အိမ်ပြန်ခြင်း
Vol. 36 Ch. 536
ပလက်တီနမ် စာအိတ်။
လင်းဖန်သည် စတာ့ ကော်ဖီဆိုင်တွင် အကြာကြီးမနေဘဲ အပြင်ဘက်တွင် ရပ်ထားသည့် Cullinan(ကား)ဖြင့်ပန်းလုံဗီလာသို့ တိုက်ရိုက် မောင်းနှင်ခဲ့သည်။
သူသည်ဒီပလက်တီနမ်အနီရောင် 5 ထုပ်ကိုဖွင့်ဖို့ မစောင့်နိုင်တော့ပေ။
ပျော့ပျောင်းသော ဆိုဖာပေါ်တွင် ထိုင်ရင်း လင်းဖန်သည် ပလက်တီနမ် စာအိတ်ကို တိုက်ရိုက် အာရုံစိုက်လိုက်သည်။
“ပလက်တီနမ်စာအိတ်ကိုဖွင့်မယ်’’
【ဒင်း! ဂုဏ်ယူပါတယ် မင်း ယွမ် 9 သန်း ရသည်။ 】
“ငါ ပလက်တီနမ် အနီရောင် စာအိတ်ကို မဖွင့်တာကြာပြီလေဒါကို ဘာလို့ ဒီလို အမှိုက်တွေ ရတာလဲ” လင်းဖန်က ခေါင်းခါရင်းပြောလိုက်သည်။
【ဒင်း! ဂုဏ်ယူပါတယ်၊ မင်း နှစ်ထပ်ကူပွန်ကို ရရှိသည်။ 】
“ဒါကသိပ်မဆိုးပါဘူး “ လင်းဖန်က ညည်းညူလိုက်သည်။
【ဒင်း! ဂုဏ်ယူပါတယ် ၊ မင်း ယွမ် 5 သန်း လက်ခံရရှိသည်။ 】
“ပိုက်ဆံထပ်ရပြန်ပြီလား?” လင်းဖန်က ကူကယ်ရာမဲ့ပြောသည်။
【ဒင်း! ဂုဏ်ယူပါတယ်၊ ၁ ယွမ် ကတ်တစ်ကတ်ကို ရရှိသည်။ 】
“သန်း 100 ရဖို့ 1 ယွမ်သုံးရတာလား၊ ဒါလဲထပ်ပြီး......” လင်းဖန်က ပြောသည်။
【ဒင်း! ဂုဏ်ယူပါတယ် ၊ မင်း ယွမ် 5 သန်း လက်ခံရရှိသည်။ 】
ဒါကိုကြည့်ရင်းလင်းဖန် က “ဒီရက်ပိုင်း ငါကံကတော်တော်မကောင်းဖြစ်နေတာပဲ။ ပလက်တီနမ် အနီရောင် စာအိတ် ၅ လုံး ဖွင့်ပါတယ်။တစ်ခုမှကို အဆင်မပြေဘူး”
စကားပြောနေစဉ်တွင် သူသည်နှစ်ထပ်ကူပွန်ကို အာရုံစိုက်လိုက်သည်။
“လက်တာက မဆိုးဘူး။အဲ့မှာပဲသုံးလိုက်တော့မယ်”
【ဒင်း! ဂုဏ်ယူပါသည်၊ သင်သည် လက်တာမှာနှစ်ထပ်ကူပွန်ကို အောင်မြင်စွာ အသုံးပြုခဲ့ပြီး။ထို့ကြောင့် ယခု သင်သည်လက်တာ ၏ ရှယ်ယာ 10% ကို ပိုင်ဆိုင်သွားပြီဖြစ်သည်။ 】
…………
ယခုအချိန်တွင် ကျောက်ဒန်မင်သည် အစည်းအဝေးကျင်းပနေသည်။
ထိုအချိန်တွင်သူ၏အတွင်းရေးမှုးတစ်ယောက်သည် ကျောက်ဒန်မင်ရဲ့ နားနားသို့ပ်ကာစကားအနည်းငယ်ပြောလိုက်သည်။
ခဏအကြာတွင်ကျောက်ဒန်မင်က မျက်လုံးပြူးပြီး “ဘာ???”
ရုတ်တရက်ထရပ်လိုက်ပြီး သူ့မျက်နှာမှာ စိုးရိမ်မှုများနှင့်ပြည့်နေလေသည်။
အတွင်းရေးမှူးပြောလိုက်တာက.... လင်းဖန်၏ရှယ်ယာသည် 10%သို့ရောက်ရှိသွားပြီဆိုတဲ့သတင်းပင်ဖြစ်သည်။
10%!
ယခုအချိန်တွင် လင်းဖန်သည် လက်တာ၏ ဒုတိယအကြီးဆုံးရှယ်ယာရှင် ဖြစ်လာခဲ့သည်။
ကျောက်ဒန်မင်သည် လင်းဖန်၏ ကြောက်စရာကောင်းသော စွမ်းအားကို အတိအကျသိသည်။ ဤသည်မှာ ပန်ကူဂရုနှင့် အဲဂရု တို့ကို လုံးလုံးလျားလျား ထိန်းချုပ်ထားသည့် ကြောက်မက်ဖွယ်ဖြစ်တည်မှုပင်ဖြစ်သည်။
လင်းဖန် ဒီလိုမျိုး လုပ်လိုက်တာကသူ့ကိုစော်ကားမိလိုက်လို့များလား။
ကျောက်ဒန်မင်သည်တွေးရင်းတွေးရင်းနဲ့ မကြာသေးမီကဖြစ်သွားသောလီဟိုင်ယန်၏ ကိစ္စကိုသတိရမိသွားလေသည်။
လင်းဖန်က သူမကို အပြစ်ပေးဖို့ အတတ်နိုင်ဆုံး မကြိုးစားခဲ့ဘူးလို့ ခံစားလိုက်ရလို့လား။
ဒါကသူ့ကိုယ်သတိပေးတာလား။
ဟုတ်တယ်!
ဒါပဲဖြစ်ရမယ်။
ဒါကိုစဉ်းစားရင်းကျောက်ဒန်မင်က “ဟိုင်ယန်ရဲ့လုပ်ရပ်က်ုအပြစ်တင်ဝေဖန်တဲ့သူများအောင်တာဝန်ထုတ်လိုက်ပါ !”
အတွင်းရေးမှူးသည်ဘာကြောင့် ဥက္ကဌက ရုတ်တရက် အခုလို ဆုံးဖြတ်ချက် ချခဲ့တာလဲ မသိပေ။
သို့သော်လည်း သူသည်ဘာမှမမေးပဲ “ဟုတ်ကဲ့။”ဟုသာပြန်ပြောလိုက်လေသည်။
မကြာမီပင် လီဟိုင်ယန်သည်မကောင်းသတင်းနဲ့ပေါ်ပြူလာဖြစ်သွားလေသည်။
…………
ဒါတွေကိုလင်းဖန် က လုံးဝ ဂရုမစိုက်ပေ။
သူပြောတဲ့အတိုင်းပင်တစ်ခုခုလုပ်ခဲ့ရင်တော့အဲ့ အကျိုးဆက်ကို ခံရမည်ဖြစ်သည်။
…………
မျက်စိတစ်မှိတ်အတွင်းမှာ ရက်အနည်းငယ်ကြာသွားလေသည်။
ဒီနေ့ လင်းဖန်သည်မနက်စာစားပြီးတာနဲ့ ကျန်ပေ့ တက္ကသိုလ်ကို သွားလိုက်လေသည်။
သူသည် ဆရာတစ်ဦးဖြစ်ပြီး ကျောင်းသားတွေကိုအချိန်အကြာကြီးဒီအတိုင်းထားတာမကောင်းပေ။
ထို့အပြင် ယနေ့သည် စာသင်နှစ်၏ နောက်ဆုံးနေ့ဖြစ်သည်။
နောက်ဆုံးနေ့တွင်၊ ဤစာသင်နှစ်နှင့်ပတ်သက်သောပြဿနာများကိုဖြေရှင်းရန်ဆရာတစ်ယောက်အနေနဲ့ကျောင်းသားတွေကိုကူညီပေးသင့်လေသည်။
ထိုအချိန်တွင်၊ ကျန်ပေ့ တက္ကသိုလ်တံခါးဝတွင် ဆိုင်းဘုတ်များစွာ ချိတ်ဆွဲထားသည်။
“ဓာတုဗေဒနိုဘယ်ဆုရရှိတဲ့အတွက် ကျွန်ုပ်တို့ကျောင်းမှ ပရော်ဖက်ဆာ လင်းဖန်ကို ဂုဏ်ပြုပါတယ်”။
“ရူပဗေဒဆိုင်ရာ နိုဘယ်လ်ဆုရရှိသည့်အတွက် ကျွန်ုပ်တို့ကျောင်းမှ ပရော်ဖက်ဆာ လင်းဖန် အား ဂုဏ်ပြုပါတယ်”
“ကျွန်ုပ်တို့၏ကျောင်းမှ ပါမောက္ခ လင်းဖန် သည်ဆေးပညာဆိုင်ရာ နိုဘယ်လ်ဆု ရရှိသည့်အတွက်ဂုဏ်ပြုပါတယ်’’
“နိုဘယ်ငြိမ်းချမ်းရေးဆုရခဲ့တဲ့ ငါတို့ကျောင်းက ပါမောက္ခ လင်းဖန်ကို ဂုဏ်ပြုပါတယ်”
အဝင်ဝတွင်ကျောင်းသား အများအပြားသည် ၎င်းတို့၏ လက်ကိုင်ဖုန်း များဖြင့်ဓာတ်ပုံရိုက်နေကြလေသည်။
လင်းဖန်သည် သူ၏အမည်ကို ကိုကြည့်ပြီးနောက်ကျောင်းထဲသို့ဝင်လာတော့သည်။
လင်းဖန်သည်ရုံးခန်းကို လျှောက်သွားသည်နှင့် လက်ဖက်ရည်သောက်နေသောဟော့ကျောက်ဝူသည်လင်းဖန်ကိုတွေသောအခါစိတ်လှုပ်ရှားစွာပြောလိုက်သည်- “ပရော်ဖက်ဆာလင်း၊ မင်းဒီကိုရောက်ပြီပဲ”
နင်းကျန်းကျန်နှင့် အခြားသူများ သည်အသံကြားတာကြောင့်ချက်ချင်းလှည့်ကြည့်လိုက်ကြသည်။
ရှောင်ပန် နှင့် ရှောင်အန်းတို့သည် အံဆွဲထဲမှ ရေ ပုလင်းကို ထုတ်ကာလင်းဖန်အားပေးလိုက်သည်။
“ဂရု!”
“ဂရု!”
လင်းဖန်သည် သူမတို့ပေးသောရေကိုတစ်ငုံစီသောက်ပြီးနောက် “ မဖြေနိုင်တဲ့ မေးခွန်းတွေ ရှိလား” လို့ မေးလိုက်သည်။
ဟော့ကျောက်ဝူ က ဦးဆောင်ပြီး “ ပါမောက္ခ လင်း ကျွန်တော် စာတမ်းတစ်စောင် ရေးခဲ့တယ် ၊ ဒါကိုကြည့်ပေးပါအုံး “
စကားပြောနေစဉ်တွင် စာရွက်စာတမ်း အစုံအလင်ကို ထုတ်ပေးလိုက်သည်။
လင်းဖန်သည် ဘာကိုမှ မစောင့်တော့ဘဲ အမြန်ကြည့်လိုက်သည်။
စက္ကန့်အနည်းငယ်အတွင်းမှာပဲ စာမျက်နှာအကုန်ဖတ်လို့ပြီးသွားလေသည်။
လင်းဖန်က “မင်းက အာရုံကြောစနစ်ကို ကောင်းကောင်းနားလည်နေပြီဒါပေမယ့် ချို့ယွင်းချက်တချို့တော့ ရှိသေးတယ်။မင်းငါ့ကို ကွန်ပြူတာကနေဒါတွေကို ပို့လိုက်၊ အဲဒါကိုငါနည်းနည်း ပြုပြင် ပြီးရင် “သိပ္ပံ” မှာ စာတမ်းထုတ်ဖို့ကူညီပေးမယ်’’
ဒါကိုကြားတော့ဟော့ကျောက်ဝူ ၏နှလုံးသည် ရုတ်တရက် ခုန်သွားပြီး “ဟုတ်ကဲ့ပါ ပါမောက္ခလင်း!”ဟုပြန်ပြောလိုက်သည်။
စာတမ်းတစ်စောင်ကို “သိပ္ပံ” မှာ ထုတ်ဝေနိုင်တာက အရမ်းကောင်းတဲ့ အဖြစ်အပျက်တစ်ခုပါပင်ဖြစ်သည်။တခြားသူတွေလဲထိုစကားကိုကြားတော့ဟော့ကျောက်ဝူကိုမလိုဖြစ်စွာကြည့်လိုက်လေသည်။
ထိုအချိန်တွင် လင်းချင်ကျူ က “ပါမောက္ခ လင်း၊ဒီကလည်း စာတမ်းတစ်စောင်ရေးပြီးပြီ၊ကြည့်ပေးပါအုံး..”
လင်းဖန် က “ငါ့ကို ကွန်ပြူတာကနေ ပို့ပေးပါ”
ခေတ္တနားပြီးနောက် သူက “တခြားသူတွေလည်း အတူတူပါပဲ။ စာတမ်းရေးပြီးရင် ငါ့ဆီ ပို့ပေးပါ” လို့ ပြောလိုက်သည်။
“ဒင်ဒေါင်!”
လင်းဖန် ထိုင်ပြီးတာနဲ့ အီးမေးလ်ဆီကနေစာပို့သံများအဆက်မပြတ်ထွက်လာသည်။ ၎င်းတို့သည် ဟော့ကျောက်ဝူနှင့်တစ်ခြားသူများ၏ စာတမ်းများဖြစ်သည်။
လင်းချင်ကျူနှင့် အခြားကျောင်းသားများသည် ကျောင်းသားများထဲတွင် ထိပ်တန်းကျောင်းသားဖြစ်သည်။ ဤကာလအတွင်း ကြိုးစားအားထုတ်မှုများကြောင့် လူတိုင်းသည် များစွာတိုးတက်လာခဲ့သည်။
လူတိုင်းရဲ့ စာတမ်းများသည်အရမ်းကောင်းလေသည်။
လင်းဖန်၏ ပြုပြင်မွမ်းမံမှုနှင့်သာဆိုဤတမ်းများအားလုံးသည် သက်ဆိုင်ရာထိပ်တန်းဂျာနယ်များတွင်ထုတ်ဝေရန်ဖြစ်နိုင်ချေရှိသည်။
…………
လင်းဖန်သည် ဆရာအများစုကဲ့သို့ပင် နွေရာသီအားလပ်ရက်မတိုင်မှီ နောက်ဆုံးနေ့ဖြစ်သောကြောင့်အတန်းပြီးသည်အထိကျောင်းမှာမနေပေ။
ကျောင်းသားတွေလဲထိုအတိုင်းပင်သူတို့သည်လဲအတန်းပြီးသည်အထိမတက်ပဲအိမ်ကိုစောစောပြန်ကြလေသည်။
သို့သော်ထိုအထဲတွင်လင်းဖန်ကျောင်းသားတွေမပါပေ။
ယခုသည်မွန်းတည့်ချိန်ဖြစ်သောကြောင့် လမ်းပေါ်တွင် ကားအစီးရေများစွာမရှိပေ။
လင်းဖန်သည် Cullinan(ကား)ဖြင့် အဝေးပြေးလမ်းမကြီးသို့ မောင်းနှင်ခဲ့သည်။
ထို့နောက်လင်းဖန်ချင်ရှီမြို့ကိုဦးတည်ပြီးမောင်းသွားလေသည်။
တစ်နာရီခန့်ကြာသောအခါ ရင်းနှီးသောလမ်းသည် သူ့အမြင်အာရုံထဲတွင် ပေါ်လာသည်။
ကားကိုရပ်ပြီး အပြင်သို့ထွက်လိုက်သည်နှင့် အဝေးကနေမိန်းကလေးတစ်ယောက်ပြေးလာသည်။
“အစ်ကို ပြန်လာပြီလား!”
သူမသည် လင်းရှောင်ရီပင်ဖြစ်သည်။
လင်းရှောင်ရီသည်အဝေးကနေအော်ပြောပြီးနောက်လင်းဖန်အနားရောက်တာနဲ့ချက်ချင်းပင်လင်းဖန်ကိုဖက်လိုက်လေသည်။