← Chapters

ကောင်းကင်ဘုံ၏ နည်းလမ်း

Vol. 88 Ch. 1226

ကောင်းကင်ဘုံ၏ နည်းလမ်း

Vol. 88 Ch. 1226

မိုဒိဆန်းသည် သူမ ပြောလိုက်သောစကားကြောင့် လန့်သွားကာ ရှေ့နှစ်လှမ်းတိုးပြီး သူမ၏ လက်ကောက်ဝတ်ကိုကိုင်ကာ သွေးခုန်နှုန်းစမ်း လိုက်သည်။ ထိုအစား သူမ ဝိညာဉ်စွမ်းအင်လှုပ်ရှားမှုကို သူ မခံစားမိတော့ ပေ။ “ဘယ်လိုလုပ် ပျောက်သွားတာလဲ မင်းအတွင်းမှာ ထိခိုက်ထားတာလား” သူသည် ထပ်မံစမ်းသပ်သော်လည်း ရလဒ်မှာအတူတူပင်။

သူမ ထွက်လာပြီး ကျသွားသည်ကလွဲ၍ မည်သည့်နေရာမှ ဒဏ်ရာရ ရထားခြင်းမရှိပေ။ ဘယ်လိုလုပ် ဝိညာဉ်စွမ်းအင်က ဒီအတိုင်းပျောက်သွားရ တာလဲ။

“ငါ တံခါးပိတ်ကျင့်ကြံပြီးထွက်လာတုန်းက အကုန်လုံးအဆင်ပြေနေ သေးတယ် ထွက်လာတာနဲ့ ဘယ်လိုလုပ် ချက်ချင်းကြီးပျောက်သွားတာလဲ” သူမအတွက် အလွန်ကြမ်းတမ်းပြီး ထူးဆန်းလွန်းသည်။

အဲဒါက အရမ်းကို… လန့်စရာပဲ။

“မစိုးရိမ်ပါနဲ့ မင်းဘာဖြစ်လဲဆိုတာ မသိနိုင်သေးဘူး ရင်လင်းကိုသွား မေးကြတာပေါ့” မိုဒိဆန်း ဆက်ပြောလေသည်။ “ဘာဖြစ်လဲဆိုတာ သူသိ လောက်မှာပါ”

“အင်း” ရှီမာယူယူသည် ကြောက်စိတ်ကိုဖိနှိပ်ကာ စိတ်ငြိမ်အောင်ထား လိုက်သည်။

ထိုအချိန်တွင် လူနှစ်ယောက်သည် အဝေးမှပျံလာပြီး သူတို့နှစ်ယောက် ရှေ့အရောက်တွင်ရပ်ကာ ရှီမာယူယူကို အရိုအသေပေးလေသည် “သခင်မလေးယူယူ ကျွန်တော်တို့ မျိုးနွယ်သခင်က ဖိတ်ကြားခိုင်းလိုက်ပါ တယ်”

ရှီမာယူယူသည် သူတို့တူညီဝတ်စံကို မှတ်မိသည်။ ထိုဝတ်စုံသည် ရင်လင်း၏ဝတ်စုံနှင့် ဆင်သည်။ သူ လူလွှတ်လိုက်သည်ကို သိပြီးနောက် သူမ ထွက်လာလျှင် သူ့ကိုလာတွေ့ရန် ပြောခဲ့သည်ကို သတိရကာ ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “ကောင်းပါပြီ ကျွန်မလည်း သူ့ကိုမေးစရာရှိနေတာ ကျေးဇူး ပြုပြီး လမ်းပြပေးပါ”

သူမ ထွက်လာသည်နှင့် ယခုနေရာတွင်ရှိသည်ကို သူသိနေသည်မှာ သာမန်တော့မဟုတ်ပေ။

သူတို့ကိုခေါ်သွားပြီး တစ်နာရီကျော်ကြာအောင်ပျံသန်းပြီးနောက်တွင် ထာဝရှင်သန်သူနယ်မြေသို့မသွားခင်က တောင်ကိုရောက်လေသည်။ ရင်လင်းသည် တောင်ထိပ်တွင်ရပ်နေကာ လေသည် သူ၏ငွေရောင်ဆံပင်နှင့် အင်္ကျီအဖြူကို တိုက်ခတ်ရာ ဖျော့တော့သောမျက်နှာသည် အချိန်မရွေး မသေမျိုးဖြစ်သွားနိုင်သည့် ပုံစံလိုပင်။

သူ့ဘေးတွင်ရပ်နေသော ကလေးငယ်သည် အရွယ်ရောက်လာကာ သူ့မျက်လုံးတွင် စိုးရိမ်မှုများဖြင့် ပြည့်နေခဲ့သည်။

ရှီမာယူယူနှင့် မိုဒိဆန်းတို့သည် သွားလိုက်ကြသည်။ ရှီမာယူယူကို မြင်သည်နှင့် အကူလေး၏ မျက်လုံးများသည် မျှော်လင့်ချက်ရှိသွား သကဲ့သို့ ပျော်ရွှင်မှုကြောင့် တောက်ပသွားလေသည်။

ရင်လင်းသည် သူမကိုကြည့်ပြီး ဖျော့တော့စွာ ပြုံးလေသည် “ထွက်လာ ပြီလား”

“သခင်ကြီး ကြည့်ရတာမကောင်းဘူး” ရှီမာယူယူ ပြောလိုက်သည်။

“အဟွတ်…” ရင်လင်း ချောင်းဆိုးလိုက်ရာ အကူလေးသည် သူ့ ကိုကူပြီး တွဲပေးလိုက်သည်။ သူ အဆင်ပြေသည်ဟုဆိုလိုသည့်အနေနှင့် လက်ရမ်းပြ လိုက်သော်လည်း သူ၏ ဖြူဖျော့သော မျက်နှာသည် ထိုအတိုင်း ဖြစ်မနေပေ။

ရှီမာယူယူသည် အကူအညီမဲ့စွာ ကြည့်နေခဲ့ရသည်။ ပြီးနောက်တွင် သူ့ ဆီသို့ ချက်ချင်းပြေးသွားပြီး ကုပေးရလောက်အောင်အထိ မရင်းနှီးပေ။

ဝူလင်းယူ ပြောသလိုဆိုလျှင် သူတို့သည် ရသလောက်ပြန်ပေးဆပ်ရ သည်မှာ ကောင်းကင်ဘုံ၏ အလိုတော်ဖြစ်ကာ သူမ ပြောင်းလဲနိုင်သည့်အရာ မဟုတ်ပေ။

“သခင်ကြီး ကောင်းကင်ဘုံနဲ့ ဆန့်ကျင်တာတစ်ခုခုကို လုပ်ခဲ့တာလား” သူမ မေးလိုက်သည်။

“ဒီတစ်ခေါက်က ထာဝရရှင်သန်သူနယ်မြေမှာ မမြင်နိုင်တဲ့ အခြေအနေ တွေရှိခဲ့တာ ဆရာတွက်ချက်လိုက်တော့ ဒီလောက်ပြင်းထန်တဲ့ ဒဏ်ရာရလာ လိမ့်မယ်လို့ထင်မထားပါဘူး အခုဆို ဆယ်စုနှစ်တစ်ခုတောင်ကျော်သွားပြီ ကြည့်ရတာ ပြန်မကောင်းနိုင်တော့ဘူးထင်တယ်” အကူလေး ပြန်ဖြေပေးလေ သည်။

“အဲလောက်ဆိုးတာလား ကုဖို့နည်းလမ်းမရှိဘူးလား” ရှီမာယူယူ မေးခွန်းထုတ်လိုက်သည်။

“ဒါက ကောင်းကင်ဘုံရဲ့ သံသရာပဲလေ” ရင်လင်းသည် တိုးညင်းစွာ ပြောလေသည်။ သူသည် သူ၏ ကျန်းမာရေးကို စိတ်ပူနေသည့်ပုံမရှိပေ။

သို့သော် သူ့အသံသည် အကူအညီမဲ့နေသည်။

“ကောင်းကင်ဘုံ သံသရာဆိုရင်တောင် နည်းလမ်းတစ်ခုတော့ ရှိသင့် တယ်လေ” ရှီမာယူယူ ဆက်ပြောလေသည် “သခင်ကြီးက အခွင့်အရေးကြီး တစ်ခုကိုရလို့ အဲတန်ကြေးအနေနဲ့ အသက်ကိုပေးဆပ်ရတာပဲ ဒါပေမဲ့ သစ်သား၊ ရေ၊ မီးနဲ့ မြေကြီးလို ဒြပ်စင်တွေ တစ်ခုနဲ့တစ်ခုပွတ်တိုက်မိရင် တောင် ဟန်ချက်ဆိုတာရှိသေးတယ်”

“အမှန်ပါပဲ ဒါပေမဲ့ အဲလောက်လွယ်လွယ်နဲ့မရဘူးလေ အနည်းဆုံး တော့ သာမန်ဆေးပညာလောက်နဲ့ ဖြေရှင်းလို့ရတဲ့ဟာမဟုတ်ဘူး” ရင်လင်း ပြောလိုက်သည်။

“အနည်းဆုံးတော့ နည်းလမ်းတစ်ခုရှိရင် စမ်းကြည့်ပါ” ရှီမာယူယူ ပြော လိုက်သည်။

ရင်လင်း ပြုံးပြီး စကားလမ်းကြောင်း ပြောင်းလိုက်သည်။ အရင်က ဘယ် ဂမ္ဘီရပညာရှင်တွေက ဒီအရသာကိုမခံစားရဖူးလို့လဲ။ ဒါပေမဲ့ ဒီကိစ္စတွေက နည်းလမ်းရှာဖို့ အရမ်းခိုက်တာလေ။ ဒဏ္ဍာရီထဲမှာပဲရှိခဲ့တာ ဘယ်သူကများ တကယ်ရှာလို့ရခဲ့လို့လဲ။

အချိန်ကြာသွားသည်နှင့်အမျှ ထိုအရာများသည်လည်း မှေးမှိန်သွားခဲ့ သည်။

“အဲအကြောင်းကို မပြောနဲ့တော့ မင်းအကြောင်းပြောကြတာပေါ့ ကျုပ်ကို မေးစရာမရှိဘူးလား” ရင်လင်းသည် ပြုံးပြီး မေးလေသည်။

“သခင်ကြီးက သိနေတာလား” ရှီမာယူယူသည် အနည်းငယ်အံ့သြမိနေ လေသည်။ “သခင်ကြီး ကျန်းမာရေးက မကောင်းတာကို ဆက်ပြီး ရှေ့ဖြစ်ကို ကြည့်နေမယ်ဆိုရင် ကျန်းမာရေးကို ဆက်ပြီးတောင့်ခံနိုင်တော့မှာမဟုတ်ဘူး”

“ဖြစ်ပြီးတဲ့ကိစ္စကို အာရုံခံရတာက အဲလောက် တန်ကြေးမများပါဘူး” ရင်လင်းသည် တိုးညင်းစွာပြောလေသည်။

ရှီမာယူယူသည် အကူလေးကိုကြည့်လိုက်သည်။ သူ့မျက်နှာမှာ မပြောင်းသဖြင့် အဆင်ပြေသည်ဟု ဆိုလိုနေသည်။

“ဒါဆိုရင် ကျွန်မက ဘာဖြစ်တာလဲ အထဲမှာတုန်းက အကုန်လုံးအဆင် ပြေပါရဲ့နဲ့ ထွက်လာတော့ ကျွန်မဝိညာဉ်စွမ်းအင်ကို သုံးမရတော့ဘူး ဘာလို့ လဲ”

“ဘာလို့လဲဆို မင်းအများကြီးရခဲ့လို့ပဲ” ရင်လင်း ဆက်ပြောလေသည် “မင်းက အနာဂတ်ကိုပြောင်းလဲစေမဲ့ ဘဝပုံစံကိုရလာခဲ့လို့ ကောင်းကင်ဘုံရဲ့ အပြစ်ကိုခံရတာ သဘာဝပဲ”

ရှီမာယူယူသည် တစ်ခဏမျှ မှင်တက်သွားသည်။ သူ ဒါကိုလည်းသိတာ ပဲလား။ ဒါပေမဲ့ သူပြောနေသည်မှာ ချင်ယိကိုလား နတ်ဆိုးသွေးကိုပြောနေ သည်ကိုတော့ သူမ မသိပေ။

“ဒါဆိုရင် ပြန်ကောင်းနိုင်မှာလား” သူမ မေးခွန်းထုတ်လိုက်သည်။

သူမ၏ ဝိညာဉ်စွမ်းအင်ပြန်မကောင်းနိုင်လျှင် အမှိုက်ပြန်ဖြစ်သွားပြီ မဟုတ်ဘူးလား။

“သူ့အလိုလို သက်သာသွားမှာပါ” ရင်လင်း ဆက်ပြောလေသည် “မင်းကို အပြစ်ပေးရုံတင်ပါ သတ်ဖို့ရည်ရွယ်ချက်မရှိဘူး မဟုတ်ရင် မင်း ထာဝရရှင်သန်သူနယ်မြေကနေ ထွက်လာနိုင်မှာမဟုတ်ဘူး”

“ဘယ်လောက်ကြာနိုင်မလဲ” မိုဒိဆန်း မေးလိုက်သည်။

ရှီမာယူယူသည်လည်း ထိုမေးခွန်းနှင့်ပတ်သတ်ပြီး စိုးရိမ်မိသည်။

သို့သော် ရင်လင်းသည် ခေါင်းရမ်းပြီးပြောလေသည် “အဲဒါတော့ ငါ လည်းမသိဘူး မင်းရဲ့ အသက်အစီအစဉ်က ပုံမှန်မဟုတ်ဘူး တခြားသူတွေ ကို ခန့်မှန်းပြီး မင်းကိုလည်း ဟောကိန်းထုတ်ပေးနေတယ် နောက်ထပ်တော့ ဘာမှမရနိုင်တော့ဘူး ဒီ့ထက်ပိုပြီး ခန့်မှန်းဖို့ တွန်းအားပေးမယ်ဆိုရင်တော့ ဒီအားလျော့တဲ့ခန္ဒာကိုယ်က….”

“ထပ်ပြီး မခန့်မှန်းပါနဲ့တော့” ရှီမာယူယူ ဆက်ပြောလိုက်သည်။ “ပြန် ကောင်းနိုင်မယ်ဆိုမှတော့ နောက်ကျတာနဲ့ စောတာပဲကွာသွားမှာပါ ဘာပဲဖြစ်ဖြစ် သိရင်တောင် စောစောလုပ်လို့မှမရတာ”

ရင်လင်း ရယ်မောလိုက်သည်။ သူမသည် အမှန်တကယ်ပင် ထူးခြား သော မိန်းကလေးဖြစ်သည်။

အစောပိုင်းကပင် သူမ ကြောက်လန့်ခဲ့သည်။ သို့သော် အကြောင်းအရင်းကိုသိပြီးနောက်တွင် သူမ တည်ငြိမ်နေကာ ထိုကိစ္စကို ပြဿနာဟု မမြင်တော့ပေ။

“မင်းဘယ်တော့ ပြန်ကောင်းမလဲ ကျုပ်မမှန်းနိုင်ပေမဲ့ ပြောနိုင်တာ တစ်ခုက ကောင်းကင်ဘုံက ဒီတစ်ခေါက်ကို မကြည်ပေမဲ့ နောက်ကိုပြန် ကြည့်ပေးမှာပါ မင်း မနက်ဖြန်မဟုတ်ရင် နောက်နှစ်အနည်းငယ်လောက်ကို ပြန်သုံးလို့ရတယ် အချိန်အကန့်အသက်မရှိဘူး အကုန်လုံးက ကောင်းကင်ဘုံ အပေါ်မူတည်နေတယ်” ရင်လင်း ပြောလေသည်။

“ဒါဆိုရင်… စောစောချိပ်ဖွင့်နိုငမဲ့ နည်းလမ်းများရှိမလား” ရှီမာယူယူ မေးလိုက်သည်။

“မင်း ကိုယ့်ဘာသာရှာရလိမ့်မယ်”

ကောင်းပြီ… သူ မသေချာသလား မပြောချင်၍လားတော့မသိ သူမ သူ့ဆီက ဘာမှမရနိုင်တော့ပေ။

“အရင်ပြောထားတဲ့ပစ္စည်းရော ဘယ်လိုအခြေအနေရှိလဲ” ရင်လင်း သည်လည်း ထိုအကြောင်းအရာမှရပ်တန့်ကာ ထာဝရရှင်သန်မှုနယ်မြေတွင် သူ သူမကိုရှာခိုင်းထားသည့် ပစ္စည်းအကြောင်းမေးလိုက်သည်။

“အသန့်စင်ဆုံးရေကိုပြောတာလား”

ရှီမာယူယူသည် ထာဝရရှင်သန်သူနယ်မြေတွင် ခရီးသွားရင်းနှင့် ယူလာ သော ရေပုလင်းအနည်းငယ်ကိုထုတ်ပြီး ပြောလိုက်သည် “အသန့်စင်ဆုံးရေ ဘာလိုအပ်မှုမှမပြောတော့ ဘယ်လိုရေကိုလိုချင်လဲဆိုတာ ကျွန်မမသိဘူး လေ အဲတော့ မျိုးစုံအောင်ယူခဲ့တာ”

ရင်လင်းသည် ကြည့်ပြီး ခေါင်းရမ်းလိုက်သည်။ ပြောစရာမလိုအောင်ပင် ထိုရေများသည် သူပြောသည့် အသန့်စင်ဆုံးရေမဟုတ်ပေ။

“အဲဒါ အကုန်ပဲလား” သူ ခေါင်းမော့ပြီး ညင်သာစွာမေးလိုက်သည်။

“ဒီလောက်အများကြီးကို သခင်ကြီးရှာတာ တစ်ခုမှမရှိဘူးလား” ရှီမာယူယူသည် စိတ်ပျက်သွားမိသည်။ သူမသည် မြင်မြင်သမျှရေကို ပုလင်း ထဲတွင် ထည့်ခဲ့သည်။ ထိုအရာများသည် သူ အလိုရှိသည့်ရေမဟုတ်သည်ကို တော့ မျှော်လင့်မထားပေ။

“ဒီနေရေတွေက တကယ်ပဲကြည်လင်ပါတယ် ဒါပေမဲ့ ကျုပ်ပြောတာ တစ်ခုမှမဟုတ်ဘူး တကယ်လို့ တခြားမရှိတော့ရင် မင်းအဖေအကြောင်း ကျုပ်မပြောနိုင်တော့ဘူး…”

***

All Chapters