နောင်တရခြင်း
Vol. 36 Ch. 540
ဆူညံသံများကြားတွင် ရွေးချယ်ခံထားရသော ဂိမ်းကစားသမား၅၀၀ သည် အစိမ်းရောင် အားကစားဝတ်စုံကို ၀တ်ဆင်ကာ ကျယ်ပြောလှသော အားကစားကွင်းသို့ ရောက်လာကြသည်။
သူတို့သည် အားကစားကွင်းတစ်ဝိုက်ရှိ တောက်ပနေသော မီးရောင်များကို ကြည့်ကာ တစ်ယောက်တစ်ပေါက်မပြောပဲမနေနိုင်ပေ။
“အဝတ်အစားတွေကတော့တီဗီစီးရီးက နဲ့အတူတူပဲ!”
“အဲဒီ အနီရောင်နဲ့ဖုံးထားတာက ဘာလဲ။”
“မင်းပြောကြည့် 1 ဘီလီယံဆုကြေးက တကယ်ပေးမှာလား”
“ဒါတစ်ကယ် ဖြစ်နိုင်တယ်။”
“ဒါဆိုအရမ်းမိုက်ပြီ”
...
အားလုံးကပြုံးရင်းစကားပြောနေလေ၏။
ထင်ရှားသည်မှာ၊ သူတို့အားလုံးသည် ဒီ”စကွက်ဂိမ်း” ကိုနှစ်သက်ကြတယ်ဆိုတာပင်ဖြစ်သည်။
“ဒင်!”
ထိုအချိန်တွင် အားကစားရုံ၏ ထုတ်လွှင့်မှုတွင် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
“စကွက်ဂိမ်း မှကြိုဆိုပါတယ်!”
အသံကျသွားသည်နှင့် တပြိုင်နက်ကြီးမားလှသော အနီရောင်အ၀တ်စကို ဖြည်းညှင်းစွာ ဆွဲချလိုက်လေသည်။
နောက်အခိုက်အတန့်တွင် လူတိုင်း၏အမြင်တွင်ထောက်ထွင်းမြင်ရသောမှန်ပုံးကြီးပေါ်လာသည်။
မှန်ပုံးအတွင်း၌ ယွမ်ငွေတစ်ရာတန်မြောက်မြားစွာရှိလေသည်။
ဒါကိုမြင်တော့ဂိမ်းတွင်ပါဝင်သူတိုင်း၊ သတင်းထောက်များနှင့် အားကစားကွင်းအနီးရှိ ပရိသတ်များက အော်ဟစ်သံများနှင့်ပြည့်နှက်သွားတော့သည်။
“အိုဘုရားရေ!”
“ပိုက်ဆံအများကြီး!”
“ဘယ်လောက်ရှိမလဲ?”
“သတင်းတွေပြောခဲ့သလိုပဲ နောက်ဆုံးမှာ အနိုင်ရတဲ့သူက အနည်းဆုံး သန်း 500 ရနိုင်ပါ့မလား”(မှတ်ချက်ကြော်ငြာတုန်းကယွမ်1ဘီလီယံပါ။ဒေါ်လာနဲ့ဆိုသန်း၅၀၀(or)မီလီယံ500ပါ)
“ဒါက သန်း 500 မကဘူးထင်တယ်ဟုတ်တယ်မလား?”
လူတိုင်းက စိတ်မလှုပ်ရှားပဲမနေနိုင်ကြချေ။
မူလက လူအများစုသည် 1 ဘီလီယံဆုကြေးငွေကိစ္စကိုအနည်းငယ်မျှမယုံကြချေ။
အခုသူတို့ ပိုက်ဆံတွေ အများကြီးတွေ့တော့ သူတို့ နားလည်လိုက်သည်။ဒါကလိမ်နေတာမဟုတ်ဘူးဆိုတာပင်ဖြစ်သည်။
ရလဒ်အနေနဲ့ အရွေးမခံရတဲ့သူတွေကို အားကစားကွင်းအပြင်ဘက်ကနေ ဝန်ထမ်းတွေကိုတစ်ယောက်တစ်ပေါက်အော်ပြောကြတော့သည်။
“အခု စာရင်းသွင်းလို့ရသေးလား”
“ငါလဲစကွက်ဂိမ်းမှာပါချင်ပါတယ်”
“ကျေးဇူးပြုပြီး စာရင်းသွင်းလို့ရမလား?”
...
အခွင့်အရေးရှိမရှိမသေချာတောင်သူတို့ ကြိုးစားချင်နေကြတုန်းပင်ဖြစ်သည်။
ဒီကစားပွဲကိုသာအောင်ခဲ့လျှင် အနည်းဆုံး သန်း 500 ရနိုင်မည်ဖြစ်သည်။
သန်း 500!
ဒီငွေပမာဏသည်လူတစ်ယောက်ရဲ့ဘဝကို လုံးလုံးပြောင်းလဲသွားစေနိုင်သည်။
သို့သော်စိတ်မကောင်းစရာကသူတို့မှာ ဒီအခွင့်အရေး အနည်းငယ်တောင်မရှိပေ။
မှန်ပုံးထဲက ပိုက်ဆံတွေကို ကြည့်ရင်း ဝန်ထမ်းတွေက လည်ချောင်းခြောက်လာသလိုခံစားရသည်။
“အားလုံးကိုတောင်ပန်ပါတယ်ခဗျ။ ဂိမ်းမှာစားရင်းသွင်းလို့မရတော့ပါဘူး’’ ဟု မပြောမီ တံတွေးမျိုချလိုက်သည်။
...
မူလက စိတ်လှုပ်ရှားနေသော ကစားသမားများသည် မှန်ပုံးထဲရှိပိုက်ဆံများကို မြင်ပြီးနောက် ပို၍ပင် စိတ်လှုပ်ရှားလာကြသည်။
ထို့နောက်သူတို့သည် ဤဂိမ်းကို ပို၍အလေးအနက်ထားလာကြသည်။
လူအုပ်ထဲရှိလင်းရှောင်ရီသည် သူမ၏ ခေါင်းပေါ်ရှိ ပိုက်ဆံပုံကြီးကို ကြည့်ပြီးနောက် ကြောင်တက်တက်ဖြင့် “အစ်ကို” ဟု ပြောလိုက်သည်။
“ဘာဖြစ်လို့လဲ?” လင်းဖန်က မေးလိုက်သည်။
“ငါတို့ ဂိမ်းကို ဖျက်လို့ရမလား၊ဒါက ပိုက်ဆံအများကြီးပဲ!” လင်းရှောင်ရီ က ပြောသည်။
သူမသည်1 ဘီလီယံဆုကြေးငွေအကြောင်းကို ကြိုသိထားပြီးသားပင်ဖြစ်သည်။
သို့သော် တစ်ဘီလီယံသည် ကိန်းဂဏန်းတစ်ခုသာဖြစ်သည်။
အခုအဲ့လောက်ပမာဏပိုက်ဆံကိုမျက်စိရှေ့မှာမြင်နေရတာပင်ဖြစ်သည်။
ဂိမ်းပွဲသာမရှိရင် ပိုက်ဆံက လင်းဖန်ဟာပင်ဖြစ်သည်။
လင်းဖန်က သူ့အစ်ကို၊ သူ့အစ်ကိုရဲ့ပိုက်ဆံက သူ့အတွက်ပဲမဟုတ်လား။
ထို့ကြောင့် လင်းရှောင်ရီ သည် နောင်တရခဲ့သည်။
လင်းဖန်သည် လင်းရှောင်ရီ၏ သနားစရာကောင်းသော အသွင်အပြင်ကို ကြည့်ကာ ပြုံးရင်း “ဂိမ်းက်ုနိုင်အောင်ဆော့ပြီး ပိုက်ဆံပြန်ရှာပါ” လို့ ပြောလိုက်သည်။
လင်းရှောင်ရီသည် ပြင်းပြင်းထန်ထန် ခေါင်းညိတ်ကာ “အင်း”ဟုဆိုလိုက်သည်။
...
ထိုအချိန်တွင် ကျယ်လောင်သော အသံတစ်ခု ထပ်မံထွက်ပေါ်လာသည်။
“လူတိုင်း မြင်တယ်မလား။မင်းတို့ရှေ့မှာရှိတာက ယွမ် သန်း 500 ပါ။ ဒီစကွက်ဂိမ်းမှာ အနိုင်ရသူကဒီပိုက်ဆံကိုအနည်းဆုံးရရှိမှာ ဖြစ်ပါတယ်။”
ဒီမှတ်ချက်ထွက်လာပြီးတာနဲ့ ပိုဆူညံသွားလေသည်။
ဤရလဒ်ကို ခုနကတည်းကသူတို့ခန့်မှန်းပြီးသားဖြစ်သည်။
သို့သော်လည်း အမှန်တကယ် အတည်ပြုပြီးနောက်တွင် သူတို့သည်စိတ်ကိုတည်ငြိမ်အောင်ထားဖို့ကမဖြစ်နိုင်ပေ။
ဆက်လက်ပြီး - “အခု ပထမဆုံးဂိမ်းရဲ့ စည်းမျဉ်းတွေကို မိတ်ဆက်ပေးပါရစေ။”
တခဏအတွင်းမှာပင် မြင်ကွင်းတစ်ခုလုံး တိတ်ဆိတ်သွား၏။
အားကစားကွင်းရှိ ဂိမ်းကစားသူအားလုံးသည် စကားတစ်ခွန်းမှ မပြောဝံ့ပဲဖြစ်သွားကြသည်။
ဂိမ်းကစားသူတွေ ငြိမ်သက်သွားရုံသာမက အားကစားကွင်းဘေးပတ်ပတ်လည်မှာ ရပ်နေတဲ့ သတင်းထောက်တွေနဲ့ ပရိသတ်တွေကလည်း ငြိမ်သက်သွားကြသည်။
...
“ပထမဂိမ်းရဲ့ စည်းမျဉ်းကို သစ်သားရုပ် လို့ ခေါ်ပါတယ်။ သစ်သားရုပ်သေးလူသားက သူ့ခန္ဓာကိုယ်ကို လှည့်လိုက်တဲ့အခါ ပါဝင်သူတွေကခန္ဓာကိုယ်ကို လှုပ်လို့မရပါဘူး။မဟုတ်ရင် ထွက်ရလိမ့်မယ်!”
“သတ်မှတ်ထားသောအချိန်အတွင်း စတင်သည့်နေရာမှ ပန်းတိုင်သို့ အောင်မြင်စွာရောက်ရှိသူ မည်သူမဆို ပထမအဆင့်အောင်ပြီးဖြစ်ကြောင်း မှတ်ယူပါသည်။ မစ်ရှင်အောင်တဲ့သူတွေကဆုငွေ ယွမ် ၂၀၀,၀၀၀ ရရှိမည်ဖြစ်ပြီး၊ ကျရှုံးသူများသည်လည်းဆုငွေ ယွမ် ၁၀၀,၀၀၀ ရရှိမည်ဖြစ်သည်။ “
ဒါကိုကြားတော့မူလကတိတ်ဆိတ်နေသောအားကစားကွင်းသည်ပြန်၍ဆူညံလာတော့သည်။
မအောင်မြင်ပါက ယွမ် 100,000 ဆုငွေ ရနိုင်သည် ။
တစ်နည်းဆိုရသော် ဂိမ်းတွင်ပါဝင်သူ မည်သူမဆို အနည်းဆုံး ယွမ် 100,000 ရရှိနိုင်တာပင်ဖြစ်သည်။
အချို့လူများအတွက် ယွမ်ငွေ 100,000 သည် လ ဝိုင်တစ်ပုလင်းအတွက် ပိုက်ဆံသာဖြစ်နိုင်သည်။
သို့သော်၊ ဤဂိမ်းတွင်ပါဝင်သူအများအပြားအတွက်၊ ၎င်းသည်တစ်နှစ်လစာဖြစ်သည်။
ပထမအဆင့်အောင်မြင်ပါကယွမ် 200,000 ရနိုင်သည်။
ဤငွေသည် နှစ်နှစ်ကြာအောင် ကြိုးစားပြီးမှသာ ရနိုင်သောငွေဖြစ်သည်။
အရင်ကတော့ လူတော်တော်များများက သူတို့ခေါင်းပေါ်မှာရှိတဲ့ ငွေသား သန်း 500 ကို တွေ့တော့ သူတို့ စိတ်လှုပ်ရှားနေပေမယ့် အဲဒါဟာ အတုအယောင်မျှသာ ဖြစ်ပြီး သူတို့ကိုယ်သူတို့ပိုက်ဆံလုံးဝမရဘူးလို့ ခံစားမိနေသည်။
ဒီအချိန်မှာတော့ ဒီအယူအဆကို လုံးလုံးမေ့သွားကြတော့သည်။
ထို့ကြောင့် စကွက်ဂိမ်းတွင်ပါဝင်ကစားသမားများသည် ပို၍စိတ်လှုပ်ရှားလာကြသည်။
အားကစားရုံအပြင်ဘက်မှာ မပါဝင်တဲ့သူတွေကတော့ မနာလိုစိတ်အပြည့်နဲ့ကြည့်နေလေသည်။
ထိုအချိန်တွင်၊ အားကစားကွင်း၏ရှေ့ကန့်လန့်ကာသည် ပြုတ်ကျပြီး အရပ်ရှည်ပြီး ချစ်စဖွယ်ကောင်းသော ရုပ်သေးရုပ်လေးတစ်ရုပ် ပေါ်လာသည်။
“ဂိမ်းက 3 မိနစ်ကြာမှာဖြစ်ပါတယ်!”
အသံကျလာသောအခါတွင် အနီရောင် m416 (သေနတ်အမည်)ကိုကိုင်ထားပြီးအနက်ရောင်မျက်နှာဖုံးများ ဝတ်ဆင်ထားသော လူအုပ်စုကြီးသည် စင်မြင့်နောက်ဘက်မှ ထွက်လာခဲ့ကြသည်။
သူတို့သည် လူများကို ဖိနှိပ်ချုပ်ချယ်မှု ခံစားချက်ကို ပေးစွမ်းလေသည်။
တစ်စုံတစ်ယောက်က “ဒီလူတွေကိုင်ထားတာက... သေနတ်အစစ်တွေများလား?”
“မဟုတ်ဘူး... မသိဘူး။”
“မဖြစ်နိုင်ဘူးမလား?”
...
သူတို့သည်သေနတ်အစစ်တွေသုံးမယ်လို့ လုံးဝမယုံကြည်ကြပေ။
ဒါပေမဲ့လည်းတခြားပါတီက ဘောနပ်စ်တွေ အများကြီး ပြင်ဆင်ထားတာကြောင့်သေနတ်အစစ်လဲဖြစ်နိုင်လေသည်။
“ဂိမ်း စတင်ပါတော့မယ်”
အသံသည် ပို၍ ကျယ်လောင်လာသည်။
10!
9
8
...
ထိုအချိန်တွင်လူတိုင်းသည် မျက်တောင်မခတ်ဘဲ စင်မြင့်ပေါ်ရှိ ကိန်းဂဏန်းများကို စိုက်ကြည့်နေကြသည်။ ဤကိန်းဂဏန်းများနှင့်အတူ၊ သူတို့၏နှလုံးခုန်သံများလဲတဖြည်းဖြည်း အရှိန်မြန်လာခဲ့တော့သည်။