← Chapters

သူငယ်ချင်းကောင်းများ ပြန်တွေ့ခြင်း

Vol. 88 Ch. 1229

သူငယ်ချင်းကောင်းများ ပြန်တွေ့ခြင်း

Vol. 88 Ch. 1229

“ဖက်တီး တောင်ကြားကို ဘယ်တုန်းကရောက်တာလဲ” ရှီမာယူယူ သည် တောင်ကြားမှထွက်လာသော လူများကိုမြင်သောအခါ ပြုံးလိုက်သည်။

“ရောက်နေတာတော့ ကြာပြီ” ဖက်တီးကျူ ပြောလိက်သည် “ထာဝရ ရှင်သန်သူနယ်မြေက အနှစ် ၂၀ လောက်ဖွင့်မယ်လို့ ဘယ်သူထင်ထားမှာလဲ ငါတို့သွားတဲ့တစ်ခုထက်တောင် ၁၀ နှစ်ပိုကြာသေးတယ် ကံကြမ္မာဆိုးတွေနဲ့ တွေ့ခဲ့သေးလား”

“နည်းနည်းတော့ တွေ့တာပေါ့” ရှီမာယူယူ ပြောလိုက်သည် “ငါတို့ပြန် လာရင် နင်တို့ကို ရှာဖို့ကျောင်းကိုသွားရမလားလို့တွေးနေတာ နင်တို့က ဒီ ရောက်နေမယ်လို့ ထ်မထားဘူးပဲ ဘာလို့လူနည်းနည်းလေးပဲလဲ တခြား အစ်ကိုတွေကရော”

“အစတုန်းက သူတို့လည်းလာချင်ကြတယ် ဒါပေမဲ့ သူတို့ကကြည့်ရမဲ့ အဖွဲ့ရှိသေးတယ်လေ အခုသူတို့က ခြေချုပ်မိနေပြီ” ဘေဂုံထန် ပြောလိုက် သည်။

ရှီမာယူယူသည် ဘေဂုံထန်ဆီသို့သွားကာ ဖက်လိုက်သည်။ “ငါတို့ အရင်ကဒီလောက်ကြာအောင် မခွဲဖူးဘူး နင်တို့ကို အရမ်းလွမ်းတာပဲ”

ဘေဂုံထန်သည် သူမကျောပြင်ကို ပုတ်ပေးလိုက်သည်။ သူမသည် လည်း ရင်ထဲထိမိသည်။

“ဟုတ်လား ငါတို့လောကအသေးမှာရှိတုန်းက နင်သာ ငါတို့နဲ့ရှိရင် ကောင်းမှာပဲလို့ ဆက်တိုက်ပြောနေကြတာ ငါတို့ထွက်လာတာနဲ့ နင့်ကိုတွေ့ ရမယ်ထင်နေတာ ဒါပေမဲ့ ၁၀ နှစ်ကျော်ကြာပြီးမှတွေ့ရမယ်လို့ ထင်မထား ဘူး”

“နင် မိန်းကလေးအဝတ်အစားဝတ်ပြီး ပြန်လာတာလား နင့်သရုပ်မှန် ပေါ်သွားပြီလား” ဝူရန်ဖေသည် သူတို့နှစ်ယောက်၏အနောက်မှ မေးလေ သည်။

ရှီမာယူယူသည် ဘေဂုံထန်အား လွှတ်ပြီးဖြေလိုက်သည် “ကိစ္စတချို့ ဖြစ်ရာက ငါ့သရုပ်မှန်က မတော်တဆပေါ်သွားတယ် ဘာပဲဖြစ်ဖြစ် အခုတော့ စိုးရိမ်ဖို့မလိုတော့ပါဘူး အဲလိုနဲ့ မိန်းကလေးအဝတ်အစားဝတ်လိုက်တာပဲ”

“တကယ်ပဲ ကိစ္စမရှိဘူးလား ပညာရှိစံအိမ်တော်…” ဝေကျိရွှီသည် အနည်းငယ်စိုးရိမ်နေသေးသည်။ သည်တစ်ခေါက်တွင် သူတို့သည် အင်အား ကြီးများစွာနှင့် တိုင်းပြည်အကြောင်းကို ပိုသိလာရသည်။ သူတို့ ပညာရှိစံအိမ် တော်အကြောင်းကိုပိုသိလာလေလေ ရှီမာယူယူကို စိုးရိမ်လေလေဖြစ်သည်။

“ပြဿနာမရှိဘူး” ရှီမာယူယူ ပြောလိုက်သည် “ငါကဘယ်တုန်းက မသေချာတာကို လုပ်ဖူးလို့လဲ”

“ဟုတ်ပါတယ်လေ” ဝေကျိရွှီနှင့် တခြားသူများသည် ခေါင်းညိတ်ကြ လေသည်။

“ယူယူ ငါနင့်ကိုပြောရဦးမယ်…” ဘေဂုံထန်သည် ရှီမာယူယူ၏ လက်ကို ဆွဲလိုက်ရာ သူမအမူအရာသည် ရုတ်တရက် ပြောင်းသွားလေသည်။ “နင့် ဝိညာဉ်စွမ်းအင်ကို ဘာလို့မခံစားရတာလဲ”

“ဘာ” တောင်ကြားမှတပည့်များ ဖက်တီးကျူတို့နှင့်အတူ တခြားသူများ ပါ ကျယ်အောင်စွာ အော်မိကြလေသည်။

“ယူယူ နင် ဘယ်လိုဖြစ်ပြီး ဝိညာဉ်စွမ်းအင်ဆုံးရှုံးသွားတာလဲ” ဖက်တီးကျူနှင့် တခြားသူများသည် စိုးရိမ်လျက်ရှိသည်။ အစပိုင်းရှိထားသော ပျော်ရွှင်မှုများ ပြိုကွဲသွားလေသည်။

“ယူယူ ဘာဖြစ်တာလဲ ဘယ်လိုဖြစ်ပြီး….”

“ကိုယ့်လူတို့ စိတ်အေးအေးထားကြဦး ဒါက ခဏပဲဖြစ်တာ မကြာခင် ပြန်ကောင်းလာမှာ” ရှီမာယူယူ ပြောလိုက်သည်။

“ဘာဖြစ်ခဲ့လို့လဲ” ဝူရန်ဖေသည် မျက်မှောင်ကြုတ်ပြီး ပြောလေသည်။

“ငါက မလုပ်သင့်တဲ့တစ်ခုကိုလုပ်မိသွားလို့ ဒီလိုဖြစ်သွားတာပါ အဲဒါက အနာဂတ်မှာ သက်ရောက်မှုရှိနိုင်လို့ ကောင်းကင်ဥပဒေက ငါ့ကိုအပြစ်ပေး လိုက်တာ” ရှီမာယူယူ ပြောလိုက်သည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” လူတိုင်းသည် မျက်လုံးပြူးသွားကြလေ သည်။ ယခုလိုအဖြစ်အပျက်မျိုးကို သူတို့မကြာဖူးကြပေ။

“နင်တို့ရင်လင်းကိုသိကြလား”

ဘေဂုံထန်နှင့် တခြားသူများ ခေါင်းညိတ်လိုက်ကြသည်။ သည်တစ် ခေါက် လောကအသေးတွင် သူတို့သည် အလွန်အားကောင်းသော ဂမ္ဘီရ ပညာရှင်များအကြောင်းကို ကြားသိခဲ့ရသည်။

“အစတုန်းက ငါလည်းမသိဘူး ဒါပေမဲ့ ရင်လင်းပြောခဲ့တယ်” ရှီမာယူယူ ပြောလိုက်သည် “သူပြောတာတော့ အဲဒါကို စိုးရိမ်ဖို့မလိုဘူးတဲ့၊ ကောင်းကင် ဥပဒေက အဆင်ပြေပြီလို့ခံစားရရင် ဖိနှိပ်မှုကိုဖယ်ပေးလိမ့်မယ်တဲ့”

သူမ ထိုသို့ပြောလိုက်ချိန်တွင် အားလုံးသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချမိလေသည်။

ရင်လင်းမှ အဆင်ပြေသည်ဟု ပြောလာမှတော့ ဘာမှမဖြစ်လောက်ပါ ဘူး။

တင်းမာမှုများ ရှင်းသွားသည်နှင့် ဖက်တီးကျူ ထပ်ပြီးသိချင်စိတ်ဖြစ်လာ ပြန်သည်။ သူသည် ရှီမာယူယူ ဘေးသို့လာပြီး သူမပခုံးပေါ်သို့ လက်တင် လိုက်သည်။ သို့သော် သူထိုသို့လုပ်သည်နှင့် အရေတွက်နိုင်သော အကြည့် များသည် သူ့ကိုစိုက်ကြည့်ကြရာ ရှီမာယူယူသည် မိန်းကလေးဖြစ်သည်ကို သူ သတိထားမိပြီး လက်ကိုပြန်ချလိုက်သည်။

“ယူယူ နင် ကောင်းကင်ဘုံက အပြစ်အနေနဲ့ ဝိညာဉ်စွမ်းအင်ကို ယူသွား ရလောက်အောင် ဘာတွေများ ကောင်းကင်ဘုံကိုဆန့်ကျင်မိလို့လဲ”

အားလုံး၏ မျက်လုံးများသည် သူမအပေါ်ကျရောက်လာကာ သူမ ပြုံး ပြီး ပြောလိုက်သည် “ငါလည်း မသေချာဘူး ရင်လင်းက ရှင်းရှင်းလင်းလင်း မပြောပြဘူး… ဒီလိုဖြစ်ရတဲ့အကြောင်းအရင်းကိုပဲ သူပြောသွားတာ ဟုတ်ပြီ ဒီမှာ မနေကြနဲ့တော့ အကုန်လုံးလဲလုပ်စရာရှိတာ ဆက်လုပ်ကြ နားမဲ့သူတွေ ကနားကြတော့ ဒီရက်ပိုင်းမှာ အကုန်လုံးပင်ပန်းထားကြတာ နားပြီးရင်တော့ စားပွဲလုပ်ကြတာပေါ့”

“ကောင်းပြီလေ” အသည်းကွဲတောင်ကြားမှလူများသည် ရွှင်လန်းသွား ကြလေသည်။ သူတို့သည် စိုးရိမ်မှုမရှိဘဲ စားသောက်ပွဲလုပ်ရသည်ကို နှစ်သက်ကြသည်။

“လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကို သွားပြင်ဆင်ကြတာပေါ့” အသည်းကွဲ တောင်ကြားမှ အိမ်ထောင်သည် အမျိုးသမီးများ ပြောလိုက်ကြသည်။

“ကောင်းပါပြီ ဒုက္ခခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်” ရှီမာယူယူသည် ပြုံးပြီးပြောလိုက်သည်။

“ဒီမှာ ဘာဒုက္ခခံရလို့လဲ အကုန်လုံးက ဒုခေါင်းဆောင်ပြန်လာဖို့ကို စောင့်နေကြတာ အရင်တုန်းကဆို သွေးမိစ္ဆာမြို့တော်ကလူတွေက တစ်ချိန် လုံး ရန်ဖြစ်ပြီး ရိုင်းစိုင်းနေကြတာ ဒုခေါင်းဆောင်ထွက်သွားတော့ အဲလို ဆူညံ တဲ့ပတ်ဝန်းကျင်နဲ့ အသားကျနေပြီဆိုတာ သိလိုက်ရတယ် ကောင်းပါပြီ ဒုခေါင်းဆောင် အလုပ်လေးတွေသွားပြင်လိုက်ပါဦးမယ်”

“ကောင်းပါပြီ”

အားလုံးသည် လျင်မြန်စွာထွက်သွားရာ ရှီမာယူယူနှင့် တခြားသူများ သာကျန်ခဲ့လေသည်။

“ယူယူ နင်လည်းနားချင်လား” ဘေဂုံထန် မေးလိုက်သည်။

“ငါက တစ်ချိန်လုံးတံခါးပိတ်ကျင့်ကြံပြီးမှ ထွက်လာတာ လုံးဝမပင်ပန်း ဘူးရယ် ငါတို့ဒီလောက်ကြာမှပြန်ဆုံတာကို အရင်ကအကြောင်းတွေကို ပြောကြတာပေါ့ သွားကြမယ် ခြံဝန်းထဲရောက်မှ စကားဆက်ပြောကြတာပေါ့ နင်တို့ ဘယ်လိုတွေဖြစ်ခဲ့လဲ ငါအရမ်းစိတ်ဝင်စားနေတာ… နင်တို့ တကယ်ပဲ ပိုပြီးသန်မာလာတာပဲ”

“ငါတို့လည်း နင်ဘာတွေဖြစ်ခဲ့လဲဆိုတာ သိချင်တယ် ကောင်းကင်ဘုံ ဥပဒေတောင် သည်းမခံနိုင်လောက်အောင် နင်ဘာလုပ်ခဲ့လဲဆိုတာ သိချင်နေ ပြီ” ဝေကျိရွှီသည် ပြုံးပြီး ပြောလေသည်။

ဖက်တီးကျူနှင့် ဝူရန်ဖေတို့ ခေါင်းညိတ်လိုက်ကြသည်။ သူတို့သည် အမှန်တကယ်ပင် သိချင်ကြသည်။

“တကယ်တော့ ဘာမှတော့မဟုတ်ပါဘူး ငါ ပစ္စည်းလေးနှစ်ခု ထုတ်လာ ရုံပဲ” ရှီမာယူယူ ပြောလိုက်သည်။

“ပစ္စည်းဟုတ်လား ဘာပစ္စည်းလဲ အဲဒါက ကောင်းကင်ဥပဒေကိုတောင် မှ လှုပ်ရှားစေတယ်ပေါ့” ဘေဂုံထန် မေးလိုက်သည်။

“မစိုးရိမ်ပါနဲ့ ဖြည်းဖြည်းချင်းပြောပြမယ် အဲတစ်ခုကြောင့်လား မဟုတ်ရင် နှစ်ခုလုံးကိုထုတ်လာလို့ဖြစ်တာလားတော့ ငါလည်းမသိဘူး”

“ဘယ်တစ်ခုလဲ” ဖက်တီးကျူ အော်လိုက်သည်။ “ဘုရားရေ ယူယူ နင် ထာဝရရှင်သန်သူနယ်မြေကို ဖျက်ဆီးလိုက်တာလား”

“သွားမယ် ငါတို့ပြန်လာရင် ပြောပြမယ် ဝိညာဉ်လေးက ဒီနှစ်တွေမှာ တွေးစရာတွေ အများကြီးပေးခဲ့တယ်”

“နင်တို့ကို မတွေ့တာနှစ်တွေကြာသွားတော့ သူတို့ကိုတောင်လွမ်းနေ ပြီ ဝိညာဉ်စေတီထဲမှာ ဆက်ပြောကြမလား”

“ကောင်းတယ်…”

ရှီမာယူယူသည် သူတို့ကို သူမ ခြံဝန်းသို့ခေါ်သွားလိုက်သည်။ နှစ် ၂၀ ကြာပြီးနောက်တွင် ခြံဝန်းသည် သူမထွက်သွားစဉ်ကကဲ့သို့ပင် ရှိနေသေး သည်။ တစ်ယောက်ယောက်မှ နေ့စဉ်လာရှင်းလင်းသဖြင့် ဖုန်တစ်မှုန်မှ ရှိမနေခြင်းဖြစ်သည်။

သူတို့တောင်းဆိုမှုကြောင့် သူမသည် သူတို့ကိုဝိညာဉ်စေတီထဲသို့ ခေါ်သွားကာ ဝိညာဉ်လေးကို ဝိုင်တချို့ပြင်ခိုင်းလိုက်သည်။ သူမနှင့် ဘေဂုံထန်တို့သည် ဟင်းလျာတချို့ပြင်လိုက်ကြကာ အားလုံးသည် ထိုနှစ်က ဖြစ်ပျက်ခဲ့သမျှကို ပြောရင်း စားကြသောက်ကြေလေသည်။

ဘေဂုံထန်နှင့် တခြားသူများ တွေ့ခဲ့သည်မှာ ရိုးရှင်းသည်။ သူတို့သည် လောကအသေးတွင် ရတနာတချို့တွေ့ခဲ့ကာ တချို့အခွင့်အလမ်းများကို လုယူခဲ့သည်။ တခြားသူများ၏ အတွေ့အကြုံများနှင့် ဆင်လေသည်။ သို့သော် ရှီမာယူယူကတော့ မတူပေ။ သူမ ကြုံခဲ့ရသည်များသည် ခေါင်းမွှေး ထောင်သွားလောက်သည်။ သူတို့နားထောင်ရင်းနှင့် လေးယောက်သား မှင်တက်ကြလေသည်။

“နင့် ဝိညာဉ်စွမ်းအင်ချိပ်ပိတ်ခံရတာက ချင်ယိမဟုတ်ရင် အမည်းလေး ကိုထုတ်လာမိလို့ပေါ့” ဝူရန်ဖေ ပြောလိုက်သည်။

“နောက်အနာဂတ်မှာ လွှမ်းမိုးမှုဖြစ်နိုင်တဲ့ဟာကို ငါယူလာမိလို့ဆိုတာပဲ ရင်လင်းပြောတယ် အဲဒါဘာလဲဆိုတာကို မပြောဘူး ဘယ်တစ်ခုလဲတော့ ငါ လည်းမသိဘူး”

“ဝူး ဝူး”

ရှီမာယူယူ အရှေ့မှ အမည်းလေးသည် နှစ်ကြိမ်ဟောင်ရာ သူမ လက်ထဲမှ ဝိုင်ခွက်သည် စားပွဲပေါ်ကျသွားလေသည်။

***

All Chapters