အချိန် စားသောက်ဆိုင်။
Vol. 36 Ch. 529
မကြာမီမှာပဲနစ်ရှင််နယ်လီ၏ပို့စ်အောက်မန့်သောကော်မန့်(မှတ်ချက်)များသည်လျင်မြန်စွာများပြားလာခဲ့သည်။
1000။
10000
100,000
......။
[စန်း- ရူပဗေဒ နိုဘယ်ဆု၊ ဓာတုဗေဒ နိုဘယ်ဆု၊ ဆေးပညာဆိုင်ရာနိုဘယ်ဆု၊ ငြိမ်းချမ်းရေး နိုဘယ်ဆု။ နိုဘယ်လ်ဆု လေးဆုစလုံးကို ပရော်ဖက်ဆာ လင်းဖန် က ရရှိခဲ့တာလား။ဒါကလုံးဝမိုက်တယ်။ 】
[ဂူဂူ-ငါအခုနစ်ရှင်နယ်လီ၏ရှင်းပြချက်ကိုကြည့်ပြီးတော့ပရော်ဖက်ဆာလင်းဖန်ကိုငါရဲ့နတ်ဘုရားအဖြစ်သတ်မှတ်လိုက်တော့မယ်။ 】
[အိတ့်စ်-ငါကတော့ ရှင်းမပြနိုင်လောက်အောင် စိတ်လှုပ်ရှားနေတာပဲသိတယ်။】
[ရှန်အောင်: ဒါကလုံးဝမိုက်တဲ့ကိစ္စပဲ။ပရော်ဖက်ဆာလင်းကိုထိတဲ့သူမှန်သမျှအခုငါ့ရန်သူပဲ။】
[ဖရီး- ငါသေချာ မှတ်မိရင်၊နစ်ရှင်နယ်လီလူတစ်ယောက်အကြောင်းဒီလိုအများဆုံးတင်တာကပထမဆုံး အကြိမ်မဟုတ်လား။ 】
[မောနီး-ဟုတ်တယ်ဟ.....။ဘာပဲဖြစ်ဖြစ်ပရော်ဖက်ဆာလင်းတော်တာပဲသိတယ်။ 】
[ချူချူ: ပရော်ဖက်ဆာလင်း၊ တော်လိုက်တာ။ 】
[ဝိုင်း??- ပရော်ဖက်ဆာလင်းကတော်လိုက်တာ။အဲ့လိုတော်တဲ့သူတွေကိုအားကျလိုက်တာ။ 】
[လုံလုံ-ဟုတ်တယ်ငါလဲပရော်ဖက်ဆာလင်းကိုအရမ်းအားကျတယ်ကွာ။ 】
...
လင်းဖန်သည် နစ်ရှင်နယ်လီမှထုတ်ပြန်သောသတင်းကိုမသိသလိုသိရင်လဲ ဂရုစိုက်မည်မဟုတ်ပေ။
သူ ဂရုမစိုက်ပေမယ့် လူတော်တော်များများကတော့အိပ့်မရတဲ့အထိစိတ်လှုပ်ရှားနေကြလေသည်။
...
ကျန်းပေ့တက္ကသိုလ်၊ကျောင်းအုပ်ရုံးခန်း။
ကျောင်းအုပ် ရှန်လင်းသည်တက်လာသောသတင်းကို ကြည့်ရှုပြီး “ကောင်းတယ်၊ကောင်းလိုက်တာ!”
လင်းဖန်ကိုဖုန်းခေါ်ရန်သူ့လက်ကိုင်ဖုန်းကို ကောက်ကိုင်လိုက်သည်။
ဒါပေမယ့် မကြာခင်မှာပဲ သူက “ဒီအတိုင်းဖုန်းခေါ်တာကမဟုတ်သေးပါဘူး။ငါကိုယ်တိုင် သွားပြီးဂုဏ်ပြုရမယ်!”
ထိုစကားများပြောပြီးနောက်လင်းဖန်၏ရုံးခန်းဆီသို့ ဦးတည်ပြီးသွားလိုက်သည်။
ယခုအချိန်တွင်ရှန်လင်း၏မျက်လုံးများသည်အလွန်တောက်ပနေလေသည်။အဘယ့်ကြောင့်ဆိုသော် သူသည် တရုတ်နိုင်ငံ၏ပညာတတ်တစ်ဦးဖြစ်သည်။
တရုတ်နိုင်ငံရှိပညာတတ်သူတိုင်း၏ရင်ထဲတွင်ဝမ်းနည်းစရာအကောင်းဆုံးအချက်မှာ နိုဘယ်ဆုရှင်တစ်ဦးမျှ မရှိခဲ့တာပင်ဖြစ်သည်။ထို့ကြောင့်သူတို့သည်တရုတ်နိုင်ငံသားတစ်ယောက်ကနိုဘယ်ဆုကိုရရန်မျှော်လင့်နေကြသည်။
အခုတော့ ဒီမျှော်လင့်ချက်ကနောက်ဆုံးတော့ အကောင်အထည် ပေါ်လာပြီဖြစ်သည်။
ထို့အပြင် ဆေးပညာ၊ ဓာတုဗေဒ နှင့် ရူပဗေဒ နယ်ပယ် သုံးခုစလုံးတွင် နိုဘယ်ဆုများကို တစ်ခါထဲနဲ့ ရရှိခဲ့သည်။
ပိုအရေးကြီးတာက အဲ့လိုလူက ကျန်းပေ့တက္ကသိုလ်က လင်းဖန်ပင်ဖြစ်သည်။
ရှန်လင်းသည်လင်းဖန်ရုံးခန်းသို့ရောက်သောအခါ သင်္ချာဌာနမှူး၊ ဓာတုဗေဒဌာနမှူး၊ ဆေးဌာနမှူး၊ ရူပဗေဒဌာနမှူးနှင့် အခြားသော ပါမောက္ခများစွာသည် ရုံးခန်းသို့ ရောက်ရှိနေပြီဖြစ်သည်။ .
ဒါပေမယ့် ရုံးခန်းထဲတွင်ဟော့ကျောက်ဝူ၊ရှောင်ပန်၊ရှောင်အန်း နဲ့ တခြားကျောင်းသားတွေပဲ ရှိလေသည်။ဆရာဖြစ်တဲ့လင်းဖန်ကတော့မရှိပေ။
ဟော့ကျောက်ဝူ က “ပရော်ဖက်ဆာ လင်း က ဒီကာလအတွင်း သူ့မှာ ဖြေရှင်းစရာတစ်ခုရှိနေလို့ နောက်ရက်အနည်းငယ်ကြာတဲ့အထိ ကျောင်းကို မလာဖြစ်ဘူးလို့ပြောထားပါတယ်....”
ရှန်လင်းနှင့် ပါမောက္ခ အများအပြားသည် သူတို့၏ မျက်နှာပေါ်တွင် အကူအညီမဲ့ သောအရိပ်အယောင်များဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
သို့သော်ခဏအကြာတွင် သူတို့၏ မျက်နှာများပေါ်တွင်ရှိသောအကူအညီမဲ့သောအရိပ်အယောင်သည်လျင်မြန်စွာပျောက်ကွယ်သွားကာစိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်သွားသည်။
လင်ဖန်းသည် သူနိုဘယ်လ်ဆုရသွားသည်ကို မြင်သောအခါ၊ ဟော့ကျောက်ဝူ နှင့် အခြားသူများ၏ တုံ့ပြန်မှုအပြင် အင်တာနက်ပေါ်၌ ဆွေးနွေးမှုများကြောင့် နောက်ပိုင်းသူအလွန်ဒုက္ခရောက်မည်ကိုလင်းဖန်က သဘောပေါက်လိုက်သည်။(လင်းဖန်ကအဲ့ကိစ္စတွေနဲ့ပတ်သတ်ပြီးအာရုံမနောက်ချင်ဘဲအေအေးဆေးဆေးနေချက်တာပါ)
လင်းဖန်သည် အဲ့လိုကိစ္စတွေကိုမကြိုက်ပေ။
ထို့ကြောင့် သူသည် ကျန်းပေ့တက္ကသိုလ်မှ တိုက်ရိုက်ထွက်ခွာခဲ့ပြီး ရက်ပေါင်းများစွာ အနားယူဖို့စီိစဉ်ခဲ့သည်။
ယခုအချိန်တွင် လင်းဖန်သည် ပန်းလုံဗီလာသို့ ရောက်ရှိနေပြီဖြစ်သည်။
ဆိုဖာပေါ်တွင် လဲလျောင်းကာ ကြယ်နှစ်ပွင့် စားသောက်ဆိုင်မှ အရသာရှိသော အဆာပြေများကို စားသုံးရင်း ဖုန်းသုံးနေလိုက်လေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ နောက်တစ်နေ့သို့ရောက်သွားလေသည်။
မနေ့ညက မိုးသည်းထန်စွာရွာသွန်းတာကြောင့်မနက်ခင်းလေသည်မြေသင်းရနံ့များနှင့်ပြည့်နှက်နေလေသည်။
သစ်ပင်တွင်းမှာ ပုန်းနေတဲ့ ကျိုင်းကောင်လေးသည်မြေသင်းရနံ့ကို ရှူနိုင်ရန်တစ်ကောင်ပြီး တစ်ကောင် တွားသွားပြီးထွက်လာကြသည်။
ဤအချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော ဧရာမငှက်ကြီးတစ်ကောင်သည် အဝေးမှ ရုတ်တရက် ပျံသန်းလာပြီး ကြောက်မက်ဖွယ်ကောင်းသော သံမဏိလိုနှုတ်သီးဖြင့် ထိုးကြိတ်ကာ ကျိုင်းကောင်များကို ချက်ချင်း ကိုက်စားလိုက်လေသည်။(ကျိုင်းကောင်တွေအတွက်ငှက်တွေအတွက်တော့ဧရာမအကောင်တွေပါ)
“ငါနောက်ထပ်ပိုးကောင်ကိုစားလိုက်ပြန်ပြီ!”
သူ့ဘေးက ငှက်ကလေးတစ်ကောင်ကလည်းအားကျမခံ “ငါကတော့စုစုပေါင်း သုံးကောင်စားပြီးပြီ”
ငှက်ငယ်လေးများ၏ စကားပြောသံကိုကြားပြီးနောက်လင်းဖန်သည် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။
သူသည်ဖုန်းကို ထုံးစံအတိုင်း ကြည့်လိုက်တော့ စာသားမက်ဆေ့ခ်ျတစ်ခုကစခရင်မှာ ပေါ်လာလေသည်။
“၀:၀၀ နာရီ၊ တရုတ်ဘဏ်မှ ယွမ် ၃၆၇၉၀၀၁၀ ကို ရရှိခဲ့သည်။”
ထို့နောက် လင်းဖန်သည် ဆိုင်းအင်ဝင်သည့်စနစ်ကို အာရုံစိုက်လိုက်ည်။
“ဆိုင်းအင်ဝင်မယ်”
【ဒင်း! အောင်မြင်စွာဝင်ရောက်ပြီး၊ ဂုဏ်ပြုပါသည်၊ သင်သည် အချိန်စားသောက်ဆိုင်ကိုရရှိသည်။ 】
ဒါကိုကြည့်ရင်း...
လင်းဖန်၏အမူအရာမှာ အနည်းငယ်ပြောင်းသွားပြီး “ဒါက ယွမ် 10 သန်းမဟုတ်ဘူးပဲ” လို့ပြောလိုက်သည်။
“အချိန်စားသောက်ဆိုင်? အရင်က ဟော့ကျောက်ဝူပြောတဲ့အရမ်းကောင်းတယ်ဆိုတဲ့ စားသောက်ဆိုင်လား”
ထိုအချိန်တွင် လင်းဖန်၏ဗိုက်သည်အချက်ပေးသံများထွက်လာသည်။
“ဘာပဲဖြစ်ဖြစ် ဘာမှလုပ်စရာလဲမရှိဘူးဆိုတော့အချိန်စားသောက်ဆိုင်ကိုသွားကြည့်ရအောင်။”
စကားပြောပြီးနောက် လင်းဖန်သည် ဖြည်းညှင်းစွာထလိုက်သည်။
ခဏအကြာ ရေချိုးပြီးနောက် Cullinan(ကား)သော့ကိုယူကာ အပြင်သို့ ထွက်လာခဲ့သည်။
“ဗွမ်း!”
လီဗာကိုနင်းလိုက်ပြီးနောက်အရှေ့သို့ကျယ်လောင်သောအင်ဂျင်သံဖြင့်ထွက်သွားလေသည်။
တံခါးနားမှာရပ်နေတဲ့ လုံခြုံရေးအစောင့်က စစ်သားတစ်ယောက်လို အလျင်အမြန် မတ်တပ်ရပ်လိုက်ပြီးဦးညွှတ်လိုက်လေသည်။
နာရီဝက်လောက်အကြာတွင်လင်းဖန်က သူသွားလိုရာနေရာဖြစ်သောအချိန် စားသောက်ဆိုင်သို့ရောက်ရှိလာလေသည်။
ဤစားသောက်ဆိုင်တွင် အထပ်သုံးထပ်ရှိပြီး ဧရိယာကလည်းကျယ်ဝန်းသည်။ အလှဆင်မှုတစ်ခုလုံးသည်အလွန်လှပကာလူတိုင်းကို သက်တောင့်သက်သာရှိသောခံစားချက်နှင့်အိမ်ကိုပြန်လာရသလိုမျိုးခံစားချက်ကိုပေးစွမ်းလေသည်။
မျက်နှာဝိုင်းဝိုင်းနှင့် အရပ် 155 စင်တီမီတာခန့်ရှိသော အမျိုးသမီးတစ်ဦးသည် လက်ကိုင်ဖုန်းတစ်လုံးကို ကိုင်ဆောင်ကာ အချိန်စားသောက်ဆိုင် တံခါးဝသို့ ရောက်ရှိလာသည်။
သူမ၏ လက်ကိုင်ဖုန်းကို မျက်နှာမူကာ “ပရိတ်သတ်များအားလုံးမင်္ဂလာနံနက်ခင်းပါ! မကြာသေးမီက လူတော်တော်များများက ကျန်းပေ့မှာရှိတဲ့အချိန်စားသောက်ဆိုင်ကို သွားဖို့အကြံပြုထားကြတယ်။ဒါကြောင့် ဒီနေ့ကတော့ပရိတ်သတ်တွေတောင်းဆိုတဲ့အချိန်စားသောက်ဆိုင်ကိုသွားမှာပဲဖြစ်ပါတယ်!”
“ဆိုင်ကိုလဲရောက်နေပြီဆိုတော့ဒီဆိုင်က အရသာရှိမရှိ သွားကြည့်ကြရအောင်!”
မျက်နှာဝိုင်းဝိုင်းရှိသည့်အမျိုးသမီးသည်ဒွန်ရီ(titokလိုမျိုးပါ။အသံထွက်မှားရင်တောင်းပန်ပါတယ်ခဗျ)... မှာ ပရိတ်သတ် သုံးသန်းလောက်ရှိတဲ့ အစားအသောက်ဘလော့ကာ လီဟိုင်ယန်ပင်ဖြစ်သည်။
လီဟိုင်ယန်အားယေဘူယျအားဖြင့်ပြောရလျှင် 155 စင်တီမီတာရှိသော မျက်နှာဝိုင်းအမျိုးသမီးသည် ၏အသွင်အပြင်သည်ဖုန်းထဲကနေအနည်းငယ်ကွာခြားသည်။
တိုက်ရိုက်ထုတ်လွှင့်မှုတွင် သူမ၏အသွင်အပြင်သည် ဘဲဥပုံမျက်နှာ၊ဝိုင်းစက်သော မျက်လုံးကြီးများနှင့် ကျောက်စိမ်းကဲ့သို့ ဖြူစင်သောအသားအရေတို့ရှိလေသည်။ ခြုံငုံကြည့်လျှင် သူမသည် ရုပ်ရှင်ထဲကလှပသေမင်းသမီးတစ်ဦးနှင့်တူသည်။
ဒါက... လူတွေရဲ့အသွင်အပြင်ကို လုံးဝပြောင်းလဲပစ်နိုင်တဲ့ မှော်အစွမ်းသတ္တိရှိတဲ့ ဒွန်ရီ(titokလိုမျိုးပါ) ကြောင့်ပင်ဖြစ်သည်။
ထို့နောက် လီဟိုင်ယန်သည် ကင်မရာကို အချိန်စားသောက်ဆိုင်တံခါးဆီသို့ လှည့်လိုက်သည်။