← Chapters

ထိပ်ဆုံးရောက်ခြင်း

Vol. 36 Ch. 528

ထိပ်ဆုံးရောက်ခြင်း

Vol. 36 Ch. 528

ရှောင်ပန်နှင့်ရှောင်အန်းတို့သည်လင်းဖန်ကိုတောက်ပသောမျက်ဝန်းနှစ်စုံဖြင့်စိုက်ကြည့်နေကြသည်။

“ကလင် ကလင် ကလင်!”

ထိုအချိန်တွင် လင်းဖန်၏ ဖုန်းသည် မြည်လာပြန်သည်။

ယခုတစ်ကြိမ်တွင်လဲခြွင်းချက်မရှိ၊ နိုင်ငံခြားမှဆက်သောနံပါတ်တစ်ခုဖြစ်သည်။

လင်းဖန်သည် နိုင်ငံခြားကခေါ်တာကိုသိသောအခါချက်ချင်းအဖြေခလုတ်ကိုနှိပ်လိုက်လေသည်။

“ဟဲလို၊ ဒါက ပရော်ဖက်ဆာ လင်းဖန် လား။” ဖုန်းထဲကနေအင်္ဂလိပ်လို စကားပြောတဲ့အသံထွက်ပေါ်လာသည်။

လင်းဖန်ကတော့တရုတ်လိုဖြင့်”ဟုတ်တယ် ငါပဲ” ဟုပြန်ဖြေလိုက်လေသည်။

ခဏကြာပြီးနောက် ဖုန်းထဲရှိအသံသည်အနည်းငယ်ပြောင်းသွားခဲ့သည်။(ဘာသာပြန်တဲ့တစ်ယောက်နဲ့အစားထိုးလိုက်တာ)

“ပရော်ဖက်ဆာလင်း၊ မင်္ဂလာပါ၊ ကျွန်တော်က နိုဘယ်ငြိမ်းချမ်းရေးဆုကော်မတီဥက္ကဌ မစ္စတာမာကိုရဲ့လက်ထောက်ဖြစ်ပါတယ်။ နိုဘယ်ငြိမ်းချမ်းရေးကော်မတီအဖွဲ့ဝင်များအားလုံး မဲပေးဆုံးဖြတ်ပြီးနောက်၊ မစ္စတာလင်းကိုဤဆုရှင်ဖြစ်ရန် ဆုံးဖြတ်လိုက်ပါတယ်.....။’’

ဓာတုဗေဒနိုဘယ်ဆု၊ ရူပဗေဒနိုဘယ်ဆု၊ ဆေးပညာဆိုင်ရာ နိုဘယ်ဆု၊ နှင့် နိုဘယ်ငြိမ်းချမ်းရေးဆု။

လင်းဖန်၏မျက်နှာတွင် ထူးဆန်းသောအမူအရာပေါ်လာလေသည်။

ထို့နောက် စကားအနည်းငယ်ပြောပြီးနောက်ဖုန်းချလိုက်လေသည်။

လင်းဖန်သည် ရုံးခန်းရှိလူတိုင်းကို ကြည့်ကာ “နိုဘယ်ငြိမ်းချမ်းရေးကော်မတီဥက္ကဌဖက်ကငါ့ကို ဒီနှစ် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကိုရတယ်လို့ပြောတာ’’

တိတ်ဆိတ်

တစ်ရုံးလုံး တိတ်ဆိတ်သွားပြန်သည်။

ဟော့ကျောက်ဝူနှင့် အခြားသူများက လင်းဖန် သည် ဆေးပညာနိုဘယ်ဆု၊ ရူပဗေဒဆိုင်ရာ နိုဘယ်ဆုနှင့် ဓာတုဗေဒနိုဘယ်ဆုတို့ကို ဆွတ်ခူးနိုင်မည်ဟု ယခင်က ထင်ခဲ့ကြသည်...

သို့သော် လင်းဖန်သည် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

အခုတော့လင်းဖန်ပြောလိုက်သောစကားကြောင့် အားလုံးက အံ့ဩသွားလေသည်။

ခဏအကြာတွင်ဟော့ကျောက်ဝူက”fuck! ဒါဆို ပါမောက္ခ လင်းတစ်ယောက်တည်း နိုဘယ်ဆု လေးခုတောင်ရတာပေါ့။ဒါကလုံးဝကို၊ အံသြစရာကောင်းတာပဲ”

သူ့စကားသံကိုကြားပြီးနောက်တစ်ခြားသူတွေလည်းသတိပြန်ဝင်လာကြသည်။(ခုနကအံ့သြနေကြတာပါ)

“နိုဘယ်ငြိမ်းချမ်းရေးဆု၊ ပရော်ဖက်ဆာလင်းတီထွင်ထားတဲ့ ငလျင်ကြိုတင်ခန့်မှန်းစက်ကငလျင်လှုပ်တာကို ကြိုတင်သိရှိပြီး မရေမတွက်နိုင်တဲ့ လူတွေကို ကယ်တင်ခဲ့တယ်။ အဲ့ဒါကြောင့်ငြိမ်းချမ်းရေးနိုဘယ်လ်ဆုက်ုချီးမြှင့်တာကဖြစ်သင့်ပါတယ်။”

“လူတစ်ယောက်ထဲကနိုဘယ်လ်ဆုလေးခုကိုရတယ်ဆိုတာကအရင်ကလုံးဝမဖြစ်သေးတဲ့အောင်မြင်မှုကြီးပဲ’’

“နောင်မှာ ဒီလိုလူမျိုး ရှိလာမှာမဟုတ်ဘူး!”

“အိုမိုင်ဂေါ့၊ဒါဆိုငါက နိုဘယ်ဆုလေးခုကို တစ်ပြိုင်နက်တည်း ဆွတ်ခူးတဲ့သူရဲ့ကျောင်းသားတစ်ယောက် ဖြစ်သွားတာပေါ့

ဒါ အိပ်မက်မက်နေတာ မဟုတ်ပါဘူးနော်”

“အရမ်းမိုက်တယ်!”

...

လင်းဖန်လည်သူတပည့်တွေလည်ချောင်းနာမှာတောင်စိုးရိမ်လေသည်။ဘာလို့ဆိုသူတို့ပြောသောစကားသံကအရမ်းကျယ်လွန်းတာကြောင့်ပင်ဖြစ်သည်။

ထို့နောက်ဟော့ကျောက်ဝူကလင်းဖန်ဖုန်းကို ကြည့်ကာ“စာပေနိုဘယ်ဆုကော်မတီ ဥက္ကဋ္ဌက ဖုန်းဆက်မှာလား မသိဘူး” ဟု ပြောလိုက်သည်။

ဒါကိုကြားတော့ လင်းဖန်သည်မထိန်းနိုင်ဘဲ ပါးစပ်အနည်းငယ်လှုပ်ယမ်းသွားလေသည်။

စာပေနိုဘယ်ဆုကော်မတီ ဥက္ကဌ က ဖုန်းဆက်မှာလား ?

မင်းက ငါ့ကို စာပေနိုဘယ်လ်ဆု ထပ်ရစေချင်သေးတာလား။

အကယ်၍သူသာရရင်ဒီနှစ်နိုဘယ်ဆုတွေအကုန်လုံးကို သူရတာနဲ့မတူဘူးလား။

ဒါကလဲစိတ်ဝင်စားစရာပဲလို့တွေးကာပြုံးလိုက်လေသည်။

သို့သော်လည်းလင်းဖန်သည် မည်သည့်စာပေမျှ မထုတ်ဝေဖူးသည်ကနှာမြောစရာပင်ဖြစ်သည်။ဒါကြောင့် စာပေနိုဘယ်လ်ဆုရရန် မဖြစ်နိုင်ပေ။

...

အင်တာနက်။

ရှာဖွေမှု၏ထိပ်ဆုံးတွင်နှစ်တစ်နှစ်၏လူကြည့်အများဆုံးသတင်းများသည်နံပါတ်စဉ်အလိုက်ရှိနေသည်။ထို့ကြောင့်ဒီခေါင်းစဉ်သတင်းများပေါ်နေတာကိုလူအများက ၎င်းတို့ကို မအံ့သြပေ။

ဤအချိန်တွင်၊ ရှာဖွေမှု၏အောက်ခြေတွင် ပုံမှန်မဟုတ်သော ခေါင်းစဉ်တစ်ခု ပေါ်လာလေသည်။ စက္ကန့်အနည်းငယ်အတွင်းမှာပဲဤသတင်းသည်လူကြည့်များသောကြောင့်လျင်မြန်စွာဖြင့်ထိပ်ဆုံးနေရာသို့ တဖြည်းဖြည်းတက်သွားလေသည်။ထိုခေါင်းစဉ်ကတော့”နိုဘယ်ဆု လေးခုကို ရရှိခဲ့တဲ့ ပရော်ဖက်ဆာ လင်းဖန်ကို ဂုဏ်ပြုပါတယ်” ဆိုတဲ့ခေါင်းစဉ်ပင်ဖြစ်သည်။

ဤခေါင်းစဉ်ကို လူတိုင်းမြင်ပြီးနောက်၊ထိုသတင်းကိုမဖတ်ပဲမနေနိုင်ပေ။

[နစ်ရှင်နယ်လီ: နိုဘယ်ဆု လေးဆု ကိုရရှိတဲ့ပါမောက္ခ လင်းဖန်အား ဂုဏ်ပြုပါတယ်။မစ္စတာလင်းဖန်သည် ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆု၊ ရူပဗေဒဆိုင်ရာ နိုဘယ်ဆု၊ ဆေးဘက်ဆိုင်ရာ နိုဘယ်ဆုနှင့် ငြိမ်းချမ်းရေးနိုဘယ်ဆုတို့ကိုရရှိပါတယ်။ ပရော်ဖက်ဆာလင်းဖန် သည် ဤနိုဘယ်ဆုအများကို ရရှိသည့် ပထမဆုံးသော တရုတ်နိုင်ငံသားဖြစ်ပါတယ်။ 】

[နစ်ရှင်နယ်လီ: နိုဘယ်ဆုစတင်ပေးတဲ့အချိန်ကစပြီး လူတစ်ယောက်ထဲကနိုဘယ်ဆုလေးခုကိုတစ်ခါမျှချီးမြှင့်ခြင်းမပြုခဲ့ပေ။ရရှိဖူးတဲ့သူလဲမရှိပေ။ဒါကြောင့်ပရော်ဖက်ဆာ လင်း က သမိုင်းသစ်ကို ရေးခဲ့ တယ်လို့ပြောလို့ရပါတယ်။ဒါကြောင့်! ပါမောက္ခ လင်းဖန်ကို ဂုဏ်ပြုလိုက်ကြရအောင်။ 】

[နစ်ရှင်နယ်လီ: ပါမောက္ခလင်းရဲ့အောင်မြင်မှုများကို ပြန်လည်ပြောပြပေးပါမယ်။ 】

[နစ်ရှင်နယ်လီ: ပရော်ဖက်ဆာလင်းသည် ဇောင်၏ထင်မြင်ယူဆချက်၊ အမွှာအနှစ်သာရ .......စသောခက်ခဲနက်နဲသောပုစ္ဆာများကိုဆက်တိုက်ဖြေဆိုနိုင်ခဲ့သည်။ထို့ကြောင့်မစ္စတာလင်းဖန်ကိုသင်္ချာလောကရဲ့ဧကရာဇ်ဖြစ်တယ်လို့အကုန်လုံးကသတ်မှတ်ထားကြတယ်။ 】

[နစ်ရှင်နယ်လီ: ကွန်ပျူတာနဲ့ပတ်သက်လာရင်။ ပရော်ဖက်ဆာလင်း သည် ကာဗွန်အခြေခံ စက်များနှင့် ကာဗွန်အခြေခံ ချစ်ပ်ပြားများကို တီထွင်ခဲ့သည်။ထို့သို့တီထွင်လိုက်ခြင်းကြောင့် မိုဘိုင်းလ်ဖုန်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ထားသောကြောင့်ဂိမ်းကိုစွမ်းဆောင်ရည်မြင့်မားစွာကစားလာနိုင်ကြသည်။ထို့အပြင်ဂိမ်းလောကထဲသို့ဝင်၍ဆော့လို့ရသောဂိမ်းဦးထုပ်များကိုလည်းတီထွင်ခဲ့ပါသေးတယ်။ 】

[နစ်ရှင်နယ်လီ: ဓာတုဗေဒ။

ပရော်ဖက်ဆာ လင်းဖန်သည် မိုဘိုင်းလ်ဖုန်းများနှင့် စွမ်းအင်သုံးကားသစ်များ၏ ဘက်ထရီသက်တမ်းကို များစွာပြောင်းလဲစေနိုင်သည့် စူပါဘက်ထရီများဖြစ်သော ကဲ့သို့သော ဓာတုဘက်ထရီများကို တီထွင်ခဲ့သည်။ ထို့သို့တီထွင်နိုင်ခဲ့တဲ့အတွက်ကျွန်တော်တို့ရဲ့ဘဝကို ပိုမိုအဆင်ပြေစေရုံသာမက အိုဇုန်းလွှာထိခိုက်မှုကိုလည်း များစွာလျှော့ချပေးခဲ့တယ်။ 】

[နစ်ရှင်နယ်လီ: ရူပဗေဒ။

ပရော်ဖက်ဆာလင်းသည် ငလျင်လှုပ်လျှင်သိနိုင်မည့်စက်အား တီထွင်ခဲ့သည်။ ဤစက်သည် လာမည့် ၅ ရက်အတွင်း ငလျင်လှုပ်မလှုပ်များကို ထောက်လှမ်းနိုင်တာကြောင့်သဘာဝဘေးအန္တာရယ်ကိုကြိုတင်ကာကွယ်နိုင်ပါတယ်။ 】

[နစ်ရှနယ်လီ: ဆေးဘက်ဆိုင်ရာ။

ပါမောက္ခ လင်းသည် အင်ဆူလင်ပြန်လည်ထူထောင်ရေးဆေးကို တီထွင်ခဲ့သည်။ ဆီးချိုရောဂါသည် ကမ္ဘာပေါ်တွင် ထိပ်တန်းရောဂါဆယ်မျိုးထဲမှ တစ်ခုဖြစ်သည်။ စာရင်းဇယားများအရ ကျွန်တော်တို့နိုင်ငံမှာကြီးပဲ ဆီးချိုဝေဒနာရှင်ဦးရေဟာ သန်း ၁၀၀ ကျော်ရှိတယ်။အင်ဆူလင်ပြန်လည်ထူထောင်ရေးဆေးသည် ဆီးချိုရောဂါကို ပျောက်ကင်းအောင်ကောင်းမွန်စွာကုသနိုင်ပါတယ်။ 】

[နစ်ရှင်နယ်လီ: ငြိမ်းချမ်းရေးဘက်တွင် ပရော်ဖက်ဆာလင်း တီထွင်ခဲ့သော ငလျင်ကြိုတင်ခန့်မှန်းစက်သည် မရေမတွက်နိုင်သော လူများကို ဘေးအန္တရာယ်များမှ ကယ်တင်ခဲ့သောကြောင့်ဖြစ်သည်။ 】

All Chapters