← Chapters

ငွေပေးချေပါ

Vol. 36 Ch. 531

ငွေပေးချေပါ

Vol. 36 Ch. 531

စခရင်။

မရေမတွက်နိုင်သော မက်ဆေ့များသည်ဖုန်းဖန်သားပြင်ပေါ်တွင်ချက်ချင်းပေါ်လာတော့သည်။

[ရှောင်ရှောင်: လီဟိုင်ယန်ရေ မင်းကိုယ်မင်းမိန်းကလေးဆိုတာလဲသတိရပါအုံး ။ 】

[ခရေစီ- ဟိုင်ယန်လေးစားနေတဲ့ပုံကအရမ်းကိုဆွဲဆောင်မှုရှိတာပဲ။ငါဟိုင်ယန်လေးကိုမှမရရင်ဘယ်သူ့ကိုမှလက်မထပ်တော့ဘူးကွာ 】

[ရန်နိုင်:ဟေ့အပေါ်က ကောင်မင်းစိတ်ကူးကိုလက်လျှော့လိုက်တော့ဟိုင်ယန်လေးကငါ့အပိုင်ပဲ 】

...

စခရင်ပေါ်ရှိမက်ဆေ့များကိုလီဟိုင်ယန်ကမသိပေ။အခုအချိန်တွင်နောက်ထပ်ဟင်းပွဲဖြစ်သောကျောက်ပုစွန်10ကောင်ကင်ဟင်းပွဲကအရသာရှိသောကြောင့်ခေါင်းမဖော်တန်းစားနေလေသည်။

တကယ်တန်းတွင်သူမသည်အရသာရှိသောကျောက်ပုစွန်များကိုစားရင်းတစ်ချို့တစ်လေများကိုအမှိုက်ပုံးထဲသို့ပစ်ချလိုက်လေသည်။(ဒါကပြောချင်တာကသူမကအများကြီးမစားနိုင်ပဲစားနိုင်တဲ့ပုံစံဖမ်းနေတာကိုပြောချင်တာပါ)

နောက်ဆုံးမှာတော့ကျောက်ပုစွန်ကင်များအားလုံးကိုစားလိုက်လေသည်။ ထို့အပြင်သူမသည်သူမ၏လက်ချောင်းများကိုလဲစုပ်နေသေးသည်။

ထိုနောက်တွင်10ပေါင်လေးသောကျောက်ပုစွမ်ကင်ကြီးများကိုထပ်လာချပေးလေသည်။

ကျောက်ပုဇွန်ကြီးကို သူမမြင်သောအခါ လီဟိုင်ယန်၏ မျက်လုံးများ ပြူးကျယ်လာပြီး “ဝိုး! အရမ်းကြီးတာပဲ!”

“မင်းတို့တွေ့လား။ကြည့်အုံးဒီကျောက်ပုစွန်ကအရမ်းကြီးတာပဲ။ငါဒီလိုကြီးတဲ့ကျောက်ပုစွန်ကိုအခုမှမြင်ဖူးတာ!”

“အိုဘုရားရေ!”

စကားပြောပြီးနောက်လီဟိုင်ယန်သည် ကျောက်ပုစွန်ကြီးကိုယူကာစားသောက်ပါတော့သည်။

“အရသာရှိလိုက်တာ”

“တစ်ကယ်အရသာရှိတယ်”

သူမသည်ဒီလိုပြောရင်းကင်မရာမမြင်ရတဲ့ နေရာတွင်ကျောက်ပုဇွန်အသားများကို အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်သည်။

ဒီကျောက်ပုစွန်ရဲ့အရသာက တကယ်ကိုကောင်းပါတယ်။သို့သော်သူမသည်m5အမဲသားကင်စားပီးကတည်းကဗိုက်ပြည့်နေပြီဖြစ်သည်။ထို့ကြောင့်သူမဒါတွေကိုဘယ်လိုစားနိုင်မှာလဲ။

မကြာမီတွင်စားပွဲပေါ်ရှိဟင်းပွဲတိုင်းသည်ပြောင်ရှင်းသွားတော့သည်။(ကုန်သွားတာကိုပြောချင်တာပါ)

သူမ ဗိုက်ကို ပွတ်လိုက်ပြီး “ကဲဗိုက်တော့ပြည့်ပြီ၊ ဒီနေ့ စားသောက်တဲ့ခရီးစဉ်ကတော့ဒီမှာပဲပြီးပါပြီ”

“နောက်တစ်ခေါက်မှတွေ့မယ် တွေ့မယ်နော် ဘိုင် ဘိုင်....”

[မိုမို: ဟိုင်ယန်၊ မင်းဘယ်လောက်ဖိုးတောင်စားလဲဆိုတာမပြတော့ဘူးလား။ 】

[ဝူဟန်: ဟိုင်ယန်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ငါကြည့်တိုင်း ဗိုက်အမြဲတမ်းဆာတယ်ကွာ။ 】

【အက်- ဟိုင်ယန်၊ ဘိုင်ဘိုင် 】

[ဒစ်ဖရန့််- ဟိုင်ယန်ဒီလိုများများစားနိုင်အောင်ငါတို့အကုန်လုံးနည်းနည်းချင်းစီထောက်ပံရအောင် 】

...

မကြာမီလူတိုင်းသည်သူမကိုဆုလာဘ်ဆောင်များထပ်မံပို့ပေးလေသည်။

ဒါကိုတွေ့တော့လီဟိုင်ယန် က ပြုံးပြီး ဆုလာဘ်ဆောင်ပေးသူများကို ကျေးဇူးတင်လိုက်လေသည်။

ခဏအကြာတွင် သူမသည် တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်သည်။

လီဟိုင်ယန်၏ မျက်နှာပေါ်ရှိ အပြုံးသည် လဲချက်ချင်းပျောက်သွားတော့သည်။ခုနကနဲ့ယှဉ်ရင်တစ်ခြားလူတစ်ဦးဖြစ်သွားသလိုပင်ဖြစ်သည်။

ထိုအချိန်တွင် ခုနကစားပွဲထိုးမိန်းကလေးသည် အဆာပြေစာအနည်းငယ်ကိုသယ်လျက် ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။

သူမက ပြုံးပြီး “ဟယ်လို၊ဒါကငါတို့ စားသောက်ဆိုင်မှာရှိတဲ့သရောစာတွေပါ။မဒမ် ကြိုက်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောလိုက်သည်။

လီဟိုင်ယန်သည် အဆာပြေမုန့်များကို တစ်ချက်ကြည့်လိုက်ပြီး “ကောင်းပြီ” ဟု ဂရုမစိုက်ဘဲ ပြောလိုက်သည်။

သူမသည် အဆာပြေယူကာ ထကာ အပြင်သို့ လမ်းလျှောက်ထွက်ဖို့လုပ်လိုက်တော့သည်။

လီဟိုင်ယန်သည် ဆိုင်ထဲမှ ထွက်သွားဖို့လုပ်နေသည်ကို့မြင်လိုက်ရသောအခါ စားပွဲထိုးမိန်းကလေးသည် ခဏတာ ကြောင်သွားသည်။

“ဒီ... ဒီကဧည့်သည်၊ မင်း ငွေပေးချေဖို့ မေ့သွားပုံရတယ်” လို့ ပြောလိုက်လေသည်။

“ငွေပေးချေတာလား?” လီဟိုင်ယန်က ရယ်စရာကောင်းတဲ့စကားကြားလိုက်ရတဲ့လေသံဖြင့်ပြောလိုက်လေသည်။

“မင်းငါ့ကို ငွေရှင်းခိုင်းနေတာလား” လီဟိုင်ယန်က မယုံကြည်နိုင်စွာ ပြောလိုက်သည် ။

သူမပြောသောစကားကြောင့်စားပွဲထိုးမိန်းကလေးသည် နည်းနည်းတော့ လန့်သွားလေသည်။

စားပြီးတော့ငွေရှင်းတာ... ဒါက ကျိုးကြောင်းဆီလျော်တဲ့ ကိစ္စမဟုတ်ဘူးလား။

ထို့အပြင် သူမသည် ဤအစားအစာအတွက် ငွေများစွာသုံးစွဲခဲ့သည်။(သူမစားထားတာတွေကရှင်းရင်ပိုက်ဆံအရမ်းများတယ်ပြောချင်တာပါ)

ဒါကိုတွေးရင်း စားပွဲထိုးမိန်းကလေးကခေါင်းညိတ်ပြလိုက်သည်။

ဒါကိုတွေ့တော့လီဟိုင်ယန်သည် ချက်ချင်းပင် ဒေါသထွက်ကာ ကျယ်လောင်စွာ ကျိန်ဆဲလိုက်သည်။

“မင်းမျက်လုံးတွေနဲ့ငါဘယ်သူလဲဆိုတာသေချာကြည့်အုံး!”

“ငါဘယ်သူလဲဆိုတာ မင်းသိလား။ ငါက လီဟိုင်ယန်၊ အစားအသောက်ဘလော့ကာတစ်ယောက်။ ငါ့မှာ ပရိသတ် 3 သန်းကျော်ရှိတယ်”

“မင်းရဲ့ စားသောက်ဆိုင်မှာ စားပြီး တိုက်ရိုက်ထုတ်လွှင့်နေတာ၊ ဒါက မင်းတို့ကိုလူအများကြီးလာအောင်ငါလုပ်ပေးထားတာ’’

“ငါကနင်တို့ကို ပိုက်ဆံတောင်မတောင်းရသေးဘူး၊နင်တို့ကငါ့ကို ပိုက်ဆံပေးခိုင်းသေးတာလား”

စားပွဲထိုးမိန်းကလေးသည် တစ်ဖက်လူက သူမအား ရုတ်တရက် အော်ငေါက်လိမ့်မည်ဟု ဘယ်သောအခါမှ မမျှော်လင့်ထားသောကြောင့်သူမသည်ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။

သို့သော်သူမက “ဒါပေမယ့်... ဒါပေမယ့် မင်းကို အချိန်စားသောက်ဆိုင်က ဒီကို မဖိတ်ခဲ့ပါဘူး...”

“ကောင်းတယ်....။အခုငါ့စီနင်ရဲ့မန်နေဂျာကို ခေါ်လိုက်ပါ!”

လီဟိုင်ယန်၏အသံသည်အလွန်ကျယ်လောင်လေသည်။

ထို့ကြောင့်မလှမ်းမကမ်းတွင် အနောက်တိုင်းဝတ်စုံဝတ်ထားသော အထွေထွေမန်နေဂျာသည် ထိုအသံများကိုကြားပြီးနောက် ပြေးလာသည်။

သူသည်ယခုဘာတွေဖြစ်နေလဲသူမသိပေ။

သို့သော်လည်း သူက လီဟိုင်ယန်ကို အလွန်ဖော်ရွေသောလေသံဖြင့် “ဧည့်သည်၊ မင်းကို ဆိုးရွားတဲ့ ဝန်ဆောင်မှုတွေပေးမိတဲ့အတွက် တောင်းပန်ပါတယ်။ ငါက အချိန်စားသောက်ဆိုင်ရဲ့ အထွေထွေမန်နေဂျာ ကျောက်ရှန်ဝေ ပါ။”

ယခုအချိန်တွင် စားသောက်ဆိုင်တွင် ဖောက်သည်များစွာ ရှိနေသေးသည်။ သူများတွေကို မကောင်းတဲ့ အထင်အမြင်တွေ ဖြစ်သွားစေခဲ့ရင်ဒါက အရမ်းကိုဆိုးရွားတဲ့ကိစ္စပင်ဖြစ်သည်။

ကျောက်ရှန်ဝေ သည် အထွေထွေမန်နေဂျာဖြစ်ကြောင်း လီဟိုင်ယန်ကြားသောအခါ၊ သူမသည်သူ့ကို တစ်ချက်ကြည့်လိုက်သည်။

ထို့နောက် သူမက “အထွေထွေမန်နေဂျာ။ နင်အချိန်မီရောက်လာတာပဲ။ငါက ပရိသတ် 3 သန်းကျော်ရှိတဲ့ အစားအသောက်ဘလော့ကာ။ ငါ့နာမည်က လီဟိုင်ယန် “

“ဒီနေ့ငါဒီစားသောက်ဆိုင်ကိုအစားအသောက်တွေက ကောင်းမကောင်းလာစားကြည့်ပေးတာ။အဲ့လိုတိုက်ရိုက်ထုတ်လွှင့်တာကြောင့်နင်တို့စားသောက်ဆိုင်ကိုလူဘယ်လောက်တောင်လာမလဲသိလား”

“အဲ့လိုလုပ်ပေးထားတာတောင်။နင်တို့ရဲ့ စားပွဲထိုးမိန်းကလေးက ငါ့ကို ငွေရှင်းပေးဖို့ တောင်းဆိုနေတယ်”

“မင်းပြောကြည့်ဒါကရယ်စရာမကောင်းဘူးလား”

ကျောက်ရှန်ဝေက ပထမဆုံး တောင်းပန်ရင်း ပြုံးကာ” တောင်းပန်ပါတယ် တောင်းပန်ပါတယ်...”

ထို့နောက် သူသည် စားပွဲထိုးမိန်းကလေးအား “သူမ ဘယ်လိုအစားအစာတွေ မှာထားတာလဲ”

စားပွဲထိုးအမျိုးသမီးက “m5အမဲသားကင်ပွဲကြီး၊......ကျောက်ပုဇွန် ၁၀ ကောင်ကင်....” လို့ ပြောလိုက်သည်။

ကျောက်ရှန်ဝေသည် ဤစကားများကိုကြားသောအခါ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

သာမာန်ဟင်းတစ်ခွက်ဆိုရင် မေ့ထားလိုက်လို့ရလေသည်။

သို့သော် ဒီဟင်းပွဲတွေအားလုံးက သာမန်လူတွေမစားနိုင်တဲ့အထိဈေးကြီးလေသည်။

အထူးသဖြင့်... နောက်ဆုံးကျောက်ပုစွန် ၁၀ ကောင်ကင်က ယွမ်သောင်းနဲ့ချီပြီး ကုန်ကျလေသည်။

ကျောက်ရှန်ဝေသည် လီဟိုင်ယန်ကိုကြည့်ရင်းသူ့စိတ်ထဲတွင်လွန်ဆွဲနေတော့သည်။

ငါမရှင်းခိုင်းပဲနေရမလား?

ဘာပဲဖြစ်ဖြစ်တစ်ဖက်လူကပရိတ်သတ် 3 သန်းရှိသော ကြီးမားသောအစားအသောက်ဘလော့ကာဖြစ်သောကြောင့် သူမကို အလွယ်တကူ စိတ်အနှောင့်အယှက်မပေးစေချင်ပေ။

ဒါကိုစဉ်းစားရင်း နောက်ဆုံးတော့ ကျောက်ရှန်ဝေက အံကြိတ်ရင်း “မဒမ်ဟိုင်ယန်၊ တောင်းပန်ပါတယ်၊ ဒီစားပွဲထိုးက အသစ်ဖြစ်တာကြောင့်စည်းကမ်းတွေကို မသိဘူး...”

သို့သော်လည်း လီဟိုင်ယန်ကသူစကားမဆုံးခင်မှာပဲ “စည်းမျဥ်းတွေကို နားမလည်တာနဲ့ပဲပြီးသွားရောလား။ ဒီအတိုင်းပြီးသွားလို့ဘယ်ဖြစ်မလဲ”

“ကျွန်မကဆိုင်တစ်ဆိုင်မှာတိုက်ရိုက်ထုတ်လွှင့်ရင်အဲ့ဆိုင်ကယွမ် 200,000 ပေးရတယ်။ဒါကြောင့် မင်းငါ့ကို ယွမ် 200,000 ပေးရတယ်၊ ဒါပဲ”

ဒါကိုကြားတော့ကျောက်ရှန်ဝေမျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။

သူသည်ယွမ်သောင်းနဲ့ချီစားထားတာကိုရှင်းနိုင်သည်။သို့သော် တိုက်ရိုက်ထုတ်လွှင့်ကြေးအဖြစ်ယွမ်200,000 သည် သူတိုက်ရိုက်ဆုံးဖြတ်နိုင်သော အရာမဟုတ်ပေ။

All Chapters