← Chapters

ရောက်ခြင်း

Vol. 36 Ch. 539

ရောက်ခြင်း

Vol. 36 Ch. 539

လင်းဖန်သည် အင်တာနက်ပေါ်ရှိအရာများကို လုံးဝဂရုမစိုက်ပေ။

သူသည် “စကွက်ဂိမ်း” ၏ လုပ်ဆောင်ချက်များကို အင်ပါယာဟိုတယ်၏ အထွေထွေမန်နေဂျာ ဝမ်ဖန်ရီနှင့် ချင်ကောင်းဂရု၏ ဥက္ကဌ လီဝမ်နိုင်တို့အား တိုက်ရိုက်လွှဲပြောင်းပေးခဲ့ပါသည်။

လင်းဖန်သည်ဝမ်ဖန်ရီနှင့်လီဝမ်နိုင်တို့၏လုပ်ဆောင်ချက်များကိုအတော်ယုံကြည်လေသည်။ထို့ကြောင့်ဤသို့သောတာဝန်များကိုလုပ်ခိုင်းခြင်းဖြစ်သည်။

ဒီနေ့မှာတော့ လင်းဖန်သည်ခါတိုင်းလိုပင်သက်တောင့်သက်သာရှိစွာဖြင့်အိပ်ရာထလိုက်သည်။

သူကသာပုံမှန်ဖြစ်နေပေမဲ့... လူတော်တော်များများက စိတ်လှုပ်ရှားလွန်းတာကြောင့်ပုံမှန်မဖြစ်နေပေ။

ထိုလူများထဲတွင်လင်းရှောင်ရီ လည်း ပါဝင်လေသည်။

သူမသည် မနက်စအစောကြီးကပင်လင်းဖန် ၏ တံခါးနားတွင် စောင့်နေသည်။

“အစ်ကို၊ မင်းအိပ်ယာထပြီလား။ ငါတို့အရမ်းနောက်ကျနေပြီထင်တယ်... စကွက်ဂိမ်းစရင်ဘယ်လိုလုပ်မလဲ?”

လင်းဖန်က သူမ၏စိုးရိမ်တကြီးဖြစ်နေပုံကိုကြည့်ရင်းမနေနိုင်ပဲ ပြုံးပြကာ”ပွဲက မနက် ၁၀ နာရီမှစမှာ အခုကအစောကြီးရှိသေးတယ်၊ ငါက သူဌေးဖြစ်ပြီး သူဌေးက မရောက်သေးရင်ဘယ်သူက ပွဲစဖို့ သတ္တိရှိမှာလဲ ?”

လင်းရှောင်ရီ က “အစ်ကို၊ မင်း ဒီဂိမ်းကို ကျင်းပဖို့အတွက် 1 ဘီလီယံ တကယ်ပေးမှာလား”

ဒီအကြောင်းပြောရင်းသူမသည်သူမ၏စိတ်လှုပ်ရှားမှုကိုလုံးဝမဖုံးဖိနိုင်ပေ။

သူမနောက်ဆုံးအကြိမ်ကျန်ပေ့ကိုသွားတုန်းက ပန်းလုံဗီလာကိုရောက်ဖူးတာကြောင့်လင်းဖန်မှာ ပိုက်ဆံအများကြီးရှိမှန်းသိလေသည်။

သို့သော်၊ ယခုပွဲသည် 1 ဘီလီယံဆုကြေးရမဲ့ပြိုင်ပွဲဖြစ်သည်။

လင်းဖန်က ပြုံးပြီး “ငါတစ်ကယ်ပေးမှာပါ။စိတ်မပူပါနဲ့ ဒီပိုက်ဆံကို ငါသုံးလိုက်ပေမဲ့လဲအခုတော့ ပြန်ရနေပါပြီ” လို့ပြောလိုက်သည်။

လင်းဖန်သည်ဤစကားကိုလိမ်ညာပြီးပြောတာမဟုတ်ပေ။

ဘာကြောင့်လဲ ဆိုတော့ ဒီရက်ပိုင်းတွက် လူသိရှင်ကြားကြော်ငြာမှုကြောင့်”စကွက်ဂိမ်း” ရဲ့ လူကြိုက်များမှုဟာ မကြုံစဖူး မြင့်တက်လာခဲ့သည်။

ထို့ကြောင့် စကွက်ဂိမ်း၏ထုတ်လုပ်သူ အနေဖြင့်နက်ဖလင့်၏ရှယ်ယာစျေးနှုန်းသည် 1% မြင့်တက်ခဲ့သည်။

နပ်ဖလင့်၏စျေးကွက်တန်ဖိုးသည် ယွမ် ၂ ထရီလီယံနီးပါးရှိသည်။

တစ်ရာခိုင်နှုန်းဆိုတာကယွမ် ဘီလီယံ ၂၀တိုးသွားတာနဲ့အတူတူပင်ဖြစ်သည်။

လင်းဖန် သည် နက်ဖလင့် ၏ရှယ်ယာ 10% ကိုပိုင်ဆိုင်ထားသောကြောင့်သူသည်2 ဘီလီယံတိုက်ရိုက်ရရှိခဲ့သည်။

ထို့အပြင်၊ ပန်ကူဂရုသည် ဤ စကွက် ဂိမ်း၏ လူကြိုက်များမှုကို အခွင့်ကောင်းယူကာ ဂိမ်းတစ်ခုကို တီထွင်တော့မည် ဖြစ်ကြောင်း ကြေငြာခဲ့သောကြောင့် ၎င်း၏ စတော့စျေးနှုန်းသည်ခည်း 1% တိုးမြှင့်ခဲ့သည်။

ပန်ကူဂရု၏ စျေးကွက်တန်ဖိုးသည် ယွမ် ၅ ထရီလီယံနီးပါးရှိသည်။(တရုတ်ငွေပါနော်)

1% သည်ယွမ်50 ဘီလီယံဖြစ်သည်။

လင်းဖန်သည် ပန်ကူဂရု၏ ရှယ်ယာ 80% ကို ပိုင်ဆိုင်လေသည်။

ဆိုလိုသည်မှာ သူသည်် ဘီလီယံ ၄၀ တိုးလာတယ်ဆိုတာပင်ဖြစ်သည်။

ဟုတ်ပါတယ်၊ ဒီတန်ဖိုးတွေမပါရင်တောင် လင်းဖန်က ဒါကို ဂရုစိုက်မှာမဟုတ်ပေ။

နောက်ဆုံးတွင်ဒါကယွမ် ၁ ဘီလီယံလောက်ပင်ရှိသည်။

လင်းရှောင်ရီသည် ယွမ် ၁ ဘီလီယံကိုနှမြောနေသည်ကိုတွေ့ရသဖြင့်လင်းဖန် က “နောက်ဆုံးအနိုင်ရရှိသူသည် အနည်းဆုံး ယွမ် သန်း 500 ရရှိမည်ဖြစ်တယ်။ဒါကြောင့်နင်ပိုက်ဆံကိုနှမြောနေရင် ၎င်းကို ပြန်ရရှိဖို့ ကြိုးစားအားထုတ်ပါ” ဟု ပြောကြားလိုက်သည်။

လင်းရှောင်ရီက အားတက်သရော ခေါင်းညိတ်ပြီး “အစ်ကို၊ ငါ မင်းနဲ့အတူ ကြိုးစားပြီးယွမ် သန်း 500 ကိုရအောင်လုပ်မယ်”

အတူတူလုပ်တာလား?

လင်းဖန်သည် စကွက်ဂိမ်းတွင် ပါဝင်မည်ဖြစ်သည်။

မူလက သူသည်ထိုဂိမ်းတွင်ပါဝင်ရန် အစီအစဉ်မရှိပေ။

သို့သော်လည်းလင်းရှောင်ရီသည် အတင်းပူဆာသောကြောင့်သူသည်မတတ်နိုင်ပဲဂိမ်းဆော့ရန် သဘောတူလိုက်ရတော့သည်။

…………

သူတို့နှစ်ယောက် မနက်စာစားပြီးနောက် Cullinan(ကား) ပေါ်တွင် ထိုင်ပြီး ချင်ရှီi အားကစားကွင်းဆီသို့ ဦးတည်သွားလိုက်ကြသည်။

ယနေ့တွင်လမ်းများထက်တွင်ကားများနှင့်ပြည့်ကျပ်နေလေသည်။

အချို့သောလူများသည်ကားစောင့်ရတာကြာလွန်းတာကြောင့်ဖုန်းသုံးသူကသုံး၊ဘေချင်းကပ်ရှိကားမောင်းသူများနှင့်စကားပြောသူများကလဲပြောနေကြလေသည်။

“ဒီနေ့ဘာလို့ကားပိတ်နေတာလဲ”

“မင်းမသိဘူးလား? ဒီနေ့၊ ငါတို့ ချင်ရှီအားကစားကွင်း မှာ ယွမ် ၁ ဘီလီယံ ဆုကြေးရှိတဲ့ပွဲကိုကျင်းပနေလို့လေ။ ဒါကြောင့်ဒီမြို့ကမဟုတ်တဲ့လူတော်တော်များများက ဒီကို တမင်တကာ လာကြတာ။”

“ယွမ်တစ်ဘီလီယံ ပွဲ? တကယ်လား? ဒါက ဘယ်လို ပွဲမျိုးလဲ?”

“ဒါက စကွက်ဂိမ်းပြိုင်ပွဲပါ။၊ တီဗီထဲမှာတော့ အတားအဆီးတွေကို ဖြတ်ကျော်နိုင်တဲ့အခါ ငွေအများကြီးရနိုင်ပါတယ်။’’

“ဒါက လူတော်တော်များများကို ဆွဲဆောင်နေတာ မဆန်းပါဘူး။”

“ဟုတ်တယ်မဟုတ်လား?”

…………

ဤစကားပြောသံများသည် ကျယ်လောင်လွန်းခြင်းမရှိသော်လည်း သူတို့ပြောသောစစကားအားလုံးသည် လင်းဖန်၏နားကနေ မလွတ်မြောက်ပေ။

Cullinan(ကား)တွင်ထိုင်နေသော လင်းရှောင်ရီသည် အနည်းငယ်စိုးရိမ်နေသောလေသံဖြင့်”အစ်ကို၊ ငါတို့ မီပါ့မလား?”

“ဒီး!”

“ဒီး”

“ဒီး”

လင်းဖန်က ပြန်မဖြေဘဲ သူ့ကားနောက်က ကားသည်ဟွန်းကို အကြိမ်ကြိမ် တီးလိုက်သည်။

ထိုအခါသူ့ဘေးနားရှိ တိုယိုတာ ကားပိုင်ရှင်က ခေါင်းထွက်လာပြီး “ဘာကို ဟွန်းတီးနေတာလဲ။ဒီလောက်ကားပိတ်နေတာမတွေ့ဘူးလား၊မင်းအဲ့လောက်အမြန်လိုရင်ပျံပြီးသွားလေ “

ပျံသန်းတာလား?

လင်းဖန်၏အမူအရာသည် အနည်းငယ်ပြောင်းသွားပြီး လင်းရှောင်ရီ အား “စိတ်မပူပါနဲ့၊ ငါတို့ 10 နာရီမထိုးခင်ရောက််မှာပါ”

ထို့နောက် ဖုန်းကို ကောက်ကိုင်လိုက်ပြီး ဖုန်းကိုတက်ပြီးနောက်မကြာခင်ဖုန်းပြန်ချလိုက်သည်။

ခဏကြာတော့ သူ့တို့ခေါင်းထက်မှာ အင်ဂျင်သံတစ်ခုထွက်လာလေသည်။

လူများစွာသည် စူးစမ်းလိုစိတ်ကြောင့်မော့ကြည့်လိုက်ကြသည်။

မကြာခင်မှာပဲ တစ်စုံတစ်ယောက်က “ဒါက ကိုယ်ပိုင်ဂျက်လေယာဉ်ပဲ!”

“အိုဘုရားရေ!”

“လေယာဉ်လဲ!”

“ငါတို့ရဲ့ချင်ရှီမှာကိုယ်ပိုင်ဂျက်လေယာဉ်တစ်စင်း ရှိတာလား”

လူတိုင်း၏အော်သံများကြားတွင် ဇိမ်ခံဂျက်လေယာဉ်သည် ၎င်းပေါ်ကနေ၏ ကြိုးလှေခါးကို ချလိုက်သည်။

လူငယ်တစ်ယောက်သည် ကြိုးလှေခါး ကနေ Cullinan(ကား)ဘက်သို့ ဆင်းလာပြီး “မင်္ဂလာပါ မစ္စတာလင်း။”ဟုနှုတ်ဆက်လိုက်လေသည်။

လင်းဖန်က ခေါင်းညိတ်ပြီး “ငါ ကားကို မင်းဆီ ထားခဲ့မယ်” လို့ပြောလိုက်၏။

“မစ္စတာလင်း စိတ်ချပါ” လူငယ်က ပြောသည်။

သူ့ဘေးမှာ ရပ်နေတဲ့ လင်းရှောင်ရီ က “အစ်ကို၊ ဒီလေယာဉ်...”

“၁၀နာရီမထိုးခင် ရောက်ချင်တယ်လို့ ပြောတယ်မဟုတ်ဘူးလား။လာ သွားကြရအောင်။” လင်းဖန်က ပြောသည်။

စကားပြောပြီးနောက်တွင် သူသည် ကြိုးလှေကားကလင်းရှောက်ရီ ကို ခေါ်ဆောင်ကာမရေမတွက်နိုင်သောလူများ၏အကြည့်ကနေလေယာဉ်ထဲသို့ဝင်သွားလေသည်။

လင်းရှောင်ရီ သည် ကိုယ်ပိုင်ဂျက်လေယာဉ်ထဲသို့ ဝင်ပြီးသည့်တိုင်အောင် သူမသည်ကြောင်တက်နက်ဖြစ်နေတုန်းပင်ဖြစ်သည်။

သူမသည် ကိုယ်ပိုင်ဂျက်လေယာဉ်ပြတင်းပေါက်မှတစ်ဆင့် အောက်ကိုငုံ့ကြည့်ရင်း နှလုံးခုန်သံများပြင်းလားကာသူမ၏မျက်နှာမှာ စိတ်လှုပ်ရှားမှုများဖြင့် နီမြန်းလာပြီး “အစ်ကို..ချစ်တယ်” ဟု စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

စကားပြောပြီးနောက် သူမသည် လင်းဖန်၏ ရင်ခွင်ထဲသို့ ဝင်လိုက်သည်။

လင်းဖန် က “ဟေ့...ငါတို့ကမောင်နှမတွေဆိုတာသတိရပါအုံး”

…………

ချင်ရှီအားကစားကွင်း။

ဒီအချိန်မှာ လူတော်တော်များများက အားကစားကွင်းကို လာကြဆလသည်။ အပေါ်ကနေ အောက်ကို ကြည့်လိုက်ရင် ကစားကွင်းထဲတွင်လူများနှင့်ပြည့်ကြပ်နေသည်ကိုမြင်ရမည်ဖြစ်သည်။

ကင်မရာများ ကိုင်ဆောင်ထားသော လူအချို့သည် ထိုလူများရှုပ်နေသည့်မြင်ကွင်းကို ဓာတ်ပုံရိုက်ရန် ကြိုးစားကြသည်။

ပွဲတွင်ပါဝင်ရန် အရည်အချင်းပြည့်မီသူအချို့သည်တန်းစီပြီးသူတို့အလှည့်ရောက်တာနဲ့သူတို့ရဲ့QR ကုဒ်ဖြင့် ကစားမည့်နေရာသို့ဆက်သွားလေသည်။

လင်းရှောင်ရီသည် ပြတင်းပေါက်ကနေကြည့်ရင်း”လူများလိုက်တာ”ဟုရေရွတ်လိုက်သည်။

ဂျက်လေယာဉ်သည် နောက်ဆုံးတွင် အားကစားကွင်းအတွင်းသို့ ဆင်းသက်ခဲ့သည်။

ခဏကြာတော့ ဝန်ထမ်းတစ်ယောက်ရောက်လာလေသည်။

ထိုအခါလင်းဖန်က “လာ ဂိမ်းကစားရအောင်။”

လင်းရှောင်ရီက အားတက်သရော ခေါင်းညိတ်ပြီး “အင်း”ဟုပြောလိုက်၏။

All Chapters