စာရင်းသွင်းခြင်း
Vol. 36 Ch. 538
နောက်တနေ့။
လင်းဖန်သည် ကုတင်ပေါ်မှ ထသောအခါ၊ နေမင်းကြီးသည် အရှေ့အရပ်ကနေထွက်နေပြီးဖြစ်သည်။
အိမ်ရှိအိပ်ယာသည် ပန်းလုံဗီလာ ကဲ့သို့ နူးညံ့ကျယ်ဝန်းပြီး ဇိမ်ကျခြင်းမရှိပေ။
သို့သော်လည်း လင်းဖန်သည် ပြောမပြနိုင်သော နွေးထွေးမှုတို့ကို ရရှိနေလေ၏။
လင်းဖန်သည် ဖုန်းကို တစ်ချက်ကြည့်လိုက်တာနဲ့ဖုန်းစခရင်ပေါ်တွင်မက်ဆေ့တစ်ခုပေါ်နေလေသည်။
“၀ နာရီ၊ တရုတ်ဘဏ်မှ ယွမ် ၇,၅၄၄၉,၀၀၀ ရရှိသည်။”
ထို့နောက် သူသည် ဆိုင်းအင်ဝင်သည့်စနစ်ကိုအာရုံစိုက်လိုက်သည်။
“ဆိုင်းအင်ဝင်မယ်”
【ဒင်း! ဆိုင်းအင်ဝင်ခြင်း အောင်မြင်ပါသည်။ ဂုဏ်ယူပါသည်၊ သင်သည် နက်ဖလင့် ၏ ရှယ်ယာ 10% ကို ရရှိသည်။ 】
ဒါကိုကြည့်ရင်းလင်းဖန်သည်အနည်းငယ်ပြုံးလိုက်လေသည်။
သိရန်…
နက်ဖလင့်သည် ကမ္ဘာကျော်ရုပ်ရှင်နှင့် ရုပ်မြင်သံကြားကုမ္ပဏီတစ်ခုဖြစ်ပြီး စျေးကွက်တန်ဖိုး ယွမ် ၂ ထရီလီယံနီးပါးရှိသည်။
တစ်နည်းဆိုရသော် ယနေ့ ဆိုင်းအင်ဝင်ခြင်းဖြင့်သူသည်ဘီလီယံ 200 တိုက်ရိုက်ရရှိခဲ့သည်ဟုဆိုနိုင်သည်။
ဒီလိုငွေက လင်းဖန်အတွက်အသေးအဖွဲပဲ ရှိလေသည်။
ထို့အပြင် ယမန်နေ့က မစ်ရှင်စတင်ရရှိပြီးနောက်စကွက်ဂိမ်းကိုနက်ဖလင့်ဘက်ကရိုက်ကူးထားတယ်ဆိုတာကိုသိလိုက်လေသည်။
သူသည် “စကွက်ဂိမ်း” ပွဲကို လက်ခံကျင်းပချင်ပါကလိုအပ်သော ခွင့်ပြုချက်အချို့ကို ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်သည်။မဟုတ်ပါက၊ထိုပွဲကိုမူရင်းကခွင့်ပြုချက်မရဘဲလိုက်သည်ဟုဆိုကာပြဿနာအချို့တက်နိုင်မည်ဖြစ်သည်။
လင်းဖန်သည် အဲ့လိုပြဿနာတွေကိုဖြေရှင်းရနာမကြိုက်ပေ။
ထို့ကြောင့်သူသည်မနေ့ညကအခြားပါတီက်ုဆက်သွယ်ရန်အချက်အလက်ကို ရှာဖွေနေခဲ့သည်။သို့သော်သူသည်ညမိုးချုပ်နေပြီဖြစ်တာကြောင့်သိပ်မရှာခဲ့ပေ။
အခုတော့ဒီလိုရှာဖို့မလိုအပ်တော့ပေ။
“ကလင် ကလင် ကလင်”
ထိုအချိန်တွင် လင်းဖန်၏ ဖုန်းသည် ကျယ်လောင်စွာမြည်လာသည်။
ခေါ်ဆိုမှုသတိပေးချက်ကို တစ်ချက်ကြည့်လိုက်သည်၊ ၎င်းသည် နိုင်ငံခြားမှဆက်သောသူမသိသောနံပါတ်တစ်ခုဖြစ်သည်။
“ဟယ်လို မစ္စတာလင်းလားမသိ” ဖုန်းကိုင်လိုက်သည်နှင့် တဖက်ကနေအင်္ဂလိပ်လို နှုတ်ဆက်လိုက်သည်။
လင်းဖန်က “ဟုတ်တယ် ငါပဲ” ဟု တရုတ်လိုပြောလိုက်သည်။
ထိုအခါဖုန်းထဲရှိ အသံက ရုတ်တရက် ရပ်သွားလေသည်။
ခဏအကြာတွင် တရုတ်လိုကျွမ်းကျင်စွာပြောတန်သောအသံတစ်ခုထွက်ပေါ်လာသည်။
“မင်္ဂလာပါ မစ္စတာလင်း၊ ကျွန်တော်က နက်ဖလင့်ဂရု၏ ဥက္ကဌ မစ္စတာဂျေရဲ့ ဘာသာပြန်ဆိုသူ တစ်ယောက်ဖြစ်ပါတယ်။ မစ္စနာဂျေကမစ္စတာလင်းဖန်အားယခုလိုနက်ဖလင့်ဂရုကိုယုံကြည်တဲ့အတွက်မှကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါသည်။ပြီးတော့မစ္စတာဂျေကနက်ထလင့်ဂရုရဲ့ဒဒတိယရှယ်ယာရှင်ဖြစ်လာတဲ့အတွက်လဲဂုဏ်ပြုပါတယ်လို့ဆိုထားပါတယ်’’
နက်ဖလင့်ဂရု ၏ ဒုတိယအကြီးဆုံး ရှယ်ယာရှင်။ဒါကသေချာပေါက်အကာင်ကြီးကြီးပင်ဖြစ်သည်။
“မစ္စတာလင်းအဆင်ပြေရင်နက်ဖလင့်ဂရု ရဲ့ အနာဂတ်နဲ့ပတ်သက်တဲ့အချက်အလက်တွေကိုတင်ပြချင်ပါတယ်” ဟု မစ္စတာဂျေက ပြောသည်။(ဘာသာပြန်သူကဂျေပြောတဲ့အတိုင်းပြောတာပါ)
လင်းဖန် က “တင်ပြစရာ မလိုပါဘူး၊ မစ္စတာဂျေလုပ်နေတဲ့အတိုင်းသာဆက်လုပ်ပါ။မစ္စတာဂျေရဲ့လုပ်ကိုင်နိုင်စွမ်းကိုကျွန်တော်ယုံပြီးသားပါ၊နောက်ပြီးကျွန်တော်ကအမြတ်ဝေစုပဲ ယူမှာပါကျန်တာတွေကိုပတ်သက်မှာမဟုတ်ပါဘူး”
Rich538(2)”မစ္စတာ ဂျေက သူ့အပေါ် မင်းရဲ့ယုံကြည်မှုအတွက် ကျေးဇူးတင်ပါတယ်၊နောက်ပြီး နက်ဖလင့် ကို ကမ္ဘာ့ထိပ်တန်း ရုပ်မြင်သံကြားကုမ္ပဏီကြီးအဖြစ် သေချာပေါက် တည်ဆောက်သွားမှာပါ”(ယခုထက်အဆပေါင်းများစွာအောင်မြင်အောင်လုပ်မယ်ဆိုတဲ့သဘောပါ)
လင်းဖန်က “စကားမစပ် “စကွက်ဂိမ်း”နဲ့ပတ်သက်တဲ့ပွဲတစ်ခုကျင်းပဖို့ရှိပါတယ်။အဲ့တာမစ္စတာဂျေကိုပြောပြီး ခွင့်ပြုချက်ရဖို့ဘာစာရွက်စာတမ်းတွေ ပြင်ဆင်ရမလဲဆိုတာ သူ့ကိုမေးကြည့်ပေးပါ’’
“မစ္စတာဂျေ က “စကွက်ဂိမ်း’’ကို နှစ်သက်တဲ့အတွက် ကျေးဇူးတင်ပါတယ်တဲ့နက်ဖလက့်ဘက်ကနေမစ္စတာလင်းကို လူသိရှင်ကြား တိုက်ရိုက် ခွင့်ပြုပေးမှာဖြစ်တာကြောင့်ဘာစာရွက်စာတမ်းမှာမလိုပါဘူး....”
လင်းဖန်က ကျေနပ်စွာ ခေါင်းညိတ်ကာ “ကျေးဇူးပါ” ဟု ပြောသည်။
...
မျက်စိတစ်မှိတ်အတွင်းမှာ တစ်ပတ်ကြာသွားလေသည်။
ယနေ့တွင် ဝိုက်ဘွန်၊ဒွန်ရီ၊ယူဘီဘရောက်ဆာ နှင့် ပင်ကွင်း ကဲ့သို့သော အဓိကဆက်သွယ်ရေးပလက်ဖောင်းများအားလုံးတွင် အလားတူသတင်းများ ထွက်ပေါ်လာခဲ့သည်။
“ယွမ် ၁ ဘီလီယံလောက်ဆုကြေးရမဲ့စကွက်ဂိမ်းကို လာကစားပါ”
“ရှော့- ထိပ်တမ်း စကွက်ဂိမ်းကိုကစားပြီး ယွမ် ၁ ဘီလီယံ ရယူလိုက်ပါ”
“စကွက်ဂိမ်းကို အတူတူကစားရင်း ယွမ် ၁ ဘီလီယံ ရယူလိုက်ပါ “
“ဂိမ်းကစားရင်း ယွမ် ၁ ဘီလီယံကို အိမ်သို့ ယူဆောင်သွားပါ။”
...
စူးစမ်းချင်စိတ်နှင့် စိတ်လှုပ်ရှားမှုများစွာဖြင့်၊ မရေမတွက်နိုင်သောလူများသည် သတင်းကိုကြည့်ပြီးမှတ်ချက်များပေးခဲ့ကြလေသည်။
[အိုင်လန်- စကွက်ဂိမ်းတွင် ပါဝင်ခြင်းကနေယွမ် ၁ ဘီလီယံ ဆုရနိုင်တာလား။ ဒါကနောက်နေတာလား? 】
[ရှောင်ကွန်: ဆုက တစ်ဘီလီယံတောင်နော်။ 】
[ဖန်ကျင်း: ငါထင်တာတော့ဒိသတင်းကမှန်တယ်ထင်တယ်။မင်းတို့ကြည့်လိုက်ဒီပွဲကို အဲဂရုပန်ကူဂရုနှင့် လက်တာဂရု တို့က ကြော်ငြာပေးထားတယ်။ ထို့အပြင်၊ နက်ဖလက့်ဘက် မှလည်း ၎င်းကို ကြော်ငြာရန် ကူညီပေးခဲ့တယ်။သိဖို့ကနက်ဖလင့်ကစကွက်ဂိမ်းရဲ့မူရင်းဆိုတာသိသင့်တယ် 】
[ဟွန်ဂီ: ယွမ် ၁ ဘီလီယံတန်တဲ့ ဂိမ်းတစ်ခု၊ ဒါက တီဗီစီးရီးနဲ့ တူမှာမဟုတ်လောက်ဘူး 】
[ဖလိုင်း: အဲဒါက ဘယ်လိုဖြစ်နိုင်မှာလဲ....။ 】
[စပိုက်တာ:ဒီလိုငြင်းခုံနေလို့ဘာမှမထူးဘူး။ ဘာပဲဖြစ်ဖြစ် စာရင်းတေည့သွင်းကြည့်ရမှာပဲ။အကယ်၍ 1 ဘီလီယံရသွားရင်ရနိုင်တယ်လေ 】
[ဂရင်း- မှန်တယ်...စာရင်းသွင်းလိုက်အုံးမယ်ဟေ့ 】
[ဗုံး- ငါလဲစာရင်းသွင်းလိုက်အုံးမယ် 】
...
သတင်းတွေ ဆက်လက်ထွက်ပေါ်နေသောကြောင့် လူကြိုက်များမှုလဲတဖြည်းဖြည်းမြင့်တက်လာလေသည်။
တစ်စုံတစ်ဦးသည် ကားလမ်းမနားတွင်အင်တာဗျူး လုပ်ခဲ့သည်။
“မစ္စတာ၊ မင်းစကွက်ဂိမ်းကို ကြားဖူးလား” ချစ်စရာကောင်းတဲ့ ဝတ်စုံဝတ်ထားတဲ့ မိန်းကလေးက ပြုံးပြီး မေးလိုက်သည်။
ဆန့်ကျင်ဘက်ထိုင်နေတဲ့ အမျိုးသားက “ကြားဖူးပါတယ်။ ဒါက အရမ်းစိတ်လှုပ်ရှားစရာကောင်းတဲ့ တီဗီစီးရီးတစ်ခုပါ။ အဲဒါကို ကြည့်ဖို့နှစ်ရက်တောင်အလုပ်ပျက်ပြီးပြန်ပြန်ကြည့်တာ “
ဤသို့ပြောသောအခါ ထိုလူ၏မျက်နှာသည် ပျော်ရွှင်သောအမူအရာကိုပြသလိုက်သည်။
“တကယ်လား? မမျှော်လင့်ထားဘူး။မစ္စတာကဒီစီးတီးကိုဒီလောက်ကြိုက်မယ်လို့ “ အက်တာဗျူးမိန်းကလေးက အံ့သြသောအသံဖြင့်ပြောလိုက်သည်။
အဲဒီလူက “တကယ်တော့ ငါကသာမန်တီဗီဒရာမာတွေကို အရမ်းစိတ်ဝင်စားတာမဟုတ်ဘူး။ဒါပေမဲ့”စကွက်ဂိမ်း” ကို ကြည့်ရတာကဘာနဲ့မှမတူတဲ့ခံစားချကိုရတယ် !”
“သိလားတော့မသိဘူး ငါဒါကိုကြည့်ရင်းနဲ့စားဖို့သောက်ဖို့တောင် မေ့သွားတယ်”
အင်တာဗျူးမေးတဲ့အမျိုးသမီးက “ဒီခံစားချက်ကို ကောင်းကောင်းနားလည်ပါတယ်!”
ခေတ္တနားပြီးနောက်၊ “စကွက်ဂိမ်း” တီဗီစီးရီးအကြောင်းပြောရင်း၊ မကြာသေးမီက “စကွက်ဂိမ်း”ပြိုင်ပွဲမှာဆုငွေ 1 ဘီလီယံ ရမယ်ဆိုတဲ့ဟာကိုအင်တာနက်မှာတွေ့ခဲ့တယ်”
အဲဒီလူက “ဟုတ်ပါတယ်၊ ကျွန်တော်လည်း ဒီသတင်းကို မြင်ပြီး ဂိမ်းမှာ ပါဝင်ဖို့ စာရင်းသွင်းထားပြီးသားပါ... ယွမ် ၁ ဘီလီယံဆုကြေး၊ဒါကအရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ ဂိမ်းဖြစ်မယ်ထင်ပါတယ်။”
အင်တာဗျူးအမျိုးသမီးက “အို ဘုရားသခင်၊ မင်းတောင် စားရင်းသွင်းခဲ့တာလား။ ဒီတစ်ခါ စာရင်းသွင်းတဲ့သူတွေက ဘောနပ်စ်တွေ ရရုံတင်မကဘူး၊ သူတို့ရဲ့ အိုင်ဒေါတွေနဲ့လဲအတူဂိမ်းဆော့နိုင်မယ်တဲ့!”
“ငါကတော့လူတိုင်းနဲ့ တွဲကစားနိုင်မယ်လို့လမျှော်လင့်ပါတယ်။ ဒါပေမယ့် လျှောက်ထားသူဦးရေကတစ်သန်းတောင်ကျော်သွားပြီပေမဲ့ပါဝင်ယှဉ်ပြိုင်ဖို့ လူ 500 ကိုသာ ရွေးချယ်ထားတာကြောင့် နောက်ဆုံးမှာ ရွေးချယ်ခံရမလားဆိုတာ မသိသေးပါဘူး။ “
ဒီလိုပြောတဲ့အခါ သူ့လေသံမှာ ကူကယ်ရာမဲ့မှုတွေနဲ့ ပြည့်နှက်နေလေသည်။
...
ဤအင်တာဗျူးသည် လူအများ၏ အာရုံစိုက်ခြင်းကို ခံခဲ့ရသည်။
ထို့ကြောင့် အချို့သော အနုပညာရှင်များသည် အလားတူ အင်တာဗျူးများတွင် ပါဝင်ခဲ့သည်။
အချို့သော နာမည်ကြီးများသည် “စကွက်ဂိမ်း” ကို ကြိုက်နှစ်သက်ကြောင်း ဝိုက်ဘွန်တွင် ဆောင်းပါးများနှင့် ဓာတ်ပုံများကို တင်ခဲ့သည်။
မူလက လူအချို့သာသိသည့် “စကွက်ဂိမ်း” သည် ရုတ်တရက် အင်တာနက်ပေါ်တွင်ရေပန်းစားလာခဲ့သည်။