← Chapters

အခန်း (၁၂၀၃)

Vol. 81 Ch. 1203

အခန်း (၁၂၀၃)

Vol. 81 Ch. 1203

ဟောင်ရန်မိစ္ဆာ - ၎င်းသည် လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းတုန်းက မည်သည့်နေရာက ပေါ်လာမှန်းမသိသည့် မိစ္ဆာတစ်ကောင်ပင် ဖြစ်တော့၏။ ဤလူသည် အလွန်တရာ ရက်စက်လွန်းပြီး သွေးဆာတတ်သည့် လူတစ်ယောက် ပင်ဖြစ်၏။

နှစ်အနည်းငယ်အတွင်း ဂြိုဟ်ပေါင်းငါးဆယ်တိတိကို ဖျက်ဆီးခဲ့သည့်လူတစ်ယောက်ဖြစ်ပြီး သူ၏ လက်တွင် ရေတွက်လို့ မရအောင်များပြားသည့် သတ္တဝါများ၏ သွေးသည် စွန်းထင်းလျက် ရှိနေ၏။ နောက်ပိုင်းတွင် ဘာမှန်းမသိသည့် အကြောင်းပြချက်ဖြင့် ခံတပ်သခင်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးသည့်နောက် ငရဲကြီးကိုးထပ်၏ ဒုတိယထပ်တွင် ဖမ်းချုပ်ခြင်းကို ခံခဲ့ရ၏။ ၎င်းသည် အန္တရာယ်များသည့်အဆင့်တွင် တတိယ ဦးစားပေးခံစားရသောလူတစ်ယောက်ပင် ဖြစ်သည်။

ငရဲကြီးကိုးထပ်တွင် ဖမ်းချုပ်ခံထားရသော အဓိက ရာဇဝတ်သားများသည် အန္တရာယ်ပေးနိုင်သော အဆင့်အတန်း ကို ခွဲခြားခံထားခဲ့၏။ ပထမ၊ ဒုတိယနှင့် တတိယ၊ ထို့အပြင် စတုတ္ထဟူ၍လည်း ရှိသည်။ ထိုအရာတွင် စတုတ္တသည် အဆင့်အနိမ့်ဆုံးဖြစ်ပြီး ပထမမှာတော့ အဆင့်အမြင့်ဆုံး ဖြစ်ကြ၏။ ဟုတ်ပေသည်။ သာမန်ရာဇဝတ်သားများ အားလုံးသည် အဓိက ရာဇဝတ်သားများနှင့် နှိုင်းယှဉ်၍တော့ မရနိုင်ချေ။

ကျင့်ကြံခြင်းအဆင့် ဘယ်လောက်မြင့်မြင့် အန္တရာယ်ပေးနိုင်မှု အခြေအနေသည် တစ်ခုနှင့်တစ်ခု တူညီနေလိမ့်မည် မဟုတ်ချေ။ ကွမ်ကျူးနှင့် အဘိုးအိုတို့သည် ယခင်တုန်းက ဟောင်ရန်မိစ္ဆာအား တစ်ခါမှ မမြင်ဖူးခဲ့ချေ။ သို့ပေမဲ့ ၎င်းတို့၏ ငရဲကြီးကိုးထပ်တွင် ဖမ်းချုပ်ခံထားရသော ဤရာဇဝတ်သားအကြောင်းကို ကောင်းကောင်းသိရှိလို့ နေခဲ့သည်။

သွားပြီ။ သူတို့တော့ သွားပြီ ဖြစ်သည်။

“ဟား ဟား ဟား ဟား”

ဟောင်ရန်မိစ္ဆာသည် အားရပါးရ ရယ်မောလျက်ရှိသည်။ ပြီးသည့်နောက်မှာတော့ ၎င်း၏ ဘယ်၊ ညာ လက်များသည် သူ၏ ရှေ့တွင် ရှိသော လူနှစ်ယောက်၏ ပခုံးပေါ်သို့ ရောက်ရှိသွား၏။ ပြီးနောက် တီးတိုးပြောလိုက်သည်။ “မင်းတို့ ငါ့ကို သိပြီဆိုမှတော့ ငါ ဘာကို စိတ်ဝင်စားတယ်ဆိုတာ မင်းတို့ သိမှာပေါ့၊ ဟုတ်လား”

ကွမ်ကျူးနှင့် အဘိုးအိုတို့သည် ကြောက်လန့်လွန်းသောကြောင့် ခန္ဓာကိုယ်များပင် တဆတ်ဆတ် တုန်လျက် ရှိနေသည်။ တစ်ဖက်လူ၌ ဆိုးရွားသည့် ဝါသနာတစ်ခုရှိကြောင်း သတိရသွားမိ၏။ တခြားသူ များ၏ဖင်ကို ရိုက်နှက်ရခြင်းအား နှစ်သက်ခြင်းပင် ဖြစ်တော့၏။ ဤကဲ့သို့ နာမည်ဆိုးနှင့်ကျော်ကြားလှသော ရာဇဝတ်သားနှင့် တစ်ခါတည်း တွေ့ကြုံရလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမိမည်နည်း။

“ကောင်းကင်ဘုံ... ကျုပ်တို့ကို ကယ်ပါအုံး”

အဘိုးအိုသည် ကြောက်လန့်မှုကို ဖိနှိပ်ကာဖြင့် ပြောလိုက်၏။ “စီနီယာဟောင်... ကျုပ်တို့ သိပါတယ်”

ဟောင်ရန်မိစ္ဆာသည် ၎င်းတို့နှစ်ယောက်အား အနီးအနားသို့ အသာဆွဲကပ်လိုက်၏။ သူ၏ အသံသည် ငရဲပြည်မှ ရောက်ရှိလာခဲ့သော မိစ္ဆာတစ်ကောင်ကဲ့သို့ပင် ခြောက်ကပ်ကပ်ဖြင့် ထိတ်လန့်ဖွယ်ရာ ကောင်းလွန်းလှသည်။ သူက ပြောလိုက်သည်။ “သိတယ်ဆိုရင် မြန်မြန်ဆန်ဆန် လုပ်ကြတော့။ ငါမစောင့်နိုင်တော့ဘူး”

ကွမ်ကျူး “...”

အဘိုးအို “...”

အသက်ရှင်သန်နိုင်ရန်အလို့ငှာ ၎င်းတို့နှစ်ယောက်သည် အလွန်နာကျင်ဖွယ်ရာကောင်းလှသည့် ရွေးချယ်မှုကို လက်ခံလိုက်ကြရတော့၏။

ဖြောင်း ဖြောင်း ဖြောင်း

တစ်ချက်၊ နှစ်ချက်၊ သုံးချက် စူးရှလှသော နာကျင်မှုသည် ၎င်းတို့၏ သိစိတ်ပင်လယ်ထဲသို့ ရောက်ရှိလာ၏။ ငရဲကြီး ဒုတိယထပ်တစ်ခုလုံးတွင်တော့ ရိုက်နှက်သည့်အသံသည် ပဲ့တင်ထပ်လျက် ရှိနေတော့၏။ ထောင့်တစ်နေရာတွင် ပုန်းအောင်းလျက်ရှိသော အကျဉ်းသားများသည် ထိတ်လန့်ကြောက်ရွံ့နေခဲ့ကြသည်။ ၎င်းတို့သည် အမှတ်မထင်ဖြင့် ၎င်းတို့၏ ရောင်ကိုင်းလျက်ရှိနေသော ဖင်များအား အသာအုပ်ကိုင်လိုက်မိကြသည်။

ဝှစ် ဝှစ် ….။

ထိုအချိန်မှာတော့ တည်နေရာသည် အနည်းငယ် လှုပ်ခါသွားခဲ့၏။ ဘာမှန်းမသိသော စွမ်းအင်တစ်မျိုးသည် ရုတ်တရက် ပေါ်ပေါက်လာပြီးသည့်နောက်မှာတော့ ဒုတိယထပ်မှတဆင့် အောက်ဆီသို့ ဆင်းသက်သွားခဲ့သည်။

“ဟမ်”

ဟောင်ရန်သည် ရိုက်နှက်ရာမှ ရပ်တန့်ပြီးသည့်နောက် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “ဒီစွမ်းအင်တွေ ထပ်ပြီး ပေါ်လာပြန်ပြီ။ ကြည့်ရတာ အရင်တုန်းကထက် ပိုပြီး အားကောင်းသလိုပဲ”

ဤဒုတိယထပ် အလွှာ တစ်ခုလုံးတွင် စွမ်းအင်လှုပ်ရှားမှုကို သတိပြုနိုင်သူမှာ သူတစ်ယောက်တည်းသာ ရှိသည်။

ဆွစ်

မကြာခင်မှာပဲ မမြင်ရသည့် အားအင်တစ်ခုသည် ဒုတိယထပ်ကို ထိုးဖောက်ပြီးသည့်နောက် တတိယထပ်ဆီသို့ ဆင်းသက်သွားခဲ့၏။

“ဟမ်”

တစ်ကိုယ်လုံး အမာရွတ်တွေနှင့် ပြည့်နှက်လျက်ရှိပြီး သန်မာထွားကြိုင်းပြီး မာကျောလွန်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်သည့် လူတစ်ယောက်သည် ကျောက်လှေကား ပေါ်တွင် ထိုင်လျက်ရှိနေ၏။ သူသည် ရုတ်တရက် မျက်လုံးကိုဖွင့်ကာဖြင့် ပြောလိုက်မိသည်။ “ထပ်လာပြန်ပြီလား”

ဆွစ်

မမြင်ရသည့်အားအင်တစ်ခုသည် စတုတ္ထအလွှာကို ထိုးဖောက်ပြီးသည့်နောက်မှာတော့ ပဉ္စမအလွှာ၊ ပြီးနောက် အောက်ထိကို ထပ်မံဆင်းသက်သွားခဲ့၏။ ဖြတ်သွားတိုင်း အထဲတွင်ရှိနေသော စွမ်းအားမြင့် ကျင့်ကြံသူတိုင်းသည် ထိုအရာကို အာရုံခံမိကြ၏။

ဖြောက် ဖြောက် ဖြောက် ဖြောက်

ဆဋ္ဌမထပ် ငရဲခန်းထဲမှာတော့ အရပ်ရှည်ရှည် ပိန်သွယ်သွယ်နှင့် လူငယ်တစ်ယောက်သည် သေမျိုးလောက၏ အချောမောဆုံးဟု ရေးသားထားခဲ့သော ခေါက်ယပ်တောင်ကို အသာဖွင့်ကာဖြင့် ယပ်ခတ်လျက်ရှိနေသည်။ သူက ပြောလိုက်၏။ “အောက်ဆုံးထပ်မှာ ရှေးအစီအရင်ကြီးတစ်ခုတည်ရှိနေတယ်လေ။ ဒီစွမ်းအင်က တကယ်ကို လွယ်လွယ်ကူကူ ဖောက်ထွက်နိုင်မလားဆိုတာကို ငါသိချင်မိတယ်”

ဆွစ် ဆွစ်

မမြင်ရသော စွမ်းအင်လှိုင်းတစ်ခုသည် ခုနှစ်ထပ်နှင့် ရှစ်ထပ်မြောက်ကို ဖောက်ထွင်းသွားခဲ့၏။ ကိုးထပ်မြောက်ကို ဖြတ်သန်းပြီးသည့်နောက် တည်နေရာကြီးတစ်ခုလုံးသည် အဆုံးမဲ့ မှောင်မိုက်ခြင်းများ ဖြစ်တည်လျက်ရှိနေ၏။ ထိုနေရာတွင် ရှိနေသော ကြီးမားလှသည့် မျက်လုံးကြီးတစ်ခုသည် ရုတ်တရက်ပွင့်လာခဲ့၏။ ထိုမျက်လုံးကြီး ပေါ်တွင် နီရဲလှသည့် သွေးကြောများနှင့် ပြည့်နှက်နေ၏။ ထိုသူသည် တီးတိုးပြောလိုက်၏။ “ဒါဘယ်လိုစွမ်းအင်မျိုး ပါလိမ့်”

ငရဲကြီးကိုးထပ်၏ အောက်ခြေတွင်တော့ ထူးခြားလှသည့် အစီအရင်များဖြင့် စည်းခတ်ခံထားရသည့် လျှို့ဝှက် အခန်းတစ်ခု တည်ရှိနေသည်။ ထိုနေရာသည် သက်တန့်ရောင်စဉ်ကျမ်း၏ ငါးခုမြောက်ကျမ်းစာကို ထိန်းသိမ်းထား သောနေရာလည်း ဖြစ်တော့သည်။ လက်ရှိအခြေအနေမှာတော့ အခန်းထဲတွင် ခံတပ်သခင်သည် တည်ရှိလို့နေ၏။

“သက်တန့်ရောင်သူတော်စင် ချန်ခဲ့တဲ့ အကြွင်းအကျန်ကျမ်းက ထူးခြားနက်နဲတဲ့ သဘောတရားတွေ ပါဝင်နေ တာပဲ။ ဒါကိုနည်းနည်းလောက်သာနားလည်နိုင်မယ်ဆိုရင် ကျင့်ကြံခြင်းအဆင့်က တမဟုတ်ခြင်း တိုးတက် သွားမှာပဲ။ ဒါပေမဲ့ ငါနှစ်ပေါင်းများစွာ လေ့ကျင့်နေတာ ဘာလို့ ဘာတစ်ခုမှ မတိုးတက်သေးရတာလဲ”

“အမ်”

ထိုအချိန်မှာပဲ ခံတပ်သခင်သည် ရုတ်တရက် ဦးခေါင်းကို မော့လိုက်၏။ မမြင်ရသော အားလှိုင်းတစ်ခုသည် သူ၏အထက်ဆီမှ ဆင်းသက်လာပြီးသည့်နောက် လက်ကြီးတစ်ခုအဖြစ် ဖန်တီးကာ အကြွင်းအကျန်ကျမ်း အပိုင်းငါးအား အသာလှမ်းဆွဲလိုက်တော့သည်။

“မကောင်းတော့ဘူး” ခံတပ်သခင်သည် ရုတ်တရက် ထအော် လိုက်၏။ ပြီးသည့်နောက်မှာတော့ အမြန်ဆန်ဆုံးနည်းဖြင့် လက်စည်းသင်္ကေတတစ်ခုကို အလျင်အမြန် ဖန်တီး ပြုလုပ်လိုက်၏။ ခံတပ်သခင်၏ တုန့်ပြန်မှုသည် အလွန်တရာ မြန်ဆန်လွန်းလှ၏။

သို့ပေမဲ့ မမြင်ရသော လက်ကြီး တစ်ဖက်၏ အမြန်နှုန်းက ပို၍ပင် မြန်ဆန်နေသေးသည်။ သူ့အနေနှင့် စည်းအတားအဆီး အစီအရင်အား အားဖြည့်မှုကို မပြုလုပ်ရသေးခင်မှာပဲ အကြွင်းအကျန်ကျမ်းသည် လေထုထဲမှ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

ဝေါ့

တစ်ဖက်မှ လက်ကြီး ရောက်ရှိလာခဲ့ခြင်းသည် အလွန်တရာ မြန်ဆန်လွန်းလှပြီး သူဖန်တီးထားခဲ့သော အစီအရင် အား တိုက်ရိုက်ချိုးဖြတ်ခဲ့တာကြောင့် တန်ပြန်မှုကို ခံစားခဲ့ရသည်။ ခံတပ်သခင်၏ မရီဒန်များသည် သက်ရောက် ခြင်းကို ခံခဲ့ရပြီးသည့်နောက် အနောက်ဘက်သို့ လွင့်စင်သွားကာ စည်းအတားအဆီး အစီအရင်နှင့် သွားရောက် ရိုက်မိခဲ့သည်။ သူ၏ ပါးစပ်မှ သွေးများ အန်ထွက်လာခဲ့သည်။ မျက်နှာဖုံး၏အောက်တွင်ရှိသော မျက်နှာတစ်ခုလုံး သည်လည်း ဖြူလျော်သွားခဲ့သည်။

“ဒါ... ဒါက”

သူသည် ဆွံ့အသွားမိသည်။ အလုံးစုံ ဆွံ့အလျက်ရှိနေ၏။ စောနက ဆင်းသက်လာခဲ့သော အားအင် လှိုင်းသည် ပထမတစ်ကြိမ်ထက် ပိုမိုကာ အားကောင်းနေခဲ့၏။ ထို့အပြင် အလွန်တရာ မြန်ဆန်လွန်းသောကြောင့် သူ့အနေနှင့် တုန့်ပြန်ရန် အချိန်ပင် မရှိခဲ့ချေ။ ဤကဲ့သို့ အနည်းငယ်သော တန်ပြန်မှုကို ခံလိုက်ရသည်ကပင် ကံကောင်းသည်ဟု ဆိုရမည်။ မဟုတ်ပါက တစ်ခါတည်းသေဆုံးသွားနိုင်သည့် အခြေအနေမျိုးသို့ ရောက်ရှိသွားမှာ သေချာ၏။

တွေးကြည့်ရမည်ဆိုလျှင် ခံတပ်သခင်သည် ချွေးစီးများ ကျလာသည်အထိ ထိတ်လန့်တုန်လှုပ်လျက်ရှိ၏။ အနည်းငယ်တည်ငြိမ်အောင် ပြန်လည်ထိန်းချုပ်ပြီးသည့်နောက်မှာတော့ ပြောင်ရှင်းလျက်ရှိနေသော စားပွဲကြီး တစ်ခုဆီသို့ လှမ်းကြည့်လိုက်၏။ ပြီးသည့်နောက်မှာတော့ ဒဏ်ရာကို မဖိနှိပ်နိုင်တော့ဟန်ဖြင့် သွေးများ ထပ်မံ အန်ထွက်လာခဲ့၏။ ထိုကျောက်စားပွဲပေါ်တွင် တည်ရှိထားသော အကြွင်းအကျန်ကျမ်းသည် ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ထို့အပြင် သူ၏ မျက်စိရှေ့တွင် ပေါ်ပေါ်တင်တင်ဖြင့် လုယူသွားခဲ့ခြင်းပင် ဖြစ်တော့သည်။

.............

“ဒင်... လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် နှစ်သောင်းအား အသုံးပြုပြီးသည့်နောက် သက်တန့်ရောင်စဉ်ကျမ်း အပိုင်းငါးအား ရရှိခဲ့၏။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပြီးပါပြီ”

“ဒင်... ဂိုဏ်းစုဆောင်းမှတ် - ၁၀၁၀၀ / ၇၀၀၀၀”

သတိပေးသံ ထွက်ပေါ်လာပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် သိုလှောင်လက်စွပ်ထဲတွင် ရှိနေသော သက်တန့်ရောင်စဉ်ကျမ်း အပိုင်းငါးအား လှမ်း၍ ကြည့်ရှုလိုက်၏။ သူသည် ပျော်ရွှင်မှုကြောင့် ချက်ချင်းပဲ ထခုန်လု မတတ် ဖြစ်သွားတော့သည်။

“မင်း ငါ့ကို ယုံပြီလား”

စနစ်သည် ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။ “ငါ့ဘက်က တကယ့်ကို လေးလေးနက်နက် လုပ်မယ်ဆိုရင် မရောင်းပေးနိုင်တဲ့ ပစ္စည်းဆိုတာ မရှိဘူး”

“ကျေးဇူးပြုပြီးတော့ ရောင်းပေးနိုင်တယ်ဆိုတဲ့ စကားအစား ခိုးပေးနိုင်တယ်လို့ပြောင်းပေးလိုက်ပါ။ ကျေးဇူးပါပဲ”

ကျွင်းချောင်ရှောင်းသည် ဂိုဏ်းစုဆောင်းမှတ်များအား အသုံးပြုပြီးသည့်နောက် အကြွင်းအကျန်ကျမ်း အပိုင်းငါး အား မိတ္တူအစောင်တစ်သိန်းဆွဲလိုက်၏။ ပြီးသည့်နောက်မှာတော့ တွေးလိုက်တော့သည်။

“နှစ်ခုထပ်ပြီး ရမယ် ဆိုရင် သက်တန့်ရောင်စဉ်ကျမ်းရဲ့ ပြည့်စုံတဲ့ သိုင်းနည်းစနစ်ကို ရပြီပဲ”

ဤကဲ့သို့ အဆင့်မြင့် သိုင်းနည်းစနစ်မျိုး သည် အလုံးစုံကို သင်ယူရရှိနိုင်မှသာလျှင် ကြီးမားသည့် သက်ရောက်မှု မျိုးကို ရရှိမှာ သေချာ၏။

..............

ကျွီ

အခန်းတံခါးအား သေချာပိတ်လိုက်၏။ ရီရှင်းချန်သည် တုန်ယင်နေသည့်လက်အစုံဖြင့် သက်တန့်ရောင်စဉ်ကျမ်း အပိုင်းငါးအား လက်ထဲတွင် ကိုင်ထား၏။ ပြီးသည့်နောက် သူသည် လေးလေးနက်နက်ဖြင့် စတင်ကာ လေ့လာခဲ့ တော့၏။ သိုင်းအင်ပါယာတစ်ယောက်ဖြစ်ခဲ့ဖူးသည်မို့ သူ၏အဆင့်သည် ပို၍ မြင့်မားလာသည်နှင့်အညီ ယခင်ဘဝက ကျင့်ကြံခဲ့သော သိုင်းကျင့်ကြံခြင်းနည်းစနစ်များကိုလည်း အလုံးစုံ ပြန်လည်၍ ကျင့်ကြံခွင့် ရခဲ့သည်။

သို့ပေမဲ့ လက်ရှိ အချိန်မှာတော့ သက်တန့်ရောင်စဉ်ကျမ်းကို လေ့ကျင့်ပြီးသည့်နောက် ကျန်သည့် သိုင်းနည်းစနစ် အားလုံးသည် ဖွဲနှင့် ဇကွဲကဲ့သို့ပင် ဖြစ်နေတော့၏။ ဤနည်းစနစ်ကို သူသေသေချာချာ လေ့လာကြည့်ပြီး မတူညီသည့် နားလည်မှုများကို ရရှိထားသည်။ ၎င်း၏ စွမ်းအင်အဆင့်သည် ပိုမိုကာ တိုးတက်လာခဲ့တော့၏။

လခြမ်းပေါက်ကွဲမှု၊ အထူးစည်းချိုးဖြတ်ခြင်း - ထိုကဲ့သို့သော သိုင်းနည်းစနစ်များသည် သက်တန့်ရောင်စဉ်ကျမ်း၏ ရှေ့တွင်တော့ ဘာတစ်ခုမှ မဟုတ်ခဲ့ချေ။

ညအင်ပါယာသည် အလုံးစုံ ပြောင်းလဲသွားခဲ့ပြီဖြစ်၏။ သူသည် အသစ်၊ အသစ်သောအရာများကို မက်မောပြီး အဟောင်း များကို ဖက်တွယ်ရခြင်းအား မုန်းတီးနေပြီ ဖြစ်၏။

ဟယ်ဝူတီသည်လည်း တူညီစွာဖြင့် စိတ်လှုပ်ရှားလျက် ရှိနေသည်။ သူသည် အစောကတည်းက ထိုအရာကို နားလည်နေပြီ ဖြစ်တော့၏။ ယခင်အချိန်တုန်းက သူသည် ဆိုးရွားလှသည့် အခြေအနေကို ကြုံတွေ့ခဲ့ရပြီး များပြားလှသည့် သိုင်းကျင့်ကြံသူများ၏ အမဲလိုက်သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

ထိုအရာသည် သိုင်းကျမ်း အစိတ်အပိုင်း လေးတစ်ခုအတွက်သာ ဖြစ်တော့၏။ လက်ရှိသေမျိုးလောကဆီသို့ ရောက်ရှိလာပြီးသည့်နောက်မှာတော့ အစိတ် အပိုင်းလေးတစ်ခုတည်းတင်မက အစိတ်အပိုင်း ငါးခုလောက်ကိုပါ သူလေ့ကျင့်ခွင့် ရနေပြီ ဖြစ်တော့၏။ ထို့ကြောင့် သူအလွန်တရာ ပျော်ရွှင်မိသည်မှာ သဘာဝပင် ဖြစ်တော့၏။

“စီနီယာ သက်တန့်ရောင်သူတော်စင်”

ဟယ်ဝူတီ၏ မျက်လုံးများသည် ဆုံးဖြတ်ချက် ခိုင်မာစွာဖြင့် တောက်ပလျက် ရှိနေ၏။ “စိတ်မပျက်စေရပါဘူး။ ကျိန်းသေပေါက် ပြိုင်စံရှားဂိုဏ်းကို အကောင်းဆုံး အခြေအနေအထိ ရောက်အောင် ကူညီပေးသွားပါ့မယ်”

သူတို့သုံးယောက်သည် ပြိုင်စံရှားဂိုဏ်းမှာ သက်တန့်ရောင်သူတော်စင် ဖန်တီးခဲ့သည့်ဂိုဏ်းတစ်ခုဖြစ်ကြောင်း မိမိ အတွေးနှင့် မိမိ ထင်မှတ်လျက် ရှိနေကြ၏။ ထူးဆန်းလှချေသည်တကား။

All Chapters