အံ့သြခြင်း
Vol. 36 Ch. 534
လီဟိုင်ယန်သည်လင်းဖန်ကိုကြောက်လန့်တကြားနှင့်ကြည့်နေလေသည်။
ဖုန်းပြောရုံနဲ့သူမဘဝကိုချက်ချင်းဆုံးဖြတ်လိုက်တာလား???
သူက ဘယ်သူလဲ?
ထို့နောက်လီဟိုင်ယန် က “လင်း...မစ္စတာလင်းငါ တောင်းပန်ပါတယ်၊ ငါမှားသွားပါတယ်.....”
စကားပြောနေစဉ်တွင် သူမသည် လင်းဖန်စီသို့တိုးသွားလေသည်။
သို့သော် လင်းဖန်ကသူမကို စိုက်ကြည့်ကာ “ငါ့အနားကို မလာနဲ့!”ဟုပြောလိုက်သည်။
လင်းဖန်၏စကားကိုကြားသောအခါလီဟိုင်ယန်၏နှလုံးသည်တဖန်တုန်လှုပ်သွားကာချက်ချင်းပင်လင်းဖန်စီသို့သွားနေသောခြေလမ်းများကိုရပ်တန့်ပစ်လိုက်လေသည်။
လင်းဖန်က “တချို့အရာတွေကကိုယ်လုပ်ပြီးအဲ့အတွက်ခံနိုင်ရည်ရှိရမယ်လေ”
လီဟိုင်ယန်က ကမန်းကတန်းပြောလိုက်သည် “မစ္စတာလင်း၊ ငါတကယ်မှားသွားပြီ၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ.....”
လင်းဖန်သည် သူမ၏အသံကိုထပ်မကြားချင်တော့သောကြောင့်အေးစက်စွာပြောလိုက်သည်- “မင်းပြောနေတာရပ်လိုက်တော့မဟုတ်ရင်အခုထက်ပိုဆိုးသွားလိမ့်မယ်လို့အာမခံတယ်”
လီဟိုင်ယန်သည် ထိုစကားကိုကြားသောအခါ သူမသည်ဘာစကားမှထပ်မံပြောမထွက်တော့ပေ။
ဘာလို့လဲဆိုတော့ သူမကြောက်လို့ပင်ဖြစ်သည်။
သူမ ဆက်ပြောနေလျှင် အခုအခြေအနေထက်အဆပေါင်းများစွာဆိုးသွားမည်ဆိုသူမသိလေသည်။
ထိုအချိန်တွင် တံခါးဝမှ ခြေသံများထွက်ပေါ်လာသည်။
သက်လတ်ပိုင်း အမျိုးသမီး နှစ်ယောက်သည် ဖုန်းသုံးရင်းစားသောက်ဆိုင်ထဲသို့ဝင်လာလေသည်။
ထိုနှစ်ယောက်ထဲမှအမျိုးသမီးတစ်ဦးသည် လီဟိုင်ယန်ကိုမြင်သောအခါ သူမ အံ့အားသင့်သွားကာ “ကြည့်ကြည့်၊ ဒါကဒွန်ရီက ဟိုင်ယန်မဟုတ်လား?”
သူ့ဘေးနားက အမျိုးသမီးက “ဟုတ်တယ်၊သူမပဲ”
“ဒီလို အရှက်မဲ့တာကို လုပ်ထားတာတောင်အချိန်စားသောက်ဆိုင် မှာ ဆက်နေဝံ့သေးတာလား”
စကားပြောနေစဉ်တွင် ဖုန်းဖြင့်လီဟိုင်ယန်ကိုဓာတ်ပုံရိုက်ကြလေသည်။
လီဟိုင်ယန်သည်သူမတို့၏ ပြောစကားများကို ကြားလိုက်သောအခါတွင် မျက်နှာနီမြန်းသွားလေသည်။
ထို့ကြောင့်သူမသည်ဤနေရာတွင်ဆက်နေရန် ရည်ရွယ်ချက်မရှိတော့ပေ။
...
လင်းဖန်အတွက်လီဟိုင်ယန်၏ကိစ္စသည် အသေးအဖွဲမျှသာဖြစ်သည်။
အထွေထွေမန်နေဂျာ ကျောက်ရှန်ဝေ၏ စီစဉ်မှုအောက်တွင် လင်းဖန်သည် ဇိမ်ခံအခန်းထဲသို့ ရောက်လာပြီး အရသာရှိသော နေ့လယ်စာကို စားလိုက်လေသည်။
မူလက ကျောက်ရှန်ဝေ သည် အချိန်စားသောင်ဆိုင်၏ အခြေအနေကိုတင်ပြလိုခဲ့ပါသည်။
ဒါပေမယ့် လင်းဖန်သည်ထုံးစံအတိုင်းကို့ဘာသာကြည့်စီစဉ်ရန်ပြောကြားလိုက်လေသည်။
စားသောက်ပြီးနောက် လင်းဖန် သည် Cullinan(ကား)ဖြင့်အချိန်စားသောက်ဆိုင်မှထွက်လာခဲ့သည်။
မီးနီပြောင်းကာတွင်လင်းဖန်၏ ဆဲလ်ဖုန်းသည် အနည်းငယ် တုန်ခါသွားသည်။
12:00!
အနီရောင် စာအိတ်တွေ ပေါ်လာတော့သည်။
မီးနီနေကို အခွင့်ကောင်းယူပြီး လင်းဖန်သည်အနီရောင်စာအိတ်တွေကိုအမြန်နှိပ်လိုက်သည်။
“ဒင် ဂုဏ်ယူပါတယ် မင်း 1 ယွမ်ရရှိသည်။”
“ဒင်၊ ဂုဏ်ယူပါတယ် မင်း 9999 ယွမ်ကို ဆွတ်ခူးရရှိသည်။’’
...
“ဒင် ဂုဏ်ယူပါတယ် မင်း 88 ယွမ် ရရရှိသည်။’’
“ဒင်း ဂုဏ်ယူပါတယ်၊ မင်း 1 ဘီလီယံ ငါးမန်းဒင်္ဂါးပြား ရရှိသည်။”
...
“ဒင်! ဂုဏ်ယူပါတယ် မင်း စတာ့ကော်ဖီ ၏ရှယ်ယာ 10% ကို ရရှိသည်။’’
ယခုတစ်ကြိမ်အနီရောင်စာအိတ်ဖွင့်ရာတွင်လင်းဖန်သည် စုစုပေါင်း ယွမ် ၄၈,၉၉၁၊ ငါးမန်းဒင်္ဂါး ၁ ဘီလီယံနှင့် စတာ့ ကော်ဖီ၏ ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို ရရှိခဲ့သည်။
စတာ့ ကော်ဖီ၏ စျေးကွက်တန်ဖိုးသည် ယွမ် ၈၀၀ ဘီလီယံနီးပါးရှိသည်။
လင်းဖန်၏ ရှယ်ယာ 10% ကို ရတယ်ဆိုတာက ယွမ် 80 ဘီလီယံ ရခဲ့တာနဲ့အတူတူပင်ဖြစ်သည်။
လင်းဖန်အတွက်၊ ငွေသည် ကိန်းဂဏန်းများသာဖြစ်သည်။
သို့သော်လည်း သူက ကျေနပ်စွာ ခေါင်းညိတ်ပြီး “ဒီနေ့ရတာငွေကြီးပဲမဟုတ်ဘူးပဲ’’လို့ ပြောလိုက်သည်။
စကားပြောနေရင်းနဲ့ ဖုန်းကိုချပစ်ဖို့လုပ်လိုက်သည်။
သို့သော် ထိုအချိန်တွင် လင်းဖန်သည် ဒီဒီအက်ပီကေးရှင်းကနေအမှာစာကို မတော်တဆတွေ့မိသွားခဲ့သည်။
လင်းဖန်သည် အမှာကို ပယ်ဖျက်ရန် လုပ်တော့မည့်အချိန်တွင်.....
လင်းဖန်ကား၏ တံခါးသည် ပွင့်သွားကာအဖြူရောင် စကတ်တိုလေးနှင့် အမျိုးသမီးတစ်ဦး ဖြည်းညှင်းစွာ ဝင်လာလေသည်။
“ဒီကားက မိုက်တယ်” မိန်းကလေးကသဘောတကျမှတ်ချက်ပေးလိုက်လေသည်။
ထင်ရှားသည်မှာ၊ သူမသည် ဒီဒီအက်ပီကေးရှင်းတွင်အမှာစာတင်သောခရီးသည်ဖြစ်တယ်ဆိုတာပင်ဖြစ်သည်။
လင်းဖန်သည် သူမသွားမည့်ဦးတည်ရာကို တစ်ချက်ကြည့်ပြီးနော်၁၀ ကီလိုမီတာသာ ဝေးတယ်ဆိုတာကိုတွေ့လိုက်သည်။
ထို့ကြောင့်သူက’’ငါ အခုလုပ်စရာလဲမရှိဘူးဆိုတော့ ဟိုဟိုဒီဒီ ကားမောင်းတာပဲကောင်းတယ်’’ဟုတွေးလိုက်သည်။
ထို့ကြောင့် လင်းဖန်သည် အမှာကို မဖျက်တော့ပဲအမျိုးသမီးသွားလိုသောနေရာစီသို့မောင်းသွားလေသည်။
အမျိုးသမီးသည် ပြတင်းပေါက်အပြင်ဘက်တွင် လျင်မြန်စွာရွေ့လျားနေသော အဆောက်အဦများကို ကြည့်ပြီး “မြန်လိုက်တာ!”ဟုမနေနိုင်ပဲရေရွတ်လိုက်သည်။
ထို့နောက် ကားပတ်ပတ်လည်ကို ကြည့်ရန်လဲမမေ့ပေ။
“ဒီကားက ဘာကားလဲ BMW လား” အမျိုးသမီးက မေးလိုက်သည်။
သို့သော်လင်းဖန် မဖြေခင်မှာ အမျိုးသမီးက “! ဒါက Rolls-Royce(ကားတံဆိပ်)ဟုတ်လား။”
ထို့နောက် သူမသည်ကြယ်များလိုတောက်ပနေသောမျက်လုံးများဖြင့်လင်းဖန်ကိုကြည့်လိုက်လေသည်။
လင်းဖန်က်ုမြင်သောအခါသူမ၏မျက်လုံးသည်အရင်ကထက်တောက်ပလာခဲ့သည်။
အရမ်းချောတတာပဲ
မကြာမီပင်ထိုအမျိုးသမီး၏ချောမောလှပသောမျက်နှာတစ်ခုလုံးသည်နီရဲလာကာသူမ၏နှလုံးခုန်နှုန်းသည်လဲအနည်းငယ်အရှိန်မြန်လာခဲ့သည်။
ခဏကြာတော့ အမျိုးသမီးက “ကောင်ချောလေး၊ဒါ... မင်းငါ့ကို ဘယ်လိုထင်လဲ”
စကားပြောနေစဉ်တွင် သူမသည်သူမ၏ရင်ကိုကော့ကာခါးမတ်မတ်နေလိုက်လေသည်။
ထို့နောက် အမျိုးသမီးက သူ့ကိုယ်သူ မိတ်ဆက်လိုက်သည် “ကျွန်မနာမည်ကဆူဝမ်ပါ၊ အသက် ၂၀၊ အရပ် ၁၆၅စင်တီမိတာ၊ ကိုယ်အလေးချိန် ၈၀၊ ခန္ဓာကိုယ်အတိုင်းအတာက ၈၈၊ ၆၁၊ ၈၉။(ဘာကိုပြောလဲသိဘူးနော်😁)
“ကောင်ချောလေး မင်းနဲ့ဝီချက်အပ်လို့ရမလား”
ယာဉ်မောင်းထိုင်ခုံတွင် ထိုင်နေသော လင်းဖန်သည် သူ့မကိုပြောသောစကားများကိုနားထောင်ရင်ဘာမှပြန်မပြောနိုင်အောင်ကြောင်သွားလေသည်။
ဘာလဲကွာ?
ဝီချက်မအပ်ခင်ကိုယ့်ကိုမိတ်ဆက်တာကရတယ်လေ။ဒါပေမဲ့ခန္ဓာကိုယ်အတိုင်းတာပါပြောဖို့လိုအပ်လို့လားဟ။
လင်းဖန်သည် ဘရိတ်ကို နင်းကာ ကားကို တည်ငြိမ်စွာ ရပ်လိုက်သည်။(သူမသွားလိုတဲ့နေရာကိုရောက်သွားလို့ပါ)
“ ငါ့မှာ ရည်းစားရှိတယ်”
ဆူဝမ်သည် ထိုစကားကိုကြားသောအခါ ခေါင်းငုံကာ ကားအပြင်သို့ ဖြည်းညှင်းစွာ ထွက်သွားလိုက်သည်။
သူမ ကားပေါ်ကနေ ဆင်းပြီးနောက်တွင်သူမကပြတ်သားသောအမူအရာဖြင့် “ငါတို့ ဝီချက်အရင်အပ်လို့ရမလား...”
သို့သော် သူမအား တုံ့ပြန်သည်မှာအင်ဂျင်အ သံသာဖြစ်သည်။
ဆူဝမ်ည် အဝေးမှ Cullinan(ကား)ကိုလှမ်းကြည့်ကာ “ငါ စောစောက ပြောလိုက်သင့်တယ်” ဟု နောင်တရစွာရေရွတ်လိုက်သည်။
...
လင်းဖန်သည် Cullinan(ကား)ဖြင့်ချမ်ရီရီစီသို့သွားလေသည်။
သို့သော် ကံမကောင်းစွာနဲ့ပဲ ဒီနေ့ ချမ်ရီရီသည် တခြားနေရာကို သွားနေခဲ့သည်။
ထို့ကြောင့် လင်းဖန်သည်လဲအောက်သို့ အမြန်ပြန်ဆင်းလာခဲ့သည်။
ပထမထပ်တွင် စတာ့ကော်ဖီဆိုင်အမှတ်တမဲ့တွေ့လိုက်ရတော့သူသည် “ စတာ့ ကော်ဖီအရသာကို မြည်းစမ်းကြည့်လိုက်အုံးမယ်’’ လို့ ပြောလိုက်သည်။
ယခုဆိုလျှင် သူသည် စတာကော်ဖီ၏ ရှယ်ယာရှင်များထဲမှ တစ်ဦးဖြစ်သည်။
လင်းဖန်သည် ကော်ဖီမသောက်ရသေးသော်လည်း ဆိုင်၏ အတွင်းအပြင် အလှဆင်မှု နဲ့တင်လင်းဖန်အမှတ်၈၀ပေးလိုက်လေသည်။
ကော်ဖီသောက်ပြီးနောက် လင်းဖန်က “အရသာကတော့ ပျမ်းမျှပါပဲ..”
ဆိုင်ထဲရှိလူများကိုကြည့်ပြီး “ဒါက အများအားဖြင့် အလှဆင်မှုကြောင့်လား?”(ဆိုင်ကိုလာ တာကော်ဖီကြောင့်မဟုတ်ပဲအပြင်အဆင်ကြောင့်လို့ဆိုလိုတာပါ)
စတာ့ကော်ဖီဆိုင်တွင်စာအုပ်ဖတ်သူ၊ကွန်ပြူတာသုံးသူ၊ အသံတိုးတိုးနဲ့ အချင်းချင်းစကားပြောတဲ့သူတွေ ရှိလေသည်။
လင်းဖန်သည် မည်သည့်စာအုပ်၊ ကွန်ပြူတာမှ ယူဆောင်လာခြင်းမရှိ၊ အသိအကျွမ်းလဲမရှိသောကြောင့်စကားစမြည်ပြောရန် မလိုအပ်ပေ။
ထို့ကြောင့် သူ့လက်ကိုင်ဖုန်းကို ထုတ်လိုက်သည်။
ဤအချိန်တွင် သူသည် ငါးမန်းအက်ပီကေးရှင်း ကိုမြင်လိုက်ရပြီးနောက်တွင်သူသည်မဆိုင်းမတွပင်၊ ၎င်းကို တိုက်ရိုက်နှိပ်လိုက်သည်။
သိပ်မကြာခင်ကပဲ သူသည်ငါးမန်းဒင်္ဂါး1 ဘီလီယံ ရခဲ့သည်။ဒါကိုဒီအတိုင်းထားတာကတစ်ကယ့်ကိုဖြုန်းတီးမှုပင်ဖြစ်သည်။ထို့ကြောင့်သူသည် အဲဒါကို ဆုငွေအဖြစ် ပေးဖို့စဉ်းလိုက်သည်။
လင်းဖန်သည် ရှောင်ရှောင်၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို လျင်မြန်စွာ မြင်လိုက်ရသည်။
သူမှတ်မိသေးသည်... ထိုအချိန်တွင် သူ့အခန်းဖော်ကြောင့်သူသည် ရှောင်ရှောင်ကို အနည်းငယ်နှစ်သက်သောကြောင့်နောက်ပိုင်းတွင် ဆုအနည်းငယ်ပေးခဲ့သည်။
ထိုအချိန်တွင် ရှောင်ရှောင်သည် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် သီချင်းဆိုနေလေသည်။
လင်းဖန်သည် ရှောင်ရှောင်၏တိုက်ရိုက်ထုတ်လွှင့်မှုကို ပထမဆုံးအကြိမ်ကြည့်ရှုသောအခါတွင် သူမသည် ဤသီချင်းကိုလည်း သီဆိုခဲ့သည်ကို အမှတ်ရနေသေးသည်။
သို့သော် ထိုအချိန်က သူမ၏တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသည် လူကြိုက်များခြင်းမရှိပေ။
ယနေ့တွင် ရှောင်ရှောင် သည် ငါးမန်းတိုက်ရိုက်ထုတ်လွှင့်မှု ၏ အကျော်ကြားဆုံး ကျောက်ဆူး သုံးယောက်ထဲမှတစ်ယောက်ဖြစ်လာခဲ့သည်။
သို့သော် ဤအရာကြောင့်သူမသည် ဂုဏ်မောက်သွားဖြင်းမရှိပေ။
ယင်းကြောင့် လင်းဖန်သည် တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။
ထိုအချိန်တွင် သီချင်းသီဆိုနေသော ရှောင်ရှောင်အံ့သြ သွားတာကြောင့်သီချင်းဆိုနေတာကရပ်သွားလေသည်။
အဘယ်ကြောင့်ဆိုသော်၊ ရွှေရောင်သတိပေးချက်တစ်ခုသည်သူမ၏တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် ပေါ်လာသောကြောင့်ဖြစ်သည်။