← Chapters

ခြိမ်းခြောက်ခြင်း

Vol. 36 Ch. 532

ခြိမ်းခြောက်ခြင်း

Vol. 36 Ch. 532

ခဏအကြာတွင်ကျောက်ရှန်ဝေသည် “ဒါ... ဒါ မစ္စ ဟိုင်ယန် အခကြေးငွေပေးဖို့ကိုကျတော့နည်းနည်းဆွေးနွေးရအောင်”

လီဟိုင်ယန်၏ မျက်နှာသည် အေးစက်သွားကာ သူမက “ဆွေးနွေးဖို့ လိုသေးလို့လား? ငါလိုချင်တဲ့ပမာဏကိုပြောပြီးပြီလေ၊နင်တို့ဘက်ကအဲ့ဒါကိုပေးရုံပဲ!”

“ပြီးတော့သိအောင်တစ်ခုပြောပါရစေ။ကျွန်မတိုက်ရိုက်ထုတ်လွှင့်ပြီးပြီဆိုပေမဲ့ကျွန်မချန်နယ်မှာအကျဉ်းချုပ်ဗီဒီယိုကိုမတင်ရသေးဘူးနော်။”

“ငါသာနင်တို့စားသောက်ဆိုင်မှာစားလို့ဗိုက်အောင့်တာ၊ဝမ်းပျက်ဝမ်းလျှောဖြစ်တယ်လို့သာထည့်လိုက်ရင်နင်တို့စားသောက်ဆိုင်ဘာဖြစ်သွားမယ်ထင်လဲ”

လီဟိုင်ယန်၏ခြိမ်းခြောက်စကားကိုကြားသောအခါကျောက်ရှန်ဝေ၏ မျက်နှာတစ်ခုလုံးသည် ချက်ချင်းပင် ပျက်သွားလေသည်။

ယနေ့ခေတ်ကြီးသည်အင်တာနက်ခေတ်ဖြစ်သည်။

အကယ်၍သူမသာအဲ့လိုထည့်ပြီးတင်လိုက်ရင်သူတို့စားသောက်ဆိုင်၏ရှုံးဆုံးမှုသည်အတော်ကြီးသွားပေမည်။ကံမကောင်းပါကဒေဝါလီပင်ခံရနိုင်သည်ဆိုတာကိုကျောက်ရှန်ဝေကစဉ်းစားမိလိုက်လေသည်။

ကျောက်ရှန်ဝေသည် အချိန်စားသောက်ဆိုင်၏ အထွေထွေမန်နေဂျာဖြစ်သည်။

ယနေ့နံနက်တွင် အချိန်စားသောက်ဆိုင်၏ပိုင်ရှင်မှာပြောင်းလဲသွားပြီဖြစ်ကြောင်း သတင်းရရှိခဲ့ပါသည်။

ထို့ကြောင့်သူသည်ပိုင်ရှင်အသစ်ကိုသူ၏စွမ်းဆောင်ရည်ကဘယ်လောက်ကောင်းကြောင်းပြချင်နေလေသည်။

သို့သော်ယခုလိုကိစ္စမျိုးပေါ်လာမည်ဟုကျောက်ရှန်ဝေလည်းမထင်ထားချေ။အကယ်၍ဒီလိုသတင်းကိုပိုင်ရှင်အသစ်ကြားရင်သူ့ကိုဘယ်လိုထင်မလဲ။

သို့သော် ယွမ်200,000ဆိုတာကလည်းသူတတ်နိုင်တဲ့အတွင်းမရှိပေ။

ဒါ....

ကျောက်ရှန်ဝေသည်စဉ်းစားလေလေအကျပ်ရိုက်လေလေဖြစ်နေသည်။

သူ့ဘေးတွင် ရပ်နေသော စားပွဲထိုးမလေးသည်လဲလီဟိုင်ယန်၏ပြောစကားကိုကြားသောအခါအလွန်ဒေါသထွက်သွားလေသည်။

ထို့ကြောင့်သူမက ဒေါသတကြီးပြောလိုက်သည်- “အထွေထွေမန်နေဂျာ၊ သူ့ကိုဒီအတိုင်း လျစ်လျူရှုထားလိုက်ပါ၊သူ ကအမှန်ကိုအမှားလုပ်နိုင်မယ်လို့မယုံဘူး’’

လီဟိုင်ယန်က လှောင်ပြောင်သောလေသံဖြင့်”တကယ်လား။ မင်းတို့ဒီလိုလုပ်ချင်တာ သေချာပြီလား? ပြန်မစဉ်းစားတော့ဘူးလား”

ထိုအချိန်တွင် အဝေးမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။

“စဉ်းစားစရာမလိုဘူး”

ထို့နောက် အရပ်ရှည်ပြီးချောမောသော လူငယ်လေးသည် ဖြည်းညှင်းစွာ လျှောက်လာသည်။

သူကတော့ လင်းဖန်ပဲဖြစ်လေသည်။

လီဟိုင်ယန် သည် လင်းဖန်ကိုမြင်သောအခါ သူမသည်အနည်းငယ်စိတ်လှုပ်ရှားသွားလေသည်။

အထွေထွေမန်နေဂျာကျောက်ရှန်ဝေ ၏နှလုံးခုန်နှုန်းလဲချက်ချင်းမြန်သွားလေသည်။

သူဌေး!

၎င်းသည် အချိန်စားသောက်ဆိုင်၏ ပိုင်ရှင်အသစ် မဟုတ်ဘူးလား။

ကျောက်ရှန်ဝေသည်လင်းဖန်ထံအမြန်သွားကာဦးညွှတ်ပြီးအလွန်ရိုသေသော လေသံဖြင့် “မင်္ဂလာပါ မစ္စတာလင်း။”ဟုပြောလိုက်လေသည်။

လင်းဖန်က ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် လီဟိုင်ယန်အား “ပထမတစ်ချက်၊ မင်းစားထားတဲ့တန်ဖိုးကိုပေးရမယ်။ ဒုတိယအချက်အနေနဲ့ကငါရဲ့အချိန် စားသောက်ဆိုင်ကမင်းကိုတစ်ပြားမှပေးဖို့အစီစဉ်မရှိဘူး”

လီဟိုင်ယန်သည်အစားအသောက်ကိုကိုယ်မစားနိုင်ပဲမှာပြီးစာနိုင်သည့်ပုံစံဟန်ဆောင်ကာအမှိုက်ပုံထဲထည့်နေသည်ကလင်းဖန်က်ုအလွန်ဒေါသထွက်စေသည်။အဘယ်ကြောင့်ဆိုသော်သူမသည်အစားအစာများကိုဖြုန်းတီးနေသောကြောင့်ဖြစ်သည်။

ထို့ကြောင့် သူ့စကားတွင် ကရုဏာသက်မှုမရှိပေ။

...

လင်းဖန်ကြောင့်ရင်ခုန်နေသောလီဟိုင်ယန်သည်ထိုစကားကိုကြားသောအခါသူမ၏မျက်နှာသည် မည်းမှောင်သွားတော့သည်။

လူငယ်တစ်ယောက် ရုတ်တရက် ထွက်လာ ပြီး သူ့မကိုဒီလိုစကားပြောလိမ့်မယ်လို့ သူမ မမျှော်လင့်ထားပေ။

လင်းဖန် က ကျောက်ရှန်ဝေ ဘက်လှည့်ပြီး “မန်နေဂျာ ကျောက် မင်းဒါကိုဘယ်လိုသဘောထားလဲ”

ကျောက်ရှန်ဝေက ချက်ချင်းဆိုသလို “မစ္စတာလင်းရဲ့ သဘောထားက ကျွန်တော်တို့ စားသောက်ဆိုင်ရဲ့ သဘောထားပါပဲ”

ယခင်က ကျောက်ရှန်ဝေသည် ဤကိစ္စကို ကိုင်တွယ်ရန် ဘာလုပ်ရမှန်းမသိဖြစ်နေလေသည်။

ဒါပေမယ့် အခု လင်းဖန် က ဒီဆိုင်ရဲ့သူဌေးဖြစ်သည်။

ထို့ကြောင့်ရာအားလုံးက သူဌေးပေါ်မှာပဲမူတည်လေသည်။

လီဟိုင်ယန် က ဒေါသထွက်နေသောအပြုံးပြုံးလိုက်ပြီး “ကောင်းပြီလေဒါဆိုလဲ....”

ထို့နောက် သူမသည် ရုတ်တရက် ခေါင်းငုံ့ကာ မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး “အိုး၊ ဗိုက် ဗိုက်....က...”

စကားပြောနေရင်း လက်ကိုင်ဖုန်းကို ထုတ်ပြီးဗီဒီယိုရိုက်ထားဖို့ မမေ့ပေ။

လီဟိုင်ယန်က အလွန်နာကျင်သောပုံစံနဲ့ “အချိန်စာသောက်ဆိုင်ရဲ့အစားအသောက်ကိုစားပြီးတာတောင်မကြာသေးဘူးရုတ်တရက်ဘာလို့အရမ်းဗိုက်အောင့်လာရတာလဲ....”

သူစကားပြောနေစဉ်တွင် သူမသည် အမှန်တကယ်ဗိုက်အောင့်နေသကဲ့သို့ သူမ၏မျက်နှာတစ်ပြင်လုံးကို ဖျော့သွားစေရန် ဗီဒီယို၏အရောင်ကို ချိန်ညှိရန်လဲမမေ့ပေ။

လင်းဖန်က “ဟန်ဆောင်နေတာကို ရပ်လိုက်ပါ”

သို့သော် လီဟိုင်ယန်က နားမလည်ဟန်ဖြင့် “ဟန်ဆောင်... ဘာကိုဟန်ဆောင်နေတာလဲ”

သူမသည်ပိုနာကျင်သောပံဖြင့်”မင်းက... အချိန်စားသောက်ဆိုင်ရဲ့ဝန်ထမ်းဖြစ်ပုံရတယ် ဟုတ်တယ်မဟုတ်လား.. ကျေးဇူးပြုပြီး ငါ့ကို လူနာတင်ကားခေါ်ပေးနိုင်မလား”

“ကျေးဇူးပြု...”

ထို့နောက် သူမ၏ဖုန်းသည် ပြင်းထန်စွာ တုန်ခါသွားကာပြုတ်ကျသွားသလိုမျိုးလုပ်ကာဗီဒီယိုရိုက်ထားတာကိုအဆုံးသတ်လိုက်လေသည်။

ထိုနောက်သူမသည် ဖြည်းညှင်းစွာထလိုက်သည်။

လီဟိုင်ယန်သည်သူ့မရှေ့ကလူတွေက အကောင်းဆုံးရွေးချယ်မယ်လို့ ယုံကြည်တယ်။(သူမဖြစ်စေချင်တဲ့အတိုင်းကိုပြောတာပါ)

“ဒီဗီဒီယိုကို ငါ့ရဲ့ ဒွန်ရီအကောင့်မှာ တင်လိုက်ရင် ဘာဖြစ်မလဲ”

စကားပြောပြီးသောအခါတွင် သူမသည်မောက်မာသောပုံစံဖြင့်ဖြင့်လင်းဖန်တို့ကိုကြည့်နေလိုက်လေသည်။

လင်းဖန်က “တကယ်လား ဒါဆို တင်လိုက်လေငါ ရလဒ်ကို အရမ်းသိချင်နေပြီ”

လီဟိုင်ယန်က မျက်မှောင်ကြုတ်ပြီး ကျောက်ရှန်ဝေဘက်လှည့်ပြီး “မန်နေဂျာ ကျောက် မင်းလဲဒီလိုပဲလား”

ကျောက်ရှန်ဝေက လင်းဖန်ကို စိုက်ကြည့်ကာ “ငါတို့အားလုံးကမစ္စတာလင်းဘာပြောပြောသူပြောတဲ့အတိုင်းနားထောင်ဖို့အဆင်သင့်ပဲ” လို့ပြောလိုက်သည်။

“ကောင်းပြီလေ၊ ဒါဆိုလဲနောင်တမရနဲ့” လီဟိုင်ယန်ကပြောလိုက်သည်။

ထို့နောက် ဗီဒီယိုကို တည်းဖြတ်ပြီး ပြုပြင်မွမ်းမံပြီးနောက် ၎င်းကို သူမ၏ ဒွန်ရီအကောင့်တွင်တင်လိုက်သည်။

လင်းဖန်သည် သူ့လက်ကိုင်ဖုန်းကို ထုတ်ကာ လက်တာဥက္ကဌ ကျောက်ဒန်မင်၏ ဖုန်းနံပါတ်ကို ရှာကာ တိုက်ရိုက်ဖုန်းခေါ်ဆိုလိုက်သည်။

မကြာသေးမီက လင်းဖန်သည် ဝင်ရောက်ပြီး လက်တာ၏ ရှယ်ယာ 5% ကို ရရှီခဲ့သည်။

5% က သိပ်ပြီးများပုံမပေါ်ပေမယ့် လင်းဖန် သည်လက်တာ၏တတိယအကြီးဆုံးရှယ်ယာရှင်ဖြစ်သည်။

သူဘာလို့ဖုန်းဆက်ရတာလဲဆိုရင်လက်တာသည်ဒွန်ရီကိုဖန်တီးထားသောကြောင့်ဖြစ်သည်။

ခဏအကြာတွင် ဖုန်းထဲကနေကျောက်ဒန်မင် ၏ အလွန်လေးစားသော အသံထွက်ပေါ်လာသည်။

“မစ္စတာလင်း၊ မင်္ဂလာနေ့ခင်းပါ။မနက်အစောကြီးကတည်းကမင်းအကြောင်းတွေးနေတာ၊ မင်းဘာလို့ငါ့ကို ဖုန်းခေါ်တာလဲ’’

ကျောက်ဒန်မင်၏ယခုစကားကိုသူများတွေကြားရင်အံ့သြလွန်းလို့သေတောင်သေ သွားနိုင်သည်။ဘာလို့ဆိုကျောက်ဒန်မင်သည်ဒီလိုမြောက်ပင့်စကားမျိုးကိုပြောတယ်လို့တစ်ခါမှမကြားဖူးလို့ပင်ဖြစ်သည်။

ကျောက်ဒန်မင်သည် လက်တာကဲ့သို့သော ကုမ္ပဏီကြီးတစ်ခုကို ဖန်တီးနိုင်ခဲ့သည်။

သာမာန်လူတစ်ယောက်သာဖြစ်ခဲ့ရင် ကျောက်ဒန်မင် ဟာ ဒီလောက်မြောက်ပင့်နေမှာမဟုတ်ပေ။

ပထမအချက်လင်းဖန်သည် လက်တာ ၏ တတိယအကြီးဆုံးရှယ်ယာရှင်ဖြစ်သည်။

ဒုတိယအနေနှင့်၊ လင်းဖန်သည် ပန်ကူဂရုနှင့် အဲဂရုတို့၏ရှယ်ယာများကိုဝယ်ယူခဲ့ကြောင်း သိရှိခဲ့ပြီး ယခုအခါ ၎င်းသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင်ဂရုတစ်ခုစီတွင်သူ၏ရှယ်ယာသည် 80% သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သူသိသည်။

ပန်ကူဂရု နှင့် အဲဂရု တို့၏ရှယ်ယာ 80% ကို ရယူထားနိုင်သည်။

ဒါဆိုသူရဲ့လက်တာကိုလဲထိုအတိုင်းပြုလုပ်နိုင်သည်ဟုဆိုလိုတာမဟုတ်ပေဘူးလား။

လင်းဖန်သည် တုနှိုင်းမရသောခွန်အားတွေ ပိုင်ဆိုင်ထားကြောင်း ကျောက်ဒန်မင် နားလည်ခဲ့ပြီး၊လင်းဖန်သည် သူ စော်ကားဖို့ ဘယ်တော့မှ မတတ်နိုင်တဲ့သူတစ်ယောက်အဖြစ်ခေါင်းထဲထည့်ထားလိုက်တော့သည်။

လင်းဖန်သည် ကျောက်ဒန်မင်၏မြှောက်ပင့်ပြောဆိုမှုကို ဂရုမစိုက်ဘဲ တိုက်ရိုက်ပြောလိုက် သည် “မစ္စတာကျောက် ငါအခုပြောစရာရှိလို့ပြောလို့ရမလား”

ကျောက်ဒန်မင်၏ နှလုံးခုန်သံသည်ချက်ချင်းမြင့်သွားကာ”မစ္စတာလင်း၊ ငါ့ကို ပြောစရာရှိတာသာပြောပါ” ဟု ကမန်းကတန်း ပြောလိုက်သည်။

All Chapters