← Chapters

အစနှင့်အဆုံး

Vol. 88 Ch. 1228

အစနှင့်အဆုံး

Vol. 88 Ch. 1228

သူတို့သည် ရှီမာယူယူလက်ထဲမှ အချစ်ကျောက်တုံးကိုမြင်သောအခါ အကူလေးသည် အသက်ရှုသွင်းလိုက်သည်။ ရင်လင်း၏ အမူအရာလည်း ပြောင်းသွားလေသည်။ “သခင်မလေးမှာ တကယ်ပဲ ဒါရှိတာပဲ ဒီကမ္ဘာမှာ တစ်စက်ရှိရင်တောင် လုံလောက်နေပြီ ဒါပေမဲ့ သခင်မလေးဆီမှာက ၃ခုတောင်ရှိတယ် တစ်ခုမှာလည်း နှစ်စက်စီပါတယ် ဒါ တကယ်ပဲ…” အကူလေးသည် ပျော်လွန်းသဖြင့် စကားပင်ပြောမထွက်ပေ။

ရှီမာယူယူသည် သူတို့ပျော်နေသည်ကိုကြည့်ပြီး သူမတွင် နှစ်ခုထပ်ရှိ သေးသည်ဟု ပြောလိုက်ရသည်ကိုပင် ရှက်ရွံ့လာသည်။

“ဒီလောက်အချစ်ကျောက်တုံးအများကြီး ဘယ်လိုရလာတာလဲ” ရင်လင်း မေးလိုက်သည်။

“နေရာတစ်ခုတည်းကရလာတာပဲ” ရှီမာယူယူ ပြောလိုက်သည် “ဒီ ကျောက်တုံးတွေရဲ့ မူလအရင်းအမြစ်ကိုသိတယ်မလား”

ရင်လင်းသည် လက်ထဲမှ အချစ်ကျောက်တုံးကို တင်းကြပ်စွာ ဆုပ်ကိုင် လိုက်သည်။ သူမ မျက်လုံးမှိတ်ပြီး ခေတ္တမျှ အာရုံခံကြည့်သည်။ ခဏအကြာ တွင် မျက်လုံးပြန်ဖွင့်ပြီး သက်ပြင်းချလေသည်။

“ဒီပစ္စည်းက ဒီလိုဖြစ်ပြီးမှရလာမယ်လို့ ထင်မထားဘူး” သူသည် စာနာ စွာပြောလေသည်။ “ဒါပေမဲ့ ကျုပ်တို့သဘောတူညီချက်က ဒီတစ်ခုတည်း အတွက်ပဲလေ ကျန်နှစ်တုံးက သဘောတူညီချက်ထဲမပါဘူး”

“ဒီနှစ်ကို အလဲအလှယ်လုပ်ဖို့မဟုတ်ပါဘူး” ရှီမာယူယူ ပြောလိုက်သည် “ဒါက သခင်ကြီးတို့အတွက် လက်ဆောင်ပါ”

“ကျွန်တော်တို့အတွက် လက်ဆောင်ဟုတ်လား”  အကူလေး အံ့သြ သွားလေသည်။

“ဟုတ်တယ် ဒါက သခင်ကြီးပဲပြောခဲ့တယ်လေ ကျွန်မအတွက်ဆို အသုံးမဝင်ဘူး တခြားသူတွေလက်ထဲမှာထက်စာရင် သခင်ကြီးတို့အတွက် ကပိုအသုံးဝင်လိမ့်မယ်” ရှီမာယူယူ ပြောလိုက်သည်။ “ကျွန်မနဲ့ဒါရှိနေရင် လည်း ကစားရုံပဲရှိလိမ့်မယ် သခင်ကြီးတို့ကိုပေးလိုက်တာက ပိုကောင်းမယ် လေ”

ရင်လင်းသည် ရှီမာယူယူကို တစ်ခဏမျှ တွေဝေစွာကြည့်လေသည်။ ထို့နောက်တွင် သူသည် ကျောက်တုံးနှစ်ခုကိုယူလိုက်သည်။

“ဒါက တကယ်ပဲကျုပ်တို့အတွက် သက်ရောက်မှုကြီးမားတယ် ငြင်းလို့ တောင်မရတော့ဘူး ဒါပေမဲ့ အစဆိုတာရှိရင် အဆုံးလည်းရှိမယ် ကျုပ်တို့ ပြန်ပြီးကျေးဇူးတဆပ်မှာပါ”

“ဟီးဟီး ကျွန်မက နောက်တစ်ချိန် ဒါအတွက် မျှော်လင့်ထားသလို ပြောနေပါပြီ ဒါပေမဲ့ တကယ်အဲလိုလုပ်ဖို့မလိုပါဘူး အဲတုန်းက သခင်ကြီး အကူအညီကြောင့်သာမဟုတ်ရင် ကျွန်မနဲ့ ကျွန်မအဖေတို့ ဒီနေ့အထိ အသက်ရှင်နိုင်မှာမဟုတ်ဘူး” ရှီမာယူယူသည် ပြုံးပြီးပြောလိုက်သည်။

“ကြည့်ရတာ အဲနှစ်ကဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကို မင်းသိသွားပြီနဲ့တူ တယ်”

“ကျွန်မအထဲမှာတုန်းက ဦးလေးလွီဖန်တို့က ပြောပြပြီးပါပြီ အဲနှစ်က သူတို့ အဖေနဲ့ကျွန်မကိုသတ်ချင်တော့ သခင်ကြီးက ကယ်ပေးခဲ့တာလေ အဲဒါကြောင့် ဒါကကျေးဇူးဆပ်တဲ့လက်ဆောင်ပါ” ရှီမာယူယူ ပြောလိုက် သည် “အခုသခင်ကြီး ပြောသလိုပဲ အစရှိရင် အဆုံးရှိတာပေါ့”

“အဲလိုဆိုရင် ငြင်းလိုက်ရင် မယဉ်ကျေးရာကျသွားမယ်” ရင်လင်းသည် ပြုံးပြီး ပြောလေသည်။

“ဟုတ်သားပဲ ကျွန်မနားမလည်တာရှိသေးတယ် အဖေ့အကြောင်းကို ပြောပြဖို့ကို ဘာကိုအသန့်စင်ဆုံးရေကိုရှာစေချင်တာလဲ” ရှီမာယူယူ မေး လိုက်သည်။

“ဘာလို့လဲဆို မင်းအဲသတင်းကိုရလိုက်ရင် ဒီကမ္ဘာကြီးရဲ့ အနာဂတ်ကို သက်ရောက်သွားနိုင်တယ် အဲဒါအတွက် တန်ရာတန်ကြေးကိုပေးရလိမ့်မယ်” ရင်လင်း ရှင်းပြလေသည်။

“ကျွန်မ အဖေ့ကိုကယ်တာက ဒီကမ္ဘာကြီးကို သက်ရောက်မှုရှိမယ် ဟုတ်လား” ရှီမာယူယူသည် အံ့သြသွားလေသည်။ သူမအဖေကို သူမ ကယ်တင်ခြင်းသည် ဤကမ္ဘာကြီးအတွက် သက်ရောက်မှုရှိမည်ဆိုသည်က လက်ခံရန်ခက်ခဲသည်။

“မင်းအဖေကိုကယ်တာက မင်းရဲ့ကိုယ်ရေးကိုယ်တာကိစ္စဖြစ်ကောင်း ဖြစ်မယ် ဒါပေမဲ့ အဲလိုကယ်တင်လိုက်တဲ့အတွက် တခြားသူတွေရဲ့ အသက် ကို သက်ရောက်မှုရှိလိမ့်မယ် အစပိုင်းတော့ နည်းနည်းလောက်ပဲ သက်ရောက်မယ်ဆိုပေမဲ့ နောက်ပိုင်းအဆင့်တွေရောက်သွားရင် အန္တရာယ်ရှိ နိုင်တယ်”

“လိပ်ပြာအကျိုးသက်ရောက်မှုလိုမျိုးဖြစ်မလားပဲ” ရှီမာယူယူ ရေရွတ် လိုက်သည်။

“လိပ်ပြာ အကျိုးသက်ရောက်မှုဟုတ်လား”

ရှီမာယူယူ မျက်တောင်ခတ်လိုက်သည်။ ထိုစကားသည် သူမ အရင်ဘဝမှ စကားဖြစ်ပြီး ဤနေရာနှင့် သက်ဆိုင်မှုမရှိသည်ကို သတိရသွား သည်။ သူမ ရှင်းပြလိုက်သည် “ကျွန်မပြောတာက လိပ်ပြာတစ်ကောင်က ကမ်းခြေမှာ အတောင်ပံခတ်လိုက်တယ်ဆိုပေမဲ့ ဘေးကလေကိုသွား သက်ရောက်တယ် ဒါပေမဲ့ ဆက်တိုက် ခတ်နေမယ်ဆိုရင် တခြားနေရာမှာ မုန်တိုင်းဖြစ်နိုင်တယ်”

“အဲလိုမျိုးလား” ရင်လင်း ပြောလိုက်သည်။

ရှီမာယူယူ စဉ်းစားကြည့်သည်။ တစ္ဆေမျိုးနွယ်ကိုပါ သက်ရောက်မှုရှိနိုင် သည်ဟူသည့် အဓိပ္ပာယ်သက်ရောက်လေးသည်။ သို့သော် ရင်လင်း ပြောဆိုပုံကိုကြားသောအခါ သေချာပေါက် သေးငယ်သည့်ကိစ္စမဟုတ်ပေ။

သို့သော် မည်သည့်အရာပင်ဖြစ်စေကာမူ သူမ ရှာခြင်းကိုမရပ်တန့်နိုင် ပေ။ သူမသည် သေချာပေါက် သူမအဖေကို ကယ်တင်ရမယ်။

“အသည်းကွဲတောင်ကြားက လူတွေ ရောက်ခါနီးပြီ…” ရင်လင်း ပြော လုကိသည်။

ရှီမာယူယူသည် တခြားသူများ သူတို့အနားသို့ရောက်လာသည်ကို မြင် သောအခါ သိချင်စိတ်ဖြင့် မေးလိုက်သည်။ “သူတို့အကုန်လုံးက ဒီကိုရောက်လာတာကို မိုဒိဆန်းနဲ့ ကျွန်မက ဘာလို့ တခြားနေရာရောက်သွား တာလဲ”

ရင်လင်းသည် သူတို့နှစ်ယောက်ကို ပြုံးပြီးကြည့်ကာ ပြောလိုက်သည်။ “အဲဒီမှာဖြစ်သွားတဲ့ မတော်တဆမှုကို လူတွေမသိအောင်လို့လေ”

ရှီမာယူယူ မျက်ခုံးများကို ပင့်လိုက်သည်။ သူမသည် အမှန်တကယ်ပင် ထိုနေရာတွင် မတော်တဆမှုကြုံခဲ့သည်။ ဆိုလိုသည်မှာ မိုဒိဆန်းလည်း တူညီ စွာပင် ကြုံတွေ့ခဲ့ရသည်။

“သူတို့လာပြီဆိုတော့ ကျုပ်တို့သွားသင့်ပြီ” ရင်လင်း ပြောလိုက်သည်။ “ယူယူ အချိန်ကျရင်တော့ မင်းအဖေသတင်းကိုကျုပ် အိမ်တိုင်ရာရောက်လာ ပြောမယ် ဒီအချိန်အတွင်းတော့ စိတ်ပူူစရာမလိုဘူး အရင်လိုအပ်နေတဲ့နေရာ ကိုလည်း ပြည့်စုံအောင်လုပ်ထားလိုက်”

သူပြောလိုက်သည်နှင့် ကောင်းကင်ပေါ်တွင် ယူနီကွန်သားရဲဆွဲလှည်းပျံ လာကာ တောင်ပေါ်တွင် ဆင်းသက်လေသည်။ အကူလေးသည် သားရဲဆွဲ လှည်းပေါ်သို့ ရင်လင်းကိုတွဲပြီးတက်သွားကာ ယူနီကွန်သားရဲများသည် သူတို့ကို တင်ဆောင်သွားလေသည်။

ယူယူနှင့် မိုဒိဆန်းသာ တောင်ပေါ်တွင် ကျန်ခဲ့လေသည်။ သူတို့ နှစ် ယောက်သည် အပြန်အလှန်ပြုံးပြလိုက်ကြသည်။ သူတို့သည် တစ်ယောက် နှင့်တစ်ယောက် စကားပြောရန် အခွင့်အရေးမရှိခဲ့ပေ။

သို့သော် ရှီမာယူယူ မည်သို့ဖြစ်နေသည်ကို မိုဒိဆန်းသိသည်။ သို့သော် သူ့တွင် သတင်းမရှိပေ။

ထိုအခိုက်တွင် ရှီမန်ဖန်နှင့် တခြားသူများ အဝေးမှပျံလာကြသည်။ သူတို့သည် ရှီမာယူယူနှင့် မိုဒိဆန်းကိုမြင်သောအခါ အလျင်စလိုပျံလာကြ လေသည်။

“အစ်မကြီး အဆင်ပြေရဲ့လား” ရှီမန်ဖန် မေးလိုက်သည်။

“ကိစ္စတော့ရှိတယ် တကယ်ပဲ လေးနက်တယ်” မိုဒိဆန်း ပြောလိုက် သည်။ “မင်းအစ်မတော့ တစ်သက်လုံး မသန်မစွမ်းဖြစ်သွားပြီ”

“မသန်မစွမ်းဟုတ်လား” ရှီမန်ဖန်နှင့် တခြားသူများ အော်မိကြလေ သည်။

“အစ်မကြီး ဘာဖြစ်တာလဲ ဘယ်လိုလုပ် မသန်မစွမ်းဖြစ်တာလဲ တခြား ဒဏ်ရာတွေရထားလို့လား” ရှီမန်ဖန်သည် ရှေ့တိုးကာ ရှီမာယူယူ၏ လက်ကို ဆွဲပြီး ကြည့်မည်ပြုသည်။

“ဘာမှမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည်။ “တခြားဒဏ်ရာရထား တာမရှိဘူး ဒီအတိုင်းပဲ ဝိညာဉ်စွမ်းအင်သုံးမရတာရယ်”

“ဝိညာဉ်စွမ်းအင်သုံးလို့မရဘူး ဟုတ်လား ဘာလို့သုံးမရတာလဲ”

“ဆရာ အထဲမှာ ထိခိုက်လောက်တဲ့ အခြေအနေ တွေ့ခဲ့တာလား”

“ဟုတ်တယ် ဆရာ တစ်ခုခုဖြစ်ခဲ့တာလား” ထိုလူများသည် စိတ်ပူပန် စွာ အော်ကြလေသည်။

ရှီမာယူယူသည် သူတို့စိတ်ပူနေကြသည်ကို မြင်သောအခါ အလျင်အမြန်ပင် ရှင်းပြလေသည် “ငါအဆင်ပြေတယ် မကြာခင် ပြန်ကောင်း မယ်လို့ ရင်လင်း ပြောတယ်”

“ဒါပေမဲ့ အကြာကြီးပြန်မရနိုင်တာလည်း ဖြစ်နိုင်သေးတယ်လေ” မိုဒိဆန်း ထပ်ဖြည့်လိုက်သည်။ “တကယ်ပဲအဲလိုဆိုရင် မင်း တစ်သက်လုံး မသန်စွမ်းဖြစ်သွားမှာမဟုတ်ဘူးလား”

“တော်ပြီ သူတို့ကို မခြောက်နဲ့တော့” ရှီမာယူယူ သူ့ကိုကြည့်လိုက် သည်။ “အဆင်ပြေတယ်လို့ ရင်လင်းပြောမှတော့ အဆင်ပြေမှာပါ”

သူမ ထိုသို့ပြောသော်လည်း အားလုံးသည် အလွန်စိတ်ပူနေတုန်းပင်။

“ဟုတ်သားပဲ ဒီကိုဘာလာလုပ်တာလဲ” ရှီမာယူယူ မေးလိုက်သည်။

“နင်ဒီမှာရှိတယ်ဆိုတာ ဂမ္ဘီရပညာရှင်တွေပြောလို့ ဒီကိုလာခေါ်တာ” ရှီမန်ဖန် ပြောလိုက်သည် “အစ်မကြီး နင်တကယ်ပဲ အဆင်ပြေရဲ့လား”

“အဆင်ပြေတယ် ငါတို့်အရင်ပြန်နှင့်ကြတာပေါ့” ရှီမာယူယူ ပြောလိုက် သည်။ “ပြန်ရောက်မှ အသေးစိတ်ရှင်းပြမယ်”

“ဟုတ်ပြီ”

သူတို့သည် ထိုနေရာမှထွက်သွားပြီး လူပြတ်လပ်သောနေရာသို့ရောက် သောအခါ ယာယီတည်ဆောက်မှုထုတ်ပြီး အသည်းကွဲတောင်ကြားသို့ပြန် လေသည်။

“တောင်ကြားခေါင်းဆောင် တောင်ကြားဒုခေါင်းဆောင် ပြန်လာပြီလား ဒီထာဝရရှင်သန်သူနယ်မြေက ဖွင့်တာ ဘာလို့ဒီလောက်ကြတာလဲ”

“မထင်မှတ်ထားတာတွေ ဖြစ်ခဲ့တယ် အဲဒါကြောင့် နည်းနည်းကြာသွား တယ်” ရှီမာယူယူ ပြောလိုက်သည်။ “ဒီနှစ်တွေမျာ တောင်ကြားကဘယ်လို နေလဲ”

“တောင်ကြားကတော့ အဆင်ပြေပါတယ် အကုန်လုံးက ခေါင်းဆောင် တို့ပြန်လာတာကိုစောင့်နေကြတာ”

“ဟားဟား ယူယူ အနှစ် ၂၀ လောက်မတွေ့လိုက်တာနဲ့ ငါ့ကိုမေ့မသွား လောက်ပါဘူးနော် ဟုတ်တယ်မလား”

သူမသည် ရင်းနှီးသောအသံကိုကြားသောအခါ ထိုအသံသည် မည်သူ ဖြစ်သည်ကို ရှီမာယူယူ ခန့်မှန်းရန်မလိုပေ။

***

All Chapters