← Chapters

ပြစ်ဒဏ်ပေးခြင်း

Vol. 36 Ch. 533

ပြစ်ဒဏ်ပေးခြင်း

Vol. 36 Ch. 533

ကျောက်ဒန်မင်သည် ယခုအခါစိတ်လှုပ်ရှားကာ တုန်လှုပ်နေသည်။

လင်းဖန်က သူ့စီကနေအကူအညီတောင်းခဲလေသည်။ ဒါကြောင့်ဒီအချိန်ကသူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို နီးကပ်လာစေဖို့ သေချာပေါက် အချိန်ကောင်းပင်ဖြစ်သည်။

လင်းဖန် လိုမျိုး အကောင်ကြီးကြီးတစ်ယောက်အတွက် သူကိုယ်တိုင်အကူအညီတောင်းတဲ့ကိစ္စဆိုတာက အသေးအဖွဲ့မဟုတ်တာ သေချာသည်။

အကယ်၍ ဒါကိုသူကိုယ်တိုင်ဖြေရှင်းဖို့နည်းလမ်းမရှိရင်ဘာလုပ်ရမလဲ.....။

လင်းဖန် က “မင်းရဲ့ဒွန်ရီမှာ လီဟိုင်ယန််လို့ အမည်ပေးထားတဲ့အစားအသောက်ဘလော့ကာတစ်ယောက်ရှိတယ်၊ သူမကငါ့ရဲ့အချိန်စားသောက်ဆိုင်ကို မဟုတ်မမှန်တဲ့သတင်းတွေတင်ထားတယ်၊ ဒါကြောင့်သူမအကောင့်ကို ပိတ်ဖို့ ကူညီပေးပါအုံး။”

ကျောက်ဒန်မင်အနည်းငယ် ျကြာင်သွားသည်။

အစားသောက်ဘလော့ကာအကောင့်ကိုပိတ်တာလား။

ဒါကဒီလောက်ရိုးရှင်းတာလား။

ခဏအကြာတွင် ကျောက်ဒန်မင်သည် လင်းဖန်မှ စကားဆက်မပြောတော့သည်ကို တွေ့လိုက်ရသောအခါသူကချက်ချင်းဆိုသလိုပင် “မင်းရဲ့ စားသောက်ဆိုင်ကို မဟုတ်မမှန်သတင်းတင်ဖို့ဒီအစားအသောက်ဘလော့ကာ က သတ္တိရှိလိုက်တာ!”

“ငါ သူ့ကို အခုပဲသူ့အကောင့်ကိုပိတ်လိုက်မယ်”

လင်းဖန် က “ကောင်းပြီ။”

ခေတ္တနားပြီးနောက် သူက “ဒါ့အပြင် နောက်မှ ဗွီဒီယိုတစ်ခု ပို့ပေးလိုက်မယ်၊ အဲဒါကို ကြော်ငြာပေးဖို့ကူညီပေးပါအုံး’’

“ဟုတ်ကဲ့ မစ္စတာလင်း!” ကျောက်ဒန်မင် က ပြောသည်။

သူ့ဘေးမှာရပ်နေတဲ့လီဟိုင်ယန်သည်လင်းဖန်ပြောသောစကားများကိုအတိုင်းသားကြားနေရလေသည်။

သို့သော် သူမ လုံးဝ ဂရုမစိုက်။

အဲဒီအစား သူမကလှောင်ပြောင်သောလေသံဖြင့်”ငါ့အကောင့်ကိုပိတ်တာလား၊ ကောင်းပြီ၊ ဒါဆို လဲနင်ဖုန်းဆက်လိုက်တဲ့သူက်ုမြန်မြန်သွားပိတ်ဖို့အကြံပေးချင်တယ်” လို့ ပြောလိုက်သည်။

“မဟုတ်ရင် ဒီဗီဒီယို...က ငါ့ပရိသတ် သုံးသန်းလောက်ကနေအင်တာနက်တစ်ခွင်ပျံ့နှံ့သွားမှာကို ငါကြောက်တယ် ဟာဟာဟ!”

“ဒင်းဒေါင်!”

ထိုအချိန်တွင် လီဟိုင်ယန်၏ ဆဲလ်ဖုန်း အနည်းငယ် တုန်ခါသွားသည်။

သူမ ဖုန်းကို ကောက်ကိုင်လိုက်ပြီး ပေါ့ပေါ့ပါးပါး ကြည့်လိုက်သည်။

နောက်အခိုက်အတန့်…

လီဟိုင်ယန်၏ မျက်လုံးများပြူးကျယ်သွားလေသည်။

အကြောင်းမှာ၊ သူမ၏ ဒွန်ရီအကောင့် တွင် မက်ဆေ့ချ်တစ်ခု ပေါ်လာသောကြောင့်ထြစ်သည်။ သင့်အကောင့်သည် သက်ဆိုင်ရာ စည်းမျဉ်းများကို ချိုးဖောက်သည့်အတွက်သင့်အကောင့်ကိုအခုကစပြီး အပြီးအပိုင် ပိတ်ပင်ထားပြီး ဗီဒီယိုအားလုံးကိုလဲ ဖယ်ရှားမည်ဖြစ်သည်။

ထို့နောက် သူမသည် ဒွန်ရီအက်ပီကေးရှင်းသို့ အမြန်သွားလိုက်သည်။

သို့သော်ချက်ချင်းပင်၊ စာတစ်ခု ပေါ်လာသည်- ဆောရီးပါ၊ သင့်အကောင့်ကို ပိတ်ပင်ထားသောကြောင့်အသုံးမပြုနိုင်ပါ။

ထိုစာကိုတွေ့သောအခါသူမသည်သူမ၏အကောင့်အမှန်တစ်ကယ်ပိတ်ပင်လိုက်တယ်ဆိုတာကိုသိလိုက်လေသည်။

ဤအကောင့်အတွက် လီဟိုင်ယန်သည် ကြော်ငြာရန်ငွေအမြောက်အမြားရင်းနှီးမြှုပ်နှံခဲ့သည်။

သူမသည်ပရိသတ် 3 သန်း စုဆောင်းဖို့ အများကြီး ကြိုးစားခဲ့ရလေသည်။ဒါပေမဲ့အခု တော့မရှိတော့ဘူးလား?

ဒါဆိုသူမရင်းနှီးမြုပ်နှံထားတဲ့ငွေက ပြန်မရနိုင်တဲ့သဘောမဟုတ်ဘူးလား? !

မဟုတ်ဘူး!

မဟုတ်ဘူး!

ငါစည်းမျဥ်းစည်းကမ်းကို မချိုးဖောက်ခဲ့ပါဘူး။

သူမသည် ဒွန်ရီ၏ကောစင်တာနံပါတ်ကို အလျင်အမြန်ခေါ်လိုက်သည်။

“ဟယ်လို ဒွန်ရီကပါ ငါဘာများဝန်ဆောင်မှုပေးရမလဲ”

ဖုန်းခေါ်ပြီးနောက်ချက်ချင်းပဲဖုန်းအတွင်း မှ အလွန်သာယာသော အသံတစ်ခု ထွက်ပေါ်လာသည်။

လီဟိုင်ယန်က “ကျွန်မကလီဟိုင်ယန် ပါ၊ ဒွန်ရီအိုင်ဒီကဟိုင်ယန်ပါ၊ ဘာကြောင့် ကျွန်မအကောင့်ကို ပိတ်ပင်တာလဲ။ပြီးတော့လဲအကောင့်မှာတင်ထားတဲ့ ဗီဒီယိုတွေအားလုံးကိုလဲဖယ်ရှားလိုက်တယ်။ ဒါက ငါ့အတွက်ဆုံးရှုံးမှု ဘယ်လောက်ရှိမယ်ဆိုတာ သိလား။ မြန်မြန်ငါ့အျကာင့်ကိုပြန်ဖွင့်ပေးပါ”

သူမ ပါးစပ်ကို ဖွင့်လိုက်သည်နှင့် ကျယ်လောင်သောအသံဖြင့်အဆက်မပြတ်ပြောလေ သည်။

ဖုန်းထဲက ဒွန်ရီ၏အမျိုးသမီးက အနည်းငယ် မျက်မှောင်ကြုတ်သွားသည် ။

အမျိုးသမီးက အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် သူမ၏စိတ်ထဲတွင် မကျေနပ်မှုများကို မျိုသိပ်ထားလိုက်သည်။

ထို့နောက် လက်များသည် ကီးဘုတ်ကို လျင်မြန်စွာ နှိပ်တိုက်သည်။

များမကြာမီတွင်၊ ဟိုင်ယန်နှင့်ပတ်သက်သည့် သက်ဆိုင်ရာအချက်အလက်များကို သူမတွေ့ရှိခဲ့သည်။

၎င်းတွင် မှတ်ချက်တစ်ကြောင်းတည်းသာ ရှိသည်- သက်ဆိုင်ရာ စည်းမျဉ်းများကို ချိုးဖောက်ခြင်း၊ အပြီးပိတ်ပင်ခြင်း ကျောက်ဒန်မင်။

ဒါကိုကြည့်ရင်း..

အမျိုးသမီး ၏ မျက်လုံးများပြူးကျယ်သွားခဲ့သည်။

ကျောက်ဒန်မင် က ဘယ်သူလဲ။

ဒွန်ရီ၏ ဖန်တီးသူဖြစ်သည်။

သူကိုယ်တိုင် ပိတ်ဆို့ထားတဲ့ အကောင့်မှာ ပရိတ်သတ် ၃ သန်းရှိတဲ့ မဆိုထားနဲ့၊ သန်းဆယ်ဂဏန်း ဒါမှမဟုတ် သန်းရာဂဏန်းရှိတဲ့ ကျောက်ဆူးကြီး(ဆယ်လီလိုမျိုးကိုပြောတာပါ)တွေဆိုတောင်မှ ပြန်ဖွင့်ပေးဖို့ဆိုတာကလုံးဝ မဖြစ်နိုင်ပေ။

ထို့အပြင် ဥက္ကဋ္ဌကျောက်ကို စော်ကားခြင်းကြောင့် တစ်ဖက်ပါတီက ပိတ်ဆို့ခံရခြင်း ဖြစ်နိုင်သည်။

ဒါကိုစဉ်းစားလိုက်တော့ အမျိုးသမီးကအေးစက်သောလေသံဖြင့်”ဆောရီးပါ၊သင့်အကောင့်သည် သက်ဆိုင်ရာ စည်းမျဉ်းများကို ချိုးဖောက်တာကြောင့်အပြီးပိတ်ပင်ခြင်းကိုခံရတာဖြစ်ပါတယ်။နှုတ်ဆက်ပါတယ်မဒမ်”

စကားပြီးနောက်သူမသည်တိုက်ရိုက်ဖုန်းချလိုက်သည်။

လီဟိုင်ယန်သည် ကောစင်တာကဒီလိုဖုန်းကို တိုက်ရိုက်ဖုန်းချမည်ဟု မမျှော်လင့်ထားပေ။

“မင်း ငါ့ဖုန်းကို ဘယ်လိုတောင်ချရဲတာလဲ။”

ထို့နောက် သူမသည် ထပ်ပြီးဒွန်ရီကောစင်တာ၏ နံပါတ်ကို ထပ်မံခေါ်ဆိုခဲ့သည်။

ဒီတစ်ခါတော့ အမျိုးသား ကိုင်လေသည်။

လီဟိုင်ယန် ၏အကောင့်ကိုမြင်သောအခါ သူ၏သဘောထားသည်လဲယခင်အမျိုးသမီးနှင့် အတူတူပင်ဖြစ်သည်။

စည်းကမ်းဖောက်ဖျက်သည်ဟုသာ ပြောပြီး ဖုန်းချလိုက်သည်။

ဒွန်ရီကောစင်တာကိုဆက်တိုက်ခေါ်ပြီးနောက်သူမကိုအကုန်လုံးကအတူတူပင်ပြောကြလေသည်။ထို့ကြောင့်လီဟိုင်ယန်က ပိုစိတ်ဆိုးသွားသည် ။

သူမက “မင်းငါ့အကောင့်ကို ပိတ်ပင်တာလား။ ကောင်းပြီလေဒါဆိုလဲငါတခြားအကောင့်ဖွင့်ပြီးဒါတွေအားလုံးကို တင််မယ်”

ဒါကြောင့် သူမသည်အကောင့်ကိုမြန်မြန်ဖွင့်လိုက်သည်။

သို့သော် သူမအကောင့်ဝင်ပြီးသောအခါတွင် ဗီဒီယိုစခရင်တစ်ခု ပေါ်လာသည်။

သာမာန်ဗီဒီယိုလေးဆိုရင်တော့ အဆင်ပြေပါတယ်။

လီဟိုင်ယန်ည် တိုက်ရိုက်ကျော်ရန် သေချာပေါက် ရွေးချယ်မည်ဖြစ်သည်။

သို့သော်…

ဤဗီဒီယိုထဲတွင်သူမပါနေလေသည်။

“ဒီ... မစ္စ၊ မင်း ငွေရှင်းဖို့ မေ့သွားပုံရတယ်။”

“ဘေလ်?”

“ငါဘယ်သူလဲဆိုတာ မင်းသိလား။ ငါက ဟိုင်ယန်၊ အစားအသောက်ဘလော့ကာတစ်ယောက်။ ငါ့မှာ ပရိသတ် 3 သန်းကျော်တောင်ရှိတယ်ဆိုတာနင်သိလား”

“မင်းရဲ့ စားသောက်ဆိုင်မှာ ငါစားပြီး တိုက်ရိုက်ထုတ်လွှင့်နေတာ၊ ဒါက မင်းတို့အစားသောက်ဆိုင်ကိုလူ ဘယ်လောက်တောင်လာမလဲ။”

“ဒါအတွက်ငါကနင်တို့ကို ပိုက်ဆံမတောင်းရသေးဘူး၊မင်းတို့ငါ့ကို ဘေလ်ဖိုးတောင်းဖို့မျက်နှာရှိသေးတာလား”

...

“ငါရဲ့ကြောငြာခက ယွမ် 200,000 ရှိတယ်။ မင်းက ငါ့ကို ယွမ် 200,000 ပေး ဒါပဲ”

...

“အိုး ငါ့ဗိုက်...”

“အချိန်စားသောက်ဆိုင်က.........”

ဗီဒီယိုစခရင်အောက်တွင် မှတ်ချက်ပေါင်း 100,000 နီးပါးရှိသည်။

[ခရစ်: သူမဟာ ဗီလိန်နေရာမှာသရုပ်ဆောင်ဖို့ အရမ်းသင့်တော်တယ်လို့ ငါထင်တယ်။ 】

[အက့်ဖ်: ဒါက ဟိုင်ယန်မလား။ အိုး ဘုရားရေ...သူမကဒီလိုဆိုတာမသိခဲ့ဘူး 】

[ဂျီဂျီ- သူမက အစားအသောက်အတွက် ပိုက်ဆံမပေးတဲ့အပြင်ကြောငြာခဆိုပြီးယွမ်၂၀၀,၀၀၀ ပေးဆောင်ခိုင်းတာလား။ ဒီမိန်းမစဉ်းစားဉဏ်မရှိတာလားပဲ! 】

[ဒရမ်ကော: ဟုတ်တယ်။ 】

[ဇီယန်: သူမသရုပ်ဆောင်ကောင်းလွန်းတယ်။ 】

[ခါမင်းရိုက်တာ- သူမအကောင့်က်ုပိတ့်ထားတာ မဆန်းပါဘူး၊ သူမကဒါနဲ့ပဲ ထိုက်တန်တယ်။ 】

...

ဒါကိုမြင်တော့ လီဟိုင်ယန်ရဲ့ မျက်လုံးတွေပြူးကျယ်သွားပြီးနဖူးပေါ်ကနေချွေးစက်များတောင်ထွက်လာလေသည်။

မှတ်ချက်များစွာကိုကြည့်ရင်း...

ပြီးပြီ၊ ပြီးသွားပြီ...

ထို့နောက် လီဟိုင်ယန်သည် တစ်ခုခုကို တွေးမိပုံရကာလင်းဖန်ကို ကြည့်လိုက်သည်။

အခုလေးတင်... လင်းဖန်ဖုန်းခေါ်ပြီးနောက် သူမအကောင့်ကိုပိတ်ပင်ပြီးထိုဗီဒီယိုသည်လဲအချိန်တိုအတွင်းလူပေါင်းများစွာစီပျံ့နှံ့သွားလေသည်။

သူပဲ။

သူပဲ။

သူပဲ !

All Chapters