ ကျွန်တော်ကဆေးဘက်ဆိုင်ရာနိုဘယ်ကော်မတီဥက္ကဌ ကျူဘီဖြစ်ပါသည်။” ဖုန်းအတွင်းမှ အနည်းငယ် မပီသသောတရုတ်စကား အသံတစ်ခု ထွက်ပေါ်လာသည်။

ဒါကိုကြားတော့ လင်းဖန်က သူ့မျက်နှာမှာ ထူးဆန်းတဲ့အမူအရာတစ်ခုပေါ်လာလေသည်။

ထပ်ပြီး နိုဘယ်ကော်မတီ ဥက္ကဋ္ဌလား။

“မင်္ဂလာပါ။”

“ယနေ့၊ ကျွန်တော်တို့ရဲ့ဆေးပညာဆိုင်ရာ နိုဘယ်ကော်မတီသည် ပြင်းထန်သော ရွေးချယ်မှု လုပ်ငန်းစဉ်တစ်ရပ်ကို ပြုလုပ်ခဲ့ပြီး နောက်ဆုံးမှာတော့ မစ္စတာလင်းဖန်ကို ယခုနှစ် ဆေးပညာဆိုင်ရာ နိုဘယ်ဆု လက်ခံသူအဖြစ် ရွေးချယ်ခဲ့တယ်။ ဂုဏ်ပြုပါတယ်”

“ကောင်းပြီ။” လင်းဖန်သည် ဖုန်းလက်ခံရရှိသောအခါကတည်းကဒါကိုမျှော်လင့်ထားပြီးသားဖြစ်သောကြောင့် ချက်ချင်းပြန်ဖြေခဲ့သည်။

ဖုန်းချပြီးနောက် လင်းဖန်ကိုဟော့ကျောက်ဝူ နှင့် အခြားလူများကအရင်လိုထပ်မေးကြလေသည်။

ထို့ကြောင့်လင်းဖန် “ဆေးဘက်ဆိုင်ရာနိုဘာ်ကော်မတီဥက္ကဌက ဖုန်းဆက်ပြီး ငါဆုရတယ်လို့လာပြောတာ” လို့ပြောပြလိုက်သည်။

ချက်ခြင်းပင် ဟော့ကျောက်ဝူကခုန်ရင်း

“ပါမောက္ခ လင်း က ဆေးပညာ နိုဘယ်ဆုရရမယ်လို့ ငါပြောတယ် မဟုတ်လား?! နောက်ဆုံးတော့ ပါမောက္ခ လင်း က အင်ဆူလင်ပြန်လည်ထူထောင်ရေးဆေးကို တီထွင်ခဲ့တယ်၊ ဒါက ဘယ်လောက်ကြီးတဲ့အောင်မြင်မှုလဲ။”

အစကရုံးခန်းရှိ အခြားလူများသည်အနည်းငယ် မှင်တက်နေကြသည်။

ဟော့ကျောက်ဝူ၏ စကားများကို ကြားပြီးနောက် စိတ်လှုပ်ရှားစွာ သူတို့လဲအော်ပြောကြတော့ည်။

“သုံးဆု၊နိုဘယ်ဆုသုံးဆု!”

“အိုဘုရားရေ!”

“ပရော်ဖက်ဆာ လင်း၊မင်းကအရမ်းတော်တာပဲ”

“ငါအိပ်မက်မက်နေသလိုခံစားရတယ်..”

“ပရော်ဖက်ဆာလင်းဖန်ကဘယ်နိုဘယ်ဆုရမည်ဆိုတဲ့အကြောင်းကိုအင်တာနက်မှာအစကတည်းက ငြင်းခုံခဲ့ကြတယ်။ ပရော်ဖက်ဆာ လင်းဖန် က ရူပဗေဒ နိုဘယ်ဆု၊ ဓာတုဗေဒ နိုဘယ်ဆုနဲ့ ဆေးပညာ နိုဘယ်ဆုတွေကို တစ်ချိန်တည်းမှာ ရရှိခဲ့မယ်လို့ ဘယ်သူက ထင်မှာလဲ။”

“မဟုတ်ဘူး!ရှောင်ပန်နဲ့ ရှောင်အန်းကတော့ဒါကိုစဉ်းစားမိကြတယ်’’

ဒါကိုကြားသောအခါလူတိုင်းကရှောင်ပန်နှင့်ရှောင်အန်းကိုကြည့်လိုက်ကြလေသည်။

အရင်တုန်းကရှောင်ပန် နဲ့ ရှောင်အန်းတို့သည်သူမတို့ကို လူတော်တော်များများက စိုက်ကြည့်ရင်ရှက်လွန်းလို့ ခေါင်းကိုငုံ့ထားကြလေသည်။

အခုတွင်သူမတို့ခေါင်းကို မော့ထားပြီး လင်းဖန်ကိုသူမတို့ရဲ့လှပတဲ့ မျက်လုံးတစ်စုံဖြင့်စိုက်ကြည့်ရင်း သူမတို့ရဲ့ လှပတဲ့ မျက်နှာထက်တွင်အပျော်များနဲ့ပြည့်နှက်နေလေသည်။

All Chapters