အခန်း (၁၂၀၆)
Vol. 81 Ch. 1206
ကွမ်ကျူး နှင့် အဘိုးအိုတို့ထက် ပိုမို၍ အားကောင်းလှသော အမဲရောင် ဝတ်စုံနှင့် လူသည် ကျွင်းချောင်ရှောင်း၏ သတ်ဖြတ်ခြင်းကို တခါတည်း ခံခဲ့ရ၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် စည်းဓားမော့ကိုပင် ထုတ်၍ အသုံးမပြု ခဲ့ချေ။
ဖြူမဲညီနောင်သည်လည်း ဆွံအလျက်ရှိ၏။ ၎င်းတို့ညီငယ်လေး၏ လက်နက်များသည် အလွန် အားကောင်းလှသည်ကို သိရှိပြီးဖြစ်၏။ သို့ပေမဲ့ အပြစ်ပေးမှုစွမ်းအင်များသည် ေမျှော်စင်၏ စုပ်ယူခြင်းကို ခံခဲ့ရ၏။ ထို့ကြောင့် အကျိုးသက်ရောက်မှုများသည် လျော့ကျ သွာခဲ့ခြင်း ဖြစ်၏။
အားအင်အဆင့်အရ ဆိုလျှင် ပြိုင်ဖက်ကို တခါတည်းသတ်ဖြတ်နိုင်ခြင်းသည် ခက်ခဲလှသော အရာ မဟုတ်ချေ။ သို့ပေမဲ့ ပြိုင်ဖက်ကို တစ်ချက်တည်း ပိုင်းဖြတ်ရန်မှာ အလွန်တရာ ခက်ခဲလှသည်။ ထို့ပြင် ပြိုင်ဖက်သည်ရူးသွပ်နေသည်လား။ တည်နေရာတွင်ရပ်လျက် ရှိနေပြီး ရှောင်ရှားခြင်းကိုပင် မပြုလုပ် ခဲ့ချေ။
"မဟုတ်သေးဘူး"
အမဲရောင် နတ်ဆိုးသည် ပြောလိုက်၏။ "လှံရဲ့ ထိပ်မှာ အအေးအလင်းတွေ ရှိနေတယ်။ ဒါက တော်တော် ထူးဆန်းတယ်"
သူသည် သေချာ ပြန်လည်စဉ်းစားလိုက်မိသည်။ "မဟုတ်သေးဘူး၊ ဒါက မိုးကြိုး အပြစ်ပေးမှုရဲ့ စွမ်းအင် တွေပဲ"
ဤအရာမှာ အမှန်ပင် ဖြစ်တော့၏။ လှံ၏ ထိပ်တွင် ရှိနေသော အလင်းများမှာ မိုးကြိုး အပြစ်ပေးမှု စွမ်းအင်များပင် ဖြစ်၏။
ဂြိုလ်တိုက်ပွဲ တည်နေရာကြီး အတွင်းမှာတော့ ကျွင်းချောင်ရှောင်းသည် မိုးကြိုးအပြစ်ပေးမှု ငါးဆယ် ရာခိုင်နှုန်းကို ခုခံခဲ့ပြီး ငါးဆယ် ရာခိုင်နှုန်းမှာ ကောင်းကင်မူလ ဝိညာဉ် ဖိနှိပ်ခြင်းစေတီ၏ စုပ်ယူခြင်းကို ခံခဲ့ရသည်။
ထိုမိုးကြိုးစွမ်းအင် ဓာတ်သဘာဝများသည် အားရာ၏ သေသေချာချာ လေ့ကျင့်ခြင်းကို ခံခဲ့ရတော့၏။ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းဆီသို့ ပထမဆုံးအကြိမ်သွား၍ ငွေညစ်စဉ်က ကျန်းထယ်ကျွင်းသည် ထို မိုးကြိုးအပြစ်ပေးမှု စွမ်းအင်များကို သုံး၍ အစီအရင်ပင် ပြုလုပ်ခဲ့သေး၏။
ထိုစည်းအစီအရင်ကြောင့် သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူများပင် ထိခိုက်ခဲ့ရ၏။ အထက်နယ်မြေမှ စွမ်းအင်များသည် အလွန်တရာရှားပါးလှသည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် လက်လွတ်စပယ် မဟုတ်ဘဲ သေသေချာချာ အသုံးပြုလျက် ရှိနေသည်။
တစ်ဖက်လူ ပစ်လွှတ်လိုက်သော မြှားချက်တွင် အပြစ်ပေးမှု စွမ်းအင်များ ပါဝင်နေသည်။ ထို့ကြောင့် သူသည် အလွန်အမင်း ဒေါသထွက်လျက် ရှိနေတော့သည်။ အထက်နယ်မြေမှ စွမ်းအင်များသည် ကြောက်မက်ဖွယ် ကောင်းလှပြီး သေမျိုးလောကကို ဖိနှိပ်နိုင်စွမ်း ရှိလို့နေ၏။ သို့ပေမဲ့ သူ့အား အဓိပ္ပာယ်မဲ့ လာရောက်တိုက်ခိုက်ခြင်းကိုတော့ မည်သို့မျှ ခွင့်လွှတ် လိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် သူ့ပစ္စည်းနှင့် သူ့အား ပြန်တိုက်ရန် စဉ်းစားခဲ့ခြင်းပင် ဖြစ်၏။
သနားစရာကောင်းလှသော တစ်ဖက်လူသည် နှုတ်ဆက် စကားပင် မပြောလိုက်ရဘဲ သေဆုံးသွားခဲ့သည်။
အပြစ်ပေးမှု စွမ်းအင်သည် အားကောင်းလွန်းလှသည်လား။ မိုးကြိုးအပြစ်ပေးမှု စွမ်းအင်အောက်တွင်တော့ ထိုအရာသည် ဘာမှမဟုတ်သည့် အရာသာ ဖြစ်နေပေလိမ့်မည်။ သူ့အား လာရောက်၍ အပြစ်ပေးသည်နှင့် တစ်ခါတည်း သေမိန့်ကို ပေးအပ်ခဲ့ပြီ ဖြစ်တော့၏။
"တပ်မှုး"
အသက် ရှင်လျက် ရှိနေကြသော ကြယ်ကောင်းကင်ခံတပ်မှ လူများသည် မျက်နှာများပင် ဖြူလျော့ သွားခဲ့ ကြ၏။ တရားရေးရာတပ်မှုးသည် ခံတပ်သခင် အားထားရသော သိုင်းကျင့်ကြံသူများ အထဲမှ တပ်မှုးတစ်ယောက်လည်း ဖြစ်သည်။
"နောက်ကိုဆုတ် … နောက်ကိုဆုတ်"
ခနအတွင်း မှာပဲ ခံတပ် အတွင်းမှ လူများသည် ကြောက်ရွံ့ထိတ်လန့် စွာဖြင့် ပျံသန်း ထွက်ပြေးကြတော့၏။ ၎င်း တို့၏ ဦးဆောင်သူသည် သတ်ဖြတ်ခံလိုက်ရ၏။ ထို့ပြင် ၎င်းတို့၏ အပေါင်းအဖော်များသည်လည်း ဒဏ်ရာရခဲ့ကြသည်။ ၎င်းတို့အနေနှင့် အဆင်အခြင် မဲ့စွာ ဝင်ရောက်တိုက်ခိုက်၍ မဖြစ်တော့ချေ။
သို့သော်ငြား ထွက်ပြေးမည် ဆိုလျှင်တောင်မှ ၎င်းတို့၌ ရွက်သင်္ဘောကြီး မရှိတော့ချေ။ ထို့ကြောင့် မည်မျှအဝေးဆီ ပြေးနိုင်မည်နည်း။
"လာချင်သလို လာပြီး ၊ ထွက်သွားချင်သလို သွားလို့ရမယ် ထင်နေတာလား။ ကြယ်ကြွေ ကုန်းမြေတိုက်ကြီးကို ဘာထင်နေတာလဲ"
ကျွင်းချောင်ရှောင်းသည် လက်ကို ခါယမ်းပြီး အမဲရောင်ဝတ်စုံနှင့် လူ၏ လက်တွင် ရှိနေသော တရားရေးရာ လေး အား အသာဆွဲယူလိုက်၏။ သူသည် ရွှေရောင်လေးကြိုးအား အသာ ဆွဲကြည့်လိုက်သည်။ ကံဆိုးစွာဖြင့် ထိုလေးညို့ပေါ်တွင် မြားတစ်စင်းမှ ဖြစ်တည် မလာခဲ့ချေ။
"ညီငယ်လေး "
အဖြူရောင် နတ်ဆိုးသည် ပြောလိုက်သည်။ "ဒီလက်နက်ထဲမှာ အမှတ်သားပါတယ်။ ဒီအမှတ်အသား အသိအမှတ် ရှိတဲ့ သူကပဲ အသုံးပြုလို့ ရတာ "
သူ ပြောပြီးပြီးခြင်း မှာပဲ ကျွင်းချောင်ရှောင်းသည် လေးနှင့်ပေါင်းစပ်သွားခဲ့၏။ လေး၏ ထောင့်တစ်နေရာ မှာတော့ လက်နက်စိတ်ဝိညာဉ်သည် ကြောက်ရွံ့ထိတ်လန့်စွာဖြင့် တုန်ယင်လျက် ရှိနေ၏။
အပြင်ဖက်တွင် ရှိနေသော အရာ အားလုံးကို သူ မြင်တွေ့ခဲ့ ရ၏။ အစောတွင် တွေ့ခဲ့ ရသော မိုးကြိုး အပြစ်ပေးမှု စွမ်းအင် များသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။
ဤအရာသည် အထက်နယ်မြေ ဆီမှ အပြစ်ပေးမှုတစ်ခုပင် ဖြစ်၏။
"မင်း …"
ကျွင်းချောင်ရှောင်းသည် အေးစက်စက်ပင် ပြောလိုက်သည်။ "ငါ့ကို အညံ့ခံစမ်း"
"အညံ့ခံပါမယ်၊ ကျိန်းသေပေါက် အညံ့ခံ့ပါမယ်"
လက်နက်စိတ်ဝိညာဉ်သည် ထိတ်လန့်ကြောက်ရွံ့လျက်ရှိနေ၏။ ထို့ကြောင့် ဤလူစိမ်းနှင့် ပေါင်းစပ်ခြင်းကို ကျေကျေနပ်နပ်နှင့် လက်ခံခဲ့ရတော့၏။
မကြာခင်မှာပဲ သခင်နှင့် ကျေးကျွန် ရေးထိုးမှုသည် အတည်ဖြစ်သွားခဲ့၏။ဤကဲ့သို့နည်းလမ်းဖြင့် လက်နက်စိတ်ဝိညာဉ်၏ အသိအမှတ်ပြုမှုကို ခံခဲ့ရကြောင်း သိရှိမည် ဆိုပါက အမဲရောင်ဝတ်စုံနှင့် လူသည် သေရာမှ ထထိုင်၍ နောက်တစ်ကြိမ် ကိုယ့်ကိုယ်ကိုယ် သတ်သေမိမှာသေချာသည်။
၎င်း၏ ဂုဏ်ယူရပါသည် ဆိုသော လက်နက် စိတ်ဝိညာဉ်သည် ကျွင်းချောင်ရှောင်း၏ စကားလုံး အနည်းငယ်ကြောင့် ပဋိညာဉ် ရေးထိုးခြင်းကို ပြုလုပ်ခဲ့၏။ အထက်နယ်မြေ ဆီမှ လက်နက် စိတ်ဝိညာဉ်သည် အမှန်တစ်ကယ်ပင် ကြောက်ရွံ့ လွန်းလှချေ၏။
"ကောင်းကင်ဘုံ"
လက်နက်စိတ်ဝိညာဉ်နှင့် ပဋိညာဉ်ရေးထိုးပြီး နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် လေးကြိုးကို အသာ ဆွဲယူလိုက်၏။ ချက်ချင်း လေထုထဲ၌ ရွှေရောင် မြားတစ်စင်းသည် ဖြစ်ပေါ်လာသည်။
ပြီးသည့်နောက် ထွက်ပြေးရန်ကြံရွယ်နေကြသော ကြယ်ကောင်းကင် ခံတပ်မှ သိုင်းကျင့်ကြံသူများကို ချိန်ရွယ်ကာ အေးစက်စက် ပြောလိုက်၏။ "မင်းတို့ အားလုံး သေမိန့် ကျပြီ"
ဆွစ် ……
ဤ မြားထဲတွင် အပြစ်ပေးမှု စွမ်းအင်များ ပါဝင်နေပြီး မြှားသည် စကြဝဠာ ထဲတွင် အလွန်မြန်ဆန်သောနှုန်းဖြင့် ထွက်ခွာသွားခဲ့၏။ ခံတပ်မှ သိုင်းကျင့်ကြံသူများသည် သေဆုံးခြင်းအရိပ်အယောင်များကို ခံစား လိုက်ရသည်။
၎င်းတို့၏ မျက်လုံးထဲမှာတော့ ကြောက်ရွံ့မှု၊ ထိတ်လန့်မှု တို့သည် ဖြစ်တည် လာခဲ့၏။
"မဟုတ်ဘူး"
ဝုန်း
ကောင်းကင်ယံ တစ်ခုလုံးသည် လင်းထိန် သွားခဲ့၏။ အခြားသော သိုင်းကျင့်ကြံသူများသည် ဝိညာဉ်များ ပျောက်ကွယ်လုမတတ် ထိတ်လန့်သွားကြသည်။
ဝှစ်
ရှေးရွက်သင်္ဘောကြီးသည် ပျံသန်းထွက်ခွာ သွားပြီးနောက် ၎င်းတို့၏နောက်သို့ ပျံသန်း ရောက်ရှိလာခဲ့၏။
ဒဏ်ရာရရှိထားသည့် လူများသည် ရွက်သင်္ဘောကြီးဆီ ဖမ်းဆီးခြင်းခံခဲ့ရသည်။ ကျွင်းချောင်ရှောင်း၏ ဟန်ပါပါ စကား တစ်ခွန်းသည် ၎င်းတို့၏ နားထဲသို့ တိုးဝင်လာခဲ့သည်။ "ကျုပ်ရဲ့ အကျဉ်းထောင် တံခါးကို ဖွင့်ထားတယ်..."
သူနှင့် ကြယ်ကောင်းကင် ခံတပ်တို့သည် တဇောင်းစေးနှင့် မျက်ချေးများ ဖြစ်နေသည်ကို နားလည် ထားပြီးနောက် သူသည် တစ်ဖက်သူ များအား ချုပ်နှောင်ထားရန် စဉ်းစားလိုက်မိ၏။
ကျိုးဒူဒူသည် အလွန် ပျော်ရွှင်လျက် ရှိနေသည်။
ယွမ်ကျူး နှင့် အဘိုးအိုတို့ ထွက်ခွာသွားပြီးေ"ဂိုဏ်းချုပ်ကျွင်း"
ကျိုးဒူဒူ သည် အကျဉ်းထောင် ဂိတ်တံခါး၏ ရှေ့တွင် ရပ်ရင်းမှ အော်လိုက်သည်။ "လက်ရှိမှာ အကျဉ်းသားတွေ အရမ်း များနေတယ်။ ဒီတော့ လူပိုဆန့်အောင် အကျဉ်းထောင်ကို အဆင့်မြင့်ဖို့ သင့်ပြီ။ ကျုပ်ဆီမှာ အကြံတစ်ခု ရှိတယ် ။ အောက်ကို နက်နက် တူးလိုက်ပြီး အကျဉ်းထောင်ကို အလွှာတွေအဖြစ် တည်ဆောက်လိုက်ရင် လူ အများကြီးဆန့်မှာပဲ"
တိုင်လုသည် တည်နေရာမှာပင် မေ့လဲလု မတတ် ဖြစ်နေခဲ့၏။ ဤလူသည် သူ့ကိုယ့်သူ အကျဉ်းသား တစ်ယောက် ဖြစ်မှန်း မေ့လျော့ နေသည်လား။
အကျဉ်းထောင်အား အဆင့်မြင့်တင်စေပြီး ပို၍နှိပ်စက်နိုင်ရန်ပင် အကြံပေးနေချေသည်။ ၎င်း၏ ဦးနောက်သည် တစ်စုံတစ်ခု မှားယွင်းနေသည်သာ ဖြစ်ရမည်။
အဓိကဟောခန်းဆီသို့ရောက်ပြီး နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ကျိုးဒူဒူ ၏ အကြံပေးချက်ကို စဉ်းစား လိုက်၏။ ပြီးသည့်နောက်မှာတော့ သူသည် လီချင်းယန်ကို လှမ်းခေါ်ကာ ပြောလိုက်၏။ "ဂိုဏ်းထဲမှာ အကျဉ်းသားတွေက အရမ်း များနေတယ်။ ဒီတော့ သူတို့ကို သေချာ နေရာပေးဖို့ဆိုတာ ခက်လာပြီ။ မင်း အချိန်ရရင် အဆင့်မြင့် တင်လိုက်အုံး"
"ကောင်းပါပြီ"
သူသည် ဂိုဏ်းကို အဆင့်မြင့်တင်ဖူးသလို မြို့ကြီးတစ်ခုကိုလည်း တည်ဆောက်ခဲ့ဖူး၏။ သို့ပေမဲ့ အကျဉ်းထောင် တည်ဆောက်ခြင်းကိုတော့ အတွေ့အကြုံ မရှိသေးချေ။ အားလပ်ချိန်တွင် အစီအစဉ်များကို ရေးဆွဲပြီး အဆင့်မြင့် အကျဉ်းထောင် တစ်ခုကို ဖန်တီးရန် သူဆုံးဖြတ်လိုက်၏။
နောက်ပိုင်း သူရင်ဆိုင်ရသော သိုင်းကျင့်ကြံသူများသည် အဆင့်မြင့် သိုင်းကျင့်ကြံသူများ ဖြစ်ကြောင်း ကျွင်းချောင်ရှောင်းက သိ၏။ ထို့ပြင် သူသည် သွေးဆာနေသော လူ တစ်ယောက်လည်း မဟုတ်ချေ။ တွေ့သမျှ လူတိုင်းကို သတ်ဖြတ်၍ လည်း မဖြစ်ချေ။ ထို့အတူ တစ်ဖက်လူများအား လွှတ်ပေး၍လည်း မရချေ။ အကျဉ်းထောင်အတွင်း၌ ချုပ်နှောင်ထားခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
ထို့သို့ ဆိုလျှင် ပြိုင်စံရှား ဂိုဏ်းအနေဖြင့် ဆန်များ ပို၍ မကုန် နိုင်ဘူးလား။ ကျိုးဒူဒူ ၏ အကြံပေးချက်ကို ရရှိပြီးနောက်မှာတော့ သူသည် အခြားအကြံတစ်ခုကို စဉ်းစား လိက်မိ၏။ မတူညီသည့် အဆင့် အမျိုးမျိုးဖြင့် အကျဉ်းသားများကို ခွဲခြားထားပြီး သူ၏ တပည့်များအတွက် တိုက်ခိုက်ရေးအတွေ့အကြုံများ ဖန်တီးပေးရန် ဖြစ်၏။
အစားအစာများအား အလကား ကျွေးရန် စိတ်ကူးသည် သူ့၌ နည်းနည်းလေးမှ မရှိချေ။ အကျဉ်းသားများကို ချုပ်နှောင်ပြီးနောက် သူသည် တစ်ဖက် သူများကို မည်သို့ ပြုလုပ် ရမည်ကို စဉ်းစားနေမိသည်။။
ခေါင်းတုံးနှင့် သူ၏ နောက်လိုက် များသည် မြေအဆင့် အကျဉ်းထောင် များတွင် ချုပ်နှောင်ခြင်း ခံထားရ၏။ ၎င်းတို့သည် သိုင်းဘုရင်၊ သိုင်းအုပ်စိုးသူနှင့် သိုင်းနယ်မြေ တစ်ပိုင်းကျင့်ကြံသူ များပင် ပါဝင် ကြ၏။
မတူညီသည့် အကျဉ်းထောင်တွင် မတူညီသည့် အဆင့် များဖြင့် ချုပ်နှောင်ထားပါက တပည့်များ အနေဖြင့် မိမိ ကြိုက်နှစ်သက်ရာအဆင့်ကို ရွေးချယ်၍ တိုက်ခိုက် နိုင်ပေလိမ့်မည်။
ဟုတ်ပေသည်။ အကျဉ်းသားများကို လူသားများ အဖြစ်တော့ သူသည် အသိအမှတ် မပြုနိုင်ချေ။ သို့သော် တိုက်ခိုက်မှုများကို စိတ်ကျေနပ်အောင် ပြုလုပ် ပေးနိုင်သော လူများအား ပေါက်စီ တစ်လုံး အပိုပေးရန် စဉ်းစားထား၏။
ကျိုးဒူဒူသည်သာ ဤ အချင်းမအရာကို ကြားပါက ကျိန်းသေပေါက် ပြောပေလိမ့်မည်။ "ကျုပ်က ပေါက်စီ လိုတာ မဟုတ်ဘူး ။မိန်းကလေး လျိုရဲ့ ဟင်းတစ်ပွဲလောက် စားရရင် ရပြီ"
"အပြင်ဖက်က ကြည့်ရင်တော့ အကျဉ်းထောင်ပေါ့။ တစ်ကယ့် သေချာ ကြည့်ရင်တော့ တပည့်တွေ အတွက် လေ့ကျင့်ဖို့ နေရာတစ်ခု ဖြစ်လာလိမ့်မယ်"
ဖြောင်း .. ဖြောင်း…။
ကျွင်းချောင်ရှောင်းသည် လက်ခုပ်တီးကာ ချီးကျူး လိုက်မိ၏။ "တစ်ကယ်ကို သိပ်ကောင်းတဲ့ အစီအရင်ပဲ"
စနစ်သည် ဆွံ့အလျက်ရှိသည်။
လက်ခံသူသည် တစ်ခြားသူ၏ အကြံပြုချက်ကို ယူ၍ မိမိကိုယ်မိမိ ချီးကျူးလျက် ရှိနေ၏။ လက်ခံသူ၏ အရှက်မဲ့မှုသည် အခြား မည်သူမျှလိုက်မီနိုင်သော အရာမျိုး မဟုတ်တော့ချေ။
"လက်ခံသူကို တစ်ခုလောက် အကြံပေးချင်တယ်"
စနစ်က သတိပေး လိုက်၏။ "လက်ခံသူက အကျဉ်းသားတွေကို အသုံးပြုပြီး အဆင့်တိုးမြင့်ချင်တယ် ဆိုရင် သူတို့ရဲ့ ချီလမ်းကြောင်းကို အကုန်ဖွင့်ပေးရမှာ မဟုတ်ဘူးလား။ ဒါဆိုရင် သူတို့ အကုန် ထွက်ပြေးကုန်မှာ မဟုတ်ဘူးလား"
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို လက်ဖြင့် ပွတ်သပ်ကာ ပြောလိုက်၏။ "ဒါလည်း ဟုတ်တာပဲ"
ကျိုးဒူဒူ မှ လွဲလျှင် အခြားသော အကျဉ်းသားများ အားလုံး၏ ချီများမှာ ပိတ်လှောင်ခြင်း ခံထားရ၏။ ၎င်းတို့သည် ပုံမှန် သွားလာခြင်းကိုသာ ပြုလုပ်နိုင်ကြသည်။
အခြား မည်သည့် ကျင့်ကြံခြင်းကိုမှ မထုတ်ဖော်နိုင်ကြပေ။ ၎င်းတို့ အားလုံးကို ဖြေလွှတ်ပေးလိုက်လျှင် တစ်ယောက်ချင်း အားအင်မှာ မည်သို့မှ ကိစ္စမရှိသော်လည်း အကုန်လုံး စုပေါင်းလိုက်လျှင် ကြီးမားသည့် ကိစ္စ ဖြစ်လာနိုင်၏။
"အကျဉ်းထောင်ရဲ့ အစီအစဉ်က သေချာ စဉ်းစားဖို့ လိုနေသေးတယ်။ အကာအကွယ်တွေ အစီအရင်တွေ သေချာ ပြုလုပ်ပြီး တော့မှ ဒီကိစ္စကို အတည်ပြုလုပ်ရမယ်။ ဒါမှ အကျဉ်းသားတေ အနေနဲ့ ဆူပူအုံကြွမှု ၊ထွက်ပြေးမှု တွေ မပြုလုပ်နိုင်မှာပေါ့"
ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် စဉ်းစားကာ ပြောလိုက်၏။
"ပြီးတော့"
စနစ်က ထပ်ပြောလိုက်၏။ "မင်းအနေနဲ့ ဒီလိုမျိုး အကျဉ်းခန်းကိုဆောက်ရင် စောင့်ကြည့်ဖို့ လူတစ်ယောက်တော့ လိုလာပြီ ။ ဟောခန်းသခင်လီ ကို အချိန်ပိုင်းအလုပ် အဖြစ် ခိုင်းအုံးမှာလား"
"မခိုင်းပါဘူး"
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "သတင်းကွန်ရက်က ကြယ်ကြွေ ကုန်းမြေတိုက် တစ်ခုလုံးကို ပြန့်နှံ့နေပြီ ဆိုတော့ ဟောခန်းသခင်လီ က အရမ်းကို အလုပ်များနေတယ်။ ဒီတော့ အခြား တစ်ယောက်ကို လုပ်ခိုင်း ရမယ်"
"ဒါဆိုရင် ကျိုးဒူဒူ ကို အကြံပေးချင်တယ်။ သူက ထောင်ထဲမှာနေခဲ့တာ ဆိုတော့ အကျဉ်းထောင်ကို ပိုပြီး နှံ့စပ်တယ်။ ဒီနေရာကြီးတစ်ခုလုံးကို တာဝန်ယူနိုင်လိမ့်မယ်"
စနစ်က သုံးသပ်လိုက်သည်။ "ဒီကောင်က နောက်ဆုံးတော့ အသုံးဝင်ခဲ့ပြီပဲ..."
ကောင်းကင်အဆင့် အကျဉ်းထောင် အထဲမှာတော့ ကျိုးဒူဒူ သည် စနစ်မှ သူ့အား သနားနေသည်ကို လုံးဝ မသိချေ။ သူသည် ခြေချိတ်ထိုင်ပြီး ပါးစပ်ထဲတွင်လည်း တုတ်တစ်ချောင်းကို ကိုက်ထား၏။
တစ်ခါတစ်ရံတွင်လည်း မျက်လုံးကို မှိတ်၍ မေးစေ့ကို ပွတ်သပ်သည်။ သူသည် တစ်စုံတစ်ခုကို အလေးအနက် စဉ်းစားနေဟန်တူသည်။
မြေပေါ်တွင်တော့ ပုံကျမ်းတစ်ခုကို ရေးဆွဲထား၏။ ဤအရာသည် သူဆောက်လုပ်ရန် ကြံရွယ်ထားသော အကျဉ်းထောင် ပုံစံ ဖြစ်၏။
ပုံတွင် အဆင့် သုံးဆင့် ခွဲခြားထား၏။ ထိပ်ပိုင်း ၊အလယ်အလတ်နှင့် အောက်ခြေတို့ပင် ဖြစ်၏။ သို့ပေမဲ့ ဤ ပုံကျမ်းသည် လက်ရှိ အကျဉ်းသားအရေအတွက်နှင့် နှိုင်းယှဉ်၍ မရချေ။ ထိုကြောင့် သူသည် နောက်ထပ် ခြောက်ထပ်ကို ထပ်ထည့်ရန် စီစဉ် ထားပြီး အထပ်ကြီး ကိုးထပ် အဖြစ် ဖန်တီးရန် စီစဉ်ထားသည်။
ပုံကြမ်းကို ရေးဆွဲသည့် အခါမျိုး၌ ကျိုးဒူဒူအား လီချင်းယန်နှင့် နှိုင်းယှဉ်၍တော့ မရနိုင်ချေ။ ထို့အပြင် သူ၏ အရည်အသွေးနှင့် ပါရမီသည် အကန့်အသတ်နှင့် တည်ရှိနေ၏။
သို့ပေမဲ့ သူ၏ စိတ်ထဲတွင် ရှိနေသော အကြောင်းအရာများကို ယေဘုယျအားဖြင့် ထုတ်ဖော်ကာ ရေးဆွဲနိုင်စွမ်း တော့ ရှိသည်။
တိုင်လုသည် တစ်ဖက်လူ ကိုယ့်သေတွင်းကိုယ် တူးနေသည်ကို မြင်ရချိန်မှာတော့ မည်သို့မျှ ရပ်၍ မကြည့်နိုင်တော့ချေ။ ထို့ကြာင့် ဘေးတွင် ရှိသော ကျောက်တုံးအား အသာယူ၍ သတိပေးသည့် အနေဖြင့် လှမ်းပေါက်လိုက်၏။
ဖျောက် …။
ကျိုးဒူဒူ သည် လက်ကို အသာမြောက်၍ ကျောက်တုံးကို လက်နှစ်ချောင်းဖြင့် ညပ်ကာ ဖမ်းလိုက်၏။ ပြီးသည့်နောက် ဝင့်ကြွားစွာ ပြောလိုက်သည်။ "ကျုပ်ကို အထင်သေးနေတာလား ။ ခင်ဗျားရဲ့ မရီဒန်တွေကို ပြန်ပြီး စည်းဖြေလိုက်ရင်တောင် ကျုပ်ကို ထိအောင် ပစ်နိုင်မှာ မဟုတ်ဘူး"
“………”
တိုင်လု၏ မျက်နှာပေါ်မှာတော့ အံ့အားသင့်မှုများနှင့် ပြည့်နှက်သွားလေတော့၏။