← Chapters

ဆရာနဲ့တပည့် ခေါင်းမာခြင်း

Vol. 88 Ch. 1227

ဆရာနဲ့တပည့် ခေါင်းမာခြင်း

Vol. 88 Ch. 1227

“ခဏလေး တစ်ခုရှိသေးတယ် အလုပ်ဖြစ်မလားဆိုတာကြည့်ရအောင်” ရှီမာယူယူသည် ရေများကိုသမ်းပြီး မျက်ရည်စက်အနည်းငယ်ပါသော ဝိညာဉ် ကျောက်တုံးတစ်တုံးထုတ်ကာ ရင်လင်းကိုပေးလိုက်သည်။ ရင်လင်းသည် သူမ ထုတ်လာသော ဝိညာဉ်ကျောက်တုံးကိုမြင်သောအခါ ထူးဆန်းသည်ဟု ခံစားရလေသည်။ ဒီထဲမှာလဲ ရေပါတာလား။ သို့သော် သူ လက်ဆန့်ထုတ်ပြီး ဝိညာဉ်ကျောက်တုံးကိုထိလိုက်သည်နှင့် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွား ပြီး တည်ငြိမ်လေ့ရှိသော မျက်နှာထားသည် ပထမဆုံးအကြိမ်အဖြစ် အံ့အား သင့်သော အမူအရာဖြစ်သွားလေသည်။

လက်ထောက်အကူလေးသည် သူ့နောက်ကို နှစ်ပေါင်းများစွာလိုက်လာ ကာ သူ့ကိုထိုပုံစံအတိုင်းမြင်ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သဖြင့် တအံ့ တသြမေးလေသည်။ “ဆရာ အဲဒါကဘာလဲ”

“အချစ်ကျောက်တုံးပဲ” ရင်လင်းသည် သူ့ကိုယ်သူစိတ်ငြိမ်အောင်လုပ် လိုသည်။ “ဒါကအချစ်ကျောက်တုံးပဲ ဒီအထဲမှာအသန့်စင်ဆုံးရေရှိနေတယ်”

အကူလေးသည် အချစ်ကျောက်တုံးဆိုသည်ကို ကြားသောအခါ ပျော်ရွှင်ကာ မေးလေသည်။ “ဆရာ ဒါကဒဏ္ဍာရီလာ အချစ်ကျောက်တုံးလား”

“ဟုတ်တယ် ငါတို့ရှာနေတဲပစ္စည်းပဲ” ရင်လင်းဆက်ပြောလေသည် “မင်း အသန့်စင်ဆုံးရေယူလာနိုင်မယ်လို့ ကျုပ်မှန်းထားပေမဲ့ ဒီဟာကိုယူလာ မယ်လို့ ထင်မထားဘူးပဲ”

ရှီမာယူယူသည် သူတို့အမူအရာများကိုမြင်သောအခါ ပြောလိုက်သည်။ “ဒါက အဲလောက်တန်ဖိုးကြီးတာလား”

“မင်းအတွက် တန်ဖိုးမကြီးနိုင်ပေမဲ့ ကျုပ်တို့လိုဟောကိန်းထုတ်တဲ့ ဂမ္ဘီရ ပညာရှင်တွေအတွက် အသက်ထက်ပိုပြီးတန်ဖိုးရှိတယ်” ရင်လင်း ဆက်ပြော လေသည်။ “ဒါနဲ့ဆိုရင် ဒီကလေးရဲ့ ကံတရားကိုပြောင်းလဲပေးနိုင်တယ်”

“ဒီဟာက လူတစ်ယောက်ရဲ့ ကံတရားကိုပြောင်းလဲပေးနိုင်တယ် ဟုတ်လား” ရှီမာယူယူနှင့် မိဒိဆန်းတို့သည် အံ့အားသင့်နေကြသည်။ ဒီရင်လင်းရဲ့ လက်သည်းအရွယ်အစား ကျောက်တုံးလေးက ဂမ္ဘီရပညာရှင် တစ်ယောက်ရဲ့ ကံတရားကို ဘယ်လိုလုပ် ပြောင်းလဲပေးနိုင်ရတာလဲ။

“မဟုတ်ဘူး ဆရာ ဒါ ဆရာ့အတွက်ပါ” အကူလေးသည် ဆက်ပြော လေသည်။ “ကျွန်တော် အဲဒါကိုမသုံးဘူး”

“မင်းက ဂမ္ဘီရပညာရှင်ဖြစ်တာမကြာသေးတော့ ခန္ဓာကိုယ်ပျက်စီးတာ မများသေးဘူး… ရှေ့လျှောက်သွားရမဲ့လမ်းရှည်ကြီးကျန်သေးတယ် ဒီဟာက မင်းအတွက်ပိုကောင်းတယ်” ရင်လင်း ဆက်ပြောလေသည် “ငါက ဒီအတိုင်း ဖြစ်နေပြီပဲ ငါသုံးလိုက်ရင် အလကားဖြစ်သွားလိမ့်မယ်”

“ဒါပေမဲ့ ဆရာ ဒါက ဆရာ့ခန္ဓာကိုယ် ထိခိုက်မှုကို ကုသပေးနိုင်တယ်…” အကူလေး ပြောလိုက်သည်။

“ဆရာက ဆုံးဖြတ်ပြီးပြီ” ရင်လင်းသည် သူ့စကားကိုနားမထောင်သည့် အကူလေးကို ကြပ်လိုက်သည်။

အကူလေးသည် အကူအညီတောင်းခံသည့် အကြည့်ဖြင့် ရှီမာယူယူ ကိုကြည့်ပြီး ပြောလိုက်သည်။ “သခင်မလေးယူယူ မင်းဒါကိုတွေ့ခဲ့တာပဲ ဆရာ့ကို ကျေးဇူးပြုပြီးဖျောင်းဖျပေးပါဦး သူ့ကျန်းမာရေးက နှောင့်နှေးလို့မဖြစ် ဘူး”

သူတို့နှစ်ယောက်သည် အလျော့မပေးဘဲ တစ်ယောက်တစ်ပြန်ပြောနေ သည်ကို မြင်ပြီးနောက် ထိုပစ္စည်းသည် သူတို့အတွက် အရေးကြီးသည်ကို ရှီမာယူယူသိသွားသည်။

“သခင်ကြီးရင်လင်း ဒါက အသန့်စင်ဆုံးရေအဖြစ် တွက်လို့ရလား”

“အင်း ဒါ မင်းကိုရှာစေချင်တဲ့ဟာပဲ” ရင်လင်း ပြောလိုက်သည်။

“အရင်သဘောတူထားတဲ့ကတိနဲ့ဆိုရင် ဒါနဲ့ပြီးပြီပေါ့” ရှီမာယူယူသည် ထပ်မေးပြန်သည်။

“ဟုတ်တယ်”

“ဒါဆိုရင် အဖေ့သတင်းက…”

“အခုက မင်းကိုသတင်းပေးဖို့ အကောင်းဆုံးအချိန်မဟုတ်သေးဘူး အချိန်ရောက်လာရင်ပြောပြမယ်” ရင်လင်း ပြောလိုက်သည်။

ရှီမာယူယူ၏ မျက်လုံးများ စတင် လည်ပတ်သွားသည်။ ဘာလဲ… ထပ် စောင့်ရဦးမှာလား။

ရင်လင်းသည် နူးညံ့စွာပြုံးပြီး ပြောလိုက်သည် “မစိုးရိမ်ပါနဲ့ ကျုပ် သဘောတူထားတာကနေ ထွက်မပြေးပါဘူး သူ ဘယ်မှာလဲဆိုတာ ပြောတာ ထက် သူ့ကိုရှာလို့ရမဲ့ အရေးကြီးတဲ့ဟာကိုလည်း ပြောပြမှာ”

“ဒါဆိုရင် အခုကို ဘာလို့မပြောပြတာလဲ”

“အခုပြောလိုက်ရင် မင်းက အခုသွားနိုင်လို့လား” ရင်လင်း မေးလိုက် သည်။

ရှီမာယူယူသည် ခေတ္တမျှ မှင်တက်သွားသည်။ သူပြောသည်မှာ မှန်သည်။ သူအခု သူမကိုပြောလိုက်လျှင်တောင် သူမသည် ဝိညာဉ်စွမ်းအင် မသုံးနိုင်သဖြင့် အလောကြီးရုံသာရှိမည်။

“ဒါပေမဲ့…” ရှီမာယူယူသည် ဝန်မခံပေ။ သူမ အဖေသတင်းကို ရပါက စောစီးစွာရှာတွေ့နိုင်သည်လေ။

“မင်း မသွားနိုင်ရင်တောင် ဦးလေးတွေသွားနိုင်တယ်လို့ ပြောမလို့ မလား” ရင်လင်း ပြောလိုက်သည်။

ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ “ဦးလေးလွီဖန်နဲ့ ဦးလေးလွီယွမ်တို့ က ဒီနှစ်တွေမှာ အဖေ့ကိုရှာနေခဲ့ကြတာ သူတို့ကို သတင်းပေးနိုင်ရင် သူတို့ အရင်သွားပြီးရှာလို့ရတယ်လေ”

“သူတို့သတင်းရလည်း အသုံးမဝင်ဘူး သူတို့က မင်းအဖေရှိနေတဲ့ နေရာကို သွားလို့မရဘူး” ရင်လင်း ဆက်ပြောလေသည် “မင်းတစ်ယောက်ပဲ အဲဒီကိုသွားလို့ရလိမ့်မယ် ပြီးတော့ မင်းတစ်ယောက်ပဲ သူ့ကိုကယ်လို့ရလိမ့် မယ် သူတို့က မင်းရဲ့နောက်ခံဖြစ်ပေးရုံပဲရှိမှာ”

“…” အဲလိုကိစ္စက ရှိသေးတာလား။ သူမသည် စိတ်ထဲတွင် သက်ပြင်းချ ပြီး ပြောလိုက်သည် “ဒါဆိုရင် ဘယ်တော့ပြောပြမလဲ”

“အချိန်ရောက်လာရင် ကျုပ်ပြောပါ့မယ်” ရင်လင်း ပြောလိုက်သည်။

“….”

တကယ်တော့ သူ့လိုလူနှင့် စကားပြောရသည်မှာ အရင်ဘဝက ဘုန်းကြီးများနှင့် စကားပြောရသည်နှင့် တူသည်။ အချိန်နှင့် အကြောင်းအရာ များကို ဆက်တိုက်ခန့်မှန်းနေရသည်။

“သခင်မလေးယူယူ…” အကူလေးသည် ရှီမာယူယူနှင့် သူ့ဆရာတို့ ထိုအကြောင်းကိုသာပြောပြီး မဖျောင်းဖျသည်ကိုမြင်သောအခါ သူမ နာမည် ကိုခေါ်လိုက်သည်။

ထိုကလေးသည် သူမဝင်သွားသည့်အချိန်က ငယ်ရွယ်ကာ ပြန်ထွက် လာသောအခါ အရွယ်ရောက်နေသည်ကိုမြင်သောအခါ သူမစိတ်ထဲတွင် လှုပ်ရှားမိသည်။

“မေးပါရစေ ဒါနဲ့ ဘာလုပ်လို့ရတာလဲ ဒါက သခင်ကြီးခန္ဓာကိုယ်ထဲက ဒဏ်ရာတွေကို ကုလို့ရတယ်ဆိုတာတော့ သိပြီးသွားပြီ”

ရင်လင်းသည် ခေတ္တမျှတိတ်နေရာမှ စိတ်ခံစားချက်ပြင်းထန်စွာပြော လေသည်။ “လူတိုင်းသိသလိုပဲ ကျုပ်တို့ ကျန်းမာရေးက ရှေ့ဖြစ်ဟောတဲ့ အကျိုးဆက်ကြောင့် ပျက်စီးကြတယ် တစ်ခုက ကျုပ်တို့ကျန်းမာရေး နောက် တစ်ခုက ကောင်းကင်ဘုံမျက်လုံးပဲ”

ကောင်းကင်ဘုံ မျက်လုံးဟုတ်လား။ ရှီမာယူယူ မျက်တောင်ခတ်လိုက် သည်။ သူတို့မှာ တတိယမျက်လုံးရှိတာ သူမ မတွေ့မိပါဘူး။

“သာမန်မျက်လုံးနဲ့ မမြင်နိုင်ဘူး” ရင်လင်းသည် သူမ မျက်နှာထားကို မြင်သောအခါ အသာအယာရယ်ပြီး ဆက်ရှင်းပြလေသည် “မင်းပြောသလိုပဲ ဒြပ်စင်တွေကြားထဲမှာ အကုန်လုံးကွဲပြားမှုရှိတယ် ကျုပ်တို့ခန္ဒာကိုယ်ကို ကုနိုင်တဲ့ အရာဆိုတာလည်း တကယ်ရှိပါတယ် ဒီအချစ်ကျောက်တုံးက တစ်ခုအပါအဝင်ပါပဲ”

“ခုနကပြောတော့ ဒီလက်ထောက်လေးရဲ့ ကံတရားကိုပြောင်းပေးနိုင် တယ်လို့ပြောတာ အဲဒါဘာအဓိပ္ပာယ်လဲ”

“ဂမ္ဘီရပညာရှင်ရဲ့ စွမ်းအားနဲ့ ကျုပ်တို့ရလာတဲ့ပျက်စီးမှုတွေက ကျုပ်တို့ ကောင်းကင်ဘုံမျက်လုံးကနေ လာတာပဲ၊ ကောင်းကင်ဘုံမျက်လုံးက ပိုများများမြင်ရလေ ကျန်းမာရေးကိုပိုထိခိုက်လေပဲ ဒီလက်ထောက်လေးရဲ့ ကောင်းကင်ဘုံမျက်လုံးက ပွင့်တာသိပ်မကြာသေးတော့ ဒဏ်ရာလည်း အများကြီးမရှိသေးဘူး… အချစ်ကျောက်တုံးက မျက်ရည်ကို သူ့ကောင်းကင် ဘုံမျက်လုံးမှာ လိမ်းလိုက်ရင် သူ့မှာရှိတဲ့ဒဏ်ရာကိုကုလို့ရမယ်” ရင်လင်း ရှင်းပြလေသည်။

“ဆရာ ကျွန်တော် ဒါကိုမသုံးဘူး” အကူလေး ဆက်ပြောလေသည်။ “ဆရာမသုံးရင် ကျွန်တော်လည်းမသုံးဘူး ဒါဆိုရင် သခင်မလေးယူယူကို ပြန်ပေးလိုက်ကြတာပေါ့”

“အဓိပ္ပာယ်မရှိဘူး” ရင်လင်း ကြိမ်းမောင်းလေသည် “ငါတို့က ဂမ္ဘီရ ပညာရှင်တွေပဲ ငါတို့ကကောင်းကင်ဘုံရဲ့ ဂရုစိုက်မှုကိုခံရပေမဲ့ နာကျင် လောက်စရာ တန်ကြေးကိုလည်း ပေးဆပ်ရမယ် အခု မင်းကံတရားကို ပြောင်းလဲလို့ရပြီကို ဘာလို့အလွယ်တကူလက်လျော့ချင်တာလဲ။”

“ကျွန်တော်…”

ထိုသည်မှာ သူ့ဆရာဒေါသဖြစ်သည်ကို အကူလေးအနေနှင့် ပထမဆုံး အကြိမ်ကြုံဖူးခြင်းဖြစ်ကာ သူ့ကို ကြိမ်းမောင်းသည့် ပထမဆုံးအကြိမ်လည်း ဖြစ်သည်။ ထိုအချိန်တွင် သူသည် ဘာမှမပြောဘဲနှင့် ခေါင်းကိုဘေးသို့လှည့် သွားလေသည်။

ရင်လင်းလိုလူသည် ဒေါသထွက်လိမ့်မည်ဟု ရှီမာယူူယူ ထင်မထားပေ။ ထို့နောက်တွင် သူမသည် သူတို့နှစ်ယောက်ကြားမှ အနေအထားကိုမြင်သော အခါ စာနာမိလေသည်။ သူတို့နှစ်ယောက်လုံးသည် တစ်ယောက်ကို တစ် ယောက်ကောင်းစေချင်ကြသည်။

“သခင်ကြီးရင်လင်း စိတ်မဆိုးပါနဲ့ သခင်ကြီးလည်း သူကောင်းဖို့ဖြစ်စေ ချင်တယ် သူကလည်း သခင်ကြီးကို အကောင်းဆုံးဖြစ်စေချင်တယ် ဟုတ်တယ်မလား” သူမ ရှင်းပြလေသည်။ “သူက သခင်ကြီးကိုထည့်မတွက် ဘဲ သူ့ကိုယ်သူအတွက်ပဲ စဉ်းစားပြီး ကံတရားကိုပြောင်းနိုင်တဲ့ လက်ထောက် ဖြစ်လို့ရတယ်လေ”

အကူလေးသည် အောက်နှုတ်ခမ်းကိုအသာအယာကိုက်လိုက်သည်။ ဒါပဲမဟုတ်ဘူးလား။

ရင်လင်း၏ မျက်နှာသည် အေးစက်သွားသည်။ အကူလေးသည် အပြစ်တင်ခံရသော မျက်နှာလေးကိုမြင်ရသောအခါ သက်ပြင်းရှည်ချလိုက် သည်။

“တစ်ယောက်နဲ့တစ်ယောက် ဒေါသမထွက်ကြပါနဲ့ ဒါက ဖြေရှင်းလို့မရ တဲ့ကိစ္စမဟုတ်ပါဘူး” ရှီမာယူယူ ပြောရင်းနှင့် နောက်ထပ် အချစ် ကျောက်တုံးနှစ်ခုထုတ်လိုက်သည်။

***

All Chapters