တောင်းဆိုခြင်း
Vol. 36 Ch. 537
လင်းဖန်က “ရှောင်ရီဖက်ထားတာလေးလျှော့ပါအုံးဟ၊မဟုတ်ရင်နင့်အစ်ကိုအသက်ထွက်သွားလိမ့်မယ်”
လင်းရှောင်ရီက’’ဘာလဲအစ်ကိုကညိုညင်တာလား’’ဟုလင်းဖန်ကိုကြည့်ကာပြောလိုက်သည်။
လင်းဖန်သည်လင်းရှောင်ရီကိုကြည့်ရင်းအလျှော့ပေးသောလေသံဖြင့်’’အေးပါဟ...နင်လုပ်ချင်သလိုသာလုပ်တော့’’ဟုပြောလိုက်လေသည်။
လင်းရှောင်ရီသည်ရယ်ရင်း ခေါင်းကို လှည့်ကာ “အမေ၊ အစ်ကို ပြန်လာပြီ!”
ဒေါင်ဝေဝေသည်လင်းရှောင်ရီ၏အသံကြောင့်အိမ်ထဲကနေ လမ်းလျှောက်လာပြီး “ရှောင်ဖန်၊နင်ပြန်လာမယ်ဆိုတာကိုကြိုပြောထားတာမဟုတ်ဘူး။သားသာကြိုပြောထားရင်သားကြိုက်တာတွေချက်ပေးထားမှာပေါ့”
လင်းဖန်၏အမေသည်လင်းဖန်နှင့် လင်းရှောင်ရီတို့သည်ကျောင်းမှပြန်လာသည်နှင့်လင်းဖန်တို့မောင်နှမထမင်းစားလို့ရအောင်သူတို့ကြိုက်သောဟင်းများကိုပြင်ဆင်ပေးထားလေသည်။
လင်းဖန်သည်သူအမေအကြောင်းကိုသိလေသည်။ထို့ကြောင့်သူက “သားက အစားအစာနဲ့ပတ်သက်ရင်ဇီဇာကြောင်သူမဟုတ်ပါဘူး’’
“အမေသိပါတယ်....ရေခဲသေတ္တာထဲမှာမနက် ကလေးနင်ဝယ်လာတဲ့အသားအချို့ရှိတယ်။အဲ့တာကိုသားစားဖို့သွားချက်လိုက်အုံးမယ်” ဒေါင်ဝေဝေ က ပြောသည်။
လင်းဖန်က’’သားတို့လဲအမေ့ကို ဝိုင်းကူလုပ်ပေးမယ်လေ’’ဟုဆို၏။
ဒေါင်ဝေဝေသည်သူမ၏သားနှင့်သမီးကိုပြုံးရင်းကြည့်ကာ’’သဘော...သဘော’’ဟုပြောလိုက်၏။
“အလို!”
မကြာမီသရေယိုလောက်သောအနံ့များသည်တစ်အိမ်လုံးသို့ပျံ့နှံ့သွားလေတော့သည်။
မကြာခင်မှာပဲငရုတ်သီးစိမ်းပါတဲ့ ဝက်သားအစပ်ကျော်၊ ဝက်သားခြောက်နှပ်၊ အပ်မှိုဟင်းချို၊ အမဲသားကြော်၊ ခရမ်းချဉ်သီးနဲ့ ကြက်ဥမွှေကြော်စတာတွေကို စားပွဲပေါ်မှာ ခင်းကျင်းထားလိုက်သည်။
ထိုအချိန်တွင် လင်းတန်သည် ပြန်ရောက်လာခဲ့သည်။
လင်းတန်ကလင်းဖန်ကိုမြင်တာနဲ့’’လင်းဖန် သားဘယ်တုန်းကပြန်ရောက်တာလဲ’’ဟုမေးလိုက်သည်။
လင်းဖန်ပြန်ဖြေမည့်အလုပ်တွင်ဒေါင်ဝေဝေကလင်းတန်ကို’’အခုပဲရောက်တာ ရှင်အရစ်မရှည်နဲ့တော့မြန်မြန်ရေမိုးချိုးပြီးဆင်းလာခဲ့ ကလေးတွေဗိုက်ဆာနေပြီ’’ဟုပြောလိုက်၏။
လင်းတန်ကလဲထိုအခါမှ’’အေးပါမိန်းမရယ်...မကြာစေရဘူး’’ဟုရယ်ကာပြောလိုက်လေသည်။
.......
မကြာမီလင်းတန်သည်အပေါ်ထပ်ကနေဆင်းလာလေသည်။
ထို့နောက်သူသည် တီဗွီကို ဖွင့်လိုက်ပြီး ပန်းကန်နဲ့ တူကို ကောက်ကိုင်လိုက်ပြီး “ရှောင်ဖန်၊ မင်း နွေရာသီ အားလပ်ရက်မို့လာတာမလား”
“ဟုတ်တယ်” လင်းဖန်က ပြောသည်။
စကားပြောနေစဉ်တွင် ပန်းကန်ပြားကြီးထဲရှိဝက်သားပြားတစ်ခုကိုယူ၍ ပါးစပ်ထဲထည့်ကာ အမြန်စားလိုက်လေ၏။
ကျန်ပေ့မှာရှိတုန်းက လင်းဖန်သည် နေ့တိုင်းပင်အရသာရှိပြီးတန်ဖိုးကြီးသောအစားအစာများကိုစားရလေသည်။
သို့သော် သူ့မျက်လုံးထဲတွင် ထိုဟင်းပွဲများ မည်မျှပင် တန်ဖိုးကြီးပြီးအရသာရှိစေကာမူ ယခုသူ့အမေချက်ပေးသော ဟင်းများနှင့်နှိုင်းယှဉ်နိုင်မည်မဟုတ်ပေ။
ဒေါင်ဝေဝေကလင်းဖန်မြန်မြန်စားတာမြင်တော့ “ဖြည်းဖြည်းစားပါ၊သားစီကဘယ်သူမှလုမစားပါဘူး”ဟုပြုံးကာဆို၏။
လင်းဖန်က “ဖြည်းဖြည်းစားလို့မဖြစ်ဘူး အမေချက်ပေးတာကအရမ်းအရသာရှိတယ်လေ။တော်ကြာသားဘာမှမစားရသေးခင်ကုန်သွားရင်ဘယ်လိုလုပ်မလဲ”
ဒေါင်ဝေဝေက ပြုံးပြီးပြောလိုက်၏ “ကြည့်စမ်းပါအုံး၊စကားတွေအတော်တတ်လာတာပဲမင်းပါးစပ်က အရမ်းချိုတယ်”
“ကျွန်တော် အမှန်အတိုင်းပြောတာပါ။” လင်းဖန်က ပြောသည်။
“နှစ်ဆုံးစာမေးပွဲအခြေအနေဘယ်လိုလဲသား၊ဖြေနိုင်လား “ လင်းတန်က မေးသည်။
လင်းတန်၏အမေးကိုကြားတော့လင်းဖန်က “ဟုတ်သားပဲ၊သားအမေတို့ကိုပြောစရာရှိတယ်။အဲ့တာကိုပြောဖို့မေ့နေတာ၊သားကအခု ကျန်းပေ့တက္ကသိုလ်ကကျောင်းသားမဟုတ်တော့ဘူး...”
ဒါကိုကြားတော့လင်းတန် နှင့် ဒေါင်ဝေဝေတို့သည်မနေနိုင်ဘဲ တယောက်ကိုတယောက် ကြည့်လိုက်ကြသည် ။
လင်းဖန်က သူ့လည်ချောင်းကို ရှင်းကာ “ကျွန်တော် အခု ကျန်ပေ့တက္ကသိုလ်ရဲ့ ပါမောက္ခဖြစ်နေပြီမို့ စာမေးပွဲဖြေစရာမလိုတော့ဘူး”
“ပါမောက္ခ?!”
“တကယ်ကြီးလား?”
လင်းတန် နှင့် ဒေါင်ဝေဝေ တို့၏ အသံများထဲတွင်အံ့သြနေပုံသည်အထင်းသားပေါ်လွင်နေသည်။
သူတို့နှလုံးသားထဲမှာ...
ပရော်ဖက်ဆာ(ပါမောက္ခ)များ၏အဆင့်အတန်းသည်အလွန်မြင့်သည်ဟုသိထားလေသည်။
ယခုတွင်တော့သူတို့သားကပါမောက္ခဖြစ်နေတယ်တဲ့လား။
လင်းဖန်က ခေါင်းညိတ်ပြီး “ဟုတ်တယ် “ ဟုပြောသည်။
ထိုအချိန်တွင် တီဗွီမှ သတင်းများ ထွက်ပေါ်လာသည်။
“ရူပဗေဒနိုဘယ်ဆု၊ ဓာတုဗေဒနိုဘယ်ဆု၊ ဆေးဘက်ဆိုင်ရာနိုဘယ်ဆုနှင့် ငြိမ်းချမ်းရေးနိုဘယ်ဆုတို့ကို ရရှိသည့်ကျန်ပေ့ တက္ကသိုလ်မှ ပါမောက္ခ လင်းဖန် အား ဂုဏ်ပြုပါတယ်။”
ဒါကိုတွေ့တော့လင်းတန်က ပါးစပ်ကိုဖွင့်ပြီး တုန််ယင်သောအသံဖြင့် “ဒီအထဲကနာမည်က..…”
လင်းဖန်က ခေါင်းညိတ်ပြီး “ကျနော်ကတီဗီထဲကကြောငြာတဲ့အတိုင်း နိုဘယ်လ်ဆုလေးခုရတဲ့လင်းဖန်ပါ” ဟု ရယ်ရင်းပြောလိုက်သည်။
ဧည့်ခန်းတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားသည်။
လင်းတန်နှင့် ဒေါင်ဝေဝေတို့သည် အထက်တန်းအထိသာ တက်ခဲ့ကြသော်လည်း နိုဘယ်လ်ဆုအကြောင်းကိုမူသိလေသည်။
ဒါဟာ ကမ္ဘာပေါ်မှာ အမြင့်ဆုံး ပညာရေးဆိုင်ရာ ဆုပင်ဖြစ်၏။
ရလဒ်အနေနဲ့ ဒီလိုမြင့်မားတဲ့ဆုကိုသူ့သားလေးကလေးခုတောင် တိုက်ရိုက်ရခဲ့တာလား။
ဒီသတင်းဟာ မကြာသေးခင်ကမှ အကြိမ်ပေါင်းများစွာ ထုတ်လွှင့်ခဲ့သည်။
ထိုအချိန်တုန်းက နိုဘယ်လ်ဆုရခဲ့တဲ့ အမျိုးသားဟာ သူ့သားနဲ့ နာမည်တူတယ်လို့လည်း ထင်နေခဲ့သည်။
အဘယ့်ကြောင့်ဆိုသော်သူတို့သားသည်ကျန်ပေ့တက္ကသိုလ်မှာကျောင်းသားဖြစ်နေလို့ပင်ဖြစ်သည်။
ဒါ့အပြင် သူတို့သားလေးဟာ ဒီလိုဆုမျိုး မရနိုင်ဘူးလို့သူတို့ခံစားရလေသည်။(မိဘာတွေသူ့တို့သားကိုအရမ်းမျှော်လင့်ချက်)
ဒါက သူတို့ကို ဘယ်လိုမှ မအံ့သြပဲမနေနိုင်ဖြစ်စေ၏။
လင်းရှောင်ရီက ပထမဆုံးတုံ့ပြန်ခဲ့လေသည်။ “ဝိုး...အစ်ကိုကတော်လိုက်တာ!”
“ရှောင်ဖန် မင်းဘာလိုဖြစ်လို့..နိုဘယ်ဆုတွေ အများကြီးရခဲ့တာလဲ” ဒေါင်ဝေဝေ က မသင်္ကာသောလေသံဖြင့်မေးလိုက်သည်။
လင်းဖန်က “ကျွန်တော် တစ်ချို့အရာတွေကို တီထွင်ခဲ့တယ်လေ။ဒါကြောင့်အဲ့ဆုတွေကို တစ်နည်းနည်းနဲ့ ရသွားတာ” လို့ပြောလိုက်သည်။
ဒီစကားကိုတခြားသူတွေသာကြားရင်ချက်ချင်းမေ့လဲသွားမည်မှာမလွဲဧကန်ပင်ဖြစ်သည်။
လင်းတန်နှင့်ဒေါင်ဝေဝေတို့သည်မယုံနိုင်သောအမူအရာများဖြင့် ထမင်းစားပွဲကိုအဆုံးသတ်ခဲ့လေသည်။
ထမင်းစားသောက်ပြီးနောက် လင်းဖန်သည် ဆိုဖာပေါ်တွင်ထိုင်ကာ ဝိညာဉ်ရေးလက်ဖက်ရည်သောက်နေလေသည်။
တစ်ဖက်တွင် လင်းရှောင်ရီသည် တက်ဘလက်တစ်လုံးကို ကိုင်ထားပြီး ဇာတ်လမ်းတစ်ခုကိုတစ်နာရီကြာတဲ့အထိမလှုပ်မယှက်ကြည့်နေလေသည်။
သူမပုံစံကိုမြင်တော့လင်းဖန်က “မင်း ဘယ်ဒရာမာကိုအဲ့လောက်ထိစိတ်ဝင်တစားကြည့်နေတာလဲ။”
သူပြောပြီးသည်နှင့်တပြိုင်နက်သူမတက်ပလက်ကိုတစ်ချက်ရှိုးလိုက်လေသည်။
တက်ပလက်ထဲတွင်လူတော်တော်များများက အစိမ်းရောင်အဝတ်အစားတွေဝတ်ပြီး ပြေးတာ ဒါမှမဟုတ် တိုက်ခိုက်တာတွေ လုပ်နေလေ၏။
လင်းရှောင်ရီက “စကွက်ဂိမ်းလေ။ မကြာသေးမီက အရမ်းနာမည်ကြီးနေပြီး အရမ်းကောင်းတဲ့ တီဗီစီးရီးတစ်ခု”(ဒီထဲက စကွက်ဂိမ်းကအပြင်ကနဲ့တူသလိုလိုရှိပြီးမတူပါဘူးနော်။လင်းဖန်တို့ကအပြိုင်ကမ္ဘာမှာရှိနေလို့ပါ)
တကယ်တော့ လင်းရှောင်ရီ က လင်းဖန် နိုဘယ်လ်ဆုရမှန်း မသိခဲ့တာ ဘာကြောင့်လဲဆိုရင်
လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း သူမသည် “စကွက်ဂိမ်း” ကိုတစိုက်မတ်မတ်ကြည့်နေလို့ပင်ဖြစ်၏။
လင်းဖန်က “ဒါကဘန်နိုင်ငံတီဗီ စီးရီးကမလား။ ကောင်းလို့လား?”
“ညီမက ဘန်နိုင်ငံကို မကြိုက်ဘူး၊ ဒါပေမယ့် ဒီဒရာမာက တကယ်ကောင်းတာ’’ လင်းရှောင်ရီက “အဲဒီထဲမှာ ဒီဂိမ်းကိုအောင်ဖို့အဆင့်အမျိုးမျိုးရှိပါတယ်၊ဒါကအရမ်းစိတ်လှုပ်ရှားစရာကောင်းပြီး ဦးနှောက်လဲအငွေ့ထွက်တဲ့အထိအလုပ်လုပ်ရတာ”
လင်းရှောင်ရီက ဒီလိုပြောတဲ့အခါ သူမမျက်လုံးတစ်စုံ ကကြယ်ကလေးများသဖွယ်တောက်ပနေလေသည်။
သေချာသည်ကတော့ သူမသည် ၎င်းကို အလွန်စိတ်ဝင်စားနေတယ်ဆိုတာပင်ဖြစ်သည်။
ထို့နောက် လင်းရှောင်ရီ သည် တစ်ခုခုကို တွေးတောမိပုံရပြီး “အစ်ကို၊ ညီမလေးကို ကျန်ပေ့တက္ကသိုလ်ကို ဝင်ခွင့်ပေးပါလား”(အနောက်တံခါးကဝင်ချင်တာပါ)
လင်းဖန်က “ဒါတော့မရဘူး.....တခြားပြော’’
ကျန်ပေ့တက္ကသိုလ်သည် ချန် ပြည်နယ်ရှိ အကောင်းဆုံးတက္ကသိုလ်ဖြစ်ပြီး ၎င်းသည် နိုင်ငံအတွင်းရှိ ထိပ်တန်းတက္ကသိုလ်များထဲမှ တစ်ခုဖြစ်သည်။
လင်းဖန်၏ လက်ရှိအနေအထားအရဒီလိုဝင်ခွင့်ပေးခြင်းသည်ပမွှားသာဖြစ်သည်။သို့သော်သူသည်သူ့ညီမကို ကိုယ်ပိုင်အရည်အချင်းနဲ့ဝင်စေချင်သောကြောင့်ထိုသို့ပြောခြင်းဖြစ်၏။
လင်းရှောင်ရီက လင်းဖန်ကိုကြည့်ရင်း “ဒါဆိုလဲအစ်ကို၊ ကျန်ပေ့တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကိုဖြေပေးမယ်။ဒါပေမဲ့အစ်ကိုမင်းငါ့ကို ကတိတစ်ခုပေးရမယ်”လို့ ပြောလိုက်သည်။
လင်းဖန်က “မင်းဘာလုပ်ချင်လဲ”
လင်းရှောင်ရီက ပြုံးပြီး “အစ်ကို၊ ငါအပြင်မှာ စကွက်ဂိမ်းဆော့ချင်တယ်!”
ဒါကိုကြားတော့လင်းဖန်သည် မထိန်းနိုင်ဘဲ အံ့အားသင့်သွားသည်။
ဒါကသူ့ညီမလေးကြောင့်မဟုတ်ပေ။စိတ်ထဲတွင်ပေါ်လာသောသတိပေးချက်ကြောင့်ဖြစ်သည်။
【ဒင်း! မစ်ရှင်။ လူ 500 ကျော်ပါဝင်သည့် အကြီးစား “စကွက်ဂိမ်း” ပွဲကို ကျင်းပခဲ့ပြီး ပါဝင်သူ 80% ကျော်ကထိုပွဲကို ချီးကျူးအောင်လုပ်ရမည်ဖြစ်သည်။
ဆုလတ်ကတော့ ရွှေရောင် အနီရောင် စာအိတ် ၅ စောင် ချီးမြှင့်မည်ဖြစ်သည်။ 】
ခဏအကြာတွင် လင်းဖန်သည် သတိပြန်ဝင်လာကာ “စိတ်မပူပါနဲ့ အစ်ကိုက ကမ္ဘာပေါ်မှာ အကြီးဆုံးစကွက်ဂိမ်းကစားလို့ရအောင်လုပ်ပေးမယ််” လို့ ပြုံးပြုံးလေးပြောလိုက်ပါတော့သည်။