← Chapters

ဆရာကြီးလုပ်ခြင်း

Vol. 36 Ch. 535

ဆရာကြီးလုပ်ခြင်း

Vol. 36 Ch. 535

တကယ်တော့...

ရှောင်ရှောင်တစ်ယောက်ထဲသာတိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် သတိပေးချက်ကို သတိပြုမိရုံသာမက။

ကြည့်ရှုသူအများအပြားလည်း သတိထားမိသည်။

[ကွတ်ကီး: ဖာ့! ငါအမြင်မှားတာလားဟ အလုပ်သမား(ဧကရာဇ်)ပေါ်လာတာကို ငါတကယ်မြင်နေတယ်ဟ။ 】

[ရေခဲမုန့်- အလုပ်သမား(ဧကရာဇ်)နောက်ဆုံးတော့ ပေါ်လာပြီဟ 】

[အဲ- တစ်ကယ်ကြီးပေါ်လာတာဟ 】

[စောင်း- အလုပ်သမား(ဧကရာဇ်) က နာမည်ကြီးလို့လား။ ဘာကြောင့် လူတော်တော်များများကသူ့အကြောင်းပြောကြတာလဲ။ 】

[ဖန်- အပေါ်က လူသစ်တစ်ယောက်ထင်တယ်။ ငါပြောပြမယ်dmလာခဲ့။ 】

[ဟိတင်း- ....ဧကရာဇ်က်ုကြ်ုဆိုပါတယ် 】

[ သစ်သား- ကျွန်တော်တစ်အိမ်လုံးကိုယ်စားအလုပ်သမား(ဧကရာဇ်)ကိုကြိုဆိုပါတယ်။ 】

[အချစ်- ငါလဲတစ်အိမ်လုံးကိုယ်စားတစ်ယောက်အလုပ်သမား(ဧကရာဇ်)ကိုကြိုဆိုပါတယ်။ 】

[မဒမ်- အလုပ်သမား(ဧကရာဇ်)ကိုကြိုဆိုပါတယ်။ 】

…………

လင်းဖန်သည် တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းကို မရောက်တာကြာပြီဖြစ်သည်။

သို့သော်၊ သူနှင့်ပတ်သက်သည့် ဒဏ္ဍာရီသည် တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းတွင် အမြဲရှိနေပါသည်။

လင်းဖန်သည်ဆုချီးမြှင့်ရန် နှိပ်လိုက်သည်။

ဒုံးပျံ၁။

ဒုံးပျံ၁၀။

ဒုံးပျံ၁၀၀။

ဒုံးပျံ ၅၀၀။

…………

မျက်စိတစ်မှိတ်အတွင်းမှာပင် မိုးရွာနေသကဲ့သို့ ဒုံးပျံများသည်တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းတစ်ခုလုံးကို ထူထပ်စွာ ဖုံးလွှမ်းသွားတော့သည်။

[ရှောင်ဘို: ဒုံးပျံ။ ဒုံးပျံတွေ အများကြီးပဲ 】

[အာလီ: အလုပ်သမား(ဧကရာဇ်) က ထပ်ပြီး ဆုချပြန်ပြီ။သူကငါ့ရဲ့ထာဝရအိုင်ဒေါပဲ 】

[ကျေက်ကျောက်: အလုပ်သမား(ဧကရာဇ်)ကတော့လုပ်ချလိုက်ပြန်ပြီ 】

[ဖော့: အလုပ်သမား (ဧကရာဇ်)ကအံ့မခန်းပဲ။ 】

…………

ထိုအချိန်တွင် ရှောင်ရှောင်သည် သတိပြန်ဝင်လာခဲ့သည်။

ထို့နောက်သူမက “ကျေးဇူးတင်ပါတယ် အလုပ်သမား(ဧကရာဇ်) “

[ဘတ့်မန်း-အလုပ်သမား(ဧကရာဇ်)အတွက်သီချင်းလေးတစ်ပုဒ်လောက်ဆိုပေးဖို့တောင်းဆိုပါတယ် 】

ရှောင်ရှောင်က “ကောင်းပြီ။”

ထို့နောက်သူမသည်လင်းဖန်အတွက်သီချင်းတစ်ပုဒ်ကိုစတင်သီဆိုတော့သည်။

...........

မကြာမီသီချင်းက ပြီးသွားလေသည်။

[အလုပ်သမား(ဧကရာဇ်) -ဒီသီချင်းကအရမ်းကောင်းတယ်။ 】

ထို့ကြောင့်သူသည်ထပ်မံဆုချတော့သည်။

ဒုံးပျံ၁၀ ခု။

ဒုံးပျံ၁၀၀။

ဒုံးပျံ၃၀၀။

500!

…………

တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းတွင် ဒုံးပျံများ ထူထပ်စွာ ပြည့်ကျပ်သွားတော့သည်။

[လက့်: အာ့........! အလုပ်သမား(ဧကရာဇ်)၊ ငါမင်းကိုချစ်တယ်။ 】

[ယူရန်: မိုက်လိုက်တာ! 】

[စနိုး- မိုက်တယ်လို့99999ခါကွာ! 】

…………

ရှောင်ရှောင်၏ တိုက်ရိုက်ထုတ်လွှင့်မှုသည်မကြာမီပင်အခြားကျောက်ဆူးများ၏ အာရုံစိုက်မှုကို ခံရတော့သည်။

[မိုမို: အိုး! အလုပ်သမား(ဧကရာဇ်)က ဒီရောက်နေတာပဲ။】

[ရှောင်အေ: အလုပ်သမား(ဧကရာဇ်)ငါမင်းကိုပြန်တွေ့ရတာအရမ်းပျော်တာပဲ 】

…………

သာမန်လူသာဆိုရင် သူမတို့ သိပ်စိတ်လှုပ်ရှားမှာ မဟုတ်ပေ။

သို့သော် သူမတို့သည် လင်ဖန်းကို ၎င်းတို့၏မျက်လုံးများဖြင့် မြင်ခဲ့ရပြီး လင်းဖန်သည် မည်မျှချောမောပြီး ကြောက်မက်ဖွယ်ကောင်းသော ပိုင်ဆိုင်မှုကို ပိုင်ဆိုင်ထားကြောင်းကို ကောင်းစွာသိသည်။

လင်းဖန်သည်မိုမို နှင့် ရှောင်အေ တို့၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို ဝင်ရောက်ခဲ့ပြီး ဒုံးပျံ ၁၀၀၀ ကို အသီးသီး ဆုချခဲ့သည်။

“ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်အလုပ်သမား(ဧကရာဇ်)!”

“ကျေးဇူးတင်ပါတယ်!”

မိုမိုနှင့် ရှောင်အေ တို့က စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။

လင်းဖန်က ဆုပေးပြီးပြီးချင်းမှာပဲ သူ့ဘေးနားက ငွေရောင်မျက်မှန်တပ်ထားတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားက သူ့ဖုန်းကိုပြည့်နေတယ်ဆိုတာကိုတွေလိုက်လေသည်။

လင်းဖန်သည် ဆုပေးစာရင်း၏ ထိပ်ဆုံးတွင် ရှိနေသည်ကို မြင်လိုက်ရသောအခါငွေရောင် မျက်မှန်တပ်ထားသည့် အမျိုးသားက “ဒီမယ် လူငယ်လေး၊ဒီကျောက်ဆူးကို မင်း ဘယ်လောက်ဆုချခဲ့တာလဲ”

လင်းဖန်က”တစ်သန်း” လို့ပြောလိုက်သည်။

ငွေရောင်မျက်မှန်တပ်ထားသည့် အမျိုးသားက ခေါင်းယမ်းကာ “တစ်ဖက်က ကျေးဇူးတင်တယ်ဆိုတဲ့စကားရဖို့အတွက်ဆုငွေ ၁ သန်းပေးတာလား။”

“လူငယ်လေးမင်းသိလား? သူမရဲ့ ချိုသာတဲ့အသံကို မကြည့်ပါနဲ့၊ တိုက်ရိုက်ထုတ်လွှင့်မှုမှာကျသူမကကြည့်လို့ကောင်းပေမယ့်၊ သူမကိုအပြင်မှာမင်းမြင်ဖူးလား၊သူမကဒီတိုက်ရိုက်ထုတ်လွှင့်မှုမှာသာမိန်းကလေး၊အပြင်မှာမိန်းကလေးမဟုတ်ရင်ဘယ်လိုလုပ်မလဲ။”

ငွေရောင်မျက်မှန်တပ်ထားသော အမျိုးသားသည်လူငယ်များကိုဆရာကြီးအထာဖြင့်ပြောရသည်ကိုနှစ်သက်လေသည်။မကြာမီထိုလူငယ်လေးသည်သူ့အမှားကိုသိကာကျေးဇူးတင်မယ်လို့ထင်နေလိုက်သည်။

လင်းဖန်က ပေါ့ပေါ့ပါးပါးနဲ့ “ငါကသူမကိုအပြင်မှာ တွေ့ဖူးတယ်”

ဤစကားကြောင့် ငွေရောင်မျက်မှန်တပ်ထားသော အမျိုးသားကိုအနည်းငယ်ကြောင်အသွားစေပေမဲ့သူရဲ့ဆရာကြီးလိုအထာဖန်းခြင်းကိုတော့မရပ်တန့်နိုင်ပေ။

ထို့ကြောင့်သူက

“အဲ့ဆိုလဲဟုတ်ပြီ။ဆုငွေ 1 သန်းလား? ပိုက်ဆံကို ဘယ်ကရလဲလို့ ငါမမေးပါဘူး။ ဒါပေမယ့် မင်း 1 သန်းရဖို့ ဘယ်လောက်တောင်ကြာအောင်စုရမလဲဆိုတာစဉ်းစားပြီးမှပေးသင့်မသင့်လုပ်သင့်တယ်”

လင်းဖန်က ခဏလောက်စဉ်းစားပြီး “တစ်သန်းကိုလား ငါတို့အခုပြောနေတာနဲ့တင်ငါ့ရဲ့ဝင်ငွေကတစ်သန်းမကရနေပြီ ‘’ လို့ပြောလိုက်သည်။

ဤစကားကိုလင်းဖန်သည် ချဲ့ကားပြောဆိုခြင်းမရှိပေ။

သိရန်……

ယခု လင်းဖန်သည် ပန်ကူဂရု နှင့် အဲဂရုတို့ ၏ ရှယ်ယာ 80% ကို ပိုင်ဆိုင်ထားသည်။ သူသည် ကာဗွန်အခြေခံ ချစ်ပ်များ၊စူပါဘက်ထရီများအတွက် မူပိုင်ခွင့်များအပြင် အခြားသော ကုမ္ပဏီကြီးများ၏ အမြတ်ဝေစုများကိုပါ ပိုင်ဆိုင်ထားသေးသည်။

ထို့ကြောင့်သူသည်တစ်လ လျှင် ဒေါ်လာဘီလီယံပေါင်းများစွာဝင်နေလေသည်။

ငွေရောင်မျက်မှန်တပ်ထားသောအမျိုးသားသည်ထိုစကားကိုကြားတော့ မရယ်ရပဲမနေနိုင်ချေ။

“လူငယ်လေးမင်းဟာသပြောတာကအရမ်းရီရတာပဲ’’

ထိုအချိန်တွင် လင်းဖန်၏ဖုန်းသည် အနည်းငယ်တုန်ခါသွားသည်။

“တရုတ်ဘဏ်မှ ယွမ် ၅၂၁၈ သန်း ရရှိသည်။ မှတ်ချက်- ဟွာအုပ်စုရဲ့မေလအတွက်အမြတ်ပါ”

ဒါကိုတွေ့တော့..

ငွေရောင်မျက်မှန်တပ်ထားသော အမျိုးသား၏ ခန္ဓာကိုယ်သည် အနည်းငယ် တောင့်တင်းသွားသည်။

ဤသည်မှာ တရုတ်ဘဏ်မှ တရားဝင် တစ်စောင်ဖြစ်ပြီး မက်ဆေ့ဂျ်အတုမဟုတ်ပေ။

5.2 ဘီလီယံ

ဟွာအုပ်စု ၏ မေလအမြတ်ဝေစု။

“ဒင်း!”

“တရုတ်ဘဏ်မှ ယွမ် ၁,၂၀၉ သန်းရရှိခဲ့သည်။ မှတ်ချက်- ရီဒီဂရု၏ မေလအမြတ်ပါ။”

ငွေရောင်မျက်မှန်တပ်ထားသော လူ၏ခန္ဓာကိုယ်သည် တောင့်တင်းသွားပြန်သည်။

1.2 ဘီလီယံ

ရီဒီဂရု၏ မေလအမြတ်ဝေစု။

“ဒင်း!”

“တရုတ်ဘဏ်မှ ယွမ် 2091.1 သန်း ရရှိသည်။ မှတ်ချက်-.... ၏ မေလအမြတ်ပါ”

ငွေရောင်မျက်မှန်တပ်ထားသော သူသည်လုံးဝအေးခဲသွားသည်။

2000000000!

အို ငါ့!

သူ့ရှေ့မှာ လူငယ်တစ်ယောက်ရဲ့ လက္ခဏာက ဘာလဲ။

သူကဘယ်လိုဖြစ်တည်မှုမျိုးကိုဆရာကြီးသွားလပ်နေတာလဲ။

ထိုအချိန်တွင် လင်းဖန်သည် ပြုံးကာ ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်သည်။

ဒါကိုတွေ့တော့ငွေရောင်မျက်မှန်တပ်ထားသော အမျိုးသား၏ မျက်နှာတစ်ခုလုံးသည် ချက်ချင်းပင် နီရဲလာလေသည်။

သူ့အမြင်အရ ဒါကသူ့ကိုလှောင်ပြောင်နေတာပင်ဖြစ်သည်။

လင်းဖန်စကားမပြောမီ ငွေရောင်မျက်မှန်တပ်ထားသည့် အမျိုးသားသည် ခေါင်းငုံ့ကာ အပြင်သို့ အမြန်ပြေးသွားခဲ့သည်။

ရှက်စရာ!

ရှက်စရာကောင်းလိုက်တာ

ဒါပေမယ့် ငွေရောင်မျက်မှန်တပ်ထားတဲ့သူ၏အထင်သည်မှားနေလေသည်။အဘယ့်ကြောင့်ဆိုသော်လင်းဖန်က သူ့ကိုလှောင်ပြောင်ဖို့ မရည်ရွယ်ထားလို့ပင်ဖြစ်သည်။

သူပြုံးရတဲ့အကြောင်းရင်းက သူ့စိတ်ထဲမှာ သတိပေးချက်တစ်ခု ထွက်ပေါ်လာသောကြောင့်ပင်ဖြစ်သည်။

【ဒင်း! ယွမ် 100 ဘီလီယံကျော်ရရှိခြင်း။လျှို့မစ်ရှင်ကို ပြီးအောင်လုပ်ပြီးခြင်း။ ဆုလတ်-ပလက်တီနမ်စာအိတ်5 ခုရရှိသည်။ 】

All Chapters