အခန်း (၁၂၀၅)
Vol. 81 Ch. 1205
ကြယ်ကောင်းကင်ခံတပ်ဆိုသည်မှာ သေမျိုးစကြဝဠာထဲတွင် ရှိနေသော အဓိကဂြိုဟ်ကြီးများကပင် ထိတ်လန့် ကြောက်ရွံ့ရသည့်အရာဖြစ်ပြီး မည်သူကမှ တိုက်ခိုက်ရဲသည့်အရာလည်း မဟုတ်ချေ။
ယနေ့မှာတော့ ကြယ်ကောင်းကင်ခံတပ်၏ တရားရေးရာ ရွက်သင်္ဘောသည် ပုံမှန်အတိုင်း သွားလာသည့်အချိန်မှာပဲ တစ်ဖက်လူ၏ ချောင်းမြောင်းတိုက်ခိုက်ခြင်းကို ခံခဲ့ရ၏။
အမဲရောင်ဝတ်စုံနှင့်လူသည် ထိုအရာကို မမျှော်လင့်ထားချေ။ မည်သူသည် ဤကဲ့သို့ ပြုလုပ်ရဲသနည်း။ မည်သူက ကျားအသည်းကို စားထားသောကြောင့် ဤကဲ့သို့ မိုက်မဲလှသည့် လုပ်ရပ်မျိုးကို ပြုလုပ်ရဲသနည်း။
ဝှစ်
အမဲရောင်ဝတ်စုံနှင့်လူသည် ရွက်သင်္ဘောဆီမှ ပျံသန်းလာပြီးသည့်နောက် သူ၏လက်များကို ဖြန့်ကားကာ စည်းအတားအဆီးအစီအရင်တစ်ခုကို ဖန်တီးလိုက်တော့၏။ သူ့အနေနှင့် တစ်ဖက်၏ တိုက်ခိုက်မှုများကို တားဆီး ရုံတင်သာမက သူမည်မျှ အားကောင်းသည်ကိုလည်း တစ်ခါတည်း ထုတ်ဖော်ပြသချင်ခြင်းပင်ဖြစ်၏။ သို့ပေမဲ့ သူ့အနေနှင့် အကာအကွယ် အတားအဆီး အစီအရင်ကို ဖန်တီးပြီးပြီးခြင်းမှာပဲ ရောင်စုံအလင်းငါးခုသည် သူ့အား ရုတ်တရက် ဖြတ်သန်းသွားပြီးသည့်နောက်မှာတော့ အနောက်ဘက်ဆီသို့ ရွေ့လျားသွားခဲ့၏။
ရောက်ရှိလာခဲ့သော ရောင်စုံအလင်းငါးခုသည် အသက်ဝင်နေသည့်လူများကဲ့သို့ပင် သူ့အား ရှောင်တိမ်းပြီးသည့် နောက် အနောက်ဘက်ဆီသို့ လွင့်စင်သွားခဲ့ခြင်းပင်ဖြစ်သည်။ ဤကဲ့သို့သော ရုတ်တရက် ပြောင်းလဲမှုသည် အမဲရောင်ဝတ်စုံနှင့်လူအား အလစ်အငိုက် ဖြစ်စေခဲ့သည်။
ဘုန်း ဘုန်း
ထိုအချိန်မှာတော့ အားကောင်းလွန်းလှသော ပေါက်ကွဲသံကြီးသည့် စကြဝဠာအနှံ့တွင် ပျံ့နှံ့လျက်ရှိသည်။ ရောင်စုံ အလင်းများ အားလုံးသည် မီးရှူးမီးပန်း ပစ်လွှတ်လိုက်သကဲ့သို့ လေထုထဲတွင် ဖြစ်တည်လျက်ရှိနေပြီး မှောင်မဲနေ သည့် ပတ်ဝန်းကျင်တစ်ခုလုံးသည် တောက်ပလာခဲ့တော့၏။ အမဲရောင်ဝတ်စုံနှင့်လူ၏ မျက်နှာတစ်ခုလုံးသည် နဝေတိမ်တောင်နှင့် ဖြစ်သွား၏။ သူ၏အပြုံးသည်လည်း ရုတ်တရက် အေးခဲသွားတော့သည်။ သူ၏ နောက်ဘက် တွင်ရှိနေသော ရွက်သင်္ဘောကြီးသည် အလင်းတန်းငါးခု၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့ပြီဖြစ်တော့၏။ အနောက်ဘက်တွင်ရှိနေသော သူ၏နောက်လိုက်နောက်ပါ တစ်ရာကျော်တို့သည် ကြီးမားသည့် ကပ်ဘေးကြီးကို ခံစားလိုက်ခဲ့ကြရပြီး ထိုအလင်းတန်းများဆီမှ ဇောက်ထိုးမိုးမျှော်ဖြင့် လွင့်စင်ထွက်လာကြ၏။
ဘုတ် ဘုတ်
ကြယ်ကောင်းကင်ခံတပ်မှ အသက်ရှင်ကျန်ရစ်သော စွမ်းအားမြင့် ကျင့်ကြံသူများအားလုံးသည် ဆိုးရွားလှသည့် အခြေအနေဖြင့် မြေပေါ်သို့ ပြုတ်ကျလာခဲ့ကြသည်။ ၎င်းတို့အားလုံးသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားခဲ့ပြီ ဖြစ်သည်။
သက်တန့်ရောင်စဉ်ကျမ်းတစ်ခု၏ စွမ်းအားများသည် အကန့်အသတ်ရှိနေ၏။ သို့ပေမဲ့ သက်တန့်ရောင်စဉ်ကျမ်း၏ အပိုင်းငါးခုကို စုပေါင်းပြီး တိုက်ခိုက်လိုက်သည့်အချိန်မှာတော့ ကြောက်မက်ဖွယ်ရာကောင်းလှသော စွမ်းအင်များ သည် တစ်ဖက်လူများဆီသို့ တည့်တည့်ပင် ထိမှန်တော့၏။
ကျွင်းချောင်ရှောင်းသည် ပြုံးလိုက်မိ၏။ သူသည် အပိုင်းငါးပိုင်းကို ပေါင်းစပ်၍ တိုက်ခိုက်မှုကို ပထမဦးဆုံးအကြိမ် ပြုလုပ်ခဲ့ခြင်းပင်ဖြစ်၏။ ဝှက်ဖဲများ၏ ထောက်ပံ့မှု မပါဘဲနှင့်ဆိုလျှင်တောင်မှ သူသည် သိုင်းအင်ပါယာ တစ်ယောက်၏ စွမ်းအင်မျိုး ပိုင်ဆိုင်နေတော့၏။ ထိုအပြင် ယခု တိုက်ခိုက်ချက်သည် အဝေးကြီးလှမ်း၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် အလွန်ကောင်းမွန်လှသည့် ခံစားချက်များကို ရရှိနေသည်။
ဖြူမဲညီနောင်တို့မှာတော့ တည်ငြိမ်လျက် ရှိနေ၏။ သူတို့၏ နားလည်မှုအရဆိုလျှင် သက်တန့်ရောင် သူတော်စင် သည် စီနီယာတုံးကုထက်ပင် ပိုမို၍ အားကောင်းလှသောလူတစ်ယောက်ဖြစ်၏။ သူတို့အနေနှင့် သက်တန့်ရောင် သူတော်စင်ဆီမှ သိုင်းနည်းစနစ်များကို သင်ယူခွင့် မရခဲ့ဘူးဆိုလျှင်တောင်မှ လက်ရှိမြင်နေရသော သိုင်းနည်းစနစ် တစ်ခုတည်းကပင်လျှင် သူတို့အား ထိတ်လန့်ကြောက်ရွံ့မှုများ ဖြစ်ပေါ်စေခဲ့သည်။
“ချီးတဲ့မှ”
အမဲရောင်ဝတ်စုံနှင့်လူ၏ မျက်လုံးများသည် မျက်စိသူငယ်အိမ်ထဲမှ ပြုတ်ထွက်လုမတတ် ပြူးထွက်လာခဲ့၏။ သူသည် ခေါင်းကို အသာလှည့်ပြီးသည့်နောက် အလင်းတန်းများလာရာ တည်နေရာဆီသို့ ကြည့်လိုက်၏။ သူ၏မျက်လုံးထဲတွင်တော့ သတ်ဖြတ်လိုခြင်း ဆန္ဒများနှင့် ပြည့်နှက်နေတော့၏။
ကျွင်းချောင်ရှောင်းသည် ခေါင်းကို အသာမော့ကာဖြင့် သက်ရှိသတ္တဝါအားလုံးအား ငုံ့မိုးကာ ကြည့်ရှုလိုက်သည့် ဟန်ပန်မျိုးဖြင့် ကြည့်နေသည်။ ဤအပြုအမူနှင့် အော်ရာများသည် နှင်းဆီဧကရီနှင့် ထပ်တူ တူညီနေသည့် အော်ရာများ ဖြစ်သည်။
သူ၏ နောက်လိုက်များသည် ကြီးမားလှသည့် ကပ်ဘေးကြီးကို ခံစားလိုက်ရပြီး ရွက်သင်္ဘောကြီးသည်လည်း ဖျက်ဆီးခြင်းကို ခံလိုက်ရ၏။ တစ်ဖက်လူများသည် ဤကဲ့သို့သော ဂုဏ်ယူမောက်မာစွာဖြင့် ရန်စသည့် အပြုအမူ မျိုးကို ပြုလုပ်လျက် ရှိနေသည်။ ထိုအရာသည် အမဲရောင်ဝတ်စုံနှင့်လူအား အလွန်အမင်း ဒေါသထွက်စေခဲ့၏။
ရွှီး
သူသည် ရုတ်တရက် လက်ကိုမြှောက်ပြီးနောက် ညာဘက်လက်ပေါ်တွင် ရှည်လျားလှသော လေးကြီးတစ်ခု ဖြစ်တည်လာ၏။ ထိုလေးကြီးသည် ရွှေရောင်တဝင်းဝင်းနှင့် တောက်လျက်ရှိနေတော့၏။ လေးကြိုးကို ဘယ်ဘက် လက်ဖြင့် အသာဆွဲပြီးသည့်နောက် အေးစက်စက် ပြောလိုက်၏။ “ကောင်လေး... မင်းက ခွင့်လွှတ်လို့မရတဲ့ ပြစ်မှုကို ကျူးလွန်ခဲ့တာပဲ”
ဟူး ဟူး
စကြဝဠာအတွင်းထဲတွင်ရှိနေသော ကောင်းကင်နှင့်မြေကြီး ဓာတ်သဘာဝများ အားလုံးသည် လေးညှို့ပေါ်တွင် စတင်ကာ စုစည်းလာခဲ့၏။ ပြီးသည့်နောက်မှာတော့ ပြိုင်ဘက်ကင်းလှသော အော်ရာများ ထွက်ပေါ်လျက် ရှိနေသည့် မြားတစ်စင်းသည် တည်နေရာထဲတွင် ထွက်ပေါ်လာခဲ့တော့သည်။ ဤအရာသည် တရားရေးရာ၏ လေးတစ်ခုပင် ဖြစ်တော့၏။ ကြယ်ကောင်းကင်ခံတပ်၏ တရားရေးရာ တပ်မှူးကိုင်ဆောင်သော လက်နက် ဖြစ်သည်။ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ အဆင့်အရဆိုလျှင် ဤလက်နက်သည် နှင်းဆီဧကရီ ကိုင်ဆောင်သော နတ်ဆိုးလဓားမော့ကြီးနှင့် နှိုင်းယှဉ်၍ ရနိုင်သော အရာပင် ဖြစ်တော့သည်။
“ကျုပ်ကို သေမိန့်ပေးတာလား”
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် အေးစက်မှုများနှင့် ပြည့်နှက်သွား၏။ သူ၏ အရှေ့တွင်တော့ ကျန်းဝေအင်ပါယာ၏ လှံကြီးသည် ပေါ်ပေါက်လာခဲ့တော့သည်။ “ကျုပ်ကို အပြစ်ပေးနိုင် အောင် ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် ဘယ်သူလို့ ထင်နေတာလဲ”
ဟူး ဟူး
အမျိုးအစားစုံလှသော မီးတောက်များသည် လှံ၏ထိပ်တွင် ဖြစ်တည်လာခဲ့၏။ အရာအားလုံးသည် ကျုပ်သာလျှင် ပိုင်ဆိုင်သည်ဆိုသော ဟန်အမူအရာနှင့် အော်ရာများသည် တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်းလျက် ရှိနေတော့၏။
အမဲရောင်ဝတ်စုံနှင့်လူသည် ဘယ်ဘက်လက်ကို အသာဆွဲပြီးသည့်နောက် အေးစက်စက်နှင့် ပြောလိုက်သည်။ “တရားရေးဌာနရဲ့ တပ်မှူးက သေမျိုးလောကရဲ့ လူတွေအကုန်လုံးကို အပြစ်ပေးနိုင်ဖို့ အခွင့်အာဏာကို ပိုင်ဆိုင် တယ်”
ရွှီး
ပြောပြီးပြီးချင်းမှာပဲ လောက၏ တရားမမှုများနှင့်ပိုင်ဆိုင်လျက်ရှိနေသော အော်ရာများနှင့် မြားတစ်စင်းသည် လေထုကို ထိုးခွင်းကာဖြင့် ကျွင်းချောင်ရှောင်းဆီသို့ ပျံသန်းရောက်ရှိလာခဲ့တော့သည်။
“ဒါက ….”
ဖြူမဲညီနောင်တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်ပြီးသည့်နောက် ထကာ အော်ဟစ်လိုက်၏။ “ဒါက အပြစ်ပေးမှု စွမ်းအင်တွေပဲ”
အဘယ်ကြောင့် သေမျိုးလောက၏ လက်နက်တစ်ခုတွင် ဤကဲ့သို့ စွမ်းအင်များ တည်ရှိနေရသနည်း။ ကြယ်ကောင်းကင်ခံတပ်သည် တရားရေးရာ ဟောခန်း နှင့် ပတ်သက်နေသည့် အရာတစ်ခု ဖြစ်နေသည်လား။
အမဲရောင် နတ်ဆိုးသည် မျက်မှောင်ကုတ်လိုက်တော့၏။ အပြစ်ပေးမှုစွမ်းအင်များသည် တရားရေးရာ ဟောခန်း၏ ထိန်းချုပ် ထားသော စွမ်းအင်မျိုးပင် ဖြစ်တော့၏။ ပုံမှန်အားဖြင့် သေမျိုးလောကတွင် ရှိနေသော ရာဇဝတ်သားများကို အပြစ်ပေးသည့်နေရာတွင် အသုံးပြုကြ၏။ လက်ရှိပစ်လွှတ်လိုက်သောမြားတွင် ထိုကဲ့သို့သော စွမ်းအင်မျိုး ပါဝင်နေသည်ဆိုသောကြောင့် နှစ်ခုသည် ပတ်သက်ဆက်နွယ်နေသည့် အရာများပင် ဖြစ်ပေလိမ့်မည်။
“ငါတို့ ဝင်ပြီး လှုပ်ရှားရမလား” အဖြူရောင်နတ်ဆိုးက မေးလိုက်သည်။
“……”
အမဲရောင်နတ်ဆိုးသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ ကြယ်ကောင်းကင်ခံတပ်သည် တရားရေးလောကနှင့် ပတ်သတ် ဆက်နွယ်နေသည်ဆိုလျှင် ကြီးမားသည့် ကျောထောက်နောက်ခံကို ပိုင်ဆိုင်သည်ဟု ဆိုရမည်။ သူနှင့် အဖြူရောင်နတ်ဆိုးတို့သည် အထက်နယ်မြေဆီမှ ရောက်ရှိလာသည့်လူများ ဖြစ်သည်ဆိုလျှင်တောင်မှ ဤလောကကြီး၏ ထိန်းချုပ်မှုအောက်တွင် တည်ရှိနေသည့် လူများပင်ဖြစ်၏။ တစ်ဖက်လူများသည် သူတို့ ဖြစ်ကြောင်း ရှာဖွေတွေ့ရှိသည်ဆိုပါက ကျိန်းသေပေါက် ……..
“ချီးတဲ့မှ.... တော်စမ်းကွာ”
ထိုအချိန်မှာတော့ သူတို့သည် မည်သို့မှ ဆက်လက်ကာ ကြည့်ရှုမနေနိုင်တော့ချေ။ “သွားရအောင် ၊ လုပ်လိုက်ကြမယ်”
ဖြူမဲညီနောင်တို့သည် အရှေ့ဆီသို့ လှမ်းထွက်လိုက်ပြီးသည့်နောက်မှာ အပြစ်ပေးမှု စွမ်းအင်များ ပါဝင်လျက်ရှိနေသော မြားကို သေသေချာချာ စူးစိုက်ကြည့်ရှုလိုက်၏။ သက်တန့်ရောင်သူတော်စင်နှင့် ကြီးမြတ်သူ တုံးကုတို့၏ အရှေ့တွင်တော့ တရားရေးရာဟောခန်း ဆိုသည်မှာလည်း ဘာမှ မဟုတ်ချေ။ ယနေ့မှာတော့ သူတို့သည် သွေးသောက်ညီအစ်ကိုများ ဖြစ်နေ၏။ ထို့အပြင် ၎င်းတို့၏ ညီငယ်လေးသည် အန္တရာယ်နှင့် ကြုံဆုံနေ သည်ဆိုမှတော့ သူတို့သည် ထိပ်တိုက်ရင်ဆိုင်ကြမှ ဖြစ်ပေတော့မည်။
“အစ်ကိုကြီးတို့ နှစ်ယောက်”
ကျွင်းချောင်ရှောင်းက အသံပို့လွှတ်လိုက်သည်။ “ဒီကောင့်ကို ကျုပ်တာဝန် ထားလိုက်ပါ”
ကျွီ
အဖြူရောင်နှင့် အမဲရောင်နတ်ဆိုးတို့သည် ချက်ချင်းပဲ ကိုယ်ရှိန်သတ်လိုက်ကြ၏။ ၎င်းတို့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အလုံးစုံတိုက်ခိုက်မည်ဆိုသည့် ဟန်ပန်အမူအရာများ သည် ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။
“အရူးကြီး... မနေ့တုန်းက ငါ မိန်းကလေးလျှို လုပ်ထားတဲ့အစားအစာကို ရှစ်ပွဲလောက် စားခဲ့တာ”
“ငါကတော့ ဆယ်ပွဲတောင် စားခဲ့တယ်”
“မင်းက အရင်ဘဝက ဆာလောင်ပြီး သေခဲ့တဲ့ ပြိတ္တာဝင်စားတာ နေမှာပေါ့”
“မင်းလည်း တူတူပဲလေ”
၎င်းတို့နှစ်ယောက်သည် ပုံမှန်အတိုင်း စကားပြောလျက်ရှိနေသည်ဆိုသော်လည်း အပြစ်ပေးမှုစွမ်းအင်များ ပါဝင် နေသည့်မြားရောက်ရှိလာမည်ကို အာရုံစိုက် ကြည့်ရှုနေကြ၏။ ၎င်းတို့နှစ်ယောက်သည် ဂိုဏ်းချုပ်တစ်ယောက် ထိုအရာကို ခုခံနိုင်မည်လားဆိုသည်ကို အနည်းငယ် စိုးရိမ်လျက် ရှိနေတော့၏။
ဝှစ်
ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းကိုင်ထားသော လှံကြီးသည် တလက်လက်အလင်းများနှင့် တောက်ပလာသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အမျိုးအစားစုံလှသော မီးတောက်များနှင့် ဖုံးလွှမ်းလျက် ရှိနေတော့၏။ သူသည် စကြဝဠာထဲတွင် ပျံသန်းလျက်ရှိနေသော ရှေးမီးနဂါးကြီးကဲ့သို့ပင် အသွင်ပြောင်းလဲသွား၏။
“ငတုံးလေး”
အမဲရောင်ဝတ်စုံနှင့်လူက နှာခေါင်းရှုံ့လိုက်၏။ သူ၏ လေးဆီမှ ထွက်ပေါ်လာသောမြားသည် အထက် နယ်မြေ၏ အပြစ်ပေးမှုစွမ်းအင်များ ပါဝင်လျက်ရှိနေသော မြားပင်ဖြစ်၏။ သို့ပေမဲ့ အဆင့်နိမ့်ဂြိုဟ်တွင် ရှိနေသော ဤသတ္တဝါလေးသည် ထိပ်တိုက်ရင်ဆိုင်ရန် ကြိုးစားလျက် ရှိနေ၏။
ဘုန်း
ရုတ်တရက် ကျယ်လောင်လှသော ပေါက်ကွဲသံကြီးသည် စကြဝဠာအနှံ့ကို ပျံ့နှံ့သွားသည်။
ဝှစ် ဝှစ် ဝှစ် …..။
အလွန်တောက်လောင်လွန်းသော မီးဓာတ်စွမ်းအင်များသည် တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်းလျက်ရှိနေပြီး နက်မှောင်လျက်ရှိသည့် ပတ်ဝန်းကျင်တစ်ခုလုံးသည် ချင်းချင်းနီလျက် ရှိနေတော့၏။
..........
ဖြူမဲညီနောင်တို့သည် ကြယ်ကြွေကုန်းမြေတိုက်ကြီးရှေ့ တည်နေရာဆီသို့ အလျင်အမြန် ပြေးသွား၏။ ပြီးသည့် နောက်မှာတော့ ၎င်းတို့၏ ခန္ဓာကိုယ်ဆီမှ ဆန်းကြယ်လှသော အော်ရာများကို ထုတ်ဖော်ကာဖြင့် စည်းအတားအဆီး အစီအရင်ကြီးကို ဖန်တီးကာ တားဆီးထားခဲ့ရသည်။ ဂြိုဟ်၏ အတွင်းဘက်တွင် ရှိနေသော သိုင်းကျင့်ကြံသူများသည် ဘာမှန်းမသိဘဲ အပေါ်သို့ မော့ကြည့်လိုက်ကြ၏။
ကြက်သွေးရောင်တောက်နေသော အလင်းတန်းများသည် ကောင်းကင်၏ အစွန်းတစ်နေရာတွင် ဖြစ်တည်လာ သည်ကို မြင်ရသည့်အချိန်မှာတော့ အားလုံးသည် အံ့အားတသင့်ဖြင့် ပြောလိုက်ကြသည်။ “ဘာတွေ ဖြစ်နေတာလဲ”
“အမဲရောင်နတ်ဆိုး”
ဂိုဏ်းချုပ်နှင့် တစ်ဖက်လူတို့၏ တိုက်ခိုက်မှုသည် ကြီးမားသည့် အစွမ်းသက်ရောက်မှုကို ဖြစ်ပေါ်စေခဲ့သည်။ ထိုကဲ့သို့သော သက်ရောက်မှု အရှိန်အဟုန်သည် ကြယ်ကြွေကုန်းမြေတိုက်ကြီးကို သက်ရောက်စေခဲ့သည်။ သူတို့သည်သာ ကာကွယ်မပေးပါက ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တစ်ဝက်လောက်သည် ပျက်စီးသွားမှာ သေချာ၏။
အဖြူရောင် နတ်ဆိုးက ပြောလိုက်၏။ “ငါတို့ရဲ့ ညီငယ်လေးက အရမ်းကို အားကောင်းတာပဲ”
အမဲရောင် နတ်ဆိုးသည် မည်သည့်စကားမှ မဆိုချေ။ သူတို့သည် မီးတောက်များ ဖုံးလွှမ်းနေသည့် တည်နေရာဆီသို့ အာရုံ စိုက်ကာ ကြည့်ရှုလိုက်ကြ၏။ အလွန်အားကောင်းလှသော အော်ရာများသည် ထိုတည်နေရာတွင် ထွက်ပေါ်နေ သည်ကို သတိပြုမိခဲ့၏။ ထိုတည်နေရာတွင်ရှိနေသော စွမ်းအင်လှိုင်းများသည် အပြစ်ပေးမှု စွမ်းအင်လှိုင်းများကို စုပ်ယူလျက်ရှိသည်။
“ဒါ ဘယ်လို ရတနာမျိုးလဲ။ တကယ့်ကို အထက်နယ်မြေက စွမ်းအင်တွေကို စုပ်ယူနိုင်တာပဲ” ဖြူမဲညီနောင် တို့သည် ထိတ်လန့်နေတုန်းမှာပဲ ကျွင်းချောင်ရှောင်းသည် အမဲရောင်ဝတ်စုံနှင့်လူ၏ ရှေ့တည့်တည့်တွင် ရပ်တန့်လျက် ရှိနေ၏။ သူ၏ လက်ထဲတွင် ကိုင်ထားသော လှံကြီးမှာတော့ တစ်ဖက်လူ၏ လည်ပင်းထက်တွင် ရောက်ရှိနေ၏။
“ခင်ဗျားကို ဆိုးရွားတဲ့ပြစ်ဒဏ်တွေ ပြုလုပ်တဲ့အတွက် သေမိန့်ပေးလိုက်ပြီ”
ဖောက်
ထူးခြားလွန်းသောစွမ်းအင်များ ပါဝင်လျက်ရှိသည့် လှံ၏ဦးထိပ်သည် အမဲရောင်ဝတ်စုံနှင့်လူ၏လည်ပင်းကို တိုက်ရိုက်ဆိုသလိုပင် ဖောက်ထွက်သွား၏။ ချင်းချင်းနီလျက်ရှိနေသော သွေးများသည် တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့ပြီး စကြဝဠာတစ်ခုလုံးတွင် လွင့်မျောလျက် ရှိနေတော့၏။