← Chapters

အစားအသောက်ဘလော့ကာ

Vol. 36 Ch. 530

အစားအသောက်ဘလော့ကာ

Vol. 36 Ch. 530

စားသောက်ဆိုင်ဘက်သို့လှည့်လိုက်တာနဲ့ချက်ချင်းပဲမရေမတွက်နိုင်သောမက်ဆေ့များသည်စခရင်ပေါ်တွင်ပေါ်လာတော့သည်။

[ခိုင်ရီ: ဝိုး အပြင်အဆင်ကြီးကလုံးဝအလွင့်ကြီးဟ။ငါလဲတစ်ခါလောက်အချိန်စားသောက်ဆိုင်ကိုသွားအုံးမယ် 】

[ရှောင်ရှောင်- အပြင်အဆင်တောင်ဒီလောက်မိုက်နေရင်အစားအသောက်ဆိုဘယ်လိုနေမလဲမသိ။ 】

【လောင်ရီ- ဒီလိုဟိုတယ်ကြီးကိုသူမဘယ်လိုဝေဖန်မလဲငါကြည့်ချင်နေပြီ။ 】

[စကိုင်း- ဟိုင်ယန််၊ မြန်မြန်ဝင်ပါတော့။ 】

[ဘီဘီ-ငါတို့အကုန်လုံးလီဟိုင်ယန်ကိုနည်းနည်းစီစပွန်ဆာပေးကြရအောင်။ 】

...

စခရင်ပေါ်တွင် များပြားသော ဆုလာဘ်များ ပေါ်လာလေတော့သည်။

လီဟိုင်ယန်သည်စခရင်ပေါ်ရှိဆုလာဘ်ဆောင်များကိုကြည့်ရင်းလှပစွာပြုံးလိုက်လေသည်။

သို့သော် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင်သူမပြုံးလိုက်သောကြောင့်ပိုမိုများပြားသောဆုလာဘ် များရလာသည်။

ထို့နောက် လီဟိုင်ယန် သည် အချိန်စားသောက်ဆိုင်ဆီသို့ လျှောက်သွားခဲ့သည်။

မကြာမီကျယ်ပြောလှသော အခန်းကျယ်ကြီးနှင့် ဇိမ်ခံမီးသီးများကို မြင်လိုက်ရသောအခါတွင် သူမ သည်ပါးစပ်အဟောင်းသားဖြင့်ကြည့်နေလိုက်သည်။

“Wow! ဒါအရမ်းလှတာပဲ!”

ထို့နောက်လေထဲတွင်မွှေးကြိုင်သောဟင်းအနံ့ကိုရသောအခါသူမသည်ဟင်းအနံ့ကိုပြင်းပြင်းရှူရင်းသရေယိုသယောင်ပုံစံမျက်နှာပေါ်တွင်ပေါ်လာလေသည်။

တိုက်ရိုက်ထုတ်လွှင့်နေသောစခရင်ပေါ်တွင်မက်ဆေ့များအဆက်မပြတ်ပေါ်လာလေသည်။

[ရှီရှိ- လီဟိုင်ယန်ရဲ့မျက်နှာအမူအရာကိုကြည့်ရသလောက်သရေယိုနေတဲ့ပုံပဲ။ 】

[ကိုး- ဟေ့ ဟေ့ လီဟိုင်ယန်လေးရေသတိထားပါအုံး။ 】

[စီး-လီဟိုင်ယန်ကိုအရမ်းမစပါနဲ့။ဒီလောက်အရမ်းချစ်ဖို့ကောင်းတာကို။ 】

...

ထိုအချိန်တွင် စားပွဲထိုးမယ်လေးက ပြုံးရင်း “ကြိုဆိုပါတယ်” လို့ နှုတ်ဆက်လိုက်လေသည်။

လီဟိုင်ယန်က စားပွဲထိုးကိုတွေ့ပြီးမောက် “ဒါက အဆင့်မြင့် စားသောက်ဆိုင်မို့လားမသိ။ စားပွဲထိုးကတောင် အရမ်းလှတာပဲ!”ဟုပြောလိုက်လေသည်။

သူမသည်ဒီလိုသာပြောနေပေမဲ့သူမ၏မျက်နှာတွင် မနှစ်မြို့သောအမူအရာတစ် ခုရှိလေသည်။

လီဟိုင်ယန်၏စကားကြောင့်စားပွဲထိုးမိန်းကလေးသည် အနည်းငယ် ရှက်သွားလေသည်။

သူမသည်ဒီစားသောက်ဆောင်တွင်လုပ်တဲ့အချိန်ကစပြီးအခုထိသူမကိုတစ်ခါမှဒီလိုမချီးကျူးဖူးပေ။

စားပွဲထိုးမိန်းကလေးက “ကျေးဇူးပါ။....ဒါ... ကြိုတင်ဘိုကင်လုပ်ထားလားမစ်စ်’’

လီဟိုင်ယန်က “မလုပ်ထားဘူး။ ဒီမှာစားဖို့က ကြိုတင်ဘိုကင်လုပ်ထားရတာလား”

စားပွဲထိုးမိန်းကလေးက “အဲလိုတော့ မဟုတ်ပါဘူး” လို့ ပြောသည်။

“တော်သေးတာပေါ့။ငါကဒီနေ့မစားရတော့ဘူးတောင်ထင်နေတာ” လီဟိုင်ယန်သည် သက်ပြင်းရှည်ကြီးချကာပြောလိုက်သည်။

ထို့နောက် လီဟိုင်ယန်သည် စားပွဲထိုးအမျိုးသမီး၏ ဦးဆောင်မှုနောက်သို့လိုက်သွားလေသည်။

စားသောက်ဆိုင်အလယ်ရှိ တံတားငယ်နှင့် အလယ်တွင်ထားရှိသော ကြိုးကြာဖြူရုပ်တုကို မြင်သောအခါသူမကအံသြတကြီးဖြင့်”ဝိုး! ကြိုးကြာဖြူရုပ်တုကအရမ်းလှတာပဲ!”

“ငါဓာတ်ပုံရိုက်လိုက်အုံးမယ်’’

စကားပြောအပြီးတွင် သူမသည် ဖုန်းကိုထုတ်ကာကြိုးကြာဖြူရုပ်နှင့်အတူဓာတ်ပုံရိုက်လိုက်လေသည်။

.....

မကြာမီလီဟိုင်ယန်သည် ပြတင်းပေါက်နားရှိစားသောက်ခုံသို့ရောက်လာလေသည်။

“မဒမ် ဘာများမှာမလဲ” စားပွဲထိုးမိန်းကလေးကမေးလိုက်လေသည်။

လီဟိုင်ယန် က “ဒီဆိုင်မှာဘယ်ဟာကအကောင်းဆုံးလဲမသိသေးလို့၊ခဏလေးပါ’’

ထို့နောက် တိုက်ရိုက်ထုတ်လွှင့်သည့်စခရင်ကို ကြည့်လိုက်လေသည်။

[ယွမ်တိ- M5အမဲသားကင်၊ ဒါက ဒီဆိုင်ရဲ့အကောင်းဆုံးဟင်းပွဲပဲ။ 】

[ပီရန်:ဟုတ်တယ်...ဒါက အရမ်းအရသာရှိတယ်။ 】

[ယူရီ:ကျောက်ပုစွန် ၁၀ ကောင်ကင်လဲကောင်းတယ် 】

...

လီဟိုင်ယန်က “M5 အမဲသားကောင်၊ ကျောက်ပုဇွန်10ကောင်ကင်နဲ့.....ပြီးတော့ဒီဆိုင်ကအကောင်းဆုံးဟင်းရည်တစ်ပွဲကိုလဲချပေးပါ’’

စားပွဲထိုးမိန်းကလေးကအနည်းငယ်တွန့်ဆုတ်

ပြီးနောက် “ဒီကိုမဒမ်ရဲ့သူငယ်ချင်းတွေလာဖို့ရှိလား” လို့ မေးလိုက်လေသည်။

လီဟိုင်ယန်က “မရှိဘူး ဒါတွေကိုငါတစ်ယောက်တည်းစားမှာ။”

“ဒီဟင်းပွဲအများကြီးကိုတစ်ယောက်ထဲစားနိုင်ပါ့မလား” စားပွဲထိုးမိန်းကလေးကသတိပေးလိုက်သည်။

လီဟိုင်ယန်သည်စိတ်ထဲတွင်လျှာရှည်တာပဲဟုတွေးလိုက်သည်။

သို့သော်လည်း သူမက ပြုံးပြီး “ရပါတယ်၊ငါတစ်ယောက်ထဲဒါကိုစားနိုင်ပါတယ်” လို့ ပြောလိုက်လေသည်။

ဒါကိုကြားပြီးနောက် စားပွဲထိုးအမျိုးသမီးက ဘာမှပြန်မပြောတော့ဘဲ “ကောင်းပြီ၊ဒါဆို ခဏစောင့်ပေးပါ” လို့ ပြောလိုက်သည်။

စခရင်။

【ဘီယန်: ဒီစားပွဲထိုးမိန်းကလေးကလီဟိုင်ယန်စားတာကိုမေးခွန်းသွားထုတ်နေတယ်။သူမစားတာမမြင်ဖူးလို့ထင်တယ်။ 】

[ကေတီ: လီဟိုင်ကအရမ်းချစ်စရာကောင်းပါတယ်။ဒါပေမဲ့ငါသူမစားချင်တာကိုနေ့တိုင်းမကျွေးနိုင်ဘူး။ဒါကြောင့်ငါသူ့ကိုလက်ထပ်လို့မရဘူးကွာ 】

[စူပါဟီးရ်ိုး-ငါကတော့လီဟိုင်ယန်နဲ့ လက်ထပ်မှာ 】

[ယာယီ- အရမ်းကြီးတဲ့ကျောက်ပုစွန်ကိုမြင်ရင်သူမဘယ်လိုဖြစ်မလဲဆိုတာသိချင်နေပြီ။ 】

...

အချိန်စားသောက်ဆိုင်၏ စွမ်းဆောင်ရည်သည် အလွန်မြင့်မားသည်ဟု ဆိုရမည်ဖြစ်သည်။

သိပ်မကြာခင်မှာပဲ လှပသောဟင်းပွဲအပြင်အဆင်များနှင့်လီဟိုင်ယန်မှာသောဟင်းပွဲများအားလုံးကိုလာချပေးလေသည်။

M5အမဲသားကင်ပွဲအကြီးကြီးကိုမြင်သောအခါသူမ က စိတ်လှုပ်ရှားစွာနဲ့ “ဝိုး! ဒီလောက်လှတဲ့ အစားအစာကို ငါမစားရက်ဘူး”

စကားပြီးသောအခါတွင် သူမသည် အရသာရှိသော အမဲသားကင်ကို တိုက်ရိုက်ကောက်ယူပြီး ပါးစပ်ထဲသို့ ထည့်လိုက်တော့သည်။

“အင်း! အရသာရှိလိုက်တာ’’

...

စခရင်။

[ဘီယန်- သူမစားနေတာကိုကြည့်ရင်းငါသရေတောင်ကျနေပြီ 】

[ဂျီဂျီ:ငါလဲသည်းမခံနိုင်တော့ဘူး 】

[ဝါးတား- ဟိုင်ယန်ရေ၊ မင်းရဲ့ပုံရိပ်ကို လည်းဂရုစိုက်ပါအုံး... 】

...

လီဟိုင်ယန်သည် စခရင် ကို မကြည့်ပဲသူမစားမြဲတိုင်းစားနေလေသည်။

သို့သော် မည်သူမျှ သတိမထားမိတာကတော့သူမသည်M5အမဲသားကင်အနည်းငယ်ကို အမှိုက်ပုံးထဲသို့ တိတ်တဆိတ် ပစ်ချလိုက်တယ်ဆိုတာပင်ဖြစ်သည်။

ထိုအချိန်တွင် စားပွဲထိုးမိန်းကလေးက “ဒါပေါ်မှာ ငံပြာရည် လောင်းပေးရမှာလား” လို့ မေးလိုက်သည်။

လီဟိုင်ယန်ကချက်ချင်းပင်”ဟုတ်ကဲ့၊ကျေးဇူးပါ’’လို့ပြောလိုက်လေသည်။

ငံပြာရည်လောင်းချပြီးနောက် ဆွဲဆောင်မှုရှိသော အနံ့တစ်ခု ချက်ချင်းထွက်လာသည်။

လီဟိုင်ယန် က အနံ့ကိုရှူရင်း”ဝိုး! အနံ့ကအရမ်းကောင်းတာပဲ”ဟုပြောလိုက်သည်။

ထို့နောက် ဓားနှင့် ခက်ရင်းကို ကောက်ယူကာ အမဲသားတစ်ပိုင်းကို အလျင်အမြန် လှီးဖြတ်ကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။

ချက်ချင်းပင် လီဟိုင်ယန်၏ မျက်လုံးများ ပြူးကျယ်လာပြီး “အရသာရှိလိုက်တာ!”ဟုပြောလိုက်လေသည်။

ထို့နောက် အမဲသားကို ထပ်လှီးဖြတ်ပြီး ပါးစပ်ထဲသို့ ထပ်ထည့်လိုက်သည်။

အမဲသားကို ဆက်လက်ဖြတ်တောက်ရန် ဓားနှင့် ခက်ရင်းကို သုံးရသည်မှာအရမ်းနှေးသည်ဟု ခံစားမိသည်။

ထို့ကြောင့် လီဟိုင်ယန်သည် အကင်တစ်ခုလုံးကို လက်ဖြင့် ကောက်ယူလိုက်သည်။

“ပူလိုက်တာ၊ ပူလိုက်တာ!”

ဟု နှစ်ကြိမ်ပြောပြီးနောက် အမဲသားတုံးကြီးကို ပါးစပ်ထဲသို့ ထည့်ပြီးကိုက်ကာစားလိုက်တော့သည်။

“အရသာရှိလိုက်တာ”

“အရသာရှိလိုက်တာ!”

All Chapters